Monday, December 31, 2007
နေထွက်မယ့်နှစ် ဖြစ်ပါ့မလား
တမ်းတ တတ်တဲ့ဝိညာဉ်နဲ့ 
ပြက္ခဒိန် အဟောင်းကို ပြန်ကြည့်မိတော့
၂၀၀၇ ရဲ့ မြင်ကွင်းမှာ
သွေးကွက်တွေ စွန်းထင်းနေတယ်။
ကမ္ဘာကြီးပေါ်မှာ
မျက်ကန်း မိစ္ဆာတွေဟာ
အနှစ်အဆံမပါတဲ့ စစ်ဒဏ်ရာတွေနဲ့ 
ကမ္ဘာမြေအနှံ့ အနာတွေ ဖြန့် ခဲ့တယ်။
အာရှတိုက်ရဲ့ အရှေ့ တောင်ဘက်တနေရာမှာ
မိစ္ဆာတွေလက်ချက်နဲ့ 
ဘုရားပန်းတွေ ကြွေကျတယ်။
စက်တင်ဘာ ငလျင်ဟာ
သာသနာတော်နဲ့ တကွ
ကောင်းမြတ်ခြင်းမှန်သမျှကို ဖြိုတယ်။
မနှစ်ကတော့ ဒီလိုအချိန်မှာ
အစွန်းရောက်တွေက
နှစ်သစ်ကို
ဘန်ကောက်မှာ ဗုံးဖောက်ပြီးကြိုတယ်။
ဒီနှစ်တော့ ပါကစ္စတန်မှာ
အစွန်းရောက်တွေက
“ဘူတို” ကိုသတ်ပြီးကြိုတယ်။
ငါတို့ တစ်တွေ
ကြီးနိုင်ငယ်ညှင်း ဝါဒကို
အပြီးအပိုင်လည်စင်း ခံကြမှာလား။
ကမ္ဘာကြီးရေ။
၂၀၀၈ ခုနှစ် ကကော
နေထွက်မယ့်နှစ် ဖြစ်ပါ့မလား။
ကောင်းကင်ကို
Sunday, December 30, 2007
Saturday, December 29, 2007
ခေတ်
မိစ္ဆာတွေကြီးစိုးတဲ့ခေတ်။
အရာရာ ဆိတ်သုဉ်းတဲ့ခေတ်။
အရှက်မဲ့ဆိုပြပြီး
သေနတ်နဲ့ ဗိုလ်ကျတဲ့ခေတ်။
သွေးတွေ စေးထန်းနေတဲ့ခေတ်။
ကြယ်တွေ မျိုးတုံးတဲ့ခေတ်။
မမြင်ချင်ယောင်ဆောင်ထားရတဲ့ခေတ်။
ကိုယ့် အတ္တအခွံလေးထဲမှာ
ခေါင်းလေးတဲ့ အသာဝှက်ထားရတဲ့ခေတ်။
စားဝတ်နေရေးဆိုတဲ့ မြစ်ထဲမှာ
ရေနစ်နေရတဲ့ခေတ်။
ကောင်းကင်ကို
Friday, December 28, 2007
အနမ်းလှေမဲ့ ကမ်းခြေနှစ်ဘက်
ခြောက်ကပ်ပြီး ပတ်ကြားအက်နေတဲ့
ငါ့နှလုံးသာ ဥယျာဉ်မှာ
ကန္တာရတွေ အဆုပ်လိုက် ပွင့် နေတယ်။
ညပေါင်း တသောင်းကျော်စောင့်တာတောင်
ငါမျှော်နေတဲ့ လမင်းက
အခုထိ မသာဘူး။
ငါဟာ
အချစ်ရဲ့ ပွင့်ချပ်တွေနဲ့ 
ငါ့လှေငယ်မှာ ရွက်တပ်ချင်လို့ 
စောင့်နေတဲ့သူပါ။
ခြေလှမ်းတလှမ်းလှမ်းလိုက်တိုင်း
အထီးကျန်မှုဟာ
ငါ့နောက်က တကောက်ကောက်လိုက်လာတယ်။
ကြွေရှာတဲ့ သစ်ရွက်တွေမှာတောင်
ခိုစရာမြေပြင်ရှိသေးတယ်၊
ဝေဒနာနဲ့ နှစ်ရက်တွေမှာငါ
ငိုစရာရင်ခွင် မရှိဘူး။
လောကဓံရဲ့  လက်သီးချက်တွေနဲ့ 
ဘဝက ခဏခဏ ကွဲတယ်။
ဒဏ်ရာဒဏ်ချက်တွေထဲက
စိမ့်ထွက်လာတဲ့သွေးတွေကို
အကြင်နာလက်တွေနဲ့ 
ဘယ်သူလာ ဆေးထည့်ပေးပါ့မလဲ။
သြော်…ငါ့ပါးနှစ်ဘက်ကမ်းခြေမှာ
အားတက်စေမဲ့ “အနမ်းလှေ” ဟာ
ဘယ်အချိန်လာရောက် ဆိုက်ကပ်လေမလဲ။
ကောင်းကင်ကို
Thursday, December 27, 2007
Wednesday, December 26, 2007
Tuesday, December 25, 2007
Saturday, December 22, 2007
ခွပ်ဒေါင်းတို့ ရဲ့ ရင်ခုန်သံ
ခွပ်ဒေါင်းတွေပျိုးလိုက်တဲ့
တော်လှန်ရေးသစ်ပင်ဟာ
တချက်လာထိရုံနဲ့ အိပ်သွားမယ့်
ထိကရုံးပင်မျိုးမဟုတ်ဘူး။
တစ်ပွင့်အခြွေခံရရင် နှစ်ပွင့်ပြန်ပွင့်တဲ့
တိုက်ပွဲမီးလျှံထဲမှာ ပွင့်တဲ့သစ်ပင် ဖြစ်တယ်။
“ရာဇဝင်ကို သိရုံသာမဟုတ်
ရာဇဝင် ကိုဖန်တီးနိုင်ရမည်” ဆိုတဲ့
ဗိုလ်ချုပ်ပြောခဲ့ တဲ့စကား
ငါတို့ ခွပ်ဒေါင်းတွေ ဦးထိပ်ထားတယ်။
“ရန်သူ့ လက်ခုပ်ထဲက
အေးစက်နေတဲ့ရေ ဖြစ်မယ့်အစား
ရန်သူ့ လက်ကိုစူးရှမယ့်
ဖန်ကွဲစတွေ ဖြစ်ရမယ်” ဆိုတဲ့
အမေ ပြောခဲ့ တဲ့စကားနဲ့ 
ငါတို့ သွေးတွေကို နီရဲနေအောင်ဆိုးထားတယ်။
စစ်ရူးလေကြမ်းမွှေလို့ 
မိခင်မီးတောက်ကြီးဆီကနေ
ကမ္ဘာအနှံ့ ကို ပြန့် ကျဲသွားကြသော ခွပ်ဒေါင်းမီးတောက်ငယ်တို့ ။
သခင်ဗဟိန်းက
“မြင်းခွာတချက်ပေါက်ရင်
မီးဟုန်းဟုန်းတောက်စေရမယ်”တဲ့။
သေနတ်တွေ အဆက်မပြတ်ဖောက်နေပြီ။
ကမ္ဘာတစ်ခုလုံး တိုးလျှိုပေါက်အောင်
ငါတို့ ဝိညာဉ်တွေ ထတောက်ရမယ်။
ငါတို့ ဟာ အစည်းပြေသွားတဲ့ထင်းတွေမဟုတ်ဘူး။
တော်လှန်ရေးမီးတောက်ကို ဖြန့် ဖို့ ကမ္ဘာအနှံ ပျံ့ သွားတဲ့ မီးတောက်ငယ်တွေဖြစ်တယ်။
ရောက်ရာအရပ်မှာ ခွပ်ဒေါင်းစိတ်ဓာတ်တွေနဲ့ မီးထခတ်ကြ။
သမိုင်းဆိုတဲ့ မြစ်မှာ
အမှန်တရားအတွက်ကျတဲ့သွေးတွေဟာ
အောင်ပွဲတွေဆီကို ပဲ
အဆုံးသတ်မှာ စီးဆင်းလေ့ရှိတယ်။
ညီအစ်ကိုတို့ ။
လူသတ္တေစ ၦေတြရဲ ့
သေနတ်ကိုင်ထားတဲ့လက်တွေ
သွေးပျက်နေတာကို မြင်ရဲ့ လား။
E=mc2 တဲ့။
ရူပဗေဒမှာ
အလျင်မြန်ရင် စွမ်းအင်ကြီးတယ်။
အလင်းအလျင်ထက်မြန်တဲ့စိတ်ဓာတ် အလျင်နဲ့ 
ရန်သူတွေကို
မီးကုန်ယမ်းကုန်တိုက်စစ်ပြင်းဆင်မယ်။
ရန်သူတို့ ။
သင်တို့ ကြိုက်ရာလက်နက်ကိုရွေးကြ။
ခွပ်ဒေါင်းစိတ်ဓာတ်ကိုဥာဏ်ပညာနဲ့  ပဲ့ကိုင်ပြီး
သင်တို့ ကိုတိုက်ဖို့ ငါတို့ လာခဲ့မယ်။
အရောင်လွင့်နေတဲ့ သမိုင်းကို အသစ်ပြောင်းဖို့ 
ခွပ်ဒေါင်းစစ်ကြောင်းချီလာမယ်။
ကောင်းကင်ကို
Thursday, December 20, 2007
Wednesday, December 19, 2007
Monday, December 17, 2007
ငါတို့ ရေးမယ့် နေတစ်စင်း
ဝေစားမျှစားနေကြတဲ့
အတ္တရပ်ဝန်းတစ်ခုမှာ
အဆိပ်ပင်တပင်ကို
ဝိုင်းပြီးရေလောင်းနေကြတယ်။
တကယ်တော့
အာဆီယံစကားဝိုင်းက စကားလုံးတွေဟာ
အရက်ဝိုင်းက စကားလုံးတွေလောက်တောင်
အနှစ်အသားမပါဘူး။
အခုလောလောဆယ်တော့
မြန်မာနိုင်ငံဆိုတာ
နိုင်ငံလို့ အမည်ခံထားတဲ့
အကျဉ်းထောင်တစ်ခုသာဖြစ်တယ်။
ဒီကြားထဲ ငါတို့ ကို
ရောမခောတ်က ကျွန်တွေလို သဘောထားပြီး
ပြည်သူကို နှစ်ခြမ်းခွဲ
အချင်းချင်းပြန်သတ်ခိုင်းခဲ့တယ်။
တဘက်ကို
မျက်လုံးတွေထဲ အဆိပ်တွေခတ်
စိတ်ကြွဆေးတွေတိုက်ပြီး
သတ်ကွင်းထဲကို လွှတ်ခဲ့တယ်။
တဘက်ကို
အစာရေစာတွေဖြတ်၊ နှောင်ကြိုးတွေခတ်ပြီး
ဒုက္ခတွေတန်းလန်းနဲ့ 
သတ်ကွင်းထဲကို လွှတ်ခဲ့တယ်။
ညီအစ်ကိုတို့ 
ရန်သူအစစ်ကိုမြင်အောင်ကြည့်ကြ။
၂၁ရာစုဦးမှာ
မျှော်လင့်ချက်ဆိုတဲ့ နီနီရဲရဲ နေတစ်စင်းကို
ငါတို့ သွေးတွေနဲ့ 
ကောင်းကင်မှာ အပြည့်ရေးမယ်။
ကောင်းကင်ကို
Sunday, December 16, 2007
Saturday, December 15, 2007
Friday, December 14, 2007
Tuesday, December 11, 2007
ခောတ်ကအတင်းရေးခဲ့တဲ့ ငါ့ရဲ့ အတ္ထုပ္ပတ္တိ
နှင်းတွေကိုဝတ်စုံချုပ်ဝတ်ထားတဲ့
ခရစ္စမတ် ရာသီဟာ
အကြိမ် ၃၀ မြောက်သတိပေးဖို့ 
ငါ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီ။
ဖွင့်လျက်နဲ့ ပိတ်နေခဲ့တဲ့ကျောင်းတွေမှာ
ရှိလျက်နဲ အဖျောက်ခံထားရတဲ့ အိပ်မက်တွေကို ရှာဖွေရင်း
အချိန်တွေကို မီးရှို့ ပစ်ခဲ့လိုက်ရတဲ့ ဒေါင်းတစ်ကောင်ဟာ
ငါပဲဖြစ်တယ်။
ယူတိုးပီးယန်းအိပ်မက်တစ်ခုကို
မနိုင်မနင်းထမ်းပိုးရင်း
ရင်ဘတ်နှစ်ခုကို အကြိမ်ကြိမ်ချိုးခဲ့သူဟာလည်းငါပဲပေါ့။
ငါ့စိတ်နယ်မြေဟာ
ငါ့အိပ်မက်တွေနဲ့ အမေ့အိပ်မက်တွေ
အသေအကြေစစ်ခင်းကြတဲ့
ငြိမ်းချမ်းရေးမရသေးတဲ့ စစ်တလင်းတခုဖြစ်တယ်။
ငါဟာ အပြုံးငှက်ကလေး အမေ့မျက်နှာပေါ်မှာ ခိုနားတာမြင်ချင်သလို
ကျောင်းနားတဝိုက်လေပြေက ခွပ်ဒေါင်းအလံလေးကို ဖွဖွလေးနမ်းလိုက်တာ မြင်ချင်တဲ့သူပါ။
ဒါပေမယ့် ကျိန်စာသင့်ဒီရပ်ဝန်းမှာ
သုဝဏ္ဏသာမ ဖြစ်ချင်ရင်
ခွပ်ဒေါင်း ဖြစ်ခွင့်မရှိဘူး။
“ဗိုလ်အောင်ဆန်းလို သူရဲကောင်းမျိုးမွေးရမယ်”ဆိုတဲ့စကားကို
မိဘအများစုက
ဒဏ္ဍာရီထဲမှာထားခဲ့ကြပြီ။
ဒီလိုနဲ့ 
ဆန့် ကျင်ဘက်လိုဖြစ်သွားရတဲ့အိပ်မက်တွေက ကာရံထားတဲ့ နံရံတွေကြားမှာ
ငါဟာအကျဉ်းကျခဲ့ပေါ့။
ငါဟာ
ခေါင်းနှစ်လုံးနဲ့ မြွေတစ်ကောင်ဖြစ်တယ်။
အသည်းနှလုံး နှစ်ခုနဲ့ လူတစ်ယောက်ဖြစ်တယ်။
သြော်…ယုံကြည်ချက်နဲ့ သံယောဇဉ်တွေ
အပြန်အလှန်ကြိုးရှုပ်ကြတော့
ခုချိန်ထိအမေ့အတွက် နို့ တစက်ဖိုးတောင် မကျေနိုင်သေးသလို
တဘက်မှာကျပြန်တော့လည်း
ရန်သူကိုခွပ်မယ့် ငါ့ရဲ့  အတောင်ပံဟာ
ငါထင်သလောက်မသန်သေးဘူး။
ဧရာဝတီရေ....
မင်းကလည်း ပျောက်ဆုံးသွားတဲ့ မင်းရဲ့ ရင်သွေးတွေအတွက် မင်းရေစီးသံတိုးတိုးလေးနဲ့ မင်းဘာသာမင်းငို၊
ငါကလည်း အနှစ် ၃၀ လုံးလုံးမေးခိုင်နေခဲ့ရတဲ့ ငါ့ နှုတ်ခမ်းတွေကိုကိုက်ပြီး
ငါ့ကဗျာတွေနဲ့ ငါငိုမယ်။
ဧရာဝတီရေ….
ရက်စက်မှုတွေတသွင်သွင်စီးဆင်းနေတဲ့
ဆုပ်ကပ်မြစ်ကြီးထဲမှာ
မင်းလည်းရေနစ်နေပြီကော။
ခွင့်လွှတ်တော့ ဧရာဝတီ။
မင်းကိုဆယ်မယ့် ငါတို့ ရဲ့ လက်တွေ
မိစ္ဆာတွေလက်ချက်နဲ့ 
သွေးထွက်နေလို့ ပါ။
ဧရာဝတီ ရေ...
မင်းသွေးကြောထဲ အဆိပ်ခတ်တဲ့လက်တွေကို ဖြတ်ဖို့ 
ငါတို့ ခွပ်ဒေါင်းအတောင်ပံတွေကို
ဓားလိုထွက်အောင်သွေးနေတယ်။
ကောင်းကင်ကို
Monday, December 10, 2007
၁၉၆၂ သမဂ္ဂအဆောက်အဦး ဖြိုချခံခဲ့ရတဲ့ 7 July အရေးအခင်း။ မှိုင်းရာပြည့်အရေးအခင်း၊၁၉၇၄ အလုပ်သမားအရေးအခင်း။ဦးသန့် အရေးအခင်း နဲ့  ၉၆ဒီဇင်ဘာလှုပ်ရှားမှု
၁၉၇၄ ဇွန်မှာ မီးရထားအလုပ်သမားတွေက စလိုက်တဲ့ သပိတ်တိုက်ပွဲဟာ တပြည်လုံးက အလုပ်သမားတွေဆီကို ကူးစက်ပျံ့ နှံ့ သွားပါတယ်။ အလုပ်သမားတွေဟာ ပိုမိုမြင့်မားတဲ့ လခရရှိရေးနဲ့ အလုပ်သမား သမဂ္ဂလွတ်လပ်စွာ ဖွဲ့ စည်းခွင့် ရရှိရေးကို တောင်းဆို ခဲ့ကြပါတယ်။ ဒါပေမယ့် ဦးနေဝင်းအစိုးရက ပယ်ချခဲ့ပြီး အလုပ်သမားတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။ သမိုင်းက textile factory နဲ့ ဆင်မလိုက်သဘောင်္ကျင်းက အ အလုပ်သမားများစွာ(အတိအကျမသိ) အသက်ပေးခဲ့ရပြီး တချို့ လည်းနှစ်ရှည် ထောင်ချခံခဲ့ရပါတယ်။ ဒီတိုက်ပွဲမှာ ကျောင်းသားတချို့ လဲ အလုပ်သမားတွေနဲ့ အတူပါဝင်ဆင်နွှဲခဲ့ပါတယ်။
ဦးသန့် အရေးအခင်း
၁၉၇၄ ဒီဇင်ဘာမှာတော့ ဦးသန့် အရေးအခင်းဖြစ်ခဲ့ပါတယ်။ ဦးသန့် အရေးအခင်းကို ဒီမှာ အကျယ်ဖတ်လို့ ရပါတယ်။ ဦးသန့် ကို နေဝင်းအစိုးရက သာမန်သင်္ဂြိုလ်ဖို့ ဆုံးဖြတ်ရာကနေ ကျောင်းသားထုက မကျေမနပ်ဖြစ်ပြီး ဦးသန့် အလောင်းကို ၁၉၆၂ ခုနှစ်က နေဝင်း အစိုးရ ဖျက်ဆီးဖြိုချခဲ့တဲ့ သမဂ္ဂအဆောက်အဦးနေရာဟောင်းမှာ ဂူဗိမာန်ဆောက်ပြီး ခမ်းခမ်းနားနား သင်္ဂြိုလ်ဖို့ ကြိုးစားရာကနေ ဖြစ်ပေါ်လာတဲ့ အရေးအခင်းပါ။
ဦးသန့် အရေးအခင်းအပြီးကျောင်းတွေ ပြန်အဖွင့်မှာ လည်းအရေးတော်ပုံ ပေါ်ပေါက်ခဲ့ပြီးကျောင်းသား အယောက် ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
မှိုင်းရာပြည့် အရေးတော်ပုံ
၁၉၇၆ မတ်လ ၂၃ မှာတော့ မှိုင်းရာပြည့် အရေးတော်ပုံ ပေါ်ပေါက်ခဲ့ပါတယ်။ တက္ကသိုလ် အသီးသီးက ကျောင်းသား ၂၃၀ ကျော် အဖမ်းခံခဲ့ရပြီး စစ်ခုံရုံးတင်ကာ ထောင် ၁၄နှစ် အထိ ချခဲ့ပါတယ်။ ရာနဲ့ ချီတဲ့ ကျောင်းသားတွေ ကျောင်းအထုတ်ခံခဲ့ရပါတယ်။ ချင်းတိုင်းရင်းသား ဖြစ်တဲ့ RASU ကျောင်းသား ကိုတင်မောင်ဦးဟာ ၁၉၇၆ ဇွန်မှာ ကြိုးပေးခံခဲ့ရပါတယ်။ ကိုတင်မောင်ဦးဟာ ၁၉၇၄ အခြေခံဥပဒေ ဥပဒေပေါ်ပေါက်လာပြီးနောက်ပိုင်း ပထမဆုံး ကြိုးပေးခံခဲ့ရသူဖြစ်ပါတယ်။ ရခိုင်ဘုန်းကြီးတစ်ပါးဖြစ်တဲ့ ဦးပညာသီရိ ဟာ သခင်ကိုယ်တော်မှိုင်းရေးသားခဲ့တဲ့ ခွေးဋီကာ ကို မှီငြမ်းပြီး ဆိုရှယ်လစ်ပါတီကို ဝေဖန်ခဲ့လို့ ထောင် ၆နှစ် အချခံခဲ့ရပါတယ်။
၁၉၈၈ အရေးအခင်းကတော့ သိတယ်သူများလို့ မရေးတော့ပါဘူးခင်ဗျာ။ ဗွီဒီယိုတွေ ကြည့်ချင်ရင်တော့ ဒီမှာ ကြည့်လို့ ရပါတယ်။
၁၉၉၆ ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှု (ကိုယ်တွေ့ )
၁၉၉၆ ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှု ကတော့ ၁၉၉၆ အောက်တိုဘာ ၂၀ မှာ စော်ဘွားကြီးကုန်းမှာ ဖြစ်ပွါးခဲ့တဲ့ ရန်ပွဲမှာ ရဲဝန်ထမ်းတချို့ ရဲ့  စက်မှုတက္ကသိုလ်ကျောင်းသားတွေကို ရိုက်နှက်မှု ကနေ စတင်ပေါက်ဖွားခဲ့ပါတယ်။ အောက်တိုဘာလ မှာ မန္တလေး မှာတော့ ကျောင်းသားလှုပ်ရှားမှု မရှိခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ရေဒီယိုကနေ တစ်ဆင့် သိခဲ့ပါတယ်။ စက်မှုတက္ကသိုလ် ပထမနှစ်မှာ MIT ကကျောင်းသား အယောက် ၁၀၀ ကို RIT ကိုပေးပြောင်းလေ့ရှိပါတယ်။ (လျှောက်လွှာတင်ရပြီး အမှတ်နဲ့ လူဖြတ်ချပါတယ်။) ကျွန်တော်တို့ ရန်ကုန်ကို ပြောင်းသွားတဲ့ အချိန်မှာ သီတင်းကျွတ်နဲ့ ရောပြီး ကျောင်းခဏ ပိတ်ထားပါတယ်။ တကယ်က ပိတ်လေ့ပိတ်ထ မရှိဘူးတဲ့။ အဲဒီ့ တုန်းက ကျောင်းတွေက အကုန်တပြိုင်တည်းဖွင့်သေးပါတယ်။ RIT ကျောင်းသားတွေနေတဲ့ အဆောင်နဲ့  Eco စတဲ့ တခြားကျောင်းသားတွေ အဆောင်က နီးနီးလေးပါ။ ဒီဇင်ဘာ ၂ရက်နေ့ လို့ ထင်ပါတယ်။ (တနလာင်္နေ့ ) မှာ ကျွန်တော်တို့  ပထမနှစ် စက်မှုတက္ကသိုလ်ကျောင်းသားတွေ အင်္ဂလိပ်စာ အချိန်မှာပါ။ ကျွန်တော်တို့ ဘာမှ မသိသေးဘူး။ အတန်းကြီးတွေက ကြွေးကြော်သံတွေ အော်ပြီး အတန်းထဲကို ဝင်လာတော့ ဆရာမက ထိန်းဖို့ ကြိုးစားသေးတာပေါ့။ ဘယ်ရလိမ့်မတုန်း။ ကျွန်တော်တို့ ကျောင်းသားတွေက လက်ခုပ်တွေတီးပြီး ဝင်ပေါင်းတော့ ဆရာမလဲ အခန်းထဲကနေ ထွက်သွားတာပဲ။ ကျောင်းသားခေါင်းဆောင် ကိုစိုးထွန်း က ကျောင်းသားတွေကို စော်ကားတဲ့ ပစ်စာကို ဖတ်ပြတယ်။ ပစ်စာမှာ ကျောင်းသားလှုပ်ရှားမှုကို ရှုတ်ချထားပြီး ငြိမ်းချမ်းစွာပညာသင်ကြားလိုသူများလို့ အမည်ခံထားတယ်။ ပထမပိုင်းကျောင်းထဲမှာ ကြွေးကြော်သံတွေနဲ့ လှည့်လည်ကြတယ်။ နောက်ပိုင်းညနေလောက်မှာ အပြင်ထွက်ဖို့ လုပ်ကြတယ်။ တချို့ ကတော့ သဘောမတူချင်ကြဘူး။ အဲဒီ့နေ့ က ကျောင်းထဲမှာ လှည့်လည်တော့ ကျွန်တော်နဲ့ သူငယ်ချင်းတစ်ယောက်ပါတယ်။ ကျောင်းသားတွေ အပြင်ထွက်ကြတဲ့ အချိန်ကျတော့ ကျွန်တော်နဲ့ အဲဒီ့ သူငယ်ချင်းက ကန်တင်း ရောက်နေလို့ လိုက်မသွားဖြစ်ဘူး။ ကျွန်တော်တို့ ပြန်ရောက်သွားတဲ့ အချိန်ကျတော့ မရှိကြတော့ဘူးဗျ။ ထွက်သွားကြပြီ။ ကျောင်းသားတွေဟာ ဒီဇင်ဘာ ၃ရက် နေ့ နံနက်ခင်းမှာ ဘုရားနှစ်ဆူကြားမှာ အရိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။ နောက်ဘယ်နေ့ တုန်းမသိဘူးဗျ။ သောကြာနေ့ မတိုင်ခင်တရက်ရက်ပဲ။ အမျိုးသားနေ့ မတိုင်ခင်တရက်ထင်တယ်။ ကိုစိုးသိန်းတို့ ပြန်လွတ်လာပြီး အချုပ်တွင်း အတွေ့ အကြုံတွေ ဟောပြောခဲ့ပါတယ်။ ကြာသပတေးနေ့ မှာတော့ အမျိုးသားနေ့ ဆိုပြီးကျောင်းပိတ်ပါတယ်။ ကားပေါ်မှာ ကျောင်းသားကတ်စစ်ပြီး ကျောင်းသားဆိုရင် ဖမ်းတယ်လို့ ကြားပါတယ်။ ဟုတ်မဟုတ်တော့ မသိပါဘူး။ ကျွန်တော်တော့ အမျိုးသားနေ့ အပါအဝင် နေ့ တိုင်း အဆောင်ကနေ ကျောင်းကိုသွားပြီး ဟောပြောတာတွေ နားထောင်ပါတယ်။ ကိုစိုးထွန်းတို့ အချုပ်ထဲက နေပြန်လွတ်လာပြီး အမာခံ ၁၀ ယောက်အဖွဲ့ ဖွဲ့ လိုက်ပါတယ်။ ကျွန်တော် ခေါင်းဆောင်တွေထဲမှာ ကိုစိုးထွန်းနာမည်ပဲမှတ်မိပါတယ်။ ကိုစိုးထွန်းက ခေါင်းတုံးစတောက်နဲ့ ဗျ။ နိုင်ငံရေးတရားဟောရင် လေအေးအေးနဲ့  တရားတွေ ကြားညှပ်ပြီးဟောတယ်။ ဒီလို နဲ့ အမျိုးသားနေ့ ပြီးနောက်တရက် သောကြာနေ့ မှာ လမ်းမပေါ်ထွက်ကြတယ်ဗျာ။ ဒီတခါတော့ ကျွန်တော်လည်း ပါတယ်။ Mainကို ချီတက်မလို့ လို့ ထင်တာပဲ။ အဖော်တွေက မလိုက်ရဲကြဘူးဗျ။ ဟာဗျာ၊ ကျောင်းကနေတောင်သိပ်မရောက်သေးဘူး။ လမ်းမှာ လုံထိန်းတွေကားတွေနဲ့ ရောက်လာတယ်။ တုတ်တွေကိုင်ထားတယ်ဗျ။ ကျွန်တော်တို့ YIT ကကျောင်းသားက နည်းနည်းလေး။ သူတို့ အင်အားက ပိုများတယ်။ ညနေပိုင်းလောက်မှာ။ လူတွေက ရိုက်ရင် နောက်ကိုပဲ ပြေးလို့ အကြံပေးကြတယ်။ ဟိုဘက်လမ်းကို မပြေးနဲ့ တဲ့။ ဟိုဘက်မှာလဲ စောင့်နေတယ်တဲ့။ လမ်းအနေအထားတော့ ကျွန်တော်သိပ်မမှတ်မိတော့ဘူးဗျာ။ ကျွန်တော် နည်းနည်းတော့ ကြောက်သွားတယ်။ ဘယ်သူမှလည်း ထွက်ပြေးလို့ မရဘူး။ ထိတ်လန့် ပြီး ရုတ်ရုတ်သဲသဲ မဖြစ်အောင် အစည်းမပြေအောင် ကျောင်းသားတချို့  လက်ချင်းတွဲပြီး ကာရံပေးထားတယ်ဗျ။
လုံထိန်းတွေက ကျွန်တော်တို့ ကိုဆုတ်ဖို့ ပြောတယ်။ ကျွန်တော်တို့ က မဆုတ်ဘူး။ နောက်ဆုံးတော့ ကျွန်တော်တို့  ကိုယ့်အစီအစဉ်နဲ့ ကိုယ် လှည်းတန်းမှာ ဆုံကြဖို့ ဆုံးဖြတ်လိုက်တယ်ဗျ။ လိုင်းကားမရှိဘူးဗျာ။ ကျွန်တော်နဲ့ ခုစင်ကာပူကို ရောက်နေတဲ့ သူငယ်ချင်းတစ်ယောက် ကြားကား နှစ်ဆင့်သုံးဆင့်ဆီးပြီး သွားကြတယ်။ သူက လမ်းကျွမ်းတယ်ဗျ။ ဟိုရောက်တော့ ကျောင်းသားတွေတော်တော်စုံတယ်ဗျာ။ တက္ကသိုလ်ပေါင်းစုံက ကျောင်းသားတွေ။ ဟောပြောကြတယ်။ ကိုစိုးထွန်းကိုတော့ မတွေ့ တော့ဘူး။ ကျောင်းသူတွေလည်း အများကြီးပါတယ်ဗျ။ ရေသန့် တွေ သကြားလုံးတွေ ဝေတယ်။မုန့် တွေလည်းဝေတယ်ထင်တယ်။အဲဒါတော့မမှတ်မိတော့ဘူး။ နောက်ည ၇နာရီလောက်ထင်တယ်။ စစ်ကားတချို့ ရောက်လာတယ်။ ကျွန်တော်ရယ်၊ ကျွန်တော့်သူငယ်ချင်းရယ်၊ကျောင်းသားတချို့ ရယ် ထွက်ပြေးကြတယ်။ နောက်တော့ ဘာမှမလုပ်လို့ ကျွန်တော်တို့ ပြန်ထိုင်ကြတယ်။ ဒီလိုနဲ့ ည ၉နာရီလောက်ရောက်လာရောဗျ။ စစ်တပ်က ဝိုင်းထားပြီးပြီ။ နောက်ကျပြီးမှ ရောက်လာတဲ့ကျောင်းသားတွေကို အထဲအဝင်မခံတော့ဘူး။ အထဲမှာ ထိုင်သပိတ်ဆင်နွှဲနေတဲ့ ကျောင်းသားတွေအပြင်ထွက်ပြီးပြန်ချင်ရင်တော့ ပြန်ခွင့်ပေးတယ်။ ကျွန်တော့်သူငယ်ချင်းက မေးတယ်ဗျ။ ပြန်မလား၊ဆက်ထိုင်မလားတဲ့။ ပြန်ရင်လည်းခုပြန်မှ ရမယ်တဲ့ ။ ညကျရင် Taxi မရှိတော့ဘူးတဲ့။ ကျွန်တော့်သဘောတဲ့။ ကျွန်တော်က ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။ရိုက်မယ်လို့ တော့ ကျွန်တော်မထင်ထားဘူးဗျ။ ကျွန်တော်တုံးခဲ့တာနေမှာပေါ့။ မရိုက်ချင်ရင် စစ်ကားတွေ ဘယ်ချထားလိမ့်မတုန်းဗျ။ ကျွန်တော်တို့ အဆောင်ပြန်ရောက်ပြီး ည၁ချက် ၂ချက်လောက်မှာ ရိုက်နေပြီဆိုတဲ့ သတင်းကြားတာပဲ။ ကျွန်တော့်သူငယ်ချင်းတချို့  တောင်စိတ်ပူလို့ ကျွန်တော့်ကို လိုက်ရှာနေသေးတယ်။ ကျွန်တော် လှည်းတန်းကိုသွားမှန်းသိလို့ ။ အဲဒီ့မှာ လမ်းမီးတွေကို မီးသတ်ပိုက်နဲ့ ငြိမ်းပြီး ကျောင်းသားတွေကို နှိမ်နင်းတယ်လို့ ကြားတာပဲ။ ကျောင်းသားတွေ မလွင့်အောင် တယောက်နဲ့ တယောက်ဖက်ထားရတယ်လို့ ကြားတယ်။ ဂျပန်သတင်းထောက်လဲ အရိုက်ခံလိုက်ရတယ်လို့ ကြားတယ်ဗျ။ စလောင်းမှာ ရိုက်တာကြည့်ရတယ်တဲ့။ နောက်နေ့ ကျတော့ ကျောင်းသားအင်အားနည်းသွားပေမဲ့ အဆောင်မှာ ကျောင်းသားနည်းနည်းချင်း ကြွေးကျော်သံတွေ ကြွေးကျော်ပြီးဆန္ဒပြနေကြတုန်းပဲ။ ကျွန်တော့်ကို လာခေါ်တဲ့ ဦးလေးကတောင် သူတို့ သတ္တိကိုချီးကျူးတယ်ဗျာ။ ကျွန်တော့်ကိုတော့ ၃ရက်လောက်နေတော့အိမ်ကလာခေါ်သွားပါတယ်ဗျာ၊နောက်ရက်တွေမှာ ဆက်ဖြစ်ခဲ့တဲ့ လှုပ်ရှားမှုကို ကျွန်တော်ကိုယ်တွေ့ မသိတော့ဘူးဗျ။ သိတဲ့လူတွေ ရေးထားတဲ့စာအုပ်ကို ဒီမှာ download လုပ်ပါ။ ကျွန်တော် Mr Balance ဆီက တဆင့်ရပါတယ်။
ဒီလိုနဲ့ ကျောင်းတွေပိတ်သွားပြီးတော့ ၉၈ မှာတော့ ကျွန်တော်တို့ စက်မှုတက္ကသိုလ်မှာ ကျောင်းတွေ တတန်းချင်း(တပတ်ပဲတက်ရတယ်။ပြီးတာနဲ့ စာမေးပွဲစစ်တာ။)ပြန်ဖွင့်ပါတယ်။ နောက်ဆုံး first year နဲ့  second year ပေါင်းဖွင့်တဲ့ အလှည့်လည်းရောက်ရော လှိုင်သာယာကိုကျောင်းရွှေ့ မရွှေ့  ကိစ္စနဲ့ ပတ်သတ်ပြီး ကျောင်းသားတွေ မကျေနပ်လို့  ဆန္ဒပြကြပါတယ်။ အဲဒီမှာ ကိုင်တဲ့ Poster ကိုမှတ်မိပါသေးတယ်။ “We must fight for our right” တဲ့။ နောက်ပြီး ကျွန်တော်တို့ ၇ရက်တပတ်ပညာရေးအလိုမရှိဆိုပြီး ဆန္ဒပြလိုက်တာ ၆ရက်နဲ့ ကျောင်းပိတ်ပြီး စာမေးပွဲစစ်ချလိုက်ပါရောလား။ ရက်စက်တာကဗျာ…ကျောင်းသားတွေကို ချက်ချင်းမဖမ်းဘူး။ စာမေးပွဲပေးဖြေတယ်။ နောက်မှ ဧည့်စာရင်းစစ်ပြီး ဝင်ဖမ်းတယ်တဲ့ဗျာ။ Second year က ခေါင်းဆောင်တွေကိုပဲဖမ်းတာပါ။ ထောင် ၁၄ နှစ်ချပစ်တယ်လို့ ကြားတယ်ဗျာ။
မှတ်မှတ်ရရရှိသေးတာ နောက်တစ်ခုက ကျွန်တော်တို့ တုန်းက မြန်မာစာ ပါတယ်ဗျ။ လဂွန်းအိမ်အကြောင်းသင်ရတယ်။ “သူရဲကောင်းလဂွန်းအိမ်ဟာ မကြောက်မရွံ့  ပဲ မင်းဧကရာဇ်ကိုတောင် အမှန်တရားကို ရဲရဲ ဝံ့ဝံ့ ပြောရဲတယ်” လို့ ပါတယ်။ စာတွေက အလွတ်ပဲ ကျက်ဖြေရတာမို့ လား။ ဆရာမက အဲဒီ့ အပိုဒ်ကို ဖြုတ်ခိုင်းလိုက်တယ်ဗျာ။ သူငယ်ချင်း တယောက်ကတောင် အဲဒီ့ တပိုဒ်က လဂွန်းအိမ်ရဲ့ အသက်လို့ တောင်ပြောသေးတယ်။ အဲဒီ့ အပုဒ်က မေးခွန်းထုတ်ပြီးသားမို့ မေးမှာ သေချာလို့ ဆရာမက အဲဒီ့ အပိုဒ်ကို ဖြုတ်ခိုင်းလိုက်တာ။
၁၉၆၂ ခုနှစ် အရေးအခင်း(၇ ဇူလိုင် အရေးအခင်း) (ကျောင်းသားသမဂ္ဂအဆောက်အဦးဖြိုချခံရမှု)
On 2 March, 1962, a man named General Ne Win took control of state power for the second time.
On 4 May, 1962, the leaders of the All Burma Federation of Students' Union (ABFSU) discussed the case of a student who had been expelled from his hostel because he did not get on well his warder.
On 9 May, 1962, Pioneer Ko Mya Than, Ko Thet, Ko Tha Ban and Ko Zaw Win were arrested for demonstrating at the Dutch Embassy. Ne Win told the University Council that as the teachers had misbehaved and among the students there was political influence, the University Council
had to be abolished. The Union commented that the governing body of the university had been taken over by the Revolutionary Council.
On 11 May, 1962, the Rangoon University Rector Dr. Tha Hla handed in his resignation and the Burmese Professor U Aye Maung retired; U Wun (Minthuwun) changed his faculty.
On 12 May, 1962, some wardens and assistant wardens from the Rangoon University hostels resigned.
On 17 May, 1962 the Revolutionary Council's order No.30 was announced and the University Council was reformed. The Adipadi (Chancellor) was Brigadier General Than Pe, Brigadier General San Yu, Col. Than Sein and Col. Tin Soe were included. The Rector was the former Education Minister U Kar of the 1958 Caretaker Government.
On 26 May, 1962 five tutorial school were closed down due to the leakage of questions.
On 18 June, 1962 more unjust rules of the hostels were announced. For example, the people who ate vegetarian food were not allowed to eat it for one or two days unless they ate it the whole year.
On 2 July, 1962 the high school leaving examination was abolished. The All Burma Federation of Students' Union (ABFSU) requested a discussion with the authorities.
On 3 July, 1962 in the hall of the Union there was a meeting to discuss the abolition of the system of education, and the unjust hostel rules.
On 4 July, 1962, the embryonic Burmese Socialist Programme Party (BSPP) was formed.
On 5th July, 1962, a strike at the Dutch Embassy was carried out by three big unions. The military authorities then stated that the people involved in the strike did not really represent the unions. The Students' Union felt that the statement made their Union appear insignificant so they objected.
On 6 July, 1962, the Revolutionary Council reformed the University Senate and the Hostel Committee according to their wishes.
On 7 July, 1962, at 1:00 p.m. the Students' Union held a meeting to discuss the reform and after that the students went on a protest march through the university campus. At first the Security Police (Lone Htein) arrived and they tried to control the situation by throwing tear gas. In the evening at about 5:30 p.m. two army trucks arrived and along Mandalay Hall, Ramanya Hall and Chancellor Road the soldiers started shooting at the students with automatic rifles. The soldiers were from No. 4 Burmese Rifles Battalion and the shooting order was 3 minutes shooting 2 minutes rest and 3 minutes shooting. The guns were made by a joint venture of a Burmese and German Company. They were G-3 and G-4 rifles which had never been used in any battle field.
The military government declared that 17 students died, but in Mandalay Hall alone more than 17 students died according to the official records and altogether over a hundred students died. Ko Kyaw Win, a student from Myaung-mya had written on the wall of Mandalay Hall with blood from his body "7-7-62, do not forget it". Ko Kyaw Win had taken refuge at the Union Building.
On 8 July, 1962, at dawn the Union Building, which had a prominent standing in the history of Burmese Independence, was destroyed by dynamite because the military government had said that it was the headquarters of the above ground communists and the refuge place of the student leaders. It was an act which had not even been committed by the colonialist foreign government. It was bloodthirsty fascists who had cruelly destroyed the Union building by dynamite. Ko Kyaw Win of Myaung-mya, who was in bed with injuries, had been blown up together with the building.
The next morning at 8 a.m. when the news was announced from the radio, the military dictator called General Ne Win said, referring to the students' uprising, "If it was done purposely to oppose us, I have nothing more to say except that we will face them with sword against sword, and spear against spear, that is the only solution. " With these words he insulted the students. (ဓားဓားချင်း လှံလှံချင်းလို့ ပြောပြီးတော့ လက်နက်မရှိတဲ့သူတွေကို သေနတ်နဲ့ ပစ်ခဲ့တာပါ။)
ဒီ ၁၉၆၂ ခုနှစ် လှုပ်ရှားမှုမှတ်တမ်းကို English version ဖြစ်နေလို့ နောက်ဆုံးမှ တင်လိုက်တာပါ။ source က http://www.burmalibrary.org/reg.burma/archives/199508/msg00021.html
Download book
အရေးတော်ပုံ (၄) စောင်တွဲ (၁၉၇၄ အလုပ်သမားသပိတ်+ဦးသန့် အရေးအခင်း+မှိုင်းရာပြည့်)(www.myanmarisp.com) မှ တဆင့်ရရှိသည်။ download
၉၆ ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှု (Mr Balance ဆီမှတဆင့်ရရှိသည်။) download
Saturday, December 8, 2007
Friday, December 7, 2007
Thursday, December 6, 2007
Monday, December 3, 2007
Sunday, December 2, 2007
ငါတို့ ဖန်ဆင်းထားတဲ့ မြစ်
ဖြတ်လမ်းသည် ငါတို့ လမ်းမဟုတ်။
ငါတို့ သည်အဖိုးတန် ကားများဖြစ်၍ ဖြတ်လမ်းအစုတ်မှ မသွားနိုင်။
ငါးပွက်ရာ ငါးစာမချ။
ငါတို့ သွေးစက်ချရာနေရာ
ငါးမန်းတွေ သေဖို့ လာရမည်။
မိုးခါးရေကို ငါတို့ မသောက်။
ငါတို့ သွေးတွေ ပိုနီ လာစေဖို့ 
ပြည်သူ့ မျက်ရည်ကိုသာ
နှလုံးသားများဖြင့်သောက်သုံးမည်။
ဘီလူးစောင့်တဲ့ သစ်ကိုင်းထက်မှာ
ငါတို့ သမိုင်းမှာ တစ်ခါမှ မသီးဘူးသေးတဲ့သစ်သီးတစ်လုံး သီးနေတယ်။
ခွပ်ဒေါင်းတောင်ပံခတ်လို့ တိုက်တဲ့လေနဲ့ 
အဲဒီ့သစ်သီးကို ခြွေရမယ်။
ခေတ်သစ်ရဲ့ ပြဇာတ်တွေမှာ
မေခလာရဲ့ အခန်းမပါတော့ဘူး။
သမုဒ္ဒရာ အစအဆုံး
ငါတို့  ကိုယ်တိုင်လက်ပစ်ကူးရလိမ့်မယ်။
တကယ်ဆို
အနှစ် ၂၀ လုံးလုံး
တဝုန်းဝုန်းခြိမ်းနေတဲ့
အနောက်ဘက်ခြမ်းကောင်းကင်ဟာ
မိုးတစက်မှ ရွာမပေးပါဘူး။
ငါတို့ သွေးနဲ့ သည်းခဲ့တဲ့မိုး ကြောင့်သာ
မျှော်လင့်ချက်မြစ်တွေ ဆက်လက်စီးဆင်းနေခြင်းဖြစ်တယ်။
ကောင်းကင်ကို
Saturday, December 1, 2007
SHOOT ON SIGHT(Refugee)
Friday, November 30, 2007
The Plight of Karen Refugees
Thursday, November 29, 2007
Wednesday, November 28, 2007
Zoya Phan's story
Monday, November 26, 2007
ဦးသန့် အရေးအခင်း
ဦးသန့် 
နိုဝင်ဘာ ၂၅ရက်နေ့ ဟာ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မြန်မာ့ဂုဏ်ဆောင် ဦးသန့် ကွယ်လွန်ခဲ့တဲ့နေ့ ဖြစ်ပါတယ်။
၁၉၆၁ ခုနှစ်ကနေ ၁၉၇၁ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ မြန်မာ့ဂုဏ်ဆောင် ဦးသန့် ကို ၁၉၀၉ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့ မှာ ဧရာဝတီတိုင်း ပန်းတနော်မြို့ မှာမွေးဖွားခဲ့ပါတယ်။ ၁၉၂၈ မှာ ပန်းတနော်မှာ ကေဵာင်းဆရာပြန်လုပ်ပါတယ်။ ၁၉၃၁ ခုနှစ်မှာ ကေဵာင်းအုပ်ကြီး ဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ်မှာ အတွင်းရေးချုပ် Dag Hammarskjold(Sweden) ကွန်ဂိုနိုင်ငံကို အသွားလေယာဉ်ပျက်ကျ ကွယ်လွန်ရာ ဦးသန့် ဟာ အများသဘောတူရွေးချယ်ချက်နဲ့ နိုဝင်ဘာလမှာ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်လာပါတယ်။ သူ့ ရဲ့ ပထမသက်တမ်း (၁၉၆၁-၁၉၆၆) ကျူးဘားဒုံးပျံ အကြပ်အတည်းနဲ့  ကွန်ကိုပြည်တွင်းစစ်ကို အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်လို့ ချီးကျူးခြင်းခံခဲ့ရပါတယ်။ ၁၉၆၆မှာ ဒုတိယအကြိမ် တာဝန်ထမ်းဆောင်ဖို့ အရွေးခံခဲ့ရပြီး ၁၉၇၁ မှာ ရာထူးမှ အနားယူခဲ့ပါတယ်။
ဦးသန့် အရေးအခင်း
ဦးသန်ႚ ဟာ၁၉၇၄ခု နိုဝင်ဘာ ၂၅ရက်နေ့ မှာ နယူးယောက်မြို့ မှာ ကွယ်လွန်ခဲ့ပါတယ်။ ၁၉၇၄ ခုနှစ် ဒီဇင်ဘာ ၁ရက်နေ့ မှာ ဦးသန့် ရုပ်အလောင်း မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။ ဦးသန့် ရဲ့ ဂုဏ်သိက္ခာနဲ့  ထင်ပေါကျော်စောမှုကို မနာလိုတဲ့ ဦးနေဝင်းအစိုးရဟာ ဦးသန့် ရဲ့ ရုပ်အလောင်းကို ကျိုက္ကဆံမြင်းပြိုင်ကွင်းဟောင်းမှ္ဘာပီးစလွယ် ထားကာ ထိုက်တန်တဲ့အခမ်းအနားမပါပဲ ဒီဇင်ဘာလ ၅ ရက်နေႚ၊ နေႚလည် ၁ နာရီ အခဵိန်မှာ ကြံတော သချိင်္ုင်းမှာ သင်္ဂြိုလ်ဖို့ စီစဉ်ခဲ့ပါတယ်။ နိုင်ငံတော်ဈာပန အဖြစ် တခမ်းတနား ဂုဏ်ပြုသင်္ဂြိုလ်လိမ့်မယ်လို့ ယူဆနေတဲ့ ကျောင်းသားထုဟာ ပေါက်ကွဲပါတော့တယ်။
ကေဵာင်းသားမဵား ဦးဆောင်သည့် ရဟန်း ရှင်လူပြည်သူ အပေၝင်းက ဦးသန်ႚ ႟ုပ်ကလာပ်ကို တက္ကသိုလ် နယ်မြေဘွဲ့ နှင်းသဘင် ခန်းမရှေ့ သို့ သယ်ဆောင် လ္ဘာပီး၊ ကေဵာင်းသား သမဂ္ဂ အဆောက်အဦဟောင်း (၁၉၆၂ ခုနှစ် ဇူလိုင် ၇ရက်နေ့ မှာ ဦးနေဝင်းအစိုးရက ဒိုင်းနမိုက်ဖောက်ဖျက်ဆီးခဲ့တဲ့အဆောက်အဦး) နေရာကိုရှင်းလင်းပြီး အုတ်ဂူတည်ဆောက်သင်္ဂြိုလ်ဖို့ လုပ်ကြတယ်။ ငြိမ်းချမ်းရေးဂူဗိမာန်ကိုလည်း တည်ဆောက်ဖို့ ဆုံးဖြတ်ကြတယ်။ ရန်ကုန်စက်မှုတက္ကသိုလ် ဗိသုကာကျောင်းသား များနဲ့  Civil ကျောင်းသားများက ပုံဆွဲပြီး ဦးသန့် အုတ်ဂူနဲ့ ယာယီဂူဗိမာန်ကို ကျောင်းပေါင်းစုံမှ ကျောင်းသားများက စတင်ဆောက်လုပ်ပါတယ်။
ဒီဇင်ဘာ ၁၁ရက်နေ့ မှာတော့ နေဝင်းစစ်အစိုးရဟာ တက္ကသိုလ်နယ်မြေထဲကို ကျူးကျော်ပြီး ကျောင်းသားတွေကို အကြမ်းဖက်နှိမ်နင်းပါတော့တယ်။ ကျောင်းသားတချို့ အသက်ဆုံးရှုံးခဲ့ရပါတယ်။ အုတ်ဂူကို ဖောက်ခွဲပြီး သင်္ဂြိုလ်ပြီးတဲ့ ရုပ်ကလပ်ကို ထုတ်ယူသွားပါတော့တယ်။
နေဝင်းအစိုးရရဲ့ ရက်စက်မှုကို မကျေနပ်တဲ့ ပြည်သူတချို့ ဟာ အစိုးရနဲ့ သက်ဆိုင်တဲ့ ဆိုရှယ်လစ်ပါတီယူနစ်များ၊ ရဲစခန်းများနဲ့ ရုပ်ရှင်ရုံတချို့ ကို တန်ပြန်မီးရှို့ တိုက်ခိုက်ခဲ့ကြပါတယ်။
ရန်ကုန်မြို့ မှာသေနတ်သံတွေဆူညံသွားခဲ့ပါတယ်။ဦးနေဝင်း အစိုးရဟာ တင့်ကားတွေနဲ့ လှည့်လည် စစ်ရေးပြခဲ့ ကြပါတယ်။
နောက်ဆုံးမှာတော့ ဦးနေဝင်းအစိုးရဟာ ဦးသန့် ရဲ့ ရုပ်အလောင်းကို ကန်တော်မင်ပန်းခြံမှာ မြှုပ်နှံလိုက်ပါတယ်။
ဦးသန့်  ကျူးဘားသမ္မတ ကက်စထရိုနဲ့ ဆွေးနွေးပြီးပြန်အလာ
UN building, Russian Kusnetsov arrives, meets with U Thant, Cuban Missile crisis eases
U.N.'s 20th year, 1965/06/28 (1965)
Download ဦးသန့် အရေးအခင်းစာအုပ်(စက်မှုတက္ကသိုလ် စိုးဝင်း) (1.1 MB)
Sunday, November 25, 2007
Video(Lives of Refugees, How to trade gems right now?(Make interview with a hidden camera), Forced labour,Porter, Lives of Monks, Economic sanction)
ံHow to Trade Gems?
“Right now is a little difficult?”
“Why?”
“Because of political problems”
“You transfer the cash to me and you remit to our Bank account to Singapore”
***************************
Lifes in Thailand
“The situation inside
“How do the thai authority make your life here diffitult?”
“Madam please, I don’t want to talk about Thai Government”
Friday, November 23, 2007
Thursday, November 22, 2007
November 22 (News)
ငြိမ်းချမ်းစွာဆန္ဒပြသူများအား မြန်မာစစ်အစိုးရက အကြမ်းဖက်ဖြိုခွဲမှုကို ကုလသမဂ္ဂ အထွေထွေညီလာခံက ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းနှင့် နိုင်ငံရေးအကျဉ်းသား
များကို ချက်ချင်းလွှတ်ပေးရန်တောင်းဆိုသည့် ဆုံးဖြတ်ချက်မူကြမ်းကို မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူတို့ဘက်က အနိုင်ရသည်။
ယမန်နေ့က ကုလသမဂ္ဂအထွေထွေညီလာခံ၏ လူ့အခွင့်အရေးကော်မတီတွင် ကုလသမဂ္ဂ
အဖွဲ့ဝင်နိုင်ငံများအကြား မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ (၈၈) မဲ၊ ကန့်ကွက်မဲ (၂၄ ) မဲ၊
ကြားနေမဲ (၆၆) မဲဖြင့် အနိုင်ရခြင်းဖြစ်သည်။ ခောတ်ပြိုင်
ဂျာနယ်မျက်နှာဖုံးများတွင် ကုလသမဂ္ဂ အရာရှိဓာတ်ပုံ နေရာမပေးရဟု အမိန့် ထုတ် DVB
လှိုင်း
လှိုင်း
ငိုရှိုက်သံတွေကိုဗဟိုပြုပြီး
ရင်မှာဆင်တဲ့ ကရုဏာမုန်တိုင်းတွေကြောင့်
ဆူနာမီထက်ပြင်းတဲ့လှိုင်းတွေဟာ
မိစ္ဆာကမ်းခြေကို
တဝုန်းဝုန်းရိုက်ခဲ့တယ်။
မျှော်လင့်ချက်တွေ သယ်ဆောင်လာတဲ့ လှိုင်းအသစ်ကို
လူတိုင်းကလဲ ချစ်ခဲ့ကြတယ်။
လှိုင်းတွေရဲ့ တပ်ဦးမှာ ကရုဏာရှင်တို့ ဦးဆောင်တယ်။
မိစ္ဆာကမ်းခြေမှာတော့ သွေးဆာနေတဲ့ ဘီလူးကြမ်းတို့ စောင့်တယ်။
လှိုင်းတွေဟာ ပြည်သူ့ ရင်ထဲမှာ နေရာအပြည့်ယူတယ်။
မိစ္ဆာကမ်းခြေကတော့ မျက်ရည်မြစ်ရဲ့ နံဘေးမှာ အခိုင်အမာ ကျောက်ချတယ်။
လှိုင်းတွေဟာ ရွှေရောင်သင်္ဃန်းနဲ့ ပြည်သူ့ မေတ္တာကို လွှမ်းခြုံဆင်မြန်း ထားသလို
သွေးတွေနဲ ဆိုးထားတဲ့ ခွပ်ဒေါင်းခေါင်းစည်းနီနီကိုလည်း စည်းထားတယ်။
မိစ္ဆာကမ်းခြေကတော့ မာယာမျက်နှာဖုံးကို ပေါ်တင် ချွတ်လိုက်ပြီး လူသတ်ဝတ်စုံကို ဖရိုဖရဲ ဝတ်ဆင်တယ်။
မေတ္တာတွေလူးထားတဲ့
လှိုင်းတွေရဲ့ မြှားဦးဟာ တုပ်နှောင်ထားတဲ့ ကြိုးတွေကိုဖြတ်ဖို့ လမ်းမပေါ်ကိုထွက်လာတယ်။
မိစ္ဆာကမ်းခြေဆီက
မျက်ကန်းကျည်ဆန်တချို့ ကတော့ လေထုကို ထိုးခွဲပြီး ဝိညာဉ်ခြွေဖို့ ထွက်လာတယ်။
လှိုင်းတွေဟာ ပစ်ကွင်းထဲကို အတင်းတိုးဝင် ပြီး ဘဝကိုချကျွေးတယ်။
မိစ္ဆာကမ်းခြေကတော့ ရင်နှစ်သည်းခြာတွေရဲ့ သွေးနဲ့ ပလ္လင်ကိုဆေးတယ်။
ခောတ်ကြီးတခုလုံးကို မုန်းတယ်။
ကြယ်တွေကို ကာကွယ်မပေးနိုင်တဲ့ လောကစောင့်နတ်တွေကိုလည်းမုန်းတယ်။
ပန်းပွင့်တွေကို လိုက်ခြွေနေတဲ့ မုဆိုးတွေကိုလည်းမုန်းတယ်။
သင်တို့ ဟာ ရဟန်းပျိုတွေကို မြိုတဲ့မြွေတွေဖြစ်တယ်။
ခွပ်ဒေါင်းသားကို စားတဲ့ကျားတွေဖြစ်တယ်။
ကိုယ့်ရင်သွေးကို ကိုယ်တိုင်သတ်ပြီး ယစ်ပူဇော်ရက်တဲ့သူတွေဖြစ်တယ်။
ဒီလိုနဲ့ …ရန်သူ အကြမ်းဖက်လို့ လှိုင်းတို့ တလှမ်းဆုတ်ခဲ့ရတယ်။
ဒါပေမယ့် ဒီလှိုင်းဟာ မြုံနေတဲ့ အနာတခုဖြစ်တယ်၊
ရင့်မှည့်နေတဲ့ သစ်သီးတလုံးဖြစ်တယ်။
ဒီလှိုင်းက ထွက်တဲ့သွေးတွေဟာ
ပန်းရနံ့ မွှေးတယ်။
ဒီလှိုင်းက ထွက်တဲ့ အလင်းရောင်နဲ့ 
ရင်ထဲက အမှောင်တွေကို ထွန်းချင်တယ်။
ဒီလှိုင်းဟာ ငါတို့ အတွက် မျှော်လင့်ချက် ဆွဲလည်းသံဖြစ်သလို
ရန်သူ့ နားစည်ကိုဖောက်ခွဲမယ့် ဒက်ဆီဘယ်(လ်) ၁၀၀ကျော်ပြင်းအားနဲ့  ခြိမ်းခြောက်မိုးခြိမ်းသံလည်းဖြစ်တယ်။
ဒီလှိုင်းဟာ ရှင်ဥတ္တမ ဝင်စားသလို
မာတင်လူသာကင်းလည်း ဝင်စားတယ်။
ဒီလှိုင်းရိုက်ခတ်သံ မှာ အောင်ဆန်းရဲ့  အရိုးတွန်သံကြားနိုင်သလို
ဂန္ဒီရဲ့  ငိုရှိုက်သံကိုလည်းကြားနိုင်တယ်။
ဒီလှိုင်း မှာ ကောင်းခြင်းမှန်သမျှ စုဆုံတယ်။
လှိုင်းတွေရဲ့ ရင်ခွင်ကို
လက်သည်းချွန်တွေနဲ့ 
သွေးချင်းချင်းနီအောင် ခြစ်ခဲ့သူတို့ …
ဖိအားအထပ်ထပ်အောက်မှာမာကျောလာတဲ့
လှိုင်းတွေရဲ့ ရင်ခွင်သစ်မှာ
သင်တို့ လက်သည်းချွန်တွေ ကျိုးကျန်စေရမယ်။
ပိုပြင်းထန်တဲ့ မီးမုန်တိုင်း
ပိုအားကောင်းတဲ့ ချော်ရည်လှိုင်းတွေနဲ့ 
နောက်တခါ တော်လှန်ရေးဒီရေတက်ချိန်မှာ
မိစ္ဆာကမ်းခြေကို ငါတို့ အပြီးဖြိုမယ်။
ကောင်းကင်ကို
Migrant wokers news in Korea
အစပိုင်းမှာ ခဏစောင့်ကြည့်ကြပါခင်ဗျာ။ နောက်ပိုင်းမှာ သတင်းတွေပြောပါလိမ့်မယ်။
Wednesday, November 21, 2007
Tuesday, November 20, 2007
ငြိမ်းချမ်းရေးနတ်သမီး (song)
အကယ်၍ မင်းဘဝတခုလုံးကို ပေးပြီး အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို ဖျက်ဆီးခံလိုက်ရပြီးနောက် အင်မတန်မှသေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့  ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်.....
အဲဒီလိုပဲ မင်းမှာ စိတ်အင်အားကလွဲလို့  ဘာဆိုဘာမှ မရှိတော့တဲ့ အခါ အဲဒီ့စိတ်အင်အားကို ခိုင်မာစွာနဲ့ ပဲ လက်ဆုပ်လက်ကိုင်ထားနိုင်မယ်ဆိုရင်.....
Sunday, November 18, 2007
Saturday, November 17, 2007
Two Women and Democracy(အန်တီစု နဲ့ ဘနာဇီဘူတို)
Video(Refugee)
Friday, November 16, 2007
Food Fair for the Burmese new comers
Wednesday, November 14, 2007
Tuesday, November 13, 2007
In Freedom's Cause
The clips are arranged, to the best of my ability, in chronological order.
Some brief notes: the man making silent appeal in front of the US mission in Rangoon (just past the 1 minute mark) is in the back of the truck that drives away; the highlight at 5:48 shows Kenji Nagai photographing the demonstration near Sule Pagoda just before his death.
Monday, November 12, 2007
Sunday, November 11, 2007
Friday, November 9, 2007
Thursday, November 8, 2007
Wednesday, November 7, 2007
KT Tunstall ရဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုသီဆိုထားတဲ့ သီချင်း
Tuesday, October 30, 2007
ညနဲ့ ဆေးခါးတစက်
ဒုက္ခ နက္ခတ်တွေ ချည်းထွန်းတဲ့
ရန်ကုန်မြို့ ရဲ့ ညခင်းမှာ
တခြမ်းပဲ့ လမင်းဟာ
တိမ်တွေကြားမှာ တိုးရင်းဝှေ့ ရင်းနဲ့ 
က္ကုနြေ္ဒ မရစွာ အိုးနင်းခွက်နင်းထွက်လာတယ်။
ဒဏ်ရာတွေကို စိတ်ထဲမှာ သီကြည့်ရင်းနဲ့ 
စားပွဲပေါ်ကိုကြည့်လိုက်တော့
ဖယောင်းတိုင်လေး …တွေနေတယ်။
ဘော(လ်)ပင်ကလေး….သေနေတယ်။
စိတ်ဓာတ်တွေက ညနဲ့ အပြိုင်မှောင်လို့ ၊
အိပ်မက်တွေက ဘဝမီးလျှံမှာ လောင်လို့ ။
ညမှာ
မျှော်လင့်ချက်လဝန်းလေး
ခပ်ရေးရေးရှိရင်ဖြေသာပါသေးတယ်။
ခုဟာက
မှောင်နေရတဲ့အထဲ
ဘာအလင်းရောင်မှ ပေးနိုင်စွမ်းမရှိတဲ့
ဒုက္ခနေဆယ်စင်းပဲ ခပ်ပြင်းပြင်းပူနေတဲ့အဖြစ်။
ဘဝဟာ
တော်စတွိုင်းပြောသလိုမျိုး
ဓားသွားထက်က ပျားရည်တစက်ဆိုရင် ဖြေသာပါသေးတယ်။
ခုပာာက
လှံစွပ်ဖျားက
ဘာ အာဏိသင်မှမရှိတဲ့
ဆေးခါးတစက်ကိုခုံမင်နေရတဲ့ အဖြစ်။
ညရယ်။ မင်းနှစ်သက်တဲ့ အမှောင်ဝတ်စုံကိုချွတ်ပါတော့။
ဘဝရယ်။ နိုးလျက်နဲ့ မက်နေရတဲ့ အိပ်မက်ဆိုးတွေကနေ လွှတ်ပါတော့။
ကောင်းကင်ကို
Monday, October 29, 2007
Sunday, October 28, 2007
Saturday, October 27, 2007
Friday, October 26, 2007
အမှောင်ခောတ်၏ ပုံရိပ်များ
နှစ်မြှုပ်သူတွေက
……..... တွေ။
အယောင်ဆောင် အုပ်ဆောင်းအောက်မှာ စိတ်ဓာတ်တို့  ပုပ်သိုးနေသည်။
ပုပ်သိုးစေသူက
……....တွေ။
တစ္ဆေအိမ်ထဲမှာ အိမ်သားတို့  ကြောက်လန့် နေသည်။
ခြောက်လှန့် သူတွေက
……....တွေ။
လင်းလိုက်မှောင်လိုက် မီးရောင်အောက်မှာ
ဆောင်ပုဒ်တို့  ဆွံ့ အနေသည်။
သင်္ကြန် အမြောက်ပစ်နေသူက
….......တွေ။
ဟိုးအမှောင်ဆုံး ညတွေဆီ
back gear ဆုတ် မောင်းနှင်ခံနေရတဲ့
ပြောင်းပြန်ယာဉ်ကြီးထဲမှာ
Dog တို့  God ဖြစ်နေသည်။
God ဖြစ်နေသူက
……....တွေ။
ကောင်းကင်ကို (၂၀၀၀ တုန်းက ရေးခဲ့တဲ့ ကဗျာပါ။)
Thursday, October 25, 2007
လမ်းပျောက်သူ
မျှော်လင့် ချက်ကောင်းကင်မှာ
ရက်စက်တဲ့ ပင့် ကူတွေ အိမ်ဖွဲ့ 
ငါတို့ “မနက်ဖန်”လေး သိမ်ငယ်ရတော့ မယ်။
ရက်စက်လိုက်တာ လေရိုင်းရယ်…
ပွင့် ဖို့ အားယူနေတဲ့ ပန်းငုံလေးတွေကိုမှ
ရွေးပြီးခြွေရက်တယ်နော်။
တစက်စက် ကျလာတဲ့ နေ့ တွေတောင်
ပင်လယ်ကြီးထဲ ပြည့် တော့ မယ်….
ငါဘယ်ကို ရွက်လွှင့် ရမှာလဲ။
ကြွေရှာတဲ့ သစ်ရွက်တွေမှာတောင်
ခိုစရာ မြေပြင်ရှိသေးတယ်။
ဝေဒနာနဲ့  နှစ်ရက်တွေမှာငါ
ငိုစရာ ရင်ခွင်မရှိဘူး။
အားလုံးက ပြောကြတယ်။
ဦးထုပ်နက်နဲ့ လူတဲ့၊
ကိုယ့်ကိုယ်ကိုလဲ မေးကြည့်တယ်။
ငါ့အတွေးထဲ မြွေတကောင်ဝင် အဆိပ်ထုတ်နေသလား။
ကျောင်းနားတဝိုက်ဆီက
တိတ်ဆိတ်နေတဲ့ အသံတွေကြောင့်
ငါ့ရဲ့ အိမ်မက် ငှက်တွေ
ထိတ်လန့် ပျံသန်းကုန်ကြပြီ။
မင်္ဂလာမှန်သမျှ ဆိတ်သုဉ်းနေတဲ့
ဟောဒီ့ ဘုန်းစိုးသင်္ချိုင်းမြေမှာ
မျှော်လင့်ချက် လရောင်ရေးရေးလေးကို လိုချင်တမ်းတမိသူနဲ့ 
လမင်းကို ဖုံးကွယ်ပစ်တဲ့တိမ်တွေ
ဘယ်သူ့ မှာ အပြစ်ရှိသလဲ။
မိတ်ဆွေ….
သင့်မှာ သွားစရာလမ်းကလဲ မရှိ၊
ပြီးတော့ သင်ဟာ ဆင်တကောင်လဲ မဟုတ်ဘူးဆိုရင်
သင်ဘာတွေလုပ်မလဲ။
*************************************
၉၇ လောက်တုန်းက ကျွန်တော်ရေးခဲ့တဲ့ ကဗျာပါ။ ကျောင်းတွေကို နှစ်ရှည်လများပိတ်ထားပြီး ပညာရေးကို လုံးလုံး ဖျက်ဆီးလိုက်ခါစ ကာလပေါ့။ ကျွန်တော်တို့ အားလုံးလမ်းပျောက်နေတဲ့ကာလပေါ့။
ဘဝတူ သူငယ်ချင်းတွေကလွဲလို့  နားလည်ခံစားပေးနိုင်မယ့်သူ မရှိခဲ့ဘူး။ ငိုစရာ ရင်ခွင်မရှိခဲ့ဘူး။
အခုလည်း ကျွန်တော်တို့ အားလုံး လမ်းပျောက်နေဆဲပါ။ ငိုစရာ ရင်ခွင်မဲ့နေဆဲပါ။ အုပ်ချုပ် မင်းလုပ်တဲ့သူက မတရား အနိုင်ကျင့်တာ ခဲ့ရတဲ့ အခါ ဘယ်ရင်ခွင်မှာ သွားပြီးငို မလဲ။ လွမ်းဆွတ်လို့  အိမ်ပြန်တဲ့သူတွေကို လေဆိပ်ကနေ ဆီးပြီးဖမ်းနေတယ်တဲ့။ ကိုယ့်တိုင်းပြည်မှကိုယ် ပြန်လို မရတဲ့အခါ ဘယ်ရင်ခွင်သွားပြီးငိုမလဲ။
ကျွန်တော်တို့ နိုင်ငံမှာ တရားမျှတမှု အထွန်းကားသရွေး ကျွန်တော်တို့  လမ်းပျောက်နေဦးမှာပါ။
Tuesday, October 23, 2007
ဖြစ်ရပုံက(ဟာသအတိုအထွာ)
၁၉၉၈ ခုနှစ်တုန်းက ကျွန်တော့်သူငယ်ချင်းတစ်ယောက် ကရာတေးသင်တန်းသွားအပ်တော့ ကရာတေးဆရာက မေးပါတယ်။
“မင်း ဘာလုပ်တုန်း။”
“ကျောင်းစောင့်”
ကရာတေးဆရာလည်း သိပ်လက်ကြောမတင်းပုံရတဲ့ ငနဲက ပေါက်ပေါက်ရှာရှာ ကျောင်းမှာ ညစောင့်လုပ်တယ်ဆိုတော့အံ့သြသွားတာပေါ့။
“ဘယ်ကျောင်းမှာလဲ။”
“မဟုတ်ဘူး။ ကျောင်းတွေ အကြာကြီးပိတ်ထားတာ ပြန်တက်ဖို့ စောင့်နေလို့ ကျောင်းစောင့်လို့ ပြောတာ။”
ကောင်းကင်ကို
Thursday, October 18, 2007
မင်းကိုနိုင်ရဲ့  ၄၅ နှစ်မြောက်မွေးနေ့ 
ကိုမင်းကိုနိုင်ကို ၁၉၆၂ ခုနှစ်မှာ မွေးခဲ့တာပါ။ ဦးနေဝင်း အာဏာသိမ်းခဲ့တဲ့ နှစ်ပေါ့။ ကိုမင်းကိုနိုင်ဟာ သူ့ ရဲ့ ဖွားဘက်တော်ဖြစ်တဲ့ (၁၉၆၂ မှာမွေးလို့ ) အာဏာရှင်စနစ်ကို သူ့ ဘဝတခုလုံး ပေး ပြီးတိုက်ခဲ့တာပါ။ ကိုမင်းကိုနိုင် ဟာ ကဗျာတွေ အများကြီးရေးခဲ့သလို ပန်းချီလဲ ဆွဲခဲ့ပါတယ်။ ကိုမင်းကိုနိုင်ရဲ့  ပန်းချီပုံလေး တခုကို ဖော်ပြပေးလိုက်ပါတယ်။ email ထဲကနေ ဟိုး အရင်တုန်းက ရတာပါ။ Source က DVB က ဖြစ်မယ်ထင်ပါတယ်။
ပန်းချီကားရဲ့  ခေါင်းစဉ်က အမေပါ။ ပန်းချီကားထဲက ပြက္ခဒိန်လေးကို သေသေချာချာ ကြည့် လိုက်မယ်ဆိုရင် ရက်တွေကို ကြက်ခြေခတ်ထားတာ တွေ့ ရပါလိမ့် မယ်။ ကရုဏာ ရသကို ပေးစွမ်းတဲ့ ပန်းချီကားလေးတခုပါ။
ပုံကြီးကြီးမြင်ရရန်အတွက် ပုံပေါ်တွင် click နှိပ်ပါ။