Sunday, September 30, 2007

Watch MTV

စကားလုံးမရှိတဲ့ ကောင်းကင်..၂ (ထူးအိမ်သင်)




အခါလွန်တဲ့ မိုး(ထူးအိမ်သင်)




လေးဖြူ(အလင်းရောင်)




အရေးမကြီးဘူး(လေးဖြူ)




အလွမ်းများ(လေးဖြူ)




နူးညံ့ တဲ့ အမိန့် တော်အတိုင်း(လေးဖြူ+အငဲ)




၂ယောက်မရှိဘူး(ထွန်းအိန္ဒြာဗိုလ်)




ဆိုင်သူမသိတဲ့ အချစ်(ထွန်းအိန္ဒြာဗိုလ်)


Photo(hiding)


Saturday, September 29, 2007

Video (Aung Sann Su Kyi)

Aung Sann Su Kyi speech in Burmese Language



Daw Aung San Suu Kyi's campaign trip speech in Kyatpyin 2003 (in Burmese Language)

How Burma Army shoot

Tuesday, September 25, 2007

Interview with Aung Sann Su Kyi (2002 May)



Excerpt from Interview with Aung Sann Su Kyi (1999)



A short clip from a documentary on Aun San Suu Kyi's Nobel Peace Prize Ceremony


Excerpt from Interview with Aung Sann Su Kyi (1995)

ငါနေတဲ့ နေရာ

ငါနေတာ လင်းတလှည့် မှိန်တလှည့် ကြယ်မြို. လေး တမြို့ မှာ

ငါနေတာ မီးလင်းနေရင် ဘယ်လိုမှမအိပ်တတ်တဲ့ ဇီဇာကြောင်တဲ့ မြို့ လေးမှာ

ငါနေတာ “ဧည့်သည်လာရင် မကြည်ဖြူတဲ့အိမ်ရှင်မ” နဲ့ တူတဲ့ မြို့ လေးမှာ
(ဧည့် စာရင်း တိုင်ရတယ်ဗျာ။ သံတော်ဦးတင်ရတယ်။)

ငါနေတာ တစ်နာရီလောက် ငရဲခံဖို့ အရေး ၁၀၀ ကျပ်ပေးရတဲ့ မြို့ လေးမှာ

ငါနေတာ သန့် ရှင်းစေချင်လို့ မိုးစက်တွေနဲ့ ရေချိုးပေးကာမှ တကိုယ်လုံးက အနာတွေစိုရွှဲပြီး ပိုညစ်ပတ်သွားတဲ့  မြို့ လေးမှာ

ငါနေတာ ပထွေးကမဆင်လို့  တနေ့ တခြား စုတ်ခြာလာတဲ့  “သူဆင်းရဲမ”မြို့ လေးမှာ

ငါနေတာ ပထွေးကိုရွံလို့ ပတ်ဝန်းကျင်က ဝိုင်းကြဉ်ထားတဲ့  “အထီးကျန်မ” မြို့ လေးမှာ

ငါနေတာ နာတာရှည်နိုင်ငံရေးဝေဒနာတနေ့ တခြား ဆိုးရွားလာတဲ “့လူမမာမ”
မြို့ လေးမှာ။

ငါနေတာ မနှစ်ကမှ လင်ဆိုးကြီးနဲ့ ကွာရှင်းခွင့် ရလိုက်တဲ့  “တခုလပ်မ” မြို့ လေးမှာ (ပျဉ်းမနားပြောင်းသွားပြီလေ။)

ငါနေတာ နေပူနေတာတောင် “ခမောက်”ဆောင်းကြည့် ခွင့် မရတဲ့ မြို့ လေးမှာ

ကောင်းကင်ကို

(၂၀၀၆ ဒီဇင်ဘာ)

ကဗျာချစ်သူ


ကဗျာချစ်သူ

ငါဟာ လမင်း
ညကိုချစ်လို့ သာတာ။
ငါ့ နဂိုအစစ်မို့ ဝါတာ။


ငါဟာ ကောင်းကင်
အမြင့် တက်ချင်စိတ်နဲ့ ငါနေတာ။
ရင့် ကျက်ချင်စိတ်နဲ့ ပြာနေတာ။

ငါဟာ ကဗျာသီချင်းသီချင်တဲ့ 
မဟာ နှင်းဆီတပွင့် ။
ဥယျာဉ်မှာ မွှေးပျံ့ စေဖို့ အတွက်
အနုပညာပေးဖြန့် ဝေဖို့ ဟာ
ပန်းပွင့် တိုင်းရဲ့ အလုပ်။

ငါ့ ကဗျာသီချင်းသစ်တွေ
ကမ္ဘာ့ သတင်းဖြစ်စေရမယ်။

လေပြင်းတွေလာခြွေလို့ 
သေမင်းဆီငါကြွေသွားရင်တောင်
ကဗျာတွေကိုစုပ်ခဲ့ တဲ့ နှုတ်ခမ်းနဲ့ 
ကမ္ဘာမြေကိုနှုတ်ဆက်နမ်းခဲ့ မယ်။

ကောင်းကင်ကို
(၂၀၀၆ နိုဝင်ဘာ)