Monday, November 26, 2007

ဦးသန့် အရေးအခင်း

မနေ့ က နိုဝင်ဘာ ၂၅ ရက်နေ့ ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဦးသန့် ကွယ်လွန်တာ ၃၃ နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ဦးသန့့် အရေးအခင်းအကြောင်းနဲ့ ဦးသန့် ကျူးဘားသမ္မတ ကက်စထရိုနဲ့ ဆွေးနွေးပြီးပြန်အလာမှာ ရိုက်ကူးခဲ့တဲ့ ဗွီဒီယိုနဲ့ တခြားဦးသန့် ပါဝင်တဲ့ ဗွီဒီယိုတွေကို တင်ဆက်လိုက်ပါတယ်။ ဦးသန့့် အရေးအခင်းအကြောင်း သူရိယဂျာနယ်ကဆောင်းပါးကိုလည်း download လုပ်ယူနိုင်ပါတယ်ခင်ဗျာ။

ဦးသန့် 

နိုဝင်ဘာ ၂၅ရက်နေ့ ဟာ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မြန်မာ့ဂုဏ်ဆောင် ဦးသန့် ကွယ်လွန်ခဲ့တဲ့နေ့ ဖြစ်ပါတယ်။

၁၉၆၁ ခုနှစ်ကနေ ၁၉၇၁ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ မြန်မာ့ဂုဏ်ဆောင် ဦးသန့် ကို ၁၉၀၉ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့ မှာ ဧရာဝတီတိုင်း ပန်းတနော်မြို့ မှာမွေးဖွားခဲ့ပါတယ်။ ၁၉၂၈ မှာ ပန်းတနော်မှာ ကောင်းဆရာပြန်လုပ်ပါတယ်။ ၁၉၃၁ ခုနှစ်မှာ ကောင်းအုပ်ကြီး ဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ်မှာ အတွင်းရေးချုပ် Dag Hammarskjold(Sweden) ကွန်ဂိုနိုင်ငံကို အသွားလေယာဉ်ပျက်ကျ ကွယ်လွန်ရာ ဦးသန့် ဟာ အများသဘောတူရွေးချယ်ချက်နဲ့ နိုဝင်ဘာလမှာ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်လာပါတယ်။ သူ့ ရဲ့ ပထမသက်တမ်း (၁၉၆၁-၁၉၆၆) ကျူးဘားဒုံးပျံ အကြပ်အတည်းနဲ့  ကွန်ကိုပြည်တွင်းစစ်ကို အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်လို့ ချီးကျူးခြင်းခံခဲ့ရပါတယ်။ ၁၉၆၆မှာ ဒုတိယအကြိမ် တာဝန်ထမ်းဆောင်ဖို့ အရွေးခံခဲ့ရပြီး ၁၉၇၁ မှာ ရာထူးမှ အနားယူခဲ့ပါတယ်။

ဦးသန့် အရေးအခင်း

ဦးသန် ဟာ၁၉၇၄ခု နိုဝင်ဘာ ၂၅ရက်နေ့ မှာ နယူးယောက်မြို့ မှာ ကွယ်လွန်ခဲ့ပါတယ်။ ၁၉၇၄ ခုနှစ် ဒီဇင်ဘာ ၁ရက်နေ့ မှာ ဦးသန့် ရုပ်အလောင်း မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။ ဦးသန့် ရဲ့ ဂုဏ်သိက္ခာနဲ့  ထင်ပေါကျော်စောမှုကို မနာလိုတဲ့ ဦးနေဝင်းအစိုးရဟာ ဦးသန့် ရဲ့ ရုပ်အလောင်းကို ကျိုက္ကဆံမြင်းပြိုင်ကွင်းဟောင်းမှာ ပီးစလွယ် ထားကာ ထိုက်တန်တဲ့အခမ်းအနားမပါပဲ ဒီဇင်ဘာလ ၅ ရက်နေ၊ နေလည် ၁ နာရီ အခိန်မှာ ကြံတော သချိင်္ုင်းမှာ သင်္ဂြိုလ်ဖို့ စီစဉ်ခဲ့ပါတယ်။ နိုင်ငံတော်ဈာပန အဖြစ် တခမ်းတနား ဂုဏ်ပြုသင်္ဂြိုလ်လိမ့်မယ်လို့ ယူဆနေတဲ့ ကျောင်းသားထုဟာ ပေါက်ကွဲပါတော့တယ်။

ကောင်းသားမား ဦးဆောင်သည့် ရဟန်း ရှင်လူပြည်သူ အပေင်းက ဦးသန်ုပ်ကလာပ်ကို တက္ကသိုလ် နယ်မြေဘွဲ့ နှင်းသဘင် ခန်းမရှေ့ သို့ သယ်ဆောင် လာပီး၊ ကောင်းသား သမဂ္ဂ အဆောက်အဦဟောင်း (၁၉၆၂ ခုနှစ် ဇူလိုင် ၇ရက်နေ့ မှာ ဦးနေဝင်းအစိုးရက ဒိုင်းနမိုက်ဖောက်ဖျက်ဆီးခဲ့တဲ့အဆောက်အဦး) နေရာကိုရှင်းလင်းပြီး အုတ်ဂူတည်ဆောက်သင်္ဂြိုလ်ဖို့ လုပ်ကြတယ်။ ငြိမ်းချမ်းရေးဂူဗိမာန်ကိုလည်း တည်ဆောက်ဖို့ ဆုံးဖြတ်ကြတယ်။ ရန်ကုန်စက်မှုတက္ကသိုလ် ဗိသုကာကျောင်းသား များနဲ့  Civil ကျောင်းသားများက ပုံဆွဲပြီး ဦးသန့် အုတ်ဂူနဲ့ ယာယီဂူဗိမာန်ကို ကျောင်းပေါင်းစုံမှ ကျောင်းသားများက စတင်ဆောက်လုပ်ပါတယ်။

ဒီဇင်ဘာ ၁၁ရက်နေ့ မှာတော့ နေဝင်းစစ်အစိုးရဟာ တက္ကသိုလ်နယ်မြေထဲကို ကျူးကျော်ပြီး ကျောင်းသားတွေကို အကြမ်းဖက်နှိမ်နင်းပါတော့တယ်။ ကျောင်းသားတချို့ အသက်ဆုံးရှုံးခဲ့ရပါတယ်။ အုတ်ဂူကို ဖောက်ခွဲပြီး သင်္ဂြိုလ်ပြီးတဲ့ ရုပ်ကလပ်ကို ထုတ်ယူသွားပါတော့တယ်။

နေဝင်းအစိုးရရဲ့ ရက်စက်မှုကို မကျေနပ်တဲ့ ပြည်သူတချို့ ဟာ အစိုးရနဲ့ သက်ဆိုင်တဲ့ ဆိုရှယ်လစ်ပါတီယူနစ်များ၊ ရဲစခန်းများနဲ့ ရုပ်ရှင်ရုံတချို့ ကို တန်ပြန်မီးရှို့ တိုက်ခိုက်ခဲ့ကြပါတယ်။

ရန်ကုန်မြို့ မှာသေနတ်သံတွေဆူညံသွားခဲ့ပါတယ်။ဦးနေဝင်း အစိုးရဟာ တင့်ကားတွေနဲ့ လှည့်လည် စစ်ရေးပြခဲ့ ကြပါတယ်။

နောက်ဆုံးမှာတော့ ဦးနေဝင်းအစိုးရဟာ ဦးသန့် ရဲ့ ရုပ်အလောင်းကို ကန်တော်မင်ပန်းခြံမှာ မြှုပ်နှံလိုက်ပါတယ်။

ဦးသန့်  ကျူးဘားသမ္မတ ကက်စထရိုနဲ့ ဆွေးနွေးပြီးပြန်အလာ





UN building, Russian Kusnetsov arrives, meets with U Thant, Cuban Missile crisis eases


U.N.'s 20th year, 1965/06/28 (1965)


Download ဦးသန့် အရေးအခင်းစာအုပ်(စက်မှုတက္ကသိုလ် စိုးဝင်း) (1.1 MB)

1 comment:

ကလေးအတွေး said...

အင်း ဦးသန့်ဆုံးတဲ့နေ့က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ်အကြမ်းဖက်မှူ့ပပျောက်ရေးနေ့ နဲ့တနေ့ထဲဘဲနော်