Tuesday, August 27, 2013

Nine Six Nine

There’s a gang called ‘Nine-Six-Nine’
Most of its members are religiously blind

They urge people to shun a religious community
Mobsters united against victims are creating disunity

So-called Buddhists illogically cry that they love Buddhism
But they dare not know that they are trapped in racism

So if someone highlights their racial and religious discriminations
They will label him ‘a Kalar’, making groundless allegations
 [Note: Kalar = a pejorative term for people of Indian descent and Muslims]

The one allowed to spread hate speech is a ‘969-Buddhist vicar’
Contrarily you can be sentenced to two years just for removing a ‘969-sticker’

But even some human rights champions are reluctant to say that it is not fair
Consequently sectarian violence may be in the air

Some people wonder whether there is a mastermind
Surely! Certainly! The Big Brother has a political axe to grind

Moreover some ordinary people are also expressing their racial animosity
Some familiar faces are creating Timelines full of prejudice, a real moral monstrosity

Despite the government’s serious wrongdoings
Blaming it alone to hide our communal hysteria is not an effective solution
I often timidly dream that we put ourselves in victims’ shoes and make a moral revolution

by Kaung Kin Ko [27 August 2013]

Thursday, August 8, 2013

ပရီးမီးယားလိဂ် နန်းလုပွဲ အကြို (၂၀၁၃-၂၀၁၄)

ဘယ်သူတွေ ဘယ်လောက်ဖြုန်းဖြုန်း
အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးကို
မဲပြာပုဆိုးလို ဖြစ်စေခဲ့သူတွေကပဲ
သရဲနီဟန်ပန် နဲ့
တပွဲစီမှန်မှန် ချီတက်မှာလား။

ဒါမှမဟုတ်…
ချီလီသား အင်ဂျင်နီယာရဲ့
အညှိုးအနာတထောင်နဲ့
မိုးပြာရောင်တွေကများ
ဂိုးဆာလောင်နေကြမလား။

ဘောလုံးရာသီ မစသေးပေမဲ့
မော်ရင်ဟိုကို မြင်ရုံနဲ့
ပျော်ချင်သလိုလို ရင်ခုန်ခဲ့ပြီ။
မယိုင်မလဲ ခြင်္သေ့ပြာများ
နိုင်ပွဲ အစဉ်တွေ့မှာလား။

ဝယ်ပါတော့ကွယ်…
ဖလားလက်မဲ့ဘဝနဲ့
တအားရှက်ခဲ့ရတာ များပြီမို့
အမြောက်တပ်သား အာဆင်နယ် တွေကို
တခေါက်ထပ်မမှားဖို့ မှာချင်တယ်။

စပါးဆိုတဲ့ ဖျက်မြင်း၊
ဘေးလ်း ဆက်မနေရင်လည်း အသက်ပြင်းပါစေ။
ဆော်လဒ်ဒိုးရဲ့ ခြေစွမ်းနဲ့
ပြိုင်ဘက်တွေကို မြွေဖမ်းပြီး
ဝှိုက်ဟတ်လိန်းမှာ
လိုက်အမှတ်သိမ်းနိုင်ပါစေ။

မသွားပါနဲ့ ဆွာရက်ဇ်ရေ
ပြီးတော့
လူမျိုးရေးလိုလို ခွဲခြားပြီးလည်း မမိုက်နဲ့တော့
လူဆိုးလေးလိုလို ပဲများပြီးလည်း မကိုက်နဲ့တော့။
တကယ်က
မင်းဆက်ရှိနေမယ် ဆိုရင်
ကြိုးကြာနီတို့ အတွက်က
ဂိုးကဗျာသီဖို့ မခက်လှဘူး။

ကောင်းကင်ကို (၈.၈.၂၀၁၃)

မနှစ်ကပွဲမှာ ၁ ကနေ ၇ အထိ ရခဲ့တဲ့ အသင်းတွေထဲကနေ အဲဗာတန်ကို ချန်ခဲ့ပြီးတော့ အစဉ်လိုက် ရေးထားတာပါ။ 

Saturday, August 3, 2013

ကွင်းထဲမှာ “ဘုရင်”လိုကျင့်၊ ကွင်းပြင်မှာ “သူတောင်းစား”လိုကျင့်


ဘောလုံးသမား တော်တော်များများရဲ့ ကိုယ်ရေးကိုယ်တာဘဝ တွေမှာ အကျင့်ဆိုးတွေ ရှိကြပါတယ်။ ဂျမေကာ ဘောလုံးသမားတွေမှာလည်း အတူတူပါပဲ။ [ဒါကြောင့် ကစားကွင်းပြင်ပ ဘဝမှာလည်း] ဘယ်လိုကျင့်ကြံနေထိုင်ခြင်းအားဖြင့် ကောင်းမွန်တဲ့ လူသားတွေ ဖြစ်လာနိုင်ကြောင်း ဘောလုံးသမားတွေကို ပြသပေးခြင်းနဲ့၊ ခုနကပြောခဲ့တဲ့ အချက်ကို ကျနော် ချေဖျက်ချင်ပါတယ်။ သူတို့ဟာ ကစားကွင်းထဲမှာ မာန်ပါပါနဲ့ ကစားပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိနေကြမယ် ဆိုရင် [ပြိုင်ဘက်တွေ အနေနဲ့] သူတို့ကို အနိုင်ယူဖို့ ခက်ကြမှာပါ။ [အဲဒီလိုပဲ] သူတို့ဟာ တခြားအချိန်တွေမှာ၊ သူတောင်းစား တယောက်လို တင်းတိမ်ရောင့်ရဲမှုမျိုးနဲ့ ရိုးရိုးကုပ်ကုပ် နေနိုင်မယ်ဆိုရင်…လူသားတွေ အနေနဲ့ ဘယ်လို ပြုမူသင့်ကြောင်း နည်းလမ်းမှန်ကို ကျနော်တို့ကို ပြသခဲ့တဲ့ ခရစ်တော်ရဲ့ ပုံစံအတိုင်း နေထိုင်ကျင့်ကြံခြင်းပါပဲ။

(၁၉၉၇ ခုနှစ်က ဂျမေကာ ဘောလုံးအသင်း နည်းပြ ဘရာဇီးလူမျိုး Rene Simoes အင်တာဗျူး တခုမှာ ဖြေသွားခဲ့တဲ့ စကားပါ။ http://www.fifa.com/worldfootball/news/newsid=71965.html )
ဘာသာပြန်သူ … ကောင်းကင်ကို

Many footballers have bad personal habits, and Jamaica is no different. I want to counteract this by showing the players how they can be good human beings too. If they show pride and self-confidence on the pitch and behave like kings they will be hard to beat. If they can be modest at other times, satisfied with little as a beggar would be, then they are living in the image of Christ who showed us the correct way to behave as human beings. (Rene Simoes)