Saturday, March 8, 2014

မနှေးခေတ်မီ

စလေဦးပုညရဲ့ တေးထပ်လေးတွေ ပြန်ဖတ်မိပြီး၊ နဘေလေးတွေနဲ့ ရေးချင်စိတ် ပေါ်လာလို့ ဦးပုညလို တေးထပ်ပုံစံမျိုး တလောက ကောက်ရေးလိုက်တာပါ။ နှစ်ပိုဒ်ပဲ ရေးဖြစ်ပါတယ်။ ဆက်ရေးမယ်ဆိုပြီး မရေးဖြစ်တော့ပါဘူး။ 

ထအော်ရယ် ကို ထအော်ရီ လို့ ကာရန်ကို ငဲ့ပြီး အသံထွက်အတိုင်း ရေးထားပါတယ်။

မနှေးခေတ်မီ
သူတို့ကိုယ်သူတို့ ဗိုလ်ထင်ဆဲ
ကြိုတင်မဲနဲ့ တက်လာ
မလိုချင်လည်း ခက်ပါသည်
ရှက်မြန်မာပြည်ရဲ့တစ်ခေတ်။
သူခိုးကို အဘခေါ်သည်
ထအော်ရီရမည့်အဖြစ်။

ဘာသာရေးနဲ့ တမင်တကာချိတ်သူက
Interfaith အဖွဲ့ရဲ့ခေါင်းဆောင်…
ရင်မှာထိတ်လို့ အလောင်းကောင်တွေ မြင်လာသည်
သခင်သာကီဆိုသူတွေ အစွမ်း။
မှိုင်းမိကာ ဘလိုင်းချီတက်
တိုင်းပြည်ပျက် ကပ်ဆိုက်မယ့်လမ်း။
ကောင်းကင်ကို