Monday, January 28, 2008

ငါနေတဲ့ နေရာ



ငါနေတာ လင်းတလှည့် မှိန်တလှည့် ကြယ်မြို. လေး တမြို့ မှာ
ငါနေတာ မီးလင်းနေရင် ဘယ်လိုမှမအိပ်တတ်တဲ့ ဇီဇာကြောင်တဲ့ မြို့ လေးမှာ
ငါနေတာ “ဧည့်သည်လာရင် မကြည်ဖြူတဲ့အိမ်ရှင်မ” နဲ့ တူတဲ့ မြို့ လေးမှာ
(ဧည့် စာရင်း တိုင်ရတယ်လေ)
ငါနေတာ တစ်နာရီလောက် ငရဲခံဖို့ အရေး ၁၀၀ ကျပ်ပေးရတဲ့ မြို့ လေးမှာ
ငါနေတာ သန့် ရှင်းစေချင်လို့ မိုးစက်တွေနဲ့ ရေချိုးပေးကာမှ တကိုယ်လုံးက အနာတွေစိုရွှဲပြီး ပိုညစ်ပတ်သွားတဲ့  မြို့ လေးမှာ
ငါနေတာ ပထွေးကမဆင်လို့  တနေ့ တခြား စုတ်ခြာလာတဲ့  “သူဆင်းရဲမ”မြို့ လေးမှာ
ငါနေတာ ပထွေးကိုရွံလို့ ပတ်ဝန်းကျင်က ဝိုင်းကြဉ်ထားတဲ့  “အထီးကျန်မ” မြို့ လေးမှာ
ငါနေတာ နာတာရှည်နိုင်ငံရေးဝေဒနာတနေ့ တခြား ဆိုးရွားလာတဲ “့လူမမာမ” မြို့ လေးမှာ။
ငါနေတာ မနှစ်ကမှ လင်ဆိုးကြီးနဲ့ ကွာရှင်းခွင့် ရလိုက်တဲ့  “တခုလပ်မ” မြို့ လေးမှာ (ပျဉ်းမနားပြောင်းသွားပြီလေ)
ငါနေတာ နေပူနေတာတောင် “ခမောက်”ဆောင်းကြည့် ခွင့် မရတဲ့ မြို့ လေးမှာ

ကောင်းကင်ကို

ကဗျာအဟောင်းလေးကိုပဲ ပုံနဲ့ ပြန်တင်လိုက်ပါတယ်။

9 comments:

Anonymous said...

ကောင်းတယ်ဗျို့။
ရှင်းရှင်းလေးနဲ့ ထိတယ်။
သင်ကာ

တန်ခူး said...

ဒါပေမယ့်...အဲဒီ ငါနေတဲ့နေရာလေးကိုပဲ အသက်လောက်ချစ်၊ သံယောဇဉ်တွေရစ်ငင်နေတော့...။

ဆောင်းယွန်းလ said...

ငါနေတဲ့နေရာ…ဆိုတဲ့ကဗျာလေးကိုကြိုက်တယ်ညီလေးရေ.အရင်ကတည်းကကြိုက်တာ.
သရုပ်မှန်ကဗျာလေးတပုဒ်ကို လေးလေးနက်နက်ခံစားသွားပါတယ်

Nyein Chan Aung said...

ဒီကဗျာရေးတဲ့ ပုံစံကြိုက်တယ် ကောင်းကင်ရေ။

Anonymous said...

kaung lite tar

Anonymous said...

ငါနေတာ တစ်နာရီလောက် ငရဲခံဖို့ အရေး ၁၀၀ ကျပ်ပေးရတဲ့ မြို့ လေးမှာ.. ဘာအဓိပ္ပါယ်လဲဟင်.. ?
ဒီကဗျာလေးဖတ်ပြီး ပြုံးမိတယ်.. idea လေးကောင်းတယ်။

Kaung Kin Ko said...

အစ်မရေ။ ဘတ်စ်ကားပေါ်မှာ ငရဲ ခံရတာကိုပြောတာပါ။ အဝေးကြီး စီးရတဲ့ လူတွေကတော့ တစ်နာရီ မကဘူးပေါ့။

thamudayanwe said...

ကောင်းလိုက်တဲ့သရုပ်ဖော်
ကောင်းလိုက်တဲ့အတွေး
ဆက်ရေးပါ

Hteink Min said...

ကြိုက်တယ်ဗျို့ ..