Thursday, January 3, 2008

မာန်

ရှေ့ မရောက်
နောက်မဆုတ်
ကျောက်ရုပ်ခြင်္သေ့ တို့ မဟုတ်။

လှိုင်းမထန်
မာန်မသွင်း
ကန်တွင်းရေသေ တို့ မဟုတ်။

အဆိပ်ဖယ်
အစွယ်ကျိုး
မျက်လှည့်မြွေမျိုး တို့ မဟုတ်။

မောင်စိန်ဝင်း(ပုတီးကုန်း)

ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ ကဗျာလေးပါ။ ကျွန်တော် နှစ်သက်လို့ ဖော်ပြပေးလိုက်ပါတယ်။ ခေါင်းစဉ်ကိုမမှတ်မိတော့လို့ မာန်
လို့ ပဲပေးထားပါတယ်။ သိရင်ပြောပြပေးကြပါခင်ဗျာ။

No comments: