Saturday, January 26, 2008
ဆင်ခြေ
ငါ အရက်ကြိုက်လွန်းလို့ မဟုတ်ပါဘူး
လောကဓံတရား က ခါးလွန်းလို့ 
အရက်နဲ့ ရောပြီးသောက်ရတာ။
ငါကွမ်းကြိုက်လွန်းလို့ မဟုတ်ပါဘူး။
မကျေနပ်မှုတွေကို
ကွမ်းတံတွေးနဲ့ ရောပြီးထွေးဖို့ 
အံကိုကြိတ်ပြီး ဝါးရတာ။
ငါ စီးကရက်ကြိုက်လွန်းလို့ မဟုတ်ပါဘူး။
အနံ့ အသက်ဆိုးဝါးလှတဲ့
လူ့ ဘဝဆိုတဲ့ အခန်းကျဉ်းလေးထဲမှာ
ငါ့ဝိညာဉ် မွန်းကြပ် နေလို့ 
ဆေးလိပ်ငွေ့ တွေနဲ့ အတူ မျှောလိုက်ချင်လို့ 
အဆုတ် အပျက်စီးခံပြီး သောက်ရတာ။
ငါ ဒီ ဒုစရိုက်မှုတွေကို
မလုပ်ချင်ပါဘူး။
ခေတ်ဆိုတဲ့ ခေါင်မိုးအောက်မှာ
ရေလိုက်ငါးလိုက် နေထိုင်ရင်း
မလွှဲမရှောင်သာတဲ့ မကောင်းမှုတွေကိုက
ငါ့အဖြူရောင် အတ္တကို
ခလုတ်လာလာတိုက်တာ။
ကောင်းကင်ကို
Subscribe to:
Post Comments (Atom)
8 comments:
ငါ ဒီ ဒုစရိုက်မှုတွေကို
မလုပ်ချင်ပါဘူး။
ခေတ်ဆိုတဲ့ ခေါင်မိုးအောက်မှာ
ရေလိုက်ငါးလိုက် နေထိုင်ရင်း
မလွှဲမရှောင်သာတဲ့ မကောင်းမှုတွေကိုက
ငါ့အဖြူရောင် အတ္တကို
ခလုတ်လာလာတိုက်တာ။
ကဗျာလေးကိုခံစားသွားတယ်ညီလေးရေ
ကဗျာလေး အရမ်ကောင်းတယ် အကိုရေ။ သဘောကျလိုက်တာ။
ဆင်ခြေ ဆင်လက် ဆင်နားရွက်ပေါ့နော်။ :D ။ ကဗျာလေးကောင်းတယ် ကိုကောင်းကင်ကိုရေ။
အကိုဆရာရေ လာဖတ်သွားတယ်နော်။ သဲကတော့ ဒီကဗျာဖတ်ပြီး စဉ်းစားမိတယ်။ ဒီလူတော့ အသေများ စောမလားလို့။ ဟီးဟီး ဟုတ်တယ်လေ။ သူက အရက်လည်းသောက်၊ ဆေးလိပ်လည်းသောက်၊ ကွမ်းလည်း စားမှတော့ ကိုယ်ထဲက ကလီစာတွေ ဘယ်ခံနိုင်ပါ့မလဲ။ ဟဲဟဲ
ကဗျာလေးက ကောင်းပါတယ်။ အားလုံးဂွတ်ပဲ။
လေးစားစွာဖြင့်
မေပျို
ဒါလေး သိမ်းလိုက်ပီ အစ်ကိုေ၇ ..။
မိုးခါးရေတွေသောက်သုံးရင်း...။
ဆင်ခြေကဗျာလေးကောင်းတယ်ဗျာ။
ခေတ်ဆိုတဲ့ ခေါင်မိုးအောက်မှာ
ရေလိုက်ငါးလိုက် နေထိုင်ရင်း
မလွှဲမရှောင်သာတဲ့ မကောင်းမှုတွေကိုက
ငါ့အဖြူရောင် အတ္တကို
ခလုတ်လာလာတိုက်တာ……..
အင်း ….ဆင်ခြေ …ဆင်ခြေ…လေ
လေးပိုဒ်လုံးက ထိတယ်။ ကွက်တိပဲ။
Post a Comment