Tuesday, January 22, 2008

ကျွန်


ရှေးရှေးတုန်းကတော့

နယ်ချဲ့ တွေက ကျွန်ပြုဖို့ ကျွန်တော်တို့ ဆီကိုလာတယ်။
ဒီဘက်ခေတ်မှာတော့
ကျွန်ခံဖို့ ကျွန်တော်တို့ ကိုယ်တိုင် ခရီးထွက်ရတယ်။
လူဖြစ်ပေမယ့် ရွေးချယ်ခွင့်က မရှိခဲ့ဘူး အမေရယ်။

ကျွန်တော့် အဖြစ်က
အိပ်မက်ထဲက ကမ္ဘာကို
ကျွန်ရွာမှာမှ သွားရှာမိတဲ့ အဖြစ်။

သေရင် မြေကြီးဆိုတာကတော့ မှန်ပါတယ်။
ရှင်ရင်တော့ မစို့ မပို့ ငွေလေးက ကျွန်တော်တို့ အတွက်ရွှေထီးပေါ့။

တရွာပြောင်းပေမယ့် သူကောင်းတော့ မဖြစ်ခဲ့ပါဘူး။
ကျွန်ပဲဖြစ်ခဲ့တယ်။
ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်သတဲ့။
ကျွန်တော်… အမေနဲ့ ညီမလေးတွေအတွက် ရဲခဲ့ပါတယ်။
ကျွန်ပဲ ဖြစ်နေသေးတယ် အမေ။
ကျွန်တော့်ရဲ့  ရဲရင့်မှုတွေကပဲ နေရာလွဲခဲ့လို့ လား။

ကိုယ့်အခွင့်အရေးကို သိဖို့ နေနေသာသာ
တစ်ချို့ သူငယ်ချင်းတွေဆို ကိုယ့် အသက်ဘယ်လောက်ရှိမှန်းတောင် မသိရှာဘူး။
တချို့ ကလေးတွေဆို မြန်မာ နာမည်တောင် မရှိရှာဘူး။
ဘော(့စ်) ဆိုသူတွေ ပေးတဲ့နာမည်တွေ ပဲ ရှိကြတယ်။


အမေပြောတော့ အလုပ်လုပ်ရင် ကြီးပွါးမယ်ဆို။
အလုပ်လုပ်လေ ပိုခိုင်းလေလေပဲ အမေ။
ကျွန်ဖြစ်လေလေပဲ အမေရဲ့ ။
လူအချင်းချင်းဆိုတဲ့ အသိ
သူတို့ မှာ မရှိဘူး အမေ။
သွေးစုပ်ဖို့ ပဲ သူတို့ သိတယ်။

အမေရယ်
ကျွန်တော်လည်း အစကတော့
ချစ်သူရဲ့ မျက်နှာသုတ်ပုဝါလောက် ဖြစ်ဖို့ မှန်းပြီးထွက်ခဲ့တာပေါ့။
အခု ဖြစ်လာတာက အားလုံးရဲ့ ခြေသုတ်ပုဆိုး
မရှိသေးတဲ့ အစွယ်တောင် ကျိုးခဲ့ပြီ်။

ခုတော့
ကျွန်တော့် အသည်းနှလုံးကလည်း
ကျွန်အချင်းချင်တောင်
ပြန်မစုပ်ချင်တဲ့ သရက်စေ့ တစ်စေ့ပေါ့။

ကိုယ့်ကိုယ်ကို ကျွန်လို့ သုံးလို့ 
မငိုလိုက်ပါနဲ့ အမေရယ်။
သူတို့ ဒေါသလေးတစ်ချက်ထွက်ရုံနဲ့ 
ရာဘာခင်းထဲ ရက်ရက်စက်စက် အသတ်ခံရနိုင်တာဆိုတော့
ကျွန်တော်တို့ အသက်တစ်ချောင်းက
ရာဘာပင် တစ်ပင်လောက်တောင်တန်ဖိုးမရှိဘူးအမေ။
သူတို့ အချစ်တော် ကြောင်တစ်ကောင်လောက်တောင် တန်ဖိုး မရှိဘူး။
ဒါကို ကိုယ့်ကိုယ်ကို သခင်လို့ 
မျက်လုံးစုံမှိတ်ပြီး ကြွေးကျော်နေရမှာလား။
အနာရှိတာကို လက်ခံမှ ဆေးထည့်လို့ ရမှာပေါ့ အမေ။

လူတွေ ပြောတော့
မြန်မာ အချင်းချင်း ရိုင်းပင်းတယ်ဆို။
ကောင်းတဲ့သူတွေ လည်း အများကြီး ရှိပါတယ်။
တချို့ ကတော့ တော်တော့်ကိုဆိုးတယ်။
ကျွန်တော်တို့ ရွှေလို့ခြုံငုံခေါ်နေတဲ့အထဲက တစ်ချို့ ကပဲ
အချင်းချင်း ရောင်းစားနေကြတာ အမေ။
တိုင်းပြည်မီးလောင်လို့ 
အချင်းချင်းချနင်းရက်တာလား။
ဘာပဲဖြစ်ဖြစ် သူတို့ လူစိတ်မရှိတာ ကတော့
သေချာပါတယ်။
ရွှေဆိုတဲ့ စကားလုံးက
အကုန်လုံးနဲ့ တော့မတန်ဘူး အမေ။
သူတို့ ကို ရွှေစာရင်းထဲက ကျွန်တော်ထုတ်တယ်။

ဟိုတလောက စာအုပ်ထဲမှာ ဖတ်လိုက်ရတယ်အမေ။
လင်ကွန်းဆိုတဲ့ သူက ကျွန်စနစ် ပပျောက်အောင်လုပ်ပေးခဲ့သတဲ့။
ဘယ်မှာ ဟုတ်လို့ လဲ အမေရယ်။
သားတို့ ကိုလာကြည့်စမ်းပါ။
သူလုပ်နိုင်ခဲ့တာ သူ့ နိုင်ငံကွက်ကွက်လေးပဲ
သူ့ ကိုလေးစားပေမယ့်
ကျွန်တော်တို့ အတွက်တော့ သူက
သမိုင်းတင်လောက်အောင် မစွမ်းသေးပါဘူးအမေရယ်။

လူ့ အဖြစ်က ရခဲတယ်ဆို။
ရခဲ တာပဲ ကောင်းပါတယ် အမေ။
ကျွန်တော် လူမဖြစ်ချင်တော့ဘူး။
ကျွန်တော် ငှက်တွေကို ငေးကြည့်မိတယ် အမေ။
ငှက်တွေမှာ ပြည်တွင်းစစ်မရှိဘူး
ငှက်တွေမှာ ဘာသာရေး အဓိကရုဏ်းတွေ မရှိဘူး။
ငှက်တွေမှာ ကိုယ့်အသိုက်အမြုံကို ဗိုလ်ကျပြီး အတင်းရွှေ့ ခိုင်းတာမျိုး မရှိဘူး။
ငှက်တွေ ကံဆိုးမိုးမှောင်ကျပြီး လှောင်အိမ်ထဲမှာ နေရရင်တောင်
သူတို့ သခင်က သူတို့ ကို အချစ်နဲ့ လှောင်ထားတာ။
ကျွန်တော်တို့ ကတော့ အမုန်းနဲ့ လှောင်ထားခြင်းခံရတယ်။
မေတ္တာ အရမ်းငတ်တယ် အမေရယ်။

ကမ္ဘာ့ ခေါင်းဆောင်တွေကလည်း
ကျွန်တော်တို့ ငိုသံတွေ ဘယ်လောက်ကျယ်ကျယ်
အမျိုးသား အကျိုးစီးပွါးဆိုတဲ့ စကားလုံးအောက်မှာ
နားမကြားကြဘူး ထင်ပါရဲ့ ။

လူ့ အခွင့်အရေးဆိုတဲ့ ပန်းဟာ
ဖိနှိပ်သူတွေရဲ့ နှုတ်ခမ်းမှာ မပွင့်ဘူး အမေ။
ကျွန်စနစ်ဟာ
စာရွက်ပေါ်မှာတောင်မှ
မပပျောက်သေးပါဘူး အမေရယ်။

ကောင်းကင်ကို

Download this poem

39 comments:

Yaw Han Aung said...

ကောင်းလိုက်တာဗျာ။ ကျနော်လာဖတ်သွားပါတယ်။

မေပျို said...

ဆရာရေ
ကဗျာလာ ဖတ်သွားပါတယ်နော်။ ကျွန်ဘ၀လို့ ခံစားနေရတဲ့ အဖြစ်ကိုလည်း ကိုယ်ချင်းစာပါတယ်။ ဒီဘ၀က မြန်မြန် လွတ်မြောက်ပါစေလို့ ဆုတောင်းပါတယ်နော်။ ပျော်ရွှင်ပါစေ။

လေးစားစွာဖြင့်
မေပျို

Anonymous said...

a yan kaung par thi....bal lo pyaw ya mhan taung ma thi twat bu.....

ထွန်း said...

အလွန်မှန်တာဘဲကွာ

Nyein Chan Aung said...

အမေရယ်
ကျွန်တော်လည်း အစကတော့
ချစ်သူရဲ့ မျက်နှာသုတ်ပုဝါလောက် ဖြစ်ဖို့ မှန်းပြီးထွက်ခဲ့တာပေါ့။
အခု ဖြစ်လာတာက အားလုံးရဲ့ ခြေသုတ်ပုဆိုး
မရှိသေးတဲ့ အစွယ်တောင် ကျိုးခဲ့ပြီ်။

ခုတော့
ကျွန်တော့် အသည်းနှလုံးကလည်း
ကျွန်အချင်းချင်တောင်
ပြန်မစုပ်ချင်တဲ့ သရက်စေ့ တစ်စေ့ပေါ့။

ကိုယ့်ကိုယ်ကို ကျွန်လို့ သုံးလို့ 
မငိုလိုက်ပါနဲ့ အမေရယ်။
သူတို့ ဒေါသလေးတစ်ချက်ထွက်ရုံနဲ့ 
ရာဘာခင်းထဲ ရက်ရက်စက်စက် အသတ်ခံရနိုင်တာဆိုတော့
ကျွန်တော်တို့ အသက်တစ်ချောင်းက
ရာဘာပင် တစ်ပင်လောက်တောင်တန်ဖိုးမရှိဘူးအမေ။
သူတို့ အချစ်တော် ကြောင်တစ်ကောင်လောက်တောင် တန်ဖိုး မရှိဘူး။
ဒါကို ကိုယ့်ကိုယ်ကို သခင်လို့ 
မျက်လုံးစုံမှိတ်ပြီး ကြွေးကျော်နေရမှာလား။
အနာရှိတာကို လက်ခံမှ ဆေးထည့်လို့ ရမှာပေါ့ အမေ။

ဟိုတလောက စာအုပ်ထဲမှာ ဖတ်လိုက်ရတယ်အမေ။
လင်ကွန်းဆိုတဲ့ သူက ကျွန်စနစ် ပပျောက်အောင်လုပ်ပေးခဲ့သတဲ့။
ဘယ်မှာ ဟုတ်လို့ လဲ အမေရယ်။
သားတို့ ကိုလာကြည့်စမ်းပါ။
သူလုပ်နိုင်ခဲ့တာ သူ့ နိုင်ငံကွက်ကွက်လေးပဲ
သူ့ ကိုလေးစားပေမယ့်
ကျွန်တော်တို့ အတွက်တော့ သူက
သမိုင်းတင်လောက်အောင် မစွမ်းသေးပါဘူးအမေရယ်။

လူ့ အဖြစ်က ရခဲတယ်ဆို။
ရခဲ တာပဲ ကောင်းပါတယ် အမေ။
ကျွန်တော် လူမဖြစ်ချင်တော့ဘူး။
ကျွန်တော် ငှက်တွေကို ငေးကြည့်မိတယ် အမေ။
ငှက်အချင်းချင်း အမျိုးအနွယ်မတူလို့ ရက်စက်ကြတာမရှိဘူးအမေ။
ငှက်တွေမှာ ပြည်တွင်းစစ်မရှိဘူး။
ငှက်တွေမှာ ဘာသာရေး အဓိကရုဏ်းတွေ မရှိဘူး။
ငှက်တွေမှာ ကိုယ့်အသိုက်အမြုံကို ဗိုလ်ကျပြီး အတင်းရွှေ့ ခိုင်းတာမျိုး မရှိဘူး။
ငှက်တွေ ကံဆိုးမိုးမှောင်ကျပြီး လှောင်အိမ်ထဲမှာ နေရရင်တောင်
သူတို့ သခင်က သူတို့ ကို အချစ်နဲ့ လှောင်ထားတာ။
ကျွန်တော်တို့ ကတော့ အမုန်းနဲ့ လှောင်ထားခြင်းခံရတယ်။
မေတ္တာ အရမ်းငတ်တယ် အမေရယ်။

အရမ်းကောင်းတဲ့ ကဗျာတစ်ပုဒ်ပါပဲ ကောင်းကင်။

su wai said...

ကိုကောင်းကင်ရေ...`ငါတို့ဘ၀နဲ့ မွှေးရမယ့်မီးတောက်´ နဲ့ `ကျွန်´ ... နှစ်ပုဒ်လုံးကို ကြိုက်တယ်။ `ကျွန်´ကိုဖတ်ပြီး သူများနိုင်ငံမှာ အလုပ်သွားလုပ်နေရတဲ့ မြန်မာတွေရဲ့ ဘ၀နဲ့ခံစားချက်တွေကို ပိုနားလည်လိုက်ရပါတယ်။ သေရင်မြေကြီးဖြစ်ဖို့ သေချာပေမယ့် ရှင်ရင်ရွှေထီးဆောင်းရဖို့ကတော့ ဝေးလွန်းနေတာ အမှန်ပဲနော်။ ကိုယ့်လူမျိုးအချင်းချင်းတောင် နှိမ်ချင်မှတော့ သူများကကျွန်လို့ သဘောထားတော့မှာပါပဲ။ ဒါပေမယ့် သူများဆီမှာ ကျွန်သွားခံတာက ပိုထမင်းဝဖို့ သေချာနေတော့လဲ.......။ ငှက်ကလေးတွေလို လွတ်လွတ်လပ်လပ် ပျံသန်းနိုင်ကြမယ့်တစ်နေ့ကို မြန်မြန်ရောက်ပါစေလို့ ဆုတောင်းပေးပါတယ်။

ဆောင်းယွန်းလ said...

လူ့ အခွင့်အရေးဆိုတဲ့ ပန်းဟာ
ဖိနှိပ်သူတွေရဲ့ နှုတ်ခမ်းမှာ မပွင့်ဘူး အမေ။
ကျွန်စနစ်ဟာ
စာရွက်ပေါ်မှာတောင်မှ
မပပျောက်သေးပါဘူး အမေရယ်။
ညီလေးရေဟတ်ထိတယ်..ခံစားရတယ်
၁၉၉၀လောက်တုန်းကသူငယ်ချင်းတယောက်ကပြောခဲ့ဖူးတယ်.ဘန်ကောက်မှာပေါ့.သူတို့လမ်းဘေးမှာပန်းရံလုပ်နေတော့ထိုင်းအမျိုးသမီး
ကြီးတယောက်ကသူတို့ဘက်ကိုလက်ညှိုးထိုးပြီးသူ့က
လေးကိုထိုင်းဘာသာနဲ့စကားတွေအများကြီးပြောပြနေ
တာကိုတွေ့တယ်တဲ့.ဒါနဲ့အကို့သူငယ်ချင်းကသူထင်တာ
တော့အဲဒီအမျိုးသမီးကြီးကသူ့သားကိုပညာတတ်အောင်
သင်.ပညာမတတ်ရင်သူတို့လိုအလုပ်ကြမ်းသမားဘဝနဲ့
ကျွန်လုပ်နေရမယ်လို့ပြောတာဖြစ်မယ်လို့အကိုတို့ကိုပြန်
ပြီးရင်ဖွင့်ပြတယ်.အဲဒီအချိန်မှာအကို့သူငယ်ချင်းက၈၈အ
ရေးအခင်းမှာသမိုင်းအဓိကနောက်ဆုံးနှစ်နဲ့ထွက်လာတာ
လေ..သူတပါးတိုင်းပြည်မှာနေရတာပညာဘယ်လောက်
တတ်တတ်သူများအောက်မှာဘဲကျွန်လိုနေရတာများပါ
တယ်ညီလေးရာ..
ညီလေးကဗျာလေးဟာနိုင်ငံတကာမှာရောက်နေတဲ့အကို
တို့မြန်မာပြည်သားအားလုံးနဲ့ပတ်သက်နေပါတယ်.အများစုကကိုယ့်လောက်မှပညာမတတ်တဲ့သူတို့နိုင်ငံသားတွေရဲ့လက်အောက်မှာအလုပ်လုပ်နေကြရတာများတယ်
ဒါငြင်းလို့မရတဲ့အချက်ဘဲ..နိုင်ငံတကာမှာရောက်နေကြတဲ့သူတွေအားလုံးကိုယ့်ရဲ့ဘ
ဝမှန်ကိုနားလည်ပြီးစည်းစည်းလုံးလုံးနဲ့ မြန်မာပြည်ဒီမိုကရေစီရရှိရေးကိုအင်တိုက်အားတိုက်ကြိုး
ပမ်းနိုင်ပြီဆိုတဲ့အချိန်ကျရင်တော့ကျွန်ဘဝကလွတ်မြောက်ကြမှာပေါ့လေ..
အမြဲအားပေးနေပါတယ်ညီလေးရေ

တန်ခူး said...

ဒီလောက်ကောင်းတဲ့Blogကို ခုမှရောက်ဖြစ်တာ နှမျောတယ်။ ကိုယ့်အကျင့်အတိုင်း ခွင့်မတောင်းပဲLinkလိုက်မိပြီ။ လေးစားပါတယ် ကောင်းကင်ကို။ နောက်အမြဲရောက်ဖြစ်မှာ သေချာတယ်။

Mintasay said...

ကျွန်တစ်ယောက်ရေးတာကို ကျွန်တစ်ယောက်လာခံစားသွားတယ်.............ထိသွားပြန်ပြီ

မျှားပြာ said...

ကဗျာတစ်ပုဒ်ကို ကြိုက်တယ် အစ်ကိုကြီး ... အဆင်ပြေပါစေဗျာ။

ကလိုစေးထူး said...

ကိုကောင်းကင်ကိုရေ…
ကျနော် အရောက်နောက်ကျလိုက်ပေမယ့် ကဗျာကောင်းတပုဒ်ကိုတော့ လက်မလွှတ်လိုက်ရဘဲ ဖတ်ခွင့် ရလိုက်သလိုပါပဲ။ တော်တော်လေးကို ရသလဲမြောက်သလို ခံစားချက်တွေ အထင်းသားပေါ်လွင်လွန်း၊ ကောင်းမွန်လွန်းတဲ့ ကဗျာပါပဲဗျာ။

Unknown said...

လူတွေ ပြောတော့
မြန်မာ အချင်းချင်း ရိုင်းပင်းတယ်ဆို။
ကောင်းတဲ့သူတွေ လည်း အများကြီး ရှိပါတယ်။
တချို့ ကတော့ တော်တော့်ကိုဆိုးတယ်။
ကျွန်တော်တို့ ရွှေလို့ခြုံငုံခေါ်နေတဲ့အထဲက တစ်ချို့ ကပဲ
အချင်းချင်း ရောင်းစားနေကြတာ အမေ။
တိုင်းပြည်မီးလောင်လို့ 
အချင်းချင်းချနင်းရက်တာလား။
ဘာပဲဖြစ်ဖြစ် သူတို့ လူစိတ်မရှိတာ ကတော့
သေချာပါတယ်။
ရွှေဆိုတဲ့ စကားလုံးက
အကုန်လုံးနဲ့ တော့မတန်ဘူး အမေ။
သူတို့ ကို ရွှေစာရင်းထဲက ကျွန်တော်ထုတ်တယ်။

အရမ်းထိမိတယ်ဗျာ...
အရမ်းကောင်းတဲ့ ကဗျာလေးပါ....။

ကိုကောင်းကင်ကိုရေ...
တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွှဲပါ.....

Anonymous said...

အရမ်းကောင်းတဲ့ အရေးအဖွဲ့ဗျာ တကယ်ပါ။ အားကျတယ်ဗျို့။ သရုပ်ဖော်ထားတာ ထိတယ် ။ ကျနော်တို့ဟာ သခင်ဘ၀ကိုရော ရောက်ခဲ့ဘူးကြလို့လားဗျာ ။

Winkabar said...

ကျွန် တွေရဲ့ဘ၀ကို မျက်စိထဲကွင်းကွင်းကွက်ကွက် ကိုမြင်လာတယ်။ အပေါ်ယံဘ၀တင်မကဘူး စိတ်ထဲက ခံစားချက်ကိုပါ ပေါ်လွင်အောင်ဖွဲ့ဆိုထားတာပဲ။ အရမ်းကောင်းတာပဲ။ အားပေးနေတယ်နော်။

thamudayanwe said...

woo!! i like very much.
meaningful....

ATN said...

ကျွန်ဆိုတဲ့စကားကို မုန်းလွန်းလို. ကျနော့် ကဗျာတွေ စာတွေထဲမှာ ဘယ်တော့မှ `ကျွန်တော်` လို. မသုံးခဲ့ဘူး။ အရမ်းကောင်းတဲ့ကဗျာလေးပါ ကိုကောင်း။

Unknown said...

I like ur poem very much.
It is very meaningful.

Myo Kyaw Htun said...

I like yours. But since we can't run our own biz, we're servant. GOv servant ? COmpany servant ? all are same. we're kind of servant.

လူတွေ ပြောတော့
မြန်မာ အချင်းချင်း ရိုင်းပင်းတယ်ဆို။
ကောင်းတဲ့သူတွေ လည်း အများကြီး ရှိပါတယ်။
တချို့ ကတော့ တော်တော့်ကိုဆိုးတယ်။
ကျွန်တော်တို့ ရွှေလို့ခြုံငုံခေါ်နေတဲ့အထဲက တစ်ချို့ ကပဲ
အချင်းချင်း ရောင်းစားနေကြတာ အမေ။

Not only in Myanmar but others too. :)

Keep it up ! bro

လွမ်းဇာနည် said...

ဒီ ကဗျာလေးကို အရမ်းကြိုက်တယ်ဗျာ
အမေနဲ့ ဝေးနေလို့လည်းပါတယ်
ခံစားချက်တွေ ပြည့်နေလို့လည်း ဖြစ်မယ်
ခိုင်းနှိုင်းချက်တွေကို အရမ်းကြိုက်တယ်
စကားလုံး အထားအသိုတွေ အရမ်းမိုက်တယ်

Anonymous said...

နေ့တိုင်းလိုရောက်ဖြစ်သော်လည်း
ရိုးသားစွာဝန်ခံရရင်ဖြင့် တစ်စုံတစ်ခုသော မျှော်လင့်ချက်ဖြင့် ခြေခြာချန်ခဲ့တယ်လို့ ဖြစ်သွားမှာ...
လွန်စွာမှစိုးရိမ်မိပါသည်.။ကိုယ်ကအသစ်ဆိုတော့ ပိုပြီးဝန်လေးပါသည်။ဒီနေ့တော့ ပြတ်တောင်းပြတ်တောင်းကော်နက်ရှင်မှာပဲ ကျွန်ကဗျာကိုနောက်တစ်ကြိမ်ဖွင့်နားထောင်ပြီး လွန်စွာလေးစားအားကျမိကြောင်း ပြောခဲ့ပါသည်..။

လေးစားခင်မင်လျက်
မှန်

Unknown said...

ရှေးရှေးတုန်းကတော့
နယ်ချဲ့ တွေက ကျွန်ပြုဖို့ ကျွန်တော်တို့ ဆီကိုလာတယ်။
ဒီဘက်ခေတ်မှာတော့
ကျွန်ခံဖို့ ကျွန်တော်တို့ ကိုယ်တိုင် ခရီးထွက်ရတယ်။
လူဖြစ်ပေမယ့် ရွေးချယ်ခွင့်က မရှိခဲ့ဘူး အမေရယ်။
ဒီစကားက အဝေးရောက် သားသမီးတွေအတွက်တော့ အမေ့ကို ပိုလွမ်းမိတယ်။ ခလုတ်ကလေးထိရင်တောင် အမေ့ကိုပဲ တခဲ့မိပါတယ် အကိုရေ။
နက်နက်ရှိုင်းရှိုင်းကို ခံစားရပါတယ်။

pyayzin said...

ဟိုးတုန်းက ကျွန်ဘဝကလွှတ်ဖို့ နယ်ချဲ့တွေကို တစ်မျိုးသားလုံး သူနေရာနဲ့သူ စည်းစည်းလုံးလုံး တိုက်ထုတ်ခဲ့ကြတယ် ဆိုရင် ခုလည်းတစ်မျိုးသားလုံး

Co2zeиith said...

ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်သတဲ့။
ကျွန်တော်… အမေနဲ့ ညီမလေးတွေအတွက် ရဲခဲ့ပါတယ်။
ကျွန်ပဲ ဖြစ်နေသေးတယ် အမေ။
ကျွန်တော့်ရဲ့  ရဲရင့်မှုတွေကပဲ နေရာလွဲခဲ့လို့ လား။

အဲ့ဒိအပိုဒ်လေးက ကျွန်တော့ ဘ၀လေးလိုပါပဲ အစ်ကိုရာ၊၊
အရမ်းကို မိုက်တယ်ဗျာ၊၊
လမင်း ထိန်ထိန်သာနေတာ ညချမ်းလေးတဲ့ သီချင်းလေးတွေမှာ ကြားခဲ့ဘူးပါတရ်ဗျာ၊၊
ညချမ်းတော့ ဟုတ်ရဲ့၊၊
လျှောက်ခဲ့ရတဲ့ တစ်လမ်းလုံး မိုးရေတွေဆိုထားလို့  အရမ်းကိုချမ်းခဲ့ရလို့ ညချမ်းကြီးဖြစ်သွားခဲ့ရတာပါဗျာ၊၊
ရာဘာတောကြီးနဲ့ လမိုက်တဲ့ညကို ကျွန်တော် အရမ်းမုန်းသွားပြီ၊၊
ကျွန်နော့ဘ၀မှာ နောက်ဘယ်တော့မှ ပြန်မရောက်ချင်တော့တဲ့ နေရာက အစ်ကိုပြောတဲ့ အဲ့ဒိရာဘာတောကြီးလေ၊၊
ခါးကြားမှာ သေနှပ် ကြီးတွေနဲ့  သူတို့ ကို တစ်ချို့ မြန်မာဆိုတဲ့ သူတွေကပြောတာ ရှမ်းတွေတဲ့ ၊၊
ဟုတ်လို့ လား၊၊
ကျွန်တော် သိပါတရ် သူတို့ က ထိုင်းတွေပါ၊၊
ကျွန်နော်တို့ ရဲ့ ညီရင်းအစ်ကို ရှမ်းတွေမဟုတ်ပါဘူး၊၊
ကျွန်တော်တို့ အဘိုးတွေ အခွံကြီးအတိုင်း ချန်ထားရစ်ခဲ့တဲ့ အပြန်လမ်းကြီကို ကျွန်တော်တို့ က ရွှေလမ်းကြီးအဖြစ်နဲ့ လျှောက်ခဲ့ရတာ၊၊
အချို့ အတွက်တော့သေလမ်းကြီးတောင် ဖြစ်ခဲ့ရတရ်နော်၊၊
အဲ့ဒါဘာကြောင့်လည်းအစ်ကို၊၊
ကိုယ့်အိမ်မှာ ပိုပြီးရှားပါးနေလို့ လား၊၊
မဟုတ်သေးပါဘူး၊၊
ရှိပါတရ်နော်...?
ကျွန်တော်တို့  ရွှေနိုင်ငံကြီးဆို...?
ဘယ်တွေရောက် ကုန်လို့ လည်း...?
ဘယ်တွေရောက် ကုန်တာလည်း...?

LRDP said...

ကဗျာ ဆရာကောင်းတစ်ယောက် မို့  သမိုင်းတွင် ဦးမဲ့
ကောင်းကင်ကို ပါပဲ -- အမတော့ယုံကြည်တယ် ဒီအတွေးတွေ ကို လူတွေ ခံစားမိအောင် လူတွေရဲ့ နှလုံး
အိမ်တွေ ကို ထိခိုက်ခံစားရအောင် ရေးဖွဲ့ နိုင်သူဟာ သာမာန် ကလောင် အစွမ်းတော့ မဟုတ်ဘူး
ဒါ့ ကြောင့် အင်မတန် မှ ကောင်းကင်ကို ကို လေးစားပါနယ်

jasskas said...

kkk......k...k...kHa.

Anonymous said...

Dear Saung Yune La,

wat do u mean by we work under less educated ppl? u need to ask urselves, do u have the right attitude to work above them?

Anonymous said...

တကယ်ကောင်းတာ..ဗျာ..ကဗျာ.က ကျွန်တော်..တို..မလေးရှား..မှာ..ဒီထက်ဆိုးပါတယ်..အကိုရာ....ဘယ်သူကို...မှတော့..အပြစ်မတင်ချင်ပါဘူး

မြငြိမ်းငယ် said...

အရမ်းကောင်းပါတယ်။။။

စာချစ်သူ said...

ရင်ဘတ်ထဲကို တဲ့တဲ့မှန်လို့ မျက်ရည်ဝဲရတယ်။
ပျော်ရွှင်ပါစေ..

Unknown said...

အရမ်းကောင်းတယ်လို့ ထက်ပို ပြောလို့ရရင် ပြောချင်ပါတယ်။
ဒီလိုကဗျာမျိုးကိုရေးတဲ့ လူကိုလဲ အရမ်းလေးစားမိတယ်။

myitmo said...

Hello ,

you are great poet . i like most of your poem. thank u .

Anonymous said...

ကဗျာတွေကို ချစ်တဲ့ ကျွန်တော့် အတွက် လာလည်စရာ Site တစ်ခု အဖြစ် Link ချိတ်ထားလိုက်ပါတယ် ခင်ဗျား ...။

Nee said...

ချောကလက်မြို့က ကွန်မင်းနဲ့ပါတ်သက်လို့ ဆောရီးပါ ကောင်းကင်ကို ကျမလည်း နည်းနည်းသုတနည်းသွားလို့ပါ။ ကျွန် (သို့) မြန်မာအလုပ်သမားများလို့ ခေါင်းစဉ်အောက်မှာ အကုန်လုံးသိမ်းကျုံးပါသွားတယ်လို့ ခံစားမိလို့ပါ။ ဒီကွန်မင်းနဲ့ပါတ်သက်ပြီး သူငယ်ချင်းတစ်ယောက်ကလည်း ကျမကိုလှမ်းပြောပါတယ် ဒီလိုအဖြစ်တွေက ကျမအတွက်မရှိပေမယ့် တချို့တွေမှာ တကယ်ဖြစ်နေတယ်လို့။ ပို့စ်တင်သူကလည်း အော်ရီဂျင်နယ် ဘယ်ကလာတယ်ဆိုတာလေးတော့ ထည့်ရေးထားဖို့ကောင်းတယ်နော်။ ကျမတောင်တလောက ဖေ့စ်ဘုတ်မှာ တစ်ယောက်လာတင်ထားတဲ့ ကောင်းကင်ကိုရဲ့ ကဗျာလေးတွေ တွေ့လိုက်ရသေးတယ် ဘလော့ကို ယူထားပြီး ဖေးဘရိတ်မှာ သိမ်းထားသေးတာ အားတဲ့နေ့များဖတ်ရအောင်လို့။ကျေးဇူးတင်ပါတယ်ရှင်။

Anonymous said...

ကျွန် ဘ၀ကို တော်တော်ပေါ်လွင်စေတာပဲဗျာ... ကျနော်လည်း ကျွန်ဘ၀ ကမတတ်သေးပါဘူးဗျာ..

ကျော်ဦး(လှိုင်) said...

တကယ်ကောင်တဲ့ ကဗျာပါပဲ
လမ်းသစ်မှာ ဖတ်လိုက်ရသေးတယ်
ခေါင်စဉ်နဲ့စာသားနဲ့က ကွက်တိပဲဗျာ

Chartate said...

သိပ်ကိုခါးသီးတဲ့ခံစားချက်လေးပဲ...ဒီကဗျာလေးဖတ်ပြီးတော့ကျွန်တော်..အမှန်တရားတစ်ခုသိလိုက်ရတဲ့အတွက်ကျေးဇူးပါဗျာ.......

Shinehnin Phyu said...

This is the truth of current days. I am impressed by your poem. Thanks.

soǝlɐʎ said...

အကိုရေ ..
တကယ်ထိတယ်ဗျာ :)

Aeimt Kabyar Mon said...

ငိုချင်လိုက်တာနော်