Friday, January 25, 2008

ကဗျာတွေပြတ်နေခိုက်


ကဗျာစောင့် စာစောင့် နတ်ဘီလူးတွေကြောင့်

ဖတ်စရာ စာတွေ ရှားပါးနေချိန်မှာ
ကြင်နာသူရဲ့  အသည်းနှလုံးထဲက ထွက်ပြေးလာတဲ့
ပုလဲလုံးလက်ရေး လေးတွေကိုပဲ
ကဗျာတွေပြတ်နေခိုက်
အဆာပြေဖတ်နေလိုက်တယ်။

စစ်မသာလဒ တွေကြောင့်
ခေတ်ကာလ ဆိုးမှောင်
မေတ္တာအလှ မိုးခေါင်နေချိန်မှာ
‘အကြင်နာသကြား’ လေးတွေနဲ့ ချိုနေတဲ့
သူ့ ရင်က စကား လေးတွေကိုပဲ
အကြင်နာတွေ ရှားနေခိုက်
ရင်မှာ ခံစားနေလိုက်တယ်။

ရှေ့ ကို ကြည့်လည်း လမ်းမမြင်
နောက်ကိုကြည့်လည်း လမ်းမမြင်မို့ 
လျှောက်ရတာလည်း ပန်းချင်ပြီတဲ့။
ဒါပေမယ့်…ကိုယ်ကတော့
လမ်းမမြင်သာတဲ့
စခန်း ဝင်္ကပါမှာ
ကြင်နာသူနဲ့  အသည်းချင်းဆက် လက်ချင်းတွဲပြီး
လမ်းတွေပျောက်နေခိုက်
အပန်းဖြေ လျှောက်နေလိုက်တယ်။

လူတွေရဲ့ ရင်ကို ခွဲကြည့်လိုက်ပါ။
ရက်စက်တဲ့ ကံကြမ္မာက
အဆက်မပြတ် အဖန်တရာ ညှဉ်းလာလို့ 
ငြင်းမရတဲ့ လှံချက်တွေနဲ့ ထုံနေပြီ။
တင်းထားတဲ့ သံပတ်တွေလည်း ကုန်နေပြီ။
ဒါပေမယ့် ကိုယ်ကတော့
ချစ်သူ့ ရင်ခွင် ပန်းမွေ့ ရာပေါ်မှာပဲ
အိပ်မက်တွေ ဖျော့ ဝါးနေခိုက်
စိတ်လက်ဖြေလျှော့ နားနေလိုက်တယ်။

အရာရာ ဈေးတွေတက်လို့ 
လူတကာ သွေးတွေပျက်နေချန်မှာ
ကိုယ်ကတော့ …ကြင်နာသူနဲ့ 
လက်ဘက်ရည်ဆိုင်မှာလည်း (လက်ဘက်ရည် တစ်ခွက်တည်းနဲ့ ) နှစ်ယောက်တစ်အိပ်မက်မက်
ဆိုက်ဘာ ကဖေးမှာလည်း (ကွန်ပျူတာ တစ်လုံးတည်းနဲ့ ) နှစ်ယောက်တစ်အိပ်မက်မက် ပြီး
ပစ္စည်းတွေ မဲ့ နေခိုက်
ချစ်ခရီးတွေ ဆက်နေလိုက်တယ်။

ကောင်းကင်ကို
(ရေးသားချိန် ...၂၀၀၆ ခုနှစ်)


9 comments:

Mintasay said...

မပြေးပါဘူးဗျာ...စိတ်ချ၊ ခံစားချက် တွေကသိပ်ကိုသေသပ်လှပနေပါလား။

မျှားပြာ said...

လမ်းမမြင်သာတဲ့
စခန်း ဝင်္ကပါမှာ
ကြင်နာသူနဲ့  အသည်းချင်းဆက် လက်ချင်းတွဲပြီး
လမ်းတွေပျောက်နေခိုက်
အပန်းဖြေ လျှောက်နေလိုက်တယ်။
အစ်ကိုကြီးရေ ကျွန်တော်လည်း ခံစားသွားတယ်။

Anonymous said...

ကာရံတွေတကယ်လန်းတယ် ဘရားသားရေ..
အရမ်းမိုက်တယ်ဗျို့
ခေတ်နဲ့ အချစ်ကို ချိတ်ဆက် ထင်ဟပ်ထားတဲ့ ကဗျာကောင်းတစ်ပုဒါပါဗျာ...

ဆောင်းယွန်းလ said...

အရာရာ ဈေးတွေတက်လို့ 
လူတကာ သွေးတွေပျက်နေချန်မှာ
ကိုယ်ကတော့ …ကြင်နာသူနဲ့ 
လက်ဘက်ရည်ဆိုင်မှာလည်း (လက်ဘက်ရည် တစ်ခွက်တည်းနဲ့ ) နှစ်ယောက်တစ်အိပ်မက်မက်
ဆိုက်ဘာ ကဖေးမှာလည်း (ကွန်ပျူတာ တစ်လုံးတည်းနဲ့ ) နှစ်ယောက်တစ်အိပ်မက်မက် ပြီး
ပစ္စည်းတွေ မဲ့ နေခိုက်
ချစ်ခရီးတွေ ဆက်နေလိုက်တယ်။
ဒီစတိုင်လေးလည်းမိုက်တာဘဲ..ကောင်းတယ်ညီလေး

မေပျို said...

ဒီလိုရေးတော့လည်း ကောင်းနေတာပဲနော်။

လူတွေရဲ့ ရင်ကို ခွဲကြည့်လိုက်ပါ။
ရက်စက်တဲ့ ကံကြမ္မာက
အဆက်မပြတ် အဖန်တရာ ညှဉ်းလာလို့ 
ငြင်းမရတဲ့ လှံချက်တွေနဲ့ ထုံနေပြီ။
တင်းထားတဲ့ သံပတ်တွေလည်း ကုန်နေပြီ။

ကောင်းတယ်နော်။

MELODYMAUNG said...

ကဗျာတွေပြတ်နေခိုက်
အဆာပြေဖတ်နေလိုက်တယ်။
အကြင်နာတွေ ရှားနေခိုက်
ရင်မှာ ခံစားနေလိုက်တယ်။
လမ်းတွေပျောက်နေခိုက်
အပန်းဖြေ လျှောက်နေလိုက်တယ်။
အိပ်မက်တွေ ဖျော့ ဝါးနေခိုက်
စိတ်လက်ဖြေလျှော့ နားနေလိုက်တယ်။
ပစ္စည်းတွေ မဲ့ နေခိုက်
ချစ်ခရီးတွေ ဆက်နေလိုက်တယ်။
ရှားလားလား အရမ်းမိုက်တယ် အရမ်းခိုက်တယ် ဖတ်မိတယ် ကြိုက်မိတယ် ကဗျာရေးကောင်းတဲ့ ကောင်းကင်ကိုကြီးရယ် Cheers! bro, keep it up.

Nyein Chan Aung said...

အချစ်ပါတဲ့ ကဗျာလေးတွေလဲ လုပ်ပါ။

thinzar said...

ကိုကောင်းရေ..ဒီကဗျာကို အခုမှဖတ်မိတယ်..
ကဗျာမှော်အောင်တဲ့.ကိုကောင်းရဲ့ ချစ်ခရီး..
မြန်မြန်နီးပါစေ........

mama said...

ခေတ်ကာလ ဆိုးမှောင်
မေတ္တာအလှ မိုးခေါင်နေချိန်မှာ
‘အကြင်နာသကြား’ လေးတွေနဲ့ ချိုနေတဲ့
သူ့ ရင်က စကား လေးတွေကိုပဲ
အကြင်နာတွေ ရှားနေခိုက်
ရင်မှာ ခံစားနေလိုက်တယ်။
လူတွေရဲ့ ရင်ကို ခွဲကြည့်လိုက်ပါ။
ရက်စက်တဲ့ ကံကြမ္မာက
အဆက်မပြတ် အဖန်တရာ ညှဉ်းလာလို့ 
ငြင်းမရတဲ့ လှံချက်တွေနဲ့ ထုံနေပြီ။

ကောင်းလွန်းနေတယ်ကောင်းကင်ရယ်.........။