Thursday, February 28, 2008

ရောင်စုံအရုပ်လေးများ (ရာဘင်ဒြာနတ်တဂိုး)


ကလေးရယ်…
မင်းဆော့ဖို့  ရောင်စုံအရုပ်လေးတွေကို ငါ ယူလာပေးတဲ့အခါ
တိမ်တွေ ရေတွေဟာ ဘာကြောင့်ရောင်စုံ ဖြစ်နေရတယ်
ပန်းတွေဟာ ဘာကြောင့် ရောင်စုံ ပွင့်နေရတယ်..ဆိုတာကို
ငါနားလည်လာခဲ့ရတယ်။
မင်းဆော့ဖို့ ရောင်စုံအရုပ်လေးတွေကို ငါ ယူလာပေးတဲ့အခါမှာပေါ့။

ကလေးရယ်…
မင်းကဖို့ သီချင်းလေးတွေကို ငါဆိုပေးတဲ့အခါ
သစ်ရွက်လေးတွေမှာ ဘာကြောင့် ဂီတတွေ ရှိနေရတယ်
လှိုင်းတွေဟာ သူတို့ ရဲ့  တေးသံချို တွေကို ခံစားနားဆင်နေတဲ့ ကမ်းစပ်မြေပြင်ရဲ့ ရင်ခွင်ဆီ ဘာကြောင့်
ပို့ လွှတ်ပေးနေရတယ်ဆိုတာကို
ငါနားလည်လာခဲ့ရတယ်။
မင်းကဖို့ သီချင်းလေးတွေကို ငါဆိုပေးတဲ့အခါမှာပေါ့။

ကလေးရယ်…
မင်းရဲ့ လောဘတကြီးလိုချင်နေတဲ့ လက်လေးတွေထဲကို ငါက မုန့် ချိုချိုလေးတွေ ထည့်ပေးလိုက်တဲ့အခါ
ခွက်ကလေးတွေလို ပွင့်နေတဲ့ ပန်းပွင့်လေးတွေထဲမှာ ပျားရည်လိုချိုတဲ့ဝတ်ရည်တွေ ဘာကြောင့် ရှိနေရတယ်
သစ်သီးလေးတွေထဲမှာ အချိုရည်တွေကို ဘာကြောင့် တိတ်တိတ်ကလေး ဖြည့်ထားပေးရတယ်ဆိုတာကို
ငါနားလည်လာခဲ့ရတယ်။
မင်းရဲ့ လောဘတကြီးလိုချင်နေတဲ့ လက်လေးတွေထဲကို ငါက မုန့် ချိုချိုလေးတွေ ထည့်ပေးလိုက်တဲ့အခါ မှာပေါ့။

ကလေးရယ်…
မင်းရဲ့ မျက်နှာမှာ အပြုံးလေးတစ်ခုပွင့်လာဖို့  မင်းရဲ့  မျက်နှာလေးကို ငါက နမ်းလိုက်တဲ့အခါ
နံနက်ခင်း အလင်းရောင်ခြည်နုနုမှာ ဟိုး…မိုးကောင်းကင်ဆီက ပျော်ရွှင်စရာတွေ ဘာကြောင့် စီးဆင်းလာတယ်
နွေဦးလေပြေလေးက ပျော်ရွှင်ကြည်နူးစရာတွေကို ငါ့ကိုယ်ခန္ဓာဆီ ဘာကြောင့်ယူဆောင်ပေးခဲ့သလဲဆိုတာတွေကို
ငါနားလည်လာခဲ့ရတယ်။
မင်းရဲ့ မျက်နှာမှာ အပြုံးလေးတစ်ခုပွင့်လာဖို မင်းရဲ့  မျက်နှာလေးကို ငါက နမ်းလိုက်တဲ့အခါမှာပေါ့။ ။

ရာဘင်ဒြာနတ်တဂိုး

တဂိုး၏ colored toys ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။

5 comments:

Saing Khan Tun said...

ကောင်ကင်ကို တင်ပြတဲ့အခါမှာပေါ့
ကောင်းလိုက်တဲ့ကဗျာ ...
တဂိုး ရေးတာကို ...
ဘာသာပြန်လည်းကောင်းပါတယ်ဗျာ ...
ဒီလို ဒီလို သိလိုက်ရပါတယ်ခင်ဗျာ ....
ကောင်ကင်ကို တင်ပြတဲ့အခါမှာပေါ့

Saing Khan Tun
saingkhantun@gmail.com
saingkhantun.blogspot.com
saing.top-me.com

Anonymous said...

ဆရာရေ တဂိုးကဗျာလေး ဖတ်သွားတယ်နော်။

လေးစားစွာဖြင့်
မေပျို

Yan said...

ဘာသာပြန်ထားတာ ကောင်းတယ်ဗျာ. ညက်တယ်...

Pinkgold said...

စာလုံး တစ်လုံးကို ဘယ်လောက်နဲ့ ဘာသာပြန်တာလဲ အကို ဟီးးးးးးးးး (သိတယ်နော် ဘာသာပြန်ကို စိတ်ကုန်နေတယ်)

Anonymous said...

Hey! I know this is kinda off topic however , I'd figured I'd ask.
Would you be interested in exchanging links or
maybe guest authoring a blog article or vice-versa?
My blog addresses a lot of the same subjects as yours and I believe
we could greatly benefit from each other. If you happen to be
interested feel free to send me an e-mail. I look forward to hearing from you!
Wonderful blog by the way!

my blog post ... nutcracker