Wednesday, March 26, 2008

မိန်းမသားတွေ ဘာကြောင့်မျက်ရည်လွယ်(ဘာသာပြန်)

“မေမေ ဘာလို့ ငိုနေတာလဲ”
ချာတိတ်ကလေးက သူ့ အမေကို မေးလိုက်ပါတယ်။
“မေမေက မိန်းမ ဖြစ်နေလို့ ပေါ့ သားရဲ့ ” ချာတိတ်ကလေးရဲ့ အမေက ပြန်ဖြေလိုက်ပါတယ်။
“ဘာလို့ လဲ။ သားနားမလည်ဘူးမေမေ ”
“ထားလိုက်ပါ သားရယ်။ သားဘယ်တော့မှ နားလည်လာမှာ မဟုတ်ပါဘူး”
ချာတိတ်ကလေးက အစာမကြေပါဘူး။ ဒါနဲ့ နောက်ပိုင်းမှာ သူ့ အဖေကို ထပ်မေးပါတယ်။ “ဖေဖေ…မေမေက အကြောင်းမရှိပဲ ဘာလို့ ခဏ ခဏ ငိုနေတာလဲဟင်”
“မိန်းမတွေက ဒီလိုပါပဲကွာ။ ဘာအကြောင်းမှ မရှိလည်း ငိုနေကြတာပဲ”
ချာတိတ်လေးက သူ့ အဖေရဲ့ အဖြေကိုလည်း မကျေနပ်ပါဘူး။ သူဟာ အရွယ်ရောက်ပြီး လူကြီးဖြစ်လာတဲ့အချိန် အထိ မိန်းမသားတွေ ဘာကြောင့် မျက်ရည်လွယ်ရတာလဲ ဆိုတာကို အံ့သြနေဆဲပါ။
နောက်ဆုံးတေ့ သူဟာ မနေနိုင်တော့ပဲ အဲဒီ့မေးခွန်းကို ဘုရားသခင်ဆီတိုက်ရိုက် မေးလိုက်ပါတော့တယ်။
ဘုရားသခင်က ဖြေပါတယ်။ “ငါ မိန်းမသားတွေကို ဖန်ဆင်းလိုက်တုန်းက မိန်းမသားတွေဟာ လောကကြီး အတွက် အထူးစပါယ်ရှယ် ဖြစ်ရမယ်လို့ ဆုံးဖြတ်ပြီး ဖန်ဆင်းလိုက်တာ”
“သူတို့ ရဲ့ မိခင်စိတ်နဲ့ ကြီးမားတဲ့ ဝန်ထုပ် ဝန်ပိုးတွေကို ထမ်းဖို့ ဝန်မလေးအောင်၊ သူတို့ ရဲ့ နူးညံ့သိမ်မွေ့ တဲ့ လက်တွေ
နဲ့ ဝမ်းနည်းကြေကွဲသူတွေကို နှစ်သိမ့်ပေးဖို့ အမြဲတမ်း အဆင်သင့် ဖြစ်နေအောင် ဖန်ဆင်းပေးထားတာ”
“ပြီးတော့ ကိုးလလွယ်ဆယ်လဖွား ရင်သွေးမွေးဖွားပေးရတဲ့ ဒုက္ခ၊ သူ့ ရဲ့ အားထုတ်မှုတွေကို ခင်ပွန်းသည် နဲ့ ရင်သွေးတွေ
ရဲ့ ထိုက်သလောက် အသိအမှတ်ပြုခြင်းမခံရပဲ မျိုသိပ်ထားရတဲ့ ဒုက္ခတွေကို ခံနိုင်ရည်ရှိအောင်ဖန်ဆင်းပေးထားတယ်”
“မိတ်ဆွေ တစ်ယောက်ယောက် ဒါမှ မဟုတ် မိသားစုဝင်တစ်ဦးဦး နာမကျန်းဖြစ်တဲ့အခါ၊ စိတ်ဓာတ်ပျက်ပြားနေတဲ့ အခါမှာလည်း မညဉ်းမညူ ပြုစုစောင့်ရှောက်နိုင်မယ့် အင်အားတွေ မိန်းမသားတွေဆီမှာ ထည့်သွင်းဖန်ဆင်းပေးထားတယ်”
“ပြီးတော့ ဘယ်အခြေအနေ မျိုးမှာဖြစ်ဖြစ်၊ ရင်သွေးတွေက ဘယ်လောက်ဆိုးဆိုး ကိုယ့်ရင်သွေးတွေကို အသက်နဲ့ တောင်လဲပြီး ချစ်နိုင်မယ့် မေတ္တာတရားတွေကို မိန်းမသားတွေဆီမှာ ထည့်သွင်းဖန်ဆင်းပေးထားတယ်။ မိန်းမသားတွေမှာ ဆယ်ကျော်သက်ရင်သွေးတွေရဲ့  စိုးရိမ်မှုတွေ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုဖြေရှင်းပေးနိုင်မယ့် စွမ်းအားတွေလည်း ရှိတယ် ”
“ပြီးတော့ မိန်းမသားတွေကို လူကောင်းတစ်ယောက် ယောကျာင်္းကောင်းတစ်ယောက် ဟုတ်မဟုတ် ဝေဖန်ပိုင်းခြားတတ်တဲ့ ဥာဏ်လည်းထည့်သွင်းပေးထားတယ်။ ပြီးတော့ ကိုယ့်ခင်ပွန်းတွေ အခက်အခဲတွေကြုံလာတဲ့ အခါ၊ အေးအတူပူအမျှ လက်တွဲဖြေရှင်ပြီး ဘဝရဲ့ စမ်းသပ်မှုတွေကို ကျော်လွှားပစ်မယ့် စိတ်ဓာတ်မျိုးလည်း ပေးထားတယ် ”

“အဲဒီ့လောက် ခက်ခဲတဲ့ အလုပ်တွေကိုလုပ်နိုင်ဖို့ အတွက် မိန်းမသားတွေကို မျက်ရည်တွေလိုသလောက် အသုံးပြုခွင့်၊ ငိုကြွေးခွင့်ကို ပေးထားတယ်။ ငိုကြွေးခြင်းဆိုတာ မိန်းမသားတွေရဲ့ တစ်ခုတည်းသော အားနည်းချက်ပေါ့”
“ဒါကြောင့်မို့ လို့  မိန်းမသားတွေ ငိုကြွေးတဲ့အခါတိုင်း သူတို့ ကို အရမ်းချစ်တဲ့အကြောင်း၊ သူတို့ ရဲ့  အားထုတ်မှုတွေကို အသိအမှတ်ပြု လေးစားတန်ဖိုးထားတဲ့အကြောင်း ပြောပြလိုက်ပါ။ သူဆက်ပြီး ငိုနေချင် ငိုနေလိမ့်ဦးမယ်။ ဒါပေမယ့် သူ့ စိတ်သက်သာရာရ သွားပြီး ကျေနပ်နှစ်သိမ့်သွားမှာကတော့ အမှန်ပါပဲ။

Anonymous

Why Women Cry Easily (Anonymous) ကို ဆီလျော်အောင် ခံစားပြန်ဆိုပါသည်။

7 comments:

Nyein Chan Aung said...

ငိုနေတဲ့ အမျိုးသမီးတွေကို တွေ့ရင် အားပေးစကားပြောရမယ်။

စိုးထက် - Soe Htet ! said...

အင်း ... မှန်တယ် ဗျို့ :D

Anonymous said...

ဆရာရေ
ထောက်ခံတဲ့လူတွေကတော့ ထောက်ခံကုန်ကြပြီ.။ :P သဲတော့ အဲဒီ့မျက်ရည်တွေ မလိုချင်ပါဘူး။ ငိုရတာ ပင်ပန်းလို့။

လေးစားစွာဖြင့်
မေပျို

တန်ခူး said...

တချို့က မျက်ရည်ဆိုတာ မိန်းမမာယာတဲ့....
တချို့က မျက်ရည်ဆိုတာ မိန်းမလက်နက်တဲ့...
ရက်စက်တဲ့စွဲချက်တွေ....
ဒီpostလေးအတွက် ကျေးဇူးပါ။

မင်းကျန်စစ်။ said...

ကြိုတင်သိခွင့်ရလိုက်တဲ့အတွက် ကျေးဇူးဗျာ။ ခုချိန်က လေ့လာဆဲလေး)

Unknown said...

တို့အစ်ကိုကြီးတယ်ပြီးသိနေပါလား..ဟေ..ဟေ့ :P

Mhu Darye said...

ဒီစာကို ရေးသားတဲ့ စာရေးသူကိုလည်း ကျေးဇူးတင်တယ်။ ပြန်ဝေငှပေးတဲ့ ကိုကောင်းကင်ကို ကိုလည်း ကျေးဇူးတင်တယ်။ အကြောင်းမရှိငိုချင်လာတိုင်း
အံကြိတ်ပြီး အစားထိုးရယ်တတ်အောင်လုပ်ထားတာ...
ခုတော့ မျက်ရည်ရဲ့ရပ်တည်ချက်ကို သိရလို့...
နောက်ဆို ငိုသင့်ရင် ငိုလိုက်တော့မယ်။ တကယ်လေးစားပါတယ်။