Saturday, December 22, 2007

ခွပ်ဒေါင်းတို့ ရဲ့ ရင်ခုန်သံ



ခွပ်ဒေါင်းတွေပျိုးလိုက်တဲ့
တော်လှန်ရေးသစ်ပင်ဟာ
တချက်လာထိရုံနဲ့ အိပ်သွားမယ့်
ထိကရုံးပင်မျိုးမဟုတ်ဘူး။
တစ်ပွင့်အခြွေခံရရင် နှစ်ပွင့်ပြန်ပွင့်တဲ့
တိုက်ပွဲမီးလျှံထဲမှာ ပွင့်တဲ့သစ်ပင် ဖြစ်တယ်။

“ရာဇဝင်ကို သိရုံသာမဟုတ်
ရာဇဝင် ကိုဖန်တီးနိုင်ရမည်” ဆိုတဲ့
ဗိုလ်ချုပ်ပြောခဲ့ တဲ့စကား
ငါတို့ ခွပ်ဒေါင်းတွေ ဦးထိပ်ထားတယ်။

“ရန်သူ့ လက်ခုပ်ထဲက
အေးစက်နေတဲ့ရေ ဖြစ်မယ့်အစား
ရန်သူ့ လက်ကိုစူးရှမယ့်
ဖန်ကွဲစတွေ ဖြစ်ရမယ်” ဆိုတဲ့
အမေ ပြောခဲ့ တဲ့စကားနဲ့ 
ငါတို့ သွေးတွေကို နီရဲနေအောင်ဆိုးထားတယ်။

စစ်ရူးလေကြမ်းမွှေလို့ 
မိခင်မီးတောက်ကြီးဆီကနေ
ကမ္ဘာအနှံ့ ကို ပြန့် ကျဲသွားကြသော ခွပ်ဒေါင်းမီးတောက်ငယ်တို့ ။
သခင်ဗဟိန်းက
“မြင်းခွာတချက်ပေါက်ရင်
မီးဟုန်းဟုန်းတောက်စေရမယ်”တဲ့။
သေနတ်တွေ အဆက်မပြတ်ဖောက်နေပြီ။
ကမ္ဘာတစ်ခုလုံး တိုးလျှိုပေါက်အောင်
ငါတို့ ဝိညာဉ်တွေ ထတောက်ရမယ်။

ငါတို့ ဟာ အစည်းပြေသွားတဲ့ထင်းတွေမဟုတ်ဘူး။
တော်လှန်ရေးမီးတောက်ကို ဖြန့် ဖို့ ကမ္ဘာအနှံ ပျံ့ သွားတဲ့ မီးတောက်ငယ်တွေဖြစ်တယ်။
ရောက်ရာအရပ်မှာ ခွပ်ဒေါင်းစိတ်ဓာတ်တွေနဲ့ မီးထခတ်ကြ။

သမိုင်းဆိုတဲ့ မြစ်မှာ
အမှန်တရားအတွက်ကျတဲ့သွေးတွေဟာ
အောင်ပွဲတွေဆီကို ပဲ
အဆုံးသတ်မှာ စီးဆင်းလေ့ရှိတယ်။

ညီအစ်ကိုတို့ ။
လူသတ္တေစ ၦေတြရဲ ့
သေနတ်ကိုင်ထားတဲ့လက်တွေ
သွေးပျက်နေတာကို မြင်ရဲ့ လား။

E=mc2 တဲ့။
ရူပဗေဒမှာ
အလျင်မြန်ရင် စွမ်းအင်ကြီးတယ်။
အလင်းအလျင်ထက်မြန်တဲ့စိတ်ဓာတ် အလျင်နဲ့ 
ရန်သူတွေကို
မီးကုန်ယမ်းကုန်တိုက်စစ်ပြင်းဆင်မယ်။

ရန်သူတို့ ။
သင်တို့ ကြိုက်ရာလက်နက်ကိုရွေးကြ။
ခွပ်ဒေါင်းစိတ်ဓာတ်ကိုဥာဏ်ပညာနဲ့  ပဲ့ကိုင်ပြီး
သင်တို့ ကိုတိုက်ဖို့ ငါတို့ လာခဲ့မယ်။

အရောင်လွင့်နေတဲ့ သမိုင်းကို အသစ်ပြောင်းဖို့ 
ခွပ်ဒေါင်းစစ်ကြောင်းချီလာမယ်။

ကောင်းကင်ကို

9 comments:

Anonymous said...

အား သိပ်ကောင်းတဲ့ မာန်ပါတဲ့ ခံစားချက်ကဗျာတစ်ခုပဲ။ ဒီကဗျာလေးကိုကြိုက်တယ်အကို ။ ညီမ အလုပ်တွေပိနေလို့ အခုမှ ပြန်လာဖြစ်လို့ပါရှင် :)

Chaos said...

ခွပ်ဒေါင်းစိတ်ဓာတ်ကိုဥာဏ်ပညာနဲ့  ပဲ့ကိုင်ပြီး
သင်တို့ ကိုတိုက်ဖို့ ငါတို့ လာခဲ့မယ်။

စွဲမြဲစွာ မှတ်သားပြီး လိုက်နာ ကျင့်သုံးရမယ့်
စကားစုလေးပါ အစ်ကို

Nyein Chan Aung said...

ကမ္ဘာတစ်ခုလုံး တိုးလျှိုပေါက်အောင်
ငါတို့ ဝိညာဉ်တွေ ထတောက်ရမယ်။

ငါတို့ ဟာ အစည်းပြေသွားတဲ့ထင်းတွေမဟုတ်ဘူး။
တော်လှန်ရေးမီးတောက်ကို ဖြန့် ဖို့ ကမ္ဘာအနှံ ပျံ့ သွားတဲ့ မီးတောက်ငယ်တွေဖြစ်တယ်။
ရောက်ရာအရပ်မှာ ခွပ်ဒေါင်းစိတ်ဓာတ်တွေနဲ့ မီးထခတ်ကြ။

သမိုင်းဆိုတဲ့ မြစ်မှာ
အမှန်တရားအတွက်ကျတဲ့သွေးတွေဟာ
အောင်ပွဲတွေဆီကို ပဲ
အဆုံးသတ်မှာ စီးဆင်းလေ့ရှိတယ်။

ရန်သူတို့ ။
သင်တို့ ကြိုက်ရာလက်နက်ကိုရွေးကြ။
ခွပ်ဒေါင်းစိတ်ဓာတ်ကိုဥာဏ်ပညာနဲ့  ပဲ့ကိုင်ပြီး
သင်တို့ ကိုတိုက်ဖို့ ငါတို့ လာခဲ့မယ်။

အရောင်လွင့်နေတဲ့ သမိုင်းကို အသစ်ပြောင်းဖို့ 
ခွပ်ဒေါင်းစစ်ကြောင်းချီလာမယ်။

ခွပ်ဒေါင်းအားလုံးကို တပ်လှန့်လိုက်တဲ့ အားမာန်အပြည့်ပါတဲ့ တိုက်ပွဲဝင် ကဗျာတပုဒ်ပါပဲ။ ဒါမှမဟုတ် ခေတ်က ရေးခိုင်းခဲ့တဲ့ တန်ဖိုးကြီးတဲ့ ကဗျာတစ်ပုဒ်ပေါ့..

Pinkgold said...

အကိုရေ အကို့ရဲ့ ကဗျာတွေကတော့ အားမပြည့် မာန်အပြည့်နဲ့ ပါပဲ အာပေးနေတယ် အကိုရေ

Winkabar said...

အဖွဲ့အနွဲ့တွေအရမ်းကောင်းတာပဲအစ်ကိုရယ်။ အထူးသဖြင့် “ရန်သူ့ လက်ခုပ်ထဲက
အေးစက်နေတဲ့ရေ ဖြစ်မယ့်အစား
ရန်သူ့ လက်ကိုစူးရှမယ့်
ဖန်ကွဲစတွေ ဖြစ်ရမယ်” ဒီတစ်ခုကိုအရမ်းကြိုက်တယ်။ နောက်လည်းဒီလိုအားမာန်ပါတဲ့ကဗျာတွေများများရေးနိုင်ပါစေနော်။

ဆောင်းယွန်းလ said...

အရောင်လွင့်နေတဲ့ သမိုင်းကို အသစ်ပြောင်းဖို့ 
ခွပ်ဒေါင်းစစ်ကြောင်းချီလာမယ်။
ဟုတ်တယ်။အဆုံးသတ်တိုက်ပွဲတွေကိုနွှဲဖို့အတွက်။
ကဗျာလေးကောင်းတယ်ညီလေးရေ

MELODYMAUNG said...

မာန်အပြည့်နဲ့ ရင်ခုန်သံတွေနားဆင်ရင်း ချီလာမဲ့ ခွပ်ဒေါင်းစစ်ကြောင်းကိုလဲ မြင်ယောင်ရင်း အဲဒီတစ်နေ့ အမြန်တွေ့ချင်သဗျို

ရန်ကင်း said...

ကောင်းလိုက်တာဗျာ။

Mintasay said...

i will come and read again, bro. now...running nose, i can't see it properly.