Friday, February 8, 2008

ငါတို့ ထဲကတချို့ သို့ 

ကဗျာ အဟောင်းလေးကိုပဲ date ပြောင်းပြီး ပြန်တင်လိုက်ပါတယ်။

ငါတို့ ထဲကတချို့ သို့ 

ခွင့်ပြုကြ သူငယ်ချင်းတို့ 
အမှန်တရားကို ဆိုတဲ့ငှက်ဟာ
ငါ့နှုတ်ဖျားမှာ ခဏလာနားလို့ ။

ခွင့်ပြုကြသူငယ်ချင်းတို့ 
ရင်ထဲက အသံဟာ
ငါ့ကဗျာကို အခုလာငှားလို့ ။

ငါတို့ ဟာ ငါတို့ အားလုံးရဲ့  ပျမ်းမျှကိုယ်တိုင်းနဲ့  တော်တဲ့ အင်္ကျီကို
့ဝတ်ဆင်နေရခြင်းသာဖြစ်တယ်။

ငါတို့ ထဲက တချို့ က
ကိုယ့်အတောင်ပံကိုယ်ဖြတ် ခွပ်ဒေါင်းအလံကိုယက်နေချိန်မှာ
ငါတို့ ထဲက တချို့ က ပက်ကြားအက်နေတဲ့ ပါးစပ်တွေနဲ့ 
မိုးခါးရေကိုမက်နေကြလို့ ။

ပဒေသရာဇ်ဆန်တဲ့ညတွေထဲ
ငါတို့ ထဲကတချို့ က ကိုယ့်ကိုယ်ကို မီးမြှိုက်တောက်ပ ပေးနေချိန်မှာ
ငါတို့ ထဲက တချို့ က အဆိပ်ရေတွေနဲ ငြိမ်းခဲ့ကြလို့ ။

ဒဏ္ဍာရီတွေထဲကအတိုင်း
သွေးဆာနေတဲ့ ဘီလူးရိုင်းတွေ
ဓာတ်ပုံ တွေကိုင်ပြီး တမြို့ လုံးဝင်မွှေချိန်မှာ
ငါတို့ ထဲကတချို့ က ခောတ်ပျက်တာကို ခောတ်ပျက်တယ်လို့ ရှုနေကြလို့ ။

ငါတို့ ထဲက တချို့ က
ယုံကြည်ချက်တွေပန်ပြီး ယောနသံစင်ရော်လို ပျံနေချိန်မှာ
ငါတို့ ထဲက တချို့ က
ကိုယ့် အနာဂတ်ကိုကိုယ်တိုင်သော့ ခတ်
သော့တံကို မိစ္ဆာတွေဆီ အပ်လို့ ။

ရန်သူက ငါတို့ ကိုတည့်တည့်ပစ်နေချိန်မှာ
ငါတို့ ထဲကတချို့ က
ညီအစ်ကို အချင်းချင်း
နှုတ်ခမ်းကျဉ်းကျဉ်းတွေနဲ့ 
အပေါစားတံဆိပ်တွေကပ်
ဒေါသအဆိပ်တွေ ခတ်နေကြလို့ ။

ငါတို့ ထဲက တချို့ က
မိဘ စကားမလွန်ဆန်ရက်ရင် ဘုရားတောင်မှ မပွင့်နိုင်ဘူးဆိုတဲ့ အတွေးနဲ့ 
တော်လှန်ခြင်းအကျင့်ကို အဆုံးစွန်ထိ ကျင့်ကြတယ်။
ငါတို့ ထဲက တချို့ က
မိစ္ဆာတွေစကားလွန်ဆန်ခဲ့ရင် ကိုယ့်အတ္တကမ္ဘာပျက်လိမ့်မယ်ဆိုတဲ့အတွေးနဲ့ 
နာခံခြင်းအကျင့်ကို အဆုံးစွန်ထိကျင့်ကြတယ်။

အာဇာနည်တွေရဲ့ အပြင်းစားရင်ခုန်သံတွေဟာ သေနတ်သံတွေထက်ဆူညံခဲ့ပါတယ်။
ဒါပေမယ့် ငါတို့ ထဲကတချို့ က လက်ခုပ်ကိုတောင် ကျယ်ကျယ်မတီးရဲကြဘူး။

ငါတို့ ထဲက တချို့ ကြောင့် ငါတို့ အင်္ကျီတွေသေးနေရတယ်။
ကန့် လန့်  ကန့် လန့် လုပ်လာရင်တော့
ငါတို့ ထဲက တချို့ ကို
ငါတို့ ထဲက ထုတ်ရမယ်။

ငါတို့ ရင်ထဲက သံပုံးတီးသလိုမြည်လာတဲ့ ကြွေးကြော်သံတွေနဲ့ 
မကောင်းဆိုးဝါးတွေကို နှင်ထုတ်ကြ။
ခွပ်ဒေါင်းတွေရဲ့ အတောင်ပံဟာ
စည်းမဲ့ကမ်းမဲ့သေနတ်ကိုင်သူတွေကိုခွပ်ဖို့ ဖြစ်တယ်။
(၂၀၀၇ နိုဝင်ဘာ)


ကောင်းကင်ကို

12 comments:

ဆောင်းယွန်းလ said...

ညီလေးရဲ့ကဗျာထဲမှာအမှန်တရားတွေနဲ့ခွန်အားအပြည့်ကိုတွေ.နေရတယ်..ညီလေးရေ…

Mintasay said...

ခွပ်ဒေါင်းတွေရဲ့ အတောင်ပံဟာ
စည်းမဲ့ကမ်းမဲ့သေနတ်ကိုင်သူတွေကိုခွပ်ဖို့ ဖြစ်တယ်။
တိုင်ဆိုင်တယ်ျှာ...စည်းကမ်းမဲ့ သေနတ်သမားတစ်ယောက်အောကာင်းရေးထားတယ် ကွှန်တော်လည်း

Mintasay said...

သိပ်ဖတ်လိုပကောင်းတယ် သွေးတွေကိကြွတက်စေတယ်

MCT said...

ငါတို့ ထဲက တချို့ က
ကိုယ့်အတောင်ပံကိုယ်ဖြတ် ခွပ်ဒေါင်းအလံကိုယက်နေချိန်မှာ
ငါတို့ ထဲက တချို့ က ပက်ကြားအက်နေတဲ့ ပါးစပ်တွေနဲ့ 
မိုးခါးရေကိုမက်နေကြလို့ ။

ငါတို့ ထဲက တချို့ က
ယုံကြည်ချက်တွေပန်ပြီး ယောနသံစင်ရော်လို ပျံနေချိန်မှာ
ငါတို့ ထဲက တချို့ က
ကိုယ့် အနာဂတ်ကိုကိုယ်တိုင်သော့ ခတ်
သော့တံကို မိစ္ဆာတွေဆီ အပ်လို့ ။

အာဇာနည်တွေရဲ့ အပြင်းစားရင်ခုန်သံတွေဟာ
သေနတ်သံတွေထက်ဆူညံခဲ့ပါတယ်။
ဒါပေမယ့် ငါတို့ ထဲကတချို့ က
လက်ခုပ်ကိုတောင် ကျယ်ကျယ်မတီးရဲကြဘူး

ခွပ်ဒေါင်းတွေရဲ့ အတောင်ပံဟာ
စည်းမဲ့ကမ်းမဲ့သေနတ်ကိုင်သူတွေကိုခွပ်ဖို့ ဖြစ်တယ်။

အကိုရေ ရင်ထဲက စာလုံးလေးတွေဟာ
ရင်ထဲကို ပဲ တည့်တည့်ပြန်ဝင်သွားခဲ့တယ်။
နာကျင်ခြင်းတွေနဲ့ ရေးရတဲ့ ကဗျာတွေကို
အောင်နိုင်မှုတွေဝေနေတဲ့ နေ့မှာ ပြန်ဖတ်ရတဲ့
အချိန်မျိုး ရောက်ချင်လှပါပြီ။
တူညီတဲ့ စိတ်ဓါတ်နဲ့ ရှင်သန်နေကြတဲ့
အကိုကောင်းကင်နဲ့ သိကျွမ်းခဲ့ရတဲ့
မိုးချစ်သူရဲ့ ကံကိုပဲ ကျေးဇူးတင်လိုက်တော့တယ်။

Nyein Chan Aung said...

ကောင်းကင်ကိုရေးခဲ့တဲ့ (ဖတ်ဖူးသမျှ) ကဗျာတွေထဲမှာ ဒီကဗျာကိုအကြိုက်ဆုံးပဲ..။ ကဗျာရဲ့ theme ကိုကြိုက်တယ်..။ စကားလုံးတွေကိုကြိုက်တယ်..။

MELODYMAUNG said...

အတွေးရောအရေးပါ ကြိုက်တယ် စာသားတွေက ခိုက်တယ်
ကိုယ်တိုင်ကရော.. ဘယ်လိုလူလဲ စဉ်းစားမိတယ်ဗျို

Eduking said...
This comment has been removed by the author.
Eduking said...

ကဗျာတွေသိပ်ကောင်းတယ်ဗျာ..
ကောင်းကင်ကိုကို တကယ်အားကျတယ်...

မျှားပြာ said...

ရန်သူက ငါတို့ ကိုတည့်တည့်ပစ်နေချိန်မှာ
ငါတို့ ထဲကတချို့ က
ညီအစ်ကို အချင်းချင်း
နှုတ်ခမ်းကျဉ်းကျဉ်းတွေနဲ့ 
အပေါစားတံဆိပ်တွေကပ်
ဒေါသအဆိပ်တွေ ခတ်နေကြလို့ ။

သိပ်ကောင်းတယ် အစ်ကိုရေ ..။

ရန်ကင်း said...

ငါတို့ ထဲက တချို့ ကြောင့် ငါတို့ အင်္ကျီတွေသေးနေရတယ်။
ကန့် လန့်  ကန့် လန့် လုပ်လာရင်တော့
ငါတို့ ထဲက တချို့ ကို
ငါတို့ ထဲက ထုတ်ရမယ်။

ရေလည်ဂွဒ်တယ်အကို....အားလုံးပြည့်စုံတယ်။
အားကျပါတယ်အကို။

Unknown said...

ကျွန်တော့ လက်ခုပ်သံတွေ တိုးနေသေးတယ် ထင်တယ်...

တန်ခူး said...

နှလုံးသားကိုပစ်လွှတ်လိုက်တဲ့နောက်ထပ်မြားတစင်း။ ရော်ဘင်ဟုဒ်ထက်သာတယ်။လေးစားလျှက်။