အထီးကျန်တယ်ဆိုတဲ့ လက်တွေကို
တယုတယ ဆုပ်ကိုင်ခွင့် ရမယ့်နေ့ . .
သူ့ရင်ခွင်ကို ခေါင်းနဲ့အဝှေ့မှာ
“မသာယာဘူး ” မှန်သမျှ ပြာကျသွားမယ့်နေ့ . .
အရိုးဆုံး ချစ်စကားတို့နဲ့
နှုတ်ခမ်းကိုယ်စီ ခမ်းနားကြမယ့်နေ့ . .
အမြတ်တနိုးအပြန်အလှန်အကြည့်တွေနဲ့
သူနဲ့ကိုယ်ရဲ့ အချစ်ကြောင့်
ဟိုး . . မိုးကုပ်စက်ဝိုင်းဆီမှာ
နေ ၊ လ ၊ ကြယ်တွေအစား
ပန်းတစ်ခင်းပွင့်မယ့်နေ့ . .
ကိုယ့်ဆောင်းရာသီလေး
တွတ်တီးတွတ်တာနဲ့
စကားပြော စတတ်မယ့်နေ့ . .
အရှင်ရုက္ခစိုး နတ်မင်းကြီးက
တောင့်တလွန်းလို့ ကိုယ်ထင်ပြသလို
ကိုယ့်နှလုံးသားရဲ့ အရှင်သခင်ကို
ကိုးစားစွာ ဖူးမြင်ခွင့်ရမယ့်နေ့ . .
အာဒံ နဲ့ သူ့ဧ၀ ဆုံကြတဲ့နေ့ပေါ့ . . ။ ။
ခရေငယ်(3.8.2011)
Subscribe to:
Post Comments (Atom)
6 comments:
ဆယြာ ကဗျာ...
ကဗျာတွေ အားကောင်းနေတယ်..ဗျို့..။
ကန
ဆုံကြပါစေ ဆုတောင်းပေးပါ၏..
မဒမ်ကိုး
နီးဖို့ ရာဆိုရင် ဝါဆိုတောင်မှ ပြာသိုနားတွင် ထားလိုက်ချင်တဲ့... အမြန်ဆုံးနီးကြပါစေ...
ဒီကဗျာလေးဖတ်ပြီး အန်တီ ကျောင်းသားဘဝက Romeo & Juliet ဇာတ်လမ်းလေးကို ပြန်သတိရမိတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကိုယ့်ဆောင်းရာသီလေး
တွတ်တီးတွတ်တာနဲ့
စကားပြော စတတ်မယ့်နေ့ . .
အရမ်းကြိုက်ပါတယ် အဲ့ဒီစာသား
ကိုယ့်ဆောင်းရာသီလေး
တွတ်တီးတွတ်တာနဲ့
စကားပြော စတတ်မယ့်နေ့ . .
အဲ့ဒီစာသားလေးအရမ်းကြိုက်ပါတယ်.....
Post a Comment