ခလေးဆိုတာ… ဒီနေ့နဲ့မနက်ဖန် ဘာသာစကားသစ်ရဲ့ …ပထမဆုံးနဲ့ နောက်ဆုံးသော အက္ခရာ၊
ရေတွက်လို့မရတဲ့ လေလွင့်လိပ်ပြာတွေ … သဏ္ဍန်လေးတခုစီ…လုယက်ပြီး ပျံသန်း နေကြတယ်၊
ငယ်ငယ်လေးကတည်းက… ငါမစမ်းဖူးသေးတဲ့…စည်းကမ်းမကျတကျ နေထိုင်မှုစနစ်ကိုပေးသူ၊
ဟာသဆန်သွားနိုင်တဲ့… ဟာကွက်တွေတောင်… အေးမြတဲ့အမှောင်အောက်မှာ… သူမတူမှု အရောင်တွေ တောက်လို့၊
ငါ့ဘဝ တခြမ်းကို… ငါ့ဘဝတခြမ်းနဲ့ ပေါင်းစည်းပြီး… ငါ့ကိုမွေးဖွားပေးလိုက်တဲ့… “မိန်းမသား”ကဗျာ၊
ချစ်ချင်းဆိုတဲ့… နာမ်သားသက်သက်အနုပညာမှာ…ဘယ်လို ဝေဖန်ရေးဆရာမှ မလိုဘူး၊
သူပေးတဲ့ အကြင်နာ စိန်နားကပ်ရောင်နဲ့ …ငါ့ဘဝ ပါးပြောင်နေလိုက်ပုံများ။
ကောင်းကင်ကို
အဟာရ စံဂျူး (9.မေ.2012)
2 weeks ago
4 comments:
ကိုကြီးကောင်းရေ ... မိုက်သလားဗျာ ... ချစ်သူ ခရေငယ်နဲ့ အမြန်ဆုံး .... ဘ၀ခရီးလမ်းမှာ ... မော်ကြွားနိုင်ပါစေဗျာ ... ဆုတော်တောင်းပေးလိုက်ပါတယ်ဗျာ
မာန်လှိုင်းငယ်
ကိုကြီးကောင်းရေ ... မိုက်သလားဗျာ ... ချစ်သူ ခရေငယ်နဲ့ အမြန်ဆုံး .... ဘ၀ခရီးလမ်းမှာ ... မော်ကြွားနိုင်ပါစေဗျာ ... ဆုတော်တောင်းပေးလိုက်ပါတယ်ဗျာ
မာန်လှိုင်းငယ်
ကဗျာဆရာရေ... Wish for you Relationship to Married... မမန့် ဖြစ်ပေမယ့် ကဗျာတွေတော့ ပုံမှန်လာခံစားဖြစ်ပါတယ်...
သူပေးတဲ့ အကြင်နာ စိန်နားကပ်ရောင်နဲ့ …ငါ့ဘဝ ပါးပြောင်နေလိုက်ပုံများ။
ဟားး...စာသားလေးလန်းတယ်
ခံစားသွားတယ်....း)
ပျော်ရွှင်ပါစေကြောင်း ကဗျာဆရာရေ..
ခင်မင်တဲ့
မဒိုးကန်
Post a Comment