Showing posts with label ခရေငယ်. Show all posts
Showing posts with label ခရေငယ်. Show all posts

Wednesday, August 10, 2011

အဲဒီနေ့မှာ ကိုယ်တစ်ယောက်တည်း မဟုတ်တော့ (by ခရေငယ်)

အထီးကျန်တယ်ဆိုတဲ့ လက်တွေကို
တယုတယ ဆုပ်ကိုင်ခွင့် ရမယ့်နေ့ . .

သူ့ရင်ခွင်ကို ခေါင်းနဲ့အဝှေ့မှာ
“မသာယာဘူး ” မှန်သမျှ ပြာကျသွားမယ့်နေ့ . .

အရိုးဆုံး ချစ်စကားတို့နဲ့
နှုတ်ခမ်းကိုယ်စီ ခမ်းနားကြမယ့်နေ့ . .

အမြတ်တနိုးအပြန်အလှန်အကြည့်တွေနဲ့
သူနဲ့ကိုယ်ရဲ့ အချစ်ကြောင့်
ဟိုး . . မိုးကုပ်စက်ဝိုင်းဆီမှာ
နေ ၊ လ ၊ ကြယ်တွေအစား
ပန်းတစ်ခင်းပွင့်မယ့်နေ့ . .

ကိုယ့်ဆောင်းရာသီလေး
တွတ်တီးတွတ်တာနဲ့
စကားပြော စတတ်မယ့်နေ့ . .

အရှင်ရုက္ခစိုး နတ်မင်းကြီးက
တောင့်တလွန်းလို့ ကိုယ်ထင်ပြသလို
ကိုယ့်နှလုံးသားရဲ့ အရှင်သခင်ကို
ကိုးစားစွာ ဖူးမြင်ခွင့်ရမယ့်နေ့ . .

အာဒံ နဲ့ သူ့ဧ၀ ဆုံကြတဲ့နေ့ပေါ့ . . ။ ။

ခရေငယ်(3.8.2011)