Tuesday, August 23, 2011

ခေတ်မျက်မှန်

ကမ်းကုန်အောင် ရက်စက်မယ့် ပုဏ္ဏားရယ်
ကြိုသိပြီးသား ဖခင်ရယ်
ထိပ်တိုက် တွေ့ကြတယ်။

စိုက်သောသူ ပိုင်သင့်တယ် ဆိုတဲ့ အတွေးနဲ့
ဖခင်ကို ထောက်ခံသင့်သလား?
“သားသမီးကို လှူမှ
ရွှေဥာဏ်တော်ကို ရစေ” ဆိုတဲ့
သဘာဝတရား ဆိုတာကို
အပြစ်ဆိုရမလား?

သိချင်သေးတာ တခုက
ပါးကွက်သားဆန်ဆန် ဥပဒေသ ကို
ဘယ်သူ ပြဌာန်းခဲ့ပါသလဲ?

သားသမီးလှူလိုက်တယ်ဆိုတဲ့ ရေစက်ကို
အခုခေတ်ထဲမှာ ချကြည့်တော့
ခေတ်ကြီးကိုက child rights တွေ ဘာ rights တွေနဲ့
အနှိုင်းမဲ့ဆိုသော ပါရမီ တချို့တွေ
သူ့ခေတ်နဲ့သူပဲ ရှိပါစေ။
ကောင်းကင်ကို

5 comments:

မိုးယံ said...

အဲဒါက သူ့ခေတ်ထဲမှာ ကုန်သွားပြီ။ ဒါပေမယ့်လည်း ဟိုတုန်းက ပုဏ္ဏားက တစ်ယောက်တည်းလေ.....

jasmine(တောင်ကြီး) said...

နိုင်ငံရဲ့ဥပဒေကို နိုင်ငံ
အကြီးအကဲကပဲ ပြဌာန်းခဲ့တာ
မဟုတ်ဘူးလား........
ဥပဒေနဲ့ စည်းမျှဉ်းတွေက စာအုပ်ထဲမှာပဲလေ
လက်တွေ့မှာ မရှိဘူးဖြစ်နေတယ်။
အဲဒီ ကဗျာ အားလုံးက
အဟုတ်တွေကြီးပဲ...အရမ်းကိုကောင်းပါတယ်။

မဒမ်ကိုး said...

အင်း ..ဒီလိုရှိတယ်လေ

mstint said...

ခေတ်မျက်မှန်လေး တပ်ကြည့်လိုက်တော့ အလှူပေး အလှူခံ ပုဂ္ဂိုလ်နှစ်ဦးစလုံးကို မြင်လိုက်ရတယ် 'ကောင်းကင်ကို' ရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Naung Naung said...

“သားသမီးကို လှူမှ
ရွှေဥာဏ်တော်ကို ရစေ” ဆိုတဲ့သဘာဝတရားက နဲနဲ ပါးကွက်သားဆန်ပေမယ့် ၊ “ဇနီးမယားကို လှူမှ
ရွှေဥာဏ်တော်ကို ရစေ” ဆိုတဲ့သဘာဝတရား ရှိသေးရင် ခေတ်မျက်မှန်ထဲမှာမြင်တာတွေက ပါရမီရှင်တွေအပြည့်ပါလား...။