မင်းသဘာဝကို မြင်ရတိုင်း
ငါ့ရင်မှာ မုန်တိုင်းထန်ခဲ့ရ
ဒီညကျမှ
လရောင်ဟာ
မင်းကမ္ဘာပေါ် ဖြာကျနေရဲ့။
စစ်မဲ့ဇုံ
မင်းရင်အစုံက
စိမ့်ကျလာတဲ့ စမ်းရေအိုင်တအိုင်
နို့နှစ်ရောင် ချိုင့်ဝှမ်းတခု
လျှို့ဝှက်တဲ့ တောအုပ်အစပ်နား
ငါရောက်သွားတော့
လေတိုးသံလို မင်းညည်းညူ
ရေတံခွန်လို တို့သွန်ချ
ငါတို့ မိတ်ဆွေဖြစ်ခဲ့ပြီးတဲ့ နောက်ပိုင်း။ ။
(မိုဃ်းဇော်)
Subscribe to:
Post Comments (Atom)
5 comments:
ရေတံခွန်လို တို့သွန်ချ
ငါတို့ မိတ်ဆွေဖြစ်ခဲ့ပြီးတဲ့ နောက်ပိုင်း။ ။
စာသားကောင်းတဲ့ ကဗျာကို
ခံစားသွားပါတယ်ရှင်။
ကဗျာချစ်သူ
သဘောကျလိုက်တာ။ ကိုယ်တိုင် သဘောကျတဲ့ ဆြာရာ ကဗျာတယောက်ပဲ။ ခံစားသွားတယ်..
.ကျေးဇူး..
ကန
အနက်က နဲနဲရိုင်းသလိုပေမယ့် ၊ ယဉ်ကျေးအောင်ဘယ်လို ဖွဲ့ဆိုရမယ်ဆိုတာ ကောင်းကောင်း ပိုင်နိုင်တဲ့ ကဗျာဆရာပါလား။
ဆိုလိုရင်ကတော့ အတော်မိုက်တယ်ဗျာ ။
စကားလုံးသုံးသွားတာကတော့ အတော့ကိုကဗျာစံတယ် ။ စိုင်းထီးဆိုင်ရဲ့ အပြာရောင်မျက်ရည် စာသားအဖွဲ့လိုပဲဗျာ ။
Post a Comment