ရင်ဘတ်ထဲက တိတ်တိတ်အော်လို့ 
ညက အိပ်လို့ မပျော်ဘူး။
နိုးလာတော့လည်း
ပျောက်ဆုံးနေဆဲ…သတိ
စိတ်နဲ့ ကိုယ်ကို ကပ်ဖို့ မရှိဘူး။
လျှောက်ချင်နေတဲ့ခြေထောက်တွေ ရှိနေတာတောင်
လျှောက်ရမယ့် လမ်းတွေကို မတွေ့ တော့ဘူး။
မြောက်ချင်နေတဲ့ လက်တွေ ရှိနေတာတောင်
အသိအမှတ်ပြု အနိုင်ယူမယ့်သူ မရှိပြန်ဘူး။
အားပေးစကားတွေကလည်း
အားပေးစကားတွေပီပီ
လက်တွေ့ မကျကြတော့
ငါ့အတွက် ကောက်ရိုးတစ ဖြစ်မလာခဲ့ဘူး။
နှစ်သိမ့်စကားတွေဆိုတာ
ငါ့ကမ္ဘာ တကယ်ပျက်သွားကြောင်း
သက်သေထွက်ဆိုချက်တွေပဲ ဖြစ်တယ်။
လေလွင့်နေတဲ့ စိတ်ကိုကပ်ဖို့ 
အာရုံတခုခုကို လိုက်ရှာနေရတာလည်း
ကန္တာရထဲမှာ ရေရှာနေရသလိုပဲ
နှစ်ကြိမ် နှစ်ခါ မောတယ်။
ငါဟာ
လှုပ်ရှားနေတဲ့ သချိ င်္ုင်ကြီးထဲမှာ
အရှင်လတ်လတ် မြှုပ်ထားခံရသူတယောက်
ဘဝကို တာဝန်ကြီးတခုလို့ အဓိပ္ပါယ်ကောက်ရင်း
ငါ့စိတ်တွေ ပင်ပင်ပန်းပန်း အလုပ်ဆင်းနေရတယ်။
သြော်…
ဘဝဆိုတဲ့ ကစားကွင်းထဲမှာ
ဒဏ်ရာရကစားသမားတယောက်…
ပွဲသိမ်းဝစီမှုတ်သံကို စောင့်ရင်းက
ဖွဖွလေး ထိခိုက်မိရုံနဲ့ တောင်
စိတ်ဓာတ်တွေ နာကျင်နေတော့တယ်။
ကောင်းကင်ကို
Tuesday, October 27, 2009
Tuesday, October 20, 2009
ခက်တယ်
ခက်တယ်။
ဓာတ်ငွေ့ သိုက်တွေကို စကားလုံးအရ ပိုင်ဆိုင်ပြီးမှ
ဖယောင်းတိုင်ကို ချွေတာထွန်းနေရတာ ခက်တယ်။
ခက်တယ်။
မပြည့်သေးပဲ လျှံသွားရတဲ့
လူသား သယံဇာတတွေ
ဘယ်သူမှ ပြန်မလာကြစေဖို့ 
တံခါးပိတ်ထားတာကလည်း ခက်တယ်။
ခက်တယ်။
မသုံးရသေးတဲ့ ပိုက်ဆံတွေ
ငွေဖောင်းပွမှုရဲ့ အကျိုးဒဏ်နဲ့ 
အလိုအလျောက်အခိုးခံနေရတာကလည်း ခက်တယ်။
ခက်တယ်။
ငရုတ်သီးထုပ်လို့ ကောင်းတဲ့
သတင်းစာစက္ကူဟောင်းတွေပေါ်က
လက်သုံးစံပြ ဆောင်ပုဒ်တွေ
တကယ်အသုံးမခံရလို့ ချောင်ကုပ်နေကြတာကလည်း ခက်တယ်။
ခက်တယ်။
နွားခြေရာခွက် တထွာကို
ကြွားနေတာရှက်စရာမှန်း မသိကြတာကလည်း ခက်တယ်။
ခက်တယ်။
အလုပ်မဖြစ် မှန်းသိပါလျက်နဲ့ 
အစဉ်အလာတွေကိုထိန်း
ပညာတွေကို သိမ်းသိမ်းနေရတာကလည်း ခက်တယ်။
ခက်တယ်။
ပေါက်နေတဲ့ ခွက်တွေကို
ကြောက်နေတဲ့ လက်တွေနဲ့ 
လက်ဆင့်ကမ်းနေရတာကလည်း ခက်တယ်။
ခက်တယ်။
မြန်နှုန်းမြင့်ခေတ်ကြီးထဲမှာ ပြိုင်ပုံပြောင်း
အားလုံး မိုင်ကုန်မောင်းနေကြချိန်မှာ
တို့ ဆီက နိုင်ငံ့သားကောင်းတွေ
အချင်းချင်း ကျားချောင်းသလိုချောင်း
နှေးအောင်လုပ်ပြီး တောင်းနေရတာကလည်း ခက်တယ်။
ခက်တယ်။
သီးသန့် နေလေ့ရှိတဲ့ ထင်းချောင်းတွေ
တခါတခါ စုစည်းမိကြရင်တောင်
အချိုးမခံရဖို့ အုပ်စုဖွဲ့နေကြတာထက်
ပုဆိုးလှန်ပြဖို့ အုပ်စုဖွဲ့နေကြတာက
ပိုများနေတော့လည်း ခက်တယ်။
ခက်တယ်။
စေတနာ လက်တဆစ်နဲ့ 
ကြေငြာချက်အသစ်တွေ
နေရာအတွက်ဖြစ်နေကြတာကလည်း ခက်တယ်။
ခက်တယ်။
အဝေးကနေ လှမ်းထိုးနှက်နေကြပေမယ့်
ပုံစံခွက်ကြီးတွေနဲ့ 
ပုန်ကန်လက်သီးတွေပဲ ဖြစ်နေကြတာကလည်း ခက်တယ်။
ခက်တယ်။
အသံတူ အကြံကွဲ တလမ်းထဲမှာ
ထစ်ခနဲဆို နှစ်ခြမ်းကွဲ
အချင်းချင်း အရမ်းဆဲနေကြတာကလည်း ခက်တယ်။
ခက်တယ်။
ဘယ်သူတွေ ဘယ်လိုစိတ်မှန်းနဲ့ 
လေကိုဖမ်းပြီး ဒန်းဆင်ဆင်
ရှေ့ ကတောင်ဟာ ဧ၀ရက်မှန်းနဲ့ 
ညဥ့်နက်သန်းခေါင်မှာ နေမထွက်မှန်း
သိနေတာကလည်း ခက်တယ်။

Friday, October 16, 2009
ငရဲ
မျက်လုံးကိုစုံမှိတ်
အလုပ်မပေးနိုင်တဲ့နေရာကို အတင်းဖိတ်နေကြတဲ့သူတွေ၊
လူသားအရင်းအမြစ်တွေရှားသွားလို့ 
သက်မဲ့အရင်းအမြစ်တွေနဲ့ ကြံဖန်ဂုဏ်ယူနေကြတဲ့သူတွေ၊
တံလျှပ်ကို ရေအမှတ်နဲ့ ကျေနပ်နေကြတဲ့သူတွေ၊
ကျပ်တီးမြေမှာမှ ရွှေအရှာကောင်းသူတွေ က အစ…
မီးလောင်ပြင်မှာစွန့် စား၊ မီးသတ်ဖို့ ကြိုးစားနေကြသူတွေ၊
အမှောင်ထဲမှာနေလို့  ဆီမီးတွေ ဝေနေကြသူတွေ အဆုံး…
ဘယ်သူတွေ ငါ့ကို ဘယ်လိုပဲ ပညတ်ပညတ်…
မပြင်ဆင်ပဲနဲ့ ကြိုးဝိုင်းထဲ ဝင်လာခဲ့ရသူတွေ၊
မြှားမပါပဲနဲ့  စစ်ထွက်လာခဲ့ရသူတွေ၊
ကံကို မယုံရဲပေမယ့် ဆူးပုံနင်းနေရတဲ့သူတွေ၊
ကမ္ဘာရွာထဲ ပြောင်းနေဖို့ အရေး
ထောင်ဖောက်ပြေးသလို စွန့် စားနေကြရသူတွေ၊
မွန်းကြပ်သေဆုံးသွားခဲ့ရတဲ့ ကားစီးဒုက္ခသည်တွေ၊
လှေစီး ဒုက္ခသည်တွေ၊ ငွေစီးဒုက္ခသည်တွေ၊
ဒုက္ခကိုကြောက်လို့ ဒုက္ခသည်ယောင် ဆောင်နေကြသူတွေ၊
အနည်ကျခွင့်ရသွားတဲ့ ဒုက္ခသည်တယောက်ကို
ပေါက်ထားတဲ့ ထီလက်မှတ်တစောင်လို သဘောထားနေကြသူတွေ၊
လက်ထပ်ခြင်းကို ဖောင်တခုလို အသုံးချ လှောင်အိမ်ထဲက ထွက်နေကြရသူတွေ၊
ကျောင်းဆရာ ယူနီဖောင်းကို ချွတ်ပြီး ပန်းရန်ဝတ်စုံကို ဝတ်ဖို့ လာနေကြရသူတွေ
အဲလို ထွက်ပြေးလာရသူတွေ ရှိနေမှတော့
ငါ့ကို ဘယ်သူတွေ ဘယ်လိုပဲ ပညတ်ပညတ်
ချစ်တဝက် မုန်းတဝက် အရပ်ကို
ငရဲလို့ ပဲ နာမည် တပ်လိုက်တယ်။

Tuesday, October 13, 2009
စာပို့ ခိုသို့ 
သုညတွေ တစ်တွေနဲ့ 
သိမ်းထားတဲ့သီချင်းတပုဒ်
ချစ်သူ့ ရင်ကို ကိုင်လှုပ်ဖို့ ပေါ့။
ဒီဘက်မှာလည်း စိတ်စောနေတဲ့ ဒီဂျေတယောက်
အီလက်ထရောနစ် ဘောက်ချာကို စောင့်နေတယ်။
ဟိုဘက်မှာလည်း စိတ်မရှည်တော့တဲ့ပန်း
သူ့ စိတ်မနောပါးစပ်နဲ့  ကြမ်းနေမယ်။
ပုဂံနက် ဆိုတဲ့ စာပို့ ခိုရေ
ငါတို့ ကို သနားပါဦး
သီးသန့် ကမ္ဘာသားကို လာချစ်မိရှာသူတယောက်
သူ့ စိုသောနှလုံးသားများ မခြောက်သေးခင်။
ကောင်းကင်ကို
သိမ်းထားတဲ့သီချင်းတပုဒ်
ချစ်သူ့ ရင်ကို ကိုင်လှုပ်ဖို့ ပေါ့။
ဒီဘက်မှာလည်း စိတ်စောနေတဲ့ ဒီဂျေတယောက်
အီလက်ထရောနစ် ဘောက်ချာကို စောင့်နေတယ်။
ဟိုဘက်မှာလည်း စိတ်မရှည်တော့တဲ့ပန်း
သူ့ စိတ်မနောပါးစပ်နဲ့  ကြမ်းနေမယ်။
ပုဂံနက် ဆိုတဲ့ စာပို့ ခိုရေ
ငါတို့ ကို သနားပါဦး
သီးသန့် ကမ္ဘာသားကို လာချစ်မိရှာသူတယောက်
သူ့ စိုသောနှလုံးသားများ မခြောက်သေးခင်။
ကောင်းကင်ကို
Sunday, October 11, 2009
အမေ့ရင်ခွင်ရဲ့ အဝေးမှာ(ရေး …သံစဉ်ဖြိုး)
တက်လိုက်ကျလိုက်စိတ်ဓာတ်တစ်ချို့ရယ်..
လွမ်းဖျားလွမ်းနာလို့နာမည်တပ်လို့ရတဲ့ခဏခဏနေမကောင်းဖြစ်တာတွေရယ်..
ဘာကြောင့်လည်းလို့မေးခဲ့ရင်တောင်အဖြေမရှိတဲ့
တစ်ချို့ညတွေမှာကျတတ်တဲ့မျက်ရည်တွေရယ် ..
တစ်ခုမကလိုချင်လို့ တစ်ခုခုပေးတော့မလိုလို ဂရုစိုက်မှုတွေရယ် ..
အမြဲတမ်းအဖော်ပြုပေးနေတတ်တဲ့
ခပ်ရင့်ရင့် သန်းခေါင်ကျော်ညတွေရယ် ..
အဲဒါတွေအားလုံးက သမီးဘေးနားမှာ သိုက်သိုက်ဝန်းဝန်း လေးနဲ့ဆိုတော့
အမေ့ရင်ခွင်ကို သမီး မတမ်းတပါဘူး
အဲလိုမျိုးလေးမေ့ချင်ဟန်ဆောင်ထားတာပေါ့ ..
၂၂ နှစ်အမေ့သမီးကို
၃၂ နှစ်လောက်ရှိတဲ့ ရင့်ကျက်မှုမျိုးတွေ လာတောင်းကြတိုင်း
အမေပြောလေ့ရှိတဲ့ ငါ့သမီးကအမေ့မျက်စိထဲမှာ အမြဲကလေးပဲဆိုတဲ့ စကားကိုတော့
တကယ်သတိရတယ် အမေရယ်..
Globalization ဆိုပေမယ့်
သမီးဝမ်းနည်းတိုင်း အမေ့ရင်ခွင်ကိုပြေးလာလို့မရမှတော့
အဲဒီ Globalization ကလည်းအသုံးမ၀င်ပါဘူးအမေရာ..
ဒီလိုနဲ့ အမေ့ရင်ခွင်ရဲ့ အဝေးကသမီး
ကြမ်းလိုက် လွမ်းလိုက် လမ်းခရီးမှာ
တစ်ခုခုဆို အမေ့အသံကိုပဲ ပြန်ကြားယောင်ပြီး
စိတ်ဓာတ်ကို အရောင်ပြန်တင်နေရတယ် အမေရယ်။
(သံစဉ်ဖြိုး)

Tuesday, October 6, 2009
အရွေ့ 
ဘာသာတရားတွေဟာ
နားခိုသူတွေကို အရိပ်ပေးနိုင်ဖို့ 
အမှန်တရားဆိုတဲ့ နေမင်းကို
ခေါင်းပေါ်တည့်တည့်ကနေ
ခပ်လှမ်းလှမ်းကို ရွှေ့ ထားလိုက်ကြတယ်။
ကောင်းကင်ကို
နားခိုသူတွေကို အရိပ်ပေးနိုင်ဖို့ 
အမှန်တရားဆိုတဲ့ နေမင်းကို
ခေါင်းပေါ်တည့်တည့်ကနေ
ခပ်လှမ်းလှမ်းကို ရွှေ့ ထားလိုက်ကြတယ်။
ကောင်းကင်ကို
Monday, October 5, 2009
ဘာကောင်တွေလဲ
ခရမ်း၊မဲ၊ပြာ၊စိမ်း၊ဝါ၊မော်၊နီ
အရောင်မျိုးစုံပါတာ အဖြူတဲ့၊
.................................
အကောင်မျိုးစုံပါတာ... လူ ။
ကောင်းကင်ကို
အရောင်မျိုးစုံပါတာ အဖြူတဲ့၊
.................................
အကောင်မျိုးစုံပါတာ... လူ ။
ကောင်းကင်ကို
Sunday, September 27, 2009
ကိုယ့်နည်းကိုယ်ဟန်နဲ့ အိုမာခယမ်
လူတွေကို ဆရာလုပ်ဖို့ 
အမြုတေ ကဗျာတပုဒ်လည်းရှိမယ်။
အဖော်လို ကြင်နာမဆုံးတဲ့
ဟော်လိုဂစ်တာ တလုံးလည်းရှိမယ်။
လှမ်းကာ အပြင်ကမ္ဘာနဲ့ ဆက်ဖို့ 
အခန်းမှာ အင်တာနက်လည်းရှိမယ်။
ညတာကို ကျော်လွန်ကာဖြတ်သန်းဖို့ 
ငါ့မှာ…အဖော်မွန်စာဖတ်ခန်း လည်းရှိမယ်။
ခွက်ဘေးမှာနေတဲ့ အမြည်းနဲ့ 
လက်ဆေးကာနေတဲ့ ဇနီးကတော့
ကိုယ်စိတ်နှစ်ပါးအတွက် အာဟာရပေါ့။
အချစ်တွေဆာလောင်လာတဲ့အခါ
မြန်နှုန်းမြင့်ရင်ခုန်သံကို နောက်ခံဂီတအဖြစ်ဖွင့်ပြီး
ကာယကံ၊ ဝစီကံ မနောကံနဲ့ ယုယကြမယ်။
လူတွေမရှိခိုက်မို့ ဟန်ဆောင်နေဖို့ လည်းမလို
အပူတွေမရှိခိုက်မို့  ရန်ထောင်နေဖို့ လည်းမလို
ပေလေးဆယ် ခြောက်ဆယ်နဲ့ 
ကျားတယောက်နဲ့  မတယောက်ပဲရှိတဲ့
ငါ့ စံပြကမ္ဘာငယ်လေးမှာ
ဓမ္မသယံဇာတလည်း ကြွယ်ချင်သေးတယ်။

Wednesday, September 23, 2009
အမေတခြား သားတခြား
အမေ တခြား သားတခြားနဲ့ 
ရှင်ကွဲနဲ့ ရင်ကွဲနေရတဲ့ခေတ်မှာ
ပါးပေါ်မှာ ဖြစ်တဲ့မြစ်နှစ်စင်းနဲ့ 
မျက်နှာသစ်နေတုန်းပဲလား အမေ။
အမေရေ…
ဒီနှစ်လည်း ကရုဏာခေါင်တဲ့ ကန္တာရမှာ
မျက်ရည်ချိန် ဘယ်နှစ်လက်မ ရှိပါသလဲ။
အမေ သားကိုပြုစုစောင့်ရှောက်ခဲ့သမျှ ရလဒ်ကတော့
သားအသက်တနှစ်ကြီးလာတိုင်း
အမေပုတီးတပတ် ပိုစိပ်လာရတာပဲ ရှိတယ်။
အမေရေ…
ပြန်ဆုံစည်းရေးကို သားက သောကနဲ့ စဉ်းစား
အခန်းကျဉ်းလေးထဲမှာတင် မျက်စေ့လည်သွားတုန်းမှာ
လောကဓံတရားက အသာစီးနဲ့ 
အကွက်ပေါင်းများစွာ ရွှေ့ထားပြီးပြီအမေ။
အမေရေ…
စာအုပ်တွေ ဖတ်ခဲ့ရတုန်းကတော့
ဒီလိုဇာတ်လမ်းမျိုး အသက်ဝင်လာလိမ့်မယ်လို့ 
ကိုယ်တိုင်လည်း ရင်ခွဲ သရုပ်ဆောင်ရလိမ့်မယ်လို့ 
မထင်မိခဲ့ဘူးအမေ။
အမေရယ်..
သောက ဖျောက်နည်း တခုကတော့ ဆိုတယ်။
အနာဂတ်ကို တွေးမပူပဲ တနေ့ တခါ နေပါတဲ့။
ဒါပေမယ့် အမေရယ်
အိပ်မက်တွေသီးပွင့်လာမယ့် ရက်စွဲက မသေချာသလို
အတိတ်နဲ့ ပစ္စုပ္ပန်မှာလည်း စက္ကန့် တိုင်းက ခက်ခဲနေမှတော့
စိတ်ကို ဘယ်ကာလမှာများ သွားထားရပါ့မလဲ။
ဒါနဲ့ အမေရေ..
မုသားတွေနဲ့ သီးသန့် ကာထားတဲ့
အပူများနေတဲ့ ကျီးလန့် စာစားကမ္ဘာမှာရော
အဆိုးတွေ ရေချိန်မြင့်
အမျိုးတွေ ငွေတိမ်နစ် နေတုန်းပဲလားအမေ။
အမေရေ
လက်ဗလာ ကြယ်တွေ
မျက်နှာငယ်နေရတဲ့ ညထဲမှာ
သားဘဝလေး ကျကွဲသွားလို့ 
ခွန်အားသစ်တို့ ပို့ ပေးပါ။

Saturday, September 19, 2009
အိပ်မက်ဆိုး ရာသီ
ရှတတနဲ့  အယ်(လ်)ကိုဟော အခါးရည် တခွက်
ငါ့ဘဝအတွက် တကယ်ချိုသော ပျားရည်စက်ပေါ့။
အရသာခံလို့ မော့လိုက်တယ်။
သူငယ်ချင်းတို့ ၊ အချစ်အကြောင်းနဲ့ တော့ မမြည်းကြပါနဲ့ ။
ငါက
အရှုံးသမား ကျားနာတကောင်
နှလုံးသား အစားအစာရှောင်တယ်။
သြော်…ငါ့အဘိဓာန်စာအုပ်များထဲက
အသာထုတ်ထားခဲ့တဲ့ ဘဝမျိုးထဲ
ငါဟာလေ အခုမှပဲ မျောပါ
နာတာရှည် ကုမရတဲ့ရောဂါနဲ့ ။
အချိန်တန် အိမ်ပြန်ချိန် ရောက်ပြန်တော့လည်း
ပုလဲ တပေါက်ခြင်း ကြွေနေတဲ့ ကမ္ဘာမှာ
အသည်းမခြောက်မချင်း ထွေနေမယ့်ငါဟာ
ဆောင်းစရာထီးမရှိတော့
ခံစားချက်မဲ့နေတဲ့စိတ်ကိုပဲ
ထီးအစားထိုးလို့ ဆောင်းလိုက်တယ်။
ဒီလိုနဲ့ 
အကာအကွယ်မဲ့သွားတဲ့ ငါ့အပေါ်
တစင်းပြီး တစင်း ညာသံပြင်းပြင်းနဲ့ 
ခုန်ဆင်းလာတဲ့ မိုးစက်ပွင့်တွေကို
အဟုန်ပြင်းစွာ ထိုးနှက်ခွင့်ပေးလိုက်ရတယ်။
ဂရုထားသူ မရှိတဲ့ အရိပ်များနဲ့ 
ရှုစားသူ မရှိတဲ့ပိတ်ကားပေါ်မှာတော့
သဘာဝတရားရဲ့ အစက်အပေါက်တွေ အောက်မှာ
‘အနာ’ရ ထားတဲ့ အစက်အပြောက် တပြောက်
ကမ်းပျောက်ခြင်းအတွက် လေနေတယ်။
သြော်…လမ်းလျှောက်ရင်းနဲ့ သေနေတယ်။

Wednesday, September 16, 2009
သဘာဝ
အကြမ်းဖက်သမားတွေက လက်နက်နဲ့ 
ပန်းဆက်သမားတွေက လက်နက်မဲ့
သဘာဝကျကျပါပဲ
လှုပ်မိရင် တုတ်ကြည့်ဆိုတဲ့ ခေတ်မှာ
သွေးနည်းတဲ့ ကျောက်ရုပ်အနေနဲ့ 
မစတေးရဲပဲ နောက်ဆုတ်နေခဲ့။
ဒုက္ခသည်တွေက အကန့် အသတ်မဲ့
ကိုယ့်မှာက အကန့် အသတ်နဲ့ 
သဘာဝကျကျပါပဲ
ကိုယ်ရွေးပြီးကယ်တဲ့ ကြယ်ငါးက
ကိုယ်သွေးနီးနေတဲ့ အစွယ်အပါးဖြစ်ခဲ့။
သြော်…
အိမ်ရှေ့ မှာ တံခါးခေါက်လာသူကို မနှင်ရက်ပေမယ့်လည်း
အိမ်ထဲမှာ အဖျားမပျောက်ရှာသူကို မမြင်ရက်တာမို့ 
ရွေးချယ်ခွင့် နည်းလွန်းတဲ့ ဒီဇာတ်လမ်းကြီးထဲ
သဘာဝ ကျကျပဲ သရုပ်ဆောင်လိုက်မိတယ်။

Friday, September 11, 2009
ဇာတ်နာ
ရှေ့ ဆယ်လှမ်းတိုးဖို့ 
နောက်တလှမ်းဆုတ်လိုက်ကာမှ
ဘဝက ထောင်ချောက်ထဲကို တည့်တည့်ကျတယ်။
လောကဓံတရားရေ
မင်းဆက်ထိုးဖို့ မလိုတော့အောင်ကို
ငါ့ပါးရိုးက ကျိုးပြီးသားပါ။
အထီးကျန် ဝမ်းနည်းစရာကောင်းလိုက်ပုံကလည်း
အပြီးအပိုင်လမ်းခွဲကာပြောင်းရမှာကိုတောင်
လာနှုတ်ဆက်ကြမယ့်သူလည်း တယောက်မှမရှိ။
သွားနှုတ်ဆက်ရမယ့်သူလည်း တယောက်မှမရှိ။
သြော်…နောက်ဆုံးတော့
တံလျှပ်တွေလို
ဘဝကိုပိုမှောင်စေတဲ့ အလင်းတွေအတွက်
ဘာကိုမှ မစစ်မဆေး
ကိုယ့်ကိုယ်ကိုပဲ အပြစ်ပေးလိုက်တော့တယ်။
ကောင်းကင်ကို
နောက်တလှမ်းဆုတ်လိုက်ကာမှ
ဘဝက ထောင်ချောက်ထဲကို တည့်တည့်ကျတယ်။
လောကဓံတရားရေ
မင်းဆက်ထိုးဖို့ မလိုတော့အောင်ကို
ငါ့ပါးရိုးက ကျိုးပြီးသားပါ။
အထီးကျန် ဝမ်းနည်းစရာကောင်းလိုက်ပုံကလည်း
အပြီးအပိုင်လမ်းခွဲကာပြောင်းရမှာကိုတောင်
လာနှုတ်ဆက်ကြမယ့်သူလည်း တယောက်မှမရှိ။
သွားနှုတ်ဆက်ရမယ့်သူလည်း တယောက်မှမရှိ။
သြော်…နောက်ဆုံးတော့
တံလျှပ်တွေလို
ဘဝကိုပိုမှောင်စေတဲ့ အလင်းတွေအတွက်
ဘာကိုမှ မစစ်မဆေး
ကိုယ့်ကိုယ်ကိုပဲ အပြစ်ပေးလိုက်တော့တယ်။
ကောင်းကင်ကို
Tuesday, September 1, 2009
ဖူးစာရေးနတ်သို့ 
ညခင်းတို ခဏလေးမှာ
လမင်းလို ညီမလေးက
အဒိန္နာဒါနာကိုချိုး
ငါ့အချိန်များ လာလာခိုးတယ်။
မာယာများတဲ့ ပန်းလေးရေ
ဂါထာများနဲ့ မန်းဆေးတွေ နင့်မှာရှိလား။
ပျက်ပြယ်လုသွားတဲ့ ငါ့အိပ်မက်တွေကို
အသက်ကယ်ကုစားဖို့ 
သွားတက်ငယ် တခုအားနဲ့ 
တချက်ရယ်ကာ ပြုစားလှည့်ပါ။
စောင်းတလုံးရဲ့  ဗီဇလေးများနဲ့နှုတ်ခမ်းလွှာရေ
အကောင်းဆုံး ဂီတတေးများ ဖွင့်စမ်းပါဦး။
နင့်ရဲ့ 
သကာစကားလေးတွေအမျိုးမျိုးနဲ့ 
ငါ အားဆေးတွေထိုးပါရစေ။
ချစ်သူကို ကဗျာတပုဒ်အဖြစ်မှတ်
နှလုံးသားနဲ့ ခြေဆုံးခေါင်းဆုံး ဖတ်ကြည့်တော့
သူ့ အလှအပိုဒ်တိုင်းဟာ
ဘဝဆိုတဲ့ မမြင်မစမ်း တောလမ်းတခုက
မရလိုတဲ့ ဘဝင်နွမ်း မောပန်းမှုတွေကို
အလိုအလျောက်ပဲ သွားဖယ်မယ့် အရာ
ကိုယ်တယောက်တည်း နားလည်မယ့် ကဗျာပေါ့။
သူနဲ့ တွေ့ လိုက်တိုင်းမှာ
ဒုက္ခအကျိတ်ငယ်များဟာလည်း
လုံးဝ အဆိပ်ပြယ်သွားရတယ်။
သြော်…
အမြင်ကို ဖမ်းစားနေတဲ့ ပင်ကိုဟန်
ရင်ကိုယမ်းသွားစေတဲ့ ရွှင်ချိုသဏ္ဍန်လေးတွေနဲ့ 
သူ့ုအလှမှော်ကို ခံစားခဲ့ရတော့
လူ့ ဘဝက အတော်ကိုတန်သွားခဲ့ရပေါ့။
ဟော ဟိုမှာ တွေ့ လား
‘အလှ’စင်လေးတခုပေါ်မှာ
‘မ’..ယဉ်ကျေးမှုတွေ ပန်ထားတဲ့
သူ့ မျက်နှာနတ်ရေကန်လေးဟာ
ကိုယ့် ချစ်သူ ငွေလမင်းပဲ ဆိုတာကို
ဖူးစားရေးနတ်ရေ
ကူးကာရေးမှတ်။
ကောင်းကင်ကို

Wednesday, August 26, 2009
အချစ်ဆိုတဲ့ ထရိုဂျန်
စောင့်ကြည့်နေတဲ့နှုတ်ခမ်းတွေကလည်း ဘဝပွင့်ငယ်ကို အပီထောင်းသွားခဲ့ပြီ။
လျှောက်မိနေတဲ့လမ်းတွေကလည်း တရာ့ရှစ်ဆယ် ဒီဂရီ ပြောင်းသွားခဲ့ပြီ။
အတိတ်မှာ အရက်စက်ဆုံးမြှားချက်နဲ့ စိတ်ပိုင်းဒဏ်ရာ ရခဲ့သည်။
စိတ်ဟာ တက်ခဲ့တုန်းကလို အရှိန်အတိုင်း ပြန်ကာကျခဲ့ပြီ။
ဒီလိုနဲ့
အတွေးတွေက
သွေးတွေကို
ဝမ်းနည်းခြင်းမျက်ရည်အဖြစ်ပြောင်း
လမ်းခွဲခြင်း သက်သေအသစ်ပေါင်းလိုက်တယ်။
နင်ထပ်မလိုတဲ့ အထီးကျန်မေတ္တာတွေ
ရင်ဘတ်ဆိုတဲ့ မီးခံသေတ္တာထဲမှာသေလို့ ။
နှစ်လိုခဲ့တဲ့ ပရိုဂရမ်
အချစ်ဆိုတဲ့ ထရိုဂျန်ဟာ
ရင်ခုန်သံကို မြန်စေ၊ နှေးစေ၊ ရပ်တန့် စေသလား။
အချစ်ဟာ သူ့ ရဲ့ 
အလှအနုဆုံး လက်သီးနဲ့ 
ဘဝတခုလုံး ဖျက်ဆီးခဲ့တယ်။

Thursday, August 20, 2009
နာမည်လုပွဲ
“ဆရာတော်ကတော့ ဟောခဲ့တာပဲ” လို့ ရည်ညွှန်းတဲ့နေရာမှာ ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ) က ဟောခဲ့တာကို ရည်ညွှန်းတာပါ။
နာမည်လုပွဲ
သူများပါးစပ်ဖျားမှာ
ကိုယ့်စိတ်ကို တင်မထားဖို့ 
ဆရာတော်ကတော့ ဟောခဲ့တာပဲ။
ဒါပေမယ့်
ခပ်ညံ့ညံ့ အိတ်တလုံးတောင်
မန်ယူတံဆိပ် သုံးလိုက်ရုံနဲ့ 
တန်ဖိုးခုန်တက် သွားတာဆိုတော့
လူတွေ နာမည်ကို မက်ပြီပေါ့။
နာမည်ဆိုတာ
ပြာဖုံးနေတတ်တဲ့ မီးခဲ။
တခါ တခါ အဲဒီ့ပြာတွေက
လွင့်ချင်လွင့်တတ်တာ။
ဒီလိုနဲ့ လောကကြီးမှာ
ထုထောင်းသံတွေနဲ့ဖန်တရာတေ
ဝမရှိတဲ့ ဝိတွေ သံသရာရှည်ခဲ့။
နာမည်ကြီးရုံ သက်သက်ပဲဆိုရင်
အမြော်အမြင်တွေမှ မလိုတာ။
မဟာအကြံ အထွေအထူးများနဲ့ 
သာမန်ရေကူးသမားမှာလည်း
အိုလံပစ် ချန်ပီယံတွေ ထက်တောင်
နာမည်ကြီးခွင့် ရှိသေးတာပဲ။
နာမည်ကြီးရုံ သက်သက်ပဲဆိုရင်
ဖြီးနိုင်ရင်လည်း ရတတ်တာပဲ။
ဒီလိုနဲ့ ပဲ
ကိုယ့်ကိုကိုယ်တွေကျ
အတိုဆုံးပေတံတွေနဲ့ တိုင်း
အချိုဆုံးဝေဖန်နေတဲ့ အသိုင်းအဝိုင်းထဲက
တချို့ နိုင်ငံရေးကစားပွဲတွေထဲမှာ
တချို့ အပေါစား စာမျက်နှာတွေပေါ်မှာ
တချို့ အထူးနည်းပညာအစည်းအဝေးတွေမှာ
ကန့် လန့် ကာတွေချပြီး
အကြောင်းမသိသူတွေကို လှည့်စား
မှတ်တိုင်များကို လိမ်ပြီးစိုက်
နာမည်တွေကို အချောင်နှိုက်ဖို့ 
အကြံတူ ရန်သူတသိုက်ရဲ့ 
ပါးစပ်တွေ ခါးတောင်းကျိုက်နေကြတယ်။
ကောင်းကင်ကို
နာမည်လုပွဲ
သူများပါးစပ်ဖျားမှာ
ကိုယ့်စိတ်ကို တင်မထားဖို့ 
ဆရာတော်ကတော့ ဟောခဲ့တာပဲ။
ဒါပေမယ့်
ခပ်ညံ့ညံ့ အိတ်တလုံးတောင်
မန်ယူတံဆိပ် သုံးလိုက်ရုံနဲ့ 
တန်ဖိုးခုန်တက် သွားတာဆိုတော့
လူတွေ နာမည်ကို မက်ပြီပေါ့။
နာမည်ဆိုတာ
ပြာဖုံးနေတတ်တဲ့ မီးခဲ။
တခါ တခါ အဲဒီ့ပြာတွေက
ဗန္ဓုလသုံးခဲ့တဲ့ နည်းလမ်းဟောင်းနဲ့ 
လွင့်ချင်လွင့်တတ်တာ။
ဗန္ဓုလလိုမျိုး မီးခဲစစ်အောင်
ကြိုးစားခဲ့သူတွေကျတော့ ရှားတယ်။
ဒီလိုနဲ့ လောကကြီးမှာ
ထုထောင်းသံတွေနဲ့ဖန်တရာတေ
ဝမရှိတဲ့ ဝိတွေ သံသရာရှည်ခဲ့။
နာမည်ကြီးရုံ သက်သက်ပဲဆိုရင်
အမြော်အမြင်တွေမှ မလိုတာ။
မဟာအကြံ အထွေအထူးများနဲ့ 
သာမန်ရေကူးသမားမှာလည်း
အိုလံပစ် ချန်ပီယံတွေ ထက်တောင်
နာမည်ကြီးခွင့် ရှိသေးတာပဲ။
နာမည်ကြီးရုံ သက်သက်ပဲဆိုရင်
ဖြီးနိုင်ရင်လည်း ရတတ်တာပဲ။
ဒီလိုနဲ့ ပဲ
ကိုယ့်ကိုကိုယ်တွေကျ
အတိုဆုံးပေတံတွေနဲ့ တိုင်း
အချိုဆုံးဝေဖန်နေတဲ့ အသိုင်းအဝိုင်းထဲက
တချို့ နိုင်ငံရေးကစားပွဲတွေထဲမှာ
တချို့ အပေါစား စာမျက်နှာတွေပေါ်မှာ
တချို့ အထူးနည်းပညာအစည်းအဝေးတွေမှာ
ကန့် လန့် ကာတွေချပြီး
အကြောင်းမသိသူတွေကို လှည့်စား
မှတ်တိုင်များကို လိမ်ပြီးစိုက်
နာမည်တွေကို အချောင်နှိုက်ဖို့ 
အကြံတူ ရန်သူတသိုက်ရဲ့ 
ပါးစပ်တွေ ခါးတောင်းကျိုက်နေကြတယ်။
ကောင်းကင်ကို
Sunday, August 9, 2009
နန်းအချ ခံခဲ့ရတဲ့ မြို့ 
ကိုယ့်မြို့ ကိုယ် အိန်ဂျယ်လ်တပါးနဲ့ တင်စားမယ်ဆိုရင်တောင်
ရန်ကုန်ဟာ
လျှပ်စစ်မီးမရတဲ့ညနဲ့ 
နတ်ဖြစ်ပြီးမလှတဲ့ဘဝ။
ကိုယ့်အမေ ကိုယ့်ဆီလာတာတောင်မှ
ခွေးသားကြီးတွေနဲ့ မျက်နှာခြင်းဆိုင်
ပြေးလွှားပြီး ဧည့်စာရင်းတိုင်နေရတယ်။
အပြင်ပန်းတွေပြောပြီး လုပ်စားနေတဲ့မြို့ မှာ
သင်တန်းတွေပေါပြီး အလုပ်ရှားတယ်။
အရှေ့ တောင်အာရှရဲ့ မာနမင်းသားဟောင်းဟာ
နအဖ ဗိုလ်ချုပ်များရဲ့ လက်သီးပြင်းနဲ့ 
တစစ ပိုစုတ်သွားအောင် ဖျက်ဆီးခြင်း ခံနေရတယ်။
ရန်ကုန်မြို့ရဲ့ ရင်ဝမှာ နားကိုကပ်
ကြားတာကို ကြားသလိုမှတ်ကြည့်တော့
အလုပ်လက်မဲ့ ပွဲစားတွေရဲ့ လေရောင်းသံတွေ
မီးလာတုန်းမှာ အလုအယက် ရေမောင်းသံတွေ
ကုန်းအော်နေတဲ့ စပါယ်ယာတွေရဲ့ ရွှေစောင်းသံတွေ
ရုံးပေါ်က ကယ်ပါတွေရဲ့ ငွေတောင်းသံတွေနဲ့ 
ရန်ကုန်မှာ
အသံစုံနေတော့တယ်။

Saturday, August 8, 2009
Tuesday, August 4, 2009
တိုက်စစ်မှူးမဟုတ်တဲ့ တိုက်စစ်မှူး
'အေ'ဟာ မထီသလိုသဘောနဲ့ 
အသေအချာ ဘီကိုပြောတယ်
“ကလောင်တွေ ရွှေ့ ရုံနဲ့ 
တောင်တွေ မရွေ့ ဘူး”တဲ့။
'ဘီ'ဟာ မမှုသလိုသဘောနဲ့ 
ရီကာ အခုလို ပြောတယ်။
“ယုံကြည်ချက်ဟာ တောင်တွေကို ရွှေ့ နိုင်တယ်”တဲ့။
“ကလောင်နဲ့ ယုံကြည်ချက်တွေကို ရွှေ့ မယ်။”
'အေ'ဆိုတဲ့ သူငယ်ချင်းရေ
ဘဝပေါင်းများစွာ ထည့်အကြိတ်ခံတာတောင်
ဆီမဖြစ်သေးတဲ့ပွဲမှာ
ပါဝါရထားတဲ့ အရုပ်ကရော
ဘေးကထွက်ကြည့်နေတဲ့ အရုပ်ကပါ
ပွန်းတွေစိတ်အားထက်သန်တဲ့တကျပ်တပြား
နည်းတယ်ဆိုပြီး ငြင်းသင့်သလား။
ပြောနေ ဆိုနေတုန်းမှာပဲ
ဆောင်းဦးလှိုင်ရဲ့ သီချင်းသံ
ဂီတတောင်ပံနဲ့ ဝဲပျံလာတယ်။
“လူဟာ…ခံစားမှုရဲ့ တွန်းကန်အားကို ရရှိနိုင်မှ
ငါတို့ အကောင်းဆုံးဆုများ ယူနိုင်မှာ”တဲ့။
ကဲ..ကဲ..သူငယ်ချင်းတို့ 
ခွဲခြားခြင်းဟာ အမှားတခုမို့ 
တွဲကစားရင်းသာ အားစုစို့ ။

Tuesday, July 28, 2009
ငါသုံးငါ
အတိတ်ဘဝကငါ…..
အခုရုပ်နဲ့မဟုတ်ခဲ့တဲ့ငါ
အခုစိတ်နဲ့ လည်း မဟုတ်ခဲ့တဲ့ငါ
သူစိုက်ပျိုးခဲ့သမျှ ဒုက္ခ
ငါရိတ်သိမ်းနေရ။
နောက်ဘဝ ဖြစ်မယ့်ငါ
ဝှက်ဖဲ တချပ်ဖြစ်နေတဲ့ငါ…..
အခုရုပ်နဲ့ မဟုတ်တော့မယ့်ငါ
အခုစိတ်နဲ့ မဟုတ်တော့မယ့်ငါ
ငါမမှတ်မိတော့မယ့် ငါမှာ
ငါနဲ့ တူတာ ဘာကျန်ဦးမလဲ။
သေချာမမြင်နိုင်သေးတော့လည်း
နောက်ဘဝငါဆိုတာ တခြားတယောက်လိုပဲ။
အခုလက်ရှိငါ
ငါသန်းပေါင်းများစွာထဲက ငါပေါ့
ငါက…
အခုရေတွင်းတူးရင် အခုရေကြည်သောက်ရမှ ကျေနပ်တတ်တယ်။
ငါက
ညောင်ပင်ရမရ မသေချာတိုင်း ညောင်စေ့လေးကို နှမြောတတ်တယ်။
ငါက
တသောင်းလှူချိန်မှာ နောက်ဘဝဆိုတာကိုသတိရပြီး
တသိန်းလိမ်ချိန်မှာ နောက်ဘဝဆိုတာကို မေ့ထားတတ်တယ်။
ငါက
အပေးအယူလေးနဲ့ မှ
ပြေးကူဖေးမ လေ့ရှိတယ်။
ဖောင်စီးဆဲ ရေငတ်နေတဲ့ငါပေါ့
အမှောင်ကြီးထဲ နေတတ်နေတဲ့ငါ။
လူ့ စိတ်ဆိုတာကလည်း
အချိန်နဲ့ အမျှပြောင်းနေတဲ့
အီကွေးရှင်းတကြောင်းလား?
မကောင်းတာလုပ်ဖို့ လွယ်နေတဲ့အချိန်မှာ ငါက ငရဲကိုမေ့တယ်။
ကောင်းတာလုပ်ဖို့ ခက်နေတဲ့အချိန်မှာ ငါက နတ်ပြည်ကိုမေ့တယ်။
ငါက
အကောင်အထည်ဖော်နိုင်ခွင့်သိပ်မရှိတဲ့ အချိန်တွေကျ
တခါသုံးမေတ္တာတွေကို နှုတ်ခမ်းလေးလှုပ်ရုံပဲထုတ်တယ်။
လက်တွေ့ ဖြည့်ဆည်းပေးရမယ့် အချိန်ကျ
ငါ့လက်ဖဝါးမှာ မေတ္တာတွေခန်းနေတတ်တယ်။
ဒီလိုနဲ ငါဟာ
အဖိုးတန်ရတနာတွေကို
တကန့် စာ မီးခံသေတ္တာထဲမှာ သိမ်းထားလိုက်ပြီး
နံနက်ခင်းတချို့ မှာ စိတ်ဖြေရုံပဲ ထုတ်ကြည့်နေခဲ့။
ရေရဲ့ ပြင်ပမှာ မနေနိုင်တဲ့ငါးတွေလို
ကြိုးတွေရဲ့ ပြင်ပမှာ မနေနိုင်တဲ့ငါက
ယောနသံစင်ရော်လိုလည်း ပျံချင်ခဲ့တယ်။
တကယ်လို့ 
ခုချက်ခြင်း ဆုတောင်းတွေ ပြည့်မယ်ဆိုရင်တောင်
ခုချက်ခြင်း ကြိုးတွေကို ငါဖြတ်ရဲပါ့မလား။
နောက်ဆုံးတော့….
အမှုတရာနဲ့ 
အခုငါကို
စာတကြောင်းတည်းနဲ့ ပြောရရင်
ငါဟာ
ဗြောင်းဆန်အမှားတွေနဲ့ 
ပြောင်းပြန်သွားနေတဲ့ ရထား။

Wednesday, July 22, 2009
ပန်းသီးပေးတဲ့ကောင်မလေး(by Herman Rosenblat)
ဘာသာပြန် ဝတ္ထုတိုလေးကို ဒုတိယအကြိမ်ပြန်တင်လိုက်ပါတယ်။
"ကျွန်တော့်ကံကြမ္မာက ကျွန်တော့်ကို အသေစီရင်ဖို့ ပြဌာန်းခဲ့ပြီးသား။ မေလ ၁၀ရက်နေ့ (၁၉၄၅) နံနက် ၁၀ နာရီမှာ ဓာတ်ငွေ့ လွှတ်ထားတဲ့ အခန်းထဲမှာ အသတ်ခံရမယ့် စာရင်းထဲမှာ ကျွန်တော်ပါတယ်။ ခြောက်ခြားဖို့ ကောင်းအောင်တိတ်ဆိတ်နေတဲ့ မနက်စောစောအာရုဏ်ဦးမှာ ကျွန်တော်သေဖို့ ပြင်ဆင်ခဲ့ရတယ်။ ဟိုအရင်က သေမင်းက ကျွန်တော့်ကိုခေါ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် ကျွန်တော် တစ်နည်းနည်း
နဲ့ လွတ်မြောက်ခဲ့တာ ချည်းပဲ။ ဒါပေမယ့် ဒီတစ်ခါတော့ မရတော့ဘူး ..."

***** ***** *****
၁၉၄၂ ခုနှစ်၊ August လ…ပိုလန်နိုင်ငံ ပီယော့တိုကို မြို့ 
ကောင်းကင်တစ်ခုလုံး မဲမှောင်နေလို့ …
ပီယော့တိုကိုမြို့  က ဂျူးတွေအားလုံး ယောကျာ်းမိန်းမ မရွေး၊ ကလေးပါမကျန် ကွင်းပြင်ကြီး တစ်ခုထဲကို မောင်းအသွင်းခံနေရတယ်။ ကျွန်တော်တို့ အပြောင်းရွှေ့ ခံကြရတော့မယ်လို့ လည်း သတင်းတွေကြားနေရတယ်။ ကျွန်တော့် အဖေကတော့ ပြွတ်သိပ်ပြီး နေနေရတဲ့ ကျွန်တော်တို့ ဂျူးတွေကြားမှာ ကူးစက်ပျံနှ့ံလာတဲ့ အပြင်းစား အဖျားရောဂါ
နဲ့ ဆုံးသွားတာ မကြာသေးပါဘူး။
ကျွန်တော်တို့ မိသားစု တကွဲတပြားစီ ဖြစ်သွားမှာကို ကျွန်တော်အရမ်းစိုးရိမ်တယ်ဗျာ။ ကျွန်တော့် အစ်ကိုကြီး အစ်ဇစ်ဒို ကတော့ ကျွန်တော့်အသက်ကို မေးလာရင် ၁၆ နှစ်လို့ ပြောဖို့ တိုးတိုးတိတ်တိတ် မှာပါတယ်။ ကျွန်တော့် အရပ်က ကျွန်တော့်အသက် ၁၁ နှစ်နဲ့ စာရင် တော်တော်လေးရှည်တာမို့ ကျွန်တော့်ကိုယ် ကျွန်တော် ၁၆ နှစ်လို့ ပြောရင့် သူတို့ ယုံကြလိမ့်မယ်ထင်တာပဲ။ ဒါဆိုရင် ကျွန်တော့်ကို အလုပ်လုပ်နိုင်တဲ့ အရွယ်လို့ သူတို့ သတ်မှတ်ကြလိမ့်မယ်။
“ဒေါက်..ဒေါက်..ဒေါက်” ဟော..ခြေသံတွေ….
ဘွတ်ဖိနပ်နဲ့ လမ်းခင်းကျောက် ထိမိလို့ ထွက်လာတဲ့ခြေသံတွေ….
နာဇီလက်အောက်ခံ SS (Schutztaffel) က စစ်သားတစ်ယောက် ကျွန်တော့်အနားကို ချဉ်းကပ်လာပါတယ်။ သူကျွန်တော့်ကို ခြေဆုံးခေါင်းဆုံး စေ့စေ့စပ်စပ်ကြည့်ပြီး ကျွန်တော့် အသက်ကို မေးပါတယ်။
ကျွန်တော်သူ့ ကို ထိတ်ထိတ်လန့် လန့် နဲ့ ပဲ ပြန်ဖြေလိုက်ပါတယ်။ “၁၆ နှစ်”
သူက ကျွန်တော့်ကို ကျွန်တော့် အစ်ကိုသုံးယောက်အပါအဝင် တခြားကျန်းမာသန်စွမ်းတဲ့ လူငယ်ကောင်လေးတွေ ရပ်နေကြတဲ့ ဗယ်ဘက်ကို သွားဖို ညွှန်ပြလိုက်ပါတယ်။
ကျွန်တော့်အမေကတော့ တခြားမိန်းမတွေ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ မကျန်းမာတဲ့သူတွေ ရပ်နေရတဲ့ ညာဘက်ခြမ်းကို သွားရပါတယ်။ ဒါနဲ့ ဘာကြောင့်လဲဆိုတာ ကျွန်တော်သိချင်လို့ ကျွန်တော့်အစ်ကို အစ်ဇီဒိုကို တိုးတိုးလေးမေးလိုက်ပါတယ်။ အစ်ကိုက ပြန်မဖြေပါဘူး။ ကျွန်တော် အမေ့ ဆီကိုပြေးသွားပြီးတော့
အမေနဲ့ အတူနေချင်တဲ့အကြောင်းပြောလိုက်တယ်။ အမေက ခပ်ပြတ်ပြတ်ပဲ ငြင်းပါတယ်။ “ဟာ…ငါ့ကို ဘာမှအဓိပ္ပါယ် မရှိတာတွေ လာပြောမနေနဲ့ ။ နင့်အစ်ကိုတွေ ရှိတဲ့နေရာကိုသွားစမ်း”။ အမေ ကျွန်တော့်ကို တစ်ခါမှ အဲဒီလိုမျိုး ကြမ်းကြမ်းတမ်းတမ်းမဆူဘူးသေးပါဘူး။ ဒါပေမယ့် ကျွန်တော့်ကို စိုးရိမ်စိတ်နဲ့  အမေ အကာအကွယ်ပေးလိုက်တာပဲ ဆိုတာကို ကျွန်တော်နားလည်ခဲ့ပါတယ်။ အမေက ကျွန်တော့်ကိုအရမ်းချစ်တော့ ဒေါသထွက်ဟန်ဆောင်ပြီး ပြောခဲ့တာပါ။ အဲဒီ့ အချိန်ဟာ ကျွန်တော် အမေ့ကို နောက်ဆုံးတွေ့ လိုက်ရတဲ့ အချိန်ပေါ့။
ကျွန်တော်တို့ ကို ကျွဲတွေနွားတွေ တင်တဲ့ကားနဲ့ ခေါ်သွားပြီးတော့ ဂျာမနီကို ပို့ လိုက်ပါတယ်။ ကျွန်တော်တို့ လူတွေအရမ်း ပြွတ်သိပ်နေတဲ့ ဘူးခန့် ဝဲ(လ်)(ဒ်) (Buchenwald) ငရဲခန်း ကိုရောက်သွားပါတယ်။ ကျွန်တော်တို့ ကို Uniform ထုတ်ပေးပြီး ကိုယ်ပိုင်နံပါတ် တစ်ခုစီလည်းပေးပါတယ်။ ကျွန်တော့် အစ်ကိုတွေကို ကျွန်တော် ပြောလိုက်ပါတယ်။ “ငါ့ကို ဟာမန် လို့ မခေါ်နဲ့ တော့။ 94983 လို့ ပဲခေါ်ကြတော့”။ ကျွန်တော် အကျဉ်းစခန်းထဲက မီးသင်္ဂြိုလ်ရုံမှာ လူသေအလောင်းတွေကို လက်လှည့်လှေကား ပေါ်တင်ပေးရတဲ့ အလုပ်ကိုလုပ်ရပါတယ်။ ကျွန်တော်လည်း လူသေအလောင်းတွေနဲ့ ဘာထူးသေးလို့ လဲ။ ကျွန်တော့်ကိုယ် ကျွန်တော် သေဆုံးသွားသလို ခံစားရတယ်။ သြော်…ကျွန်တော့်ဘဝကလည်း အသက်မရှိတဲ့ နံပါတ်တစ်ခုသာ။
ကျွန်တော့်အစ်ကိုနဲ့ ကျွန်တော့်ကို ဘူခန့် ဝဲ(လ်)(ဒ်) အကျဉ်းစခန်း ရဲ့  ဘာလင်မြို့ နားက အကျဉ်းစခန်းခွဲတစ်ခု (Schlieben) ကို ပို့ လိုက်ပါတယ်။ တစ်မနက်မှာတော့ အမေ့  ရဲ့ အသံကို ကျွန်တော် ကြားယောင်မိတယ်ဗျာ။ “သား အတွက် မေမေ နတ်မိမယ် တစ်ပါး လွှတ်လိုက်တယ်” တဲ့။ ပျော့ပျောင်းညင်သာစွာ ကျွန်တော့်ကို ပြောလိုက်တဲ့အမေ့ ရဲ့ အသံကို ကျွန်တော်သေသေချာချာကို ကြားလိုက်ရတယ်ဗျာ။
နောက်တော့ကျွန်တော် နိုးလာပါတယ်။ သြော်…ငါ အိပ်မက် မက်နေတာပါလား။ နတ်မိမယ်လေး လွှတ်လိုက်မယ်တဲ့။ အရမ်းလှတဲ့ အိပ်မက်လေးပဲ။ ဒါပေမယ့် ဒီလိုနေရာမျိုးမှာ နတ်မိမယ် တော့ ဘယ်လိုမှမရှိနိုင်ဘူး။ ဝန်နဲ့ အားနဲ့ မမျှတဲ့အလုပ်၊ ဆာလောင်မွတ်သိပ်မှုနဲ့  အကြောက်တရားတွေပဲ ဒီနေရာမှာ ရှိတယ်။
ရက်အနည်းငယ် အကြာမှာတော့ ကျွန်တော် အကျဉ်းစခန်း ထဲမှာ တစ်ယောက်တည်း လျှောက်သွားရင်းနဲ့ အကျဉ်းသားတန်းလျားတွေရဲ့ နောက်၊ အစောင့်တွေအလွယ်တကူမမြင်နိုင်တဲ့ သံဆူးကြိုးတွေကာထားတဲ့ ခြံဝင်းအနီး ကို ရောက်သွားပါတယ်။ ခြံစည်းရိုးရဲ့ အခြားတစ်ဘက်မှာ ဆံပင်ကောက်ကောက်နဲ့ ကောင်မလေးတစ်ယောက်ရှိနေတာကို ကျွန်တော်သတိထားမိပါတယ်။ သူက သူ့ ရဲ့ ကိုယ်တစ်ဝက်ကို သစ်ပင်တပင်နဲ့ ကွယ်ထားပါတယ်။ ကျွန်တော် တစ်ချက် မျက်စေ့ ကစားပြီး ပတ်ဝန်းကျင်မှာ ကျွန်တော့်ကို မြင်နိုင်တဲ့သူရှိမရှိ အကဲခတ်လိုက်ပါတယ်။ ကျွန်တော့်ကို တခြားမြင်နိုင်တဲ့သူ မရှိနိုင်တာသေချာတာနဲ့  သူ့ ကို ကျွန်တော် ဂျာမန်လို တိုးတိုးလေး စားစရာတစ်ခု ရှိမရှိ မေးလိုက်ပါတယ်။ သူက ကျွန်တော်ပြောတာကို နားမလည်ပါဘူး။ ကျွန်တော် ခြံစည်းရိုးနားကို နည်းနည်း ထပ်တိုးသွားပြီးတော့ ပိုလန်လို ထပ်မေးလိုက်ပါတယ်။ သူ ရှေ့ ကို တစ်လှမ်းတိုးလာပါတယ်။ ကျွန်တော်ဟာ ပိန်ချုံးနေပြီး ခြေထောက်မှာလည်း အဝတ်စုတ်တွေနဲ့ ပတ်ထားပါတယ်။ ဒါပေမယ့် ကောင်မလေးကြည့်ရတာ ရွံ့ တွန့် တွန့် ဖြစ်နေပုံ မရပါဘူး။
သူ့ ရဲ့ မျက်လုံးတွေထဲမှာ ကျွန်တော် အသက်ဓာတ်တစ်မျိုးကို တွေ့ ရပါတယ်။ သူက သူ့ ရဲ့  သိုးမွေး အင်္ကျီထဲကနေ ပန်းသီးတစ်လုံးကို ဆွဲထုတ်လိုက်ပြီး ခြံစည်းရိုးပေါ်ကို ကျော်ပစ်ပေးပါတယ်။ ကျွန်တော် အဲဒီ့ပန်းသီးကို ဖမ်းလိုက်ပြီး အဝေးကို ချက်ခြင်း ပြေးထွက်ခဲ့ပါတယ်။ သူမရဲ့ အသံဖျော့ဖျော့ လေးကို လည်းကျွန်တော်ကြားလိုက်ရပါတယ်။ မနက်ဖန်လည်း လာခဲ့မယ်တဲ့။
ဒါပေမယ့် ကျွန်တော်ကတော့ သူပြန်လာလိမ့်မယ်လို့ မထင်ပါဘူး။ အရမ်းအန္တရာယ်များတယ်လေ။ ဒါပေမယ့် နောက်တစ်ရက် အဲလိုအချိန်မှာ အဲဒီ့နေရာကို ကျွန်တော်မသွားပဲ မနေနိုင်ဘူးဗျာ။ ကျွန်တော် မျှော်လင့်ချက်တဝက်၊ စိုးရိမ်စိတ် တဝက်
နဲ့ သွားခဲ့ပါတယ်။ သူရှိနေပါတယ်။ မနေ့ က ကောင်မလေး။ သူ သစ်ပင်နောက်ကွယ်ကနေ ထွက်လာပြီးတော့ မနေ့ ကလိုပဲ တစ်စုံတစ်ခုကို ခြံစည်းရိုးပေါ်ကျော်ပြီး ပစ်လိုက်ပါတယ်။ ဒီတစ်ခါတော့ ပေါင်မုန်.။ ပေါင်မုန့် တစ်တုံးကိုထုပ်ပြီး ကျောက်တုံးတစ်တုံးနဲ့ တွဲချည်ပြီး ပစ်လိုက်တာ။ ကျွန်တော် သူ့ ကို အရမ်းပဲကျေးဇူးတင်မိပါတယ်။ ကျွန်တော် ပေါင်မုန့် ကို ဆာလောင်မွတ်သိပ်စွာ စားရင်းကနေ ပေါင်မုန့် က ကျွန်တော့် အစ်ကိုတွေနဲ့ ဝေစားလို့ ရလောက်အောင် ကြီးရင် ကောင်းမယ်
လို့ တွေးမိပါတယ်။ ကျွန်တော် ကောင်မလေးကို ကြည့်လိုက်တော့ မရှိတော့ပါဘူး။
ကျွန်တော်နေ့ တိုင်းနေ့ တိုင်း အချိန်ကျတာနဲ့ ခြံစည်းရိုးနားက အဲဒီ့နေရာကို အမြဲသွားပါတယ်။ကောင်မလေးကလည်း ကျွန်တော့်အတွက် စားစရာတစ်ခုခုယူလာပြီး အဲဒီ့နေရာကို မပျက်မကွက် လာရှာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စကားမပြောရဲ ကြပါဘူး။ ကြာကြာလည်း မနေရဲ ကြပါဘူး။ အဖမ်းခံရရင် ကျွန်တော်တို့ နှစ်ယောက်လုံးအတွက် အသက်အန္တရာယ်ရှိပါတယ်။ ကျွန်တော် ကောင်မလေးရဲ့ အကြောင်းကို ဘာမှမသိပါဘူး။ သူဟာ ကြင်နာတတ်တဲ့ကောင်မလေးတစ်ယောက်။ ပြီးတော့ ပိုလန်စကားကို နားလည်ပုံရတယ်။ ကျွန်တော်ဒီလောက်ပဲ သိပါတယ်။ သူ့ နာမည်ဘယ်သူလဲ? ကျွန်တော့်အတွက် သူ ဘာကြောင့် ဒီလောက်စွန့် စားသလဲ? အခုလို မျှော်လင့်ချက်တွေ ကင်းမဲ့နေတဲ့ အချိန်မှာ သူက ခြံစည်းရိုး ဟိုဘက်ခြမ်းကနေပြီးတော့ မျှော်လင့်ချက်နဲ့ စားစရာပေါင်မုန့် တွေ ပန်းသီးတွေကို ပေးပါတယ်။
ခုနစ်လလောက်ကြာတော့ ကျွန်တော်တို့ ညီအစ်ကိုတွေနဲ့ တခြားလူတွေကို ကျောက်မီးသွေးတင်တဲ့ကားပေါ် စုပြုံတင်ပြီး ချက်ကိုစလိုဗက်ကီးယားနိုင်ငံမှာ ရှိတဲ့ တီရီဆန်စတပ် camp ကို ပို့ လိုက်ပါတယ်။ မသွားခင် တစ်ရက်မှာ ကောင်မလေးကို နောက်နေ့ တွေမလာတော့ဖို့ နဲ့ ကျွန်တော်တို့ သွားရတော့မယ့် အကြောင်းကို ပြောလိုက်ပါတယ်။ ပြီးတော့ ကျွန်တော့်ကို ပန်းသီးတွေပေးတဲ့ အမည်မသိ ကောင်မလေးကို ကျွန်တော် နှုတ်လည်းမဆက်၊ နောက်လည်း ပြန်လှည့်မကြည့်ပဲနဲ့ ကျွန်တော့်နေရာဆီကို ဦးတည်ပြီး လှည့်ထွက်လာခဲ့ပါတယ်။
ကျွန်တော်တို တီရီဆန်စတပ် camp မှာ ၃လ နေခဲ့ရပါတယ်။ စစ်ကြီးရဲ့ အရှိန်ဟာ လျော့ကျလာပြီး မဟာမိတ်တပ်တွေလည်း ရောက်လာခါလည်းနီးပါပြီ။ ဒါပေမယ့် ကျွန်တော့်ကံကြမ္မာက ကျွန်တော့်ကို အသေစီရင်ဖို့ ပြဌာန်းခဲ့ပြီးသား။ မေလ ၁၀ရက်နေ့ (၁၉၄၅) နံနက် ၁၀ နာရီမှာ ဓာတ်ငွေ့ လွှတ်ထားတဲ့ အခန်းထဲမှာ အသတ်ခံရမယ့် စာရင်းထဲမှာ ကျွန်တော်ပါတယ်။ ခြောက်ခြားဖို့ ကောင်းအောင်တိတ်ဆိတ်နေတဲ့ မနက်စောစောအာရုဏ်ဦးမှာ ကျွန်တော်သေဖို့ ပြင်ဆင်ခဲ့ရတယ်။ ဟိုအရင်က သေမင်းက ကျွန်တော့်ကိုခေါ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် ကျွန်တော် တစ်နည်းနည်းနဲ့ လွတ်မြောက်ခဲ့တာ ချည်းပဲ။ ဒါပေမယ့် ဒီတစ်ခါတော့ မရတော့ဘူး။ ကျွန်တော် အဖေနဲ့ အမေ့အကြောင်းတွေးလိုက်တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် သူတို့ နဲ့ ပြန်ဆုံစည်းရတော့မယ်။ မနက် ၈နာရီမှာ ကျွန်တော် ဆူဆူညံညံ အသံတွေကြားလိုက်ရပြီး လူတွေဟိုပြေးဒီပြေးနဲ့ အကျဉ်းစခန်းတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်နေတာ တွေ့ လိုက်ရတယ်။ ကျွန်တော့် အစ်ကိုတွေနောက်ကို ကျွန်တော်ပြေးလိုက်သွားတယ်။ ရုရှားတပ်တွေက ကျွန်တော်တို့ ကိုလွှတ်ပေးလိုက်ပြီတဲ့။
ဂိတ်တံခါးက ပွင့်နေပြီ။ လူတွေလည်း ပြေးလွှားနေကြတယ်။ ကျွန်တော်လည်း သူတို့ နဲ့ အတူတူ လိုက်ပြေးတာပေါ့။
အံ့သြစရာ တော့ကောင်းတယ်ဗျာ။ ကျွန်တော်တို့ ညီအစ်ကိုတတွေ အားလုံး ငရဲခန်းကြီးထဲမှာ တစ်ယောက်မှ မသေပဲ အသက်ရှင်ကျန်ရစ်ခဲ့ကြတယ်။ ဘာကြောင့်လဲတော့ မသိဘူး။ ကျွန်တော်သိတာကတော့ ကျွန်တော်သေကံမရောက် သက်မပျောက်ပဲ ကျန်ရစ်ခဲ့ရတဲ့ အဓိက အကြောင်းရင်းဟာ ပန်းသီးပေးတဲ့ ကောင်မလေးကြောင့်။ အနိဌာရုံတွေ ကြီးစိုးနေတဲ့နေရာမှာ ကျွန်တော့်နတ်သမီးလေးက ကျွန်တော့်ကိုကယ်ခဲ့တယ်။ မျှော်လင့်ချက်လုံးဝမရှိတဲ့ နေရာမှာ မျှော်လင့်ချက်တွေ ပေးခဲ့တယ်။ အိပ်မက်ထဲမှာ ကျွန်တော့်အမေ ကျွန်တော့်ကို ကတိပေးခဲ့သလိုပဲ ကျွန်တော့်ဆီကို နတ်မိမယ်လေးတစ်ပါး လာရောက်ပြီး ကျွန်တော့်အတွက် နေ့ စဉ် မျှော်လင့်ချက် လေးတွေ ပေးခဲ့တယ်။
နောက်ဆုံးမှာတော့ ကျွန်တော် ဂျူးအဖွဲ့ အစည်းတွေရဲ့ အထောက်အပံ့နဲ့  အင်္ဂလန်ကို သွားခဲ့တယ်။ ကျွန်တော့်လိုပဲ အစုလိုက်အပြုံလိုက် အသတ်ခံ ရမှုကနေ အသက်မသေပဲ လွတ်မြောက်လာခဲ့တဲ့ သူငယ်ချင်းတွေနဲ့ အဆောင်တစ်ခုမှာ အတူတူနေပြီး အီလက်ထရောနစ် ပညာကို သင်ယူခဲ့ပါတယ်။ နောက်တော့ ကျွန်တော့်အစ်ကို Sam ရောက်နှင့်နေပြီ ဖြစ်တဲ့ အမေရိကန်ကို ကျွန်တော်လိုက်သွားတယ်။ ကိုရီးယား စစ်ပွဲကာလမှာ အမေရိကန် စစ်တပ်မှာ ကျွန်တော် ဝင်အမှုထမ်းခဲ့ပြီး New York ကို ပြန်လာခဲ့ပါတယ်။ 1975 သြဂုတ် လမှာတော့ ကျွန်တော် အီလက်ထရွန်းနစ် စက်ပစ္စည်းပြင်ဆိုင်ကို ဖွင့်ခဲ့ပါတယ်။ ကျွန်တော် အခြေကျစ ပြုလာပါပြီ။
တစ်ရက်မှာတော့ ကျွန်တော် အင်္ဂလန်တုန်းက သိခဲ့တဲ့ သူငယ်ချင်း Sid ကဖုန်းဆက်ပါတယ်။
“ငါကောင်မလေးတစ်ယောက်နဲ့ date လုပ်ထားတယ်။ သူ့ မှာလည်းသူငယ်ချင်းတစ်ယောက်ရှိတယ်။ ငါတို့  double date လုပ်ရအောင်”
Blind date…အပြင်မှာ လူချင်းမတွေ့ ဖူးသေးပဲ ချိန်းတွေ့ ကြမှာ။ ကျွန်တော်ဒါမျိုးကို စိတ်မဝင်စားဘူး။ ဒါပေမယ့် ကျွန်တော့် သူငယ်ချင်းက အတင်းနားပူတာ နဲ့  ကျွန်တော်လက်ခံလိုက်တယ်။ ရက်အနည်းငယ် ကြာတော့ ကျွန်တော်တို့ ကောင်မလေးတွေနဲ့ တွေ့ ဖို့  Bronx ကိုသွားကြတယ်။ Blind date ဆိုပေမယ့် မဆိုးဘူးဗျာ။ ကျွန်တော်နဲ့ တွဲရတဲ့ ကောင်မလေး ရိုမာ က Bronx ဆေးရုံက Nurse. သူက ကြင်နာတတ်ပြီး စမတ်လည်း ကျတယ်။ လှလည်း လှတယ်ဗျာ။ သူ့ ဆံနွယ် အညိုရောင်လေးကိုကောက်ထားတယ်။ သူ့ မျက်လုံးတွေကလည်း အသက်ဝင်တောက်ပလို့ ။
ကျွန်တော်တို့ လေးယောက် Coney ကျွန်း ကို မောင်းသွားကြတယ်။ ရိုမာက ဖော်ရွေပျူငှာပြီး ပြောလို့ ဆိုလို့ ကောင်းတယ်ဗျာ။ ခင်မင်ရင်းနှီး သွားပြီးတော့ လူစိမ်းဆိုပြီး သတိထားနေရတာတွေ ပျောက်သွားတယ်နဲ့ တူပါတယ်။ ကျွန်တော်တို့ နှစ်ယောက် သူငယ်ချင်း စုံတွဲကို ဦးစားပေးတဲ့ အနေနဲ့  အတ္တလန္တိတ် ပင်လယ်လေကို ရှူရင်း ကမ်းခြေ ပျဉ်ခင်းလမ်းတစ်လျှောက် လမ်းလျှောက်ထွက်ကြပါတယ်။ ပြီးတော့ ကမ်းစပ်မှာ ညစာစားကြပါတယ်။ ဒီလောက် ပျော်စရာ ကောင်းတဲ့ည ကျွန်တော့် ဘဝမှာ မရှိသေးဘူးဗျာ။
ကျွန်တော်တို့ Sid ရဲ့ ကားဆီကို ပြန်ကြပါတယ်။ ကျွန်တော်နဲ ရိုမာ က နောက်ခုံမှာ အတူတူ ထိုင်ကြပါတယ်။ စစ်အတွင်းမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ သူတွေ မို့  ကျွန်တော်တို့ မှာ ပြောစရာတွေ အများကြီး ရှိနေပါတယ်။ သူက အဲဒီ့ အကြောင်းကို စလိုက်ပါတယ်။
“စစ်ဖြစ်နေတုန်းက ရှင်ဘယ်မှာလဲ” သူက တိုးတိုးလေးမေးပါတယ်။
“အကျဉ်းစခန်းမှာ” ကျွန်တော် နာကြည်းစွာ ဖြေလိုက်ပါတယ်။ အတိတ်က ဒဏ်ရာဒဏ်ချက် တွေက အခုထိ စိတ်ထဲမှာ ရှိနေတုန်းပဲ။ ကျွန်တော် ဘယ်လောက်ပဲ မေ့ဖို့ ကြိုးစားကြိုးစား မေ့လို့ ကို မရဘူးဗျာ။
သူက ခေါင်းလေး အသာညိမ့်လိုက်ပါတယ်။
“ကျွန်မတို့ မိသားစုကတော့ ဂျာမနီက ခြံတစ်ခုထဲ မှာ ပုန်းနေရတယ်။ ဘာလင်နဲ့ သိပ်မဝေးဘူး။”
သူက ဆက်ပြောပါတယ်။ “ကျွန်မတို့ ခြံနားမှာ အကျဉ်းစခန်း တစ်ခုရှိတယ်။ အဲဒီ့ အကျဉ်းစခန်းမှာကောင်လေး တစ်ယောက်ရှိတယ်။ ကျွန်မ သူ့ ကို နေ့ တိုင်း ပန်းသီးတို့ ပေါင်မုန့် တို့ သွားသွားပေးတယ်။”
ဟာ…ကြည့်စမ်း။တိုက်ဆိုင်လိုက်တာ။ ကျွန်တော့်အဖြစ်နဲ့ တူလိုက်တာ။ သူ ကျွန်တော့်လို တခြားကောင်လေး တစ်ယောက်ကို ကူညီခဲ့တာပဲ။ “အဲဒီ့ ကောင်လေးရဲ့ ပုံစံက ဘယ်လိုလဲ”ကျွန်တော်မေးလိုက်ပါတယ်။
အရပ်ရှည်ရှည် ပိန်ပိန်နဲ့ ။ လူက အရိုးပေါ်အရေတင်။ သူ့ ကြည့်ရတာ အမြဲ ဆာလောင်နေပုံရတယ်။ ကျွန်မ ခြောက်လလုံးလုံး သူ့ ဆီနေ့ တိုင်းသွားပြီး ပန်းသီးတို့ ပေါင်မုန့် တို့ ပေးခဲ့တယ်။”
ကျွန်တော် အရမ်းကို စိတ်လှုပ်ရှားသွားပါတယ်။ ကြားရတာတွေ ကို ယုံတောင်မယုံချင်ဘူးဗျာ။ “တစ်ရက်မှာ အဲဒီ့ ကောင်လေးက သူ Schlieben ကနေ သွားရတော့မှာမို့ နောက်နေ့ တွေ မလာတော့ဖို့ မပြောဘူးလား” “အင်း၊ ပြောတယ်” ရိုမာက ကျွန်တော့်ကို အံ့သြစွာ ကြည့်ရင်း ဖြေလိုက်ပါတယ်။
“အဲဒါ ကိုယ်ပဲပေါ့” ကျွန်တော် အရမ်း စိတ်လှုပ်ရှားသွားပြီး ပျော်လည်း ပျော်နေပါတယ်။ အဖြစ်အပျက်က တိုက်ဆိုင်လွန်းတာမို့ ကျွန်တော် ယုံတောင် မယုံနိုင်ဘူးဗျာ။ ကျွန်တော့် နတ်မိမယ်လေး ရိုမာ ကို ကျွန်တော် လက်လွှတ်မခံနိုင်တော့ပါဘူး။ ကျွန်တော် ကားထဲမှာပဲ ရိုမာကို ချစ်ရေးဆိုလိုက်ပါတယ်။ နောက်ထပ် အချိန်တွေ မစောင့်နိုင်တော့ဘူးဗျာ။
“ရှင် ရူးနေပြီ” ရိုမာက ပြောပါတယ်။ ဒါပေမယ့် နောက်အပတ်မှာ သူ့ ရဲ့ မိဘတွေနဲ့ အတူတူ ညစာ လာစားဖို့ ကျွန်တော့်ကို ဖိတ်ပါတယ်။ ကျွန်တော် ရိုမာ အကြောင်းကို သိစရာတွေ အများကြီး ကျန်ပါသေးတယ်။ ဒါပေမယ့် အရေးအကြီးဆုံး အချက်တွေကို တော့ သိထားပါတယ်။ အကြပ်အတည်းထဲမှာ သစ္စာရှိမှုတွေ၊ အနွံအတာခံတတ်မှုတွေ၊ကြင်နာတတ်မှုတွေ။ အရမ်းကို ဆိုးဝါးတဲ့ အခြေအနေမှာတောင် သူဟာ လပေါင်းများစွာ မပျက်မကွက် ခြံစည်းရိုးနားကို နေ့ တိုင်းလာပြီး မျှော်လင့်ချက်တွေ ပေးခဲ့ပါတယ်။ အခု ကျွန်တော် သူ့ ကို ပြန်တွေ့ နေရပါပြီ။ ကျွန်တော် သူ့ ကို လက်လွှတ်ဆုံးရှုံး မခံနိုင်ပါဘူး။ ညစာ အတူတူစားကြတဲ့ နေ့ မှာ သူ ကျွန်တော့် အချစ်ကို လက်ခံခဲ့ပါတယ်။ ကျွန်တော် ကလည်း စကားတည်ပါတယ်။ လက်ထပ်သက်တမ်း နှစ် ၅၀ ပြည့်ပြီး သားသမီးနှစ်ယောက်နဲ့ မြေးသုံးယောက် ရတဲ့ အထိ ကျွန်တော် သူ့ ကို ကျွန်တော့် ရင်ခွင်နဲ့ ဝေးရာ ကို တစ်ရက်တောင်မှ ထွက်ခွာသွားခွင့်မပြုခဲ့ဘူးလေ။ ။
Herman Rosenblat ရဲ့  "The Girl with the Apple" ကို ခံစားပြန်ဆိုပါသည်။
translated by ကောင်းကင်ကို

Sunday, July 19, 2009
Thursday, July 9, 2009
ခေါက်ရိုးကျိုးနေတဲ့ဇောက်ထိုး
မှတ်ချက်။ ပဉ္စမမြောက် အပိုဒ်မှာ “ရယ်”ကို “ရီ” လို့ ကာရန်ညီအောင် တမင်စာလုံးပေါင်းထားပါတယ်။
ခေါက်ရိုးကျိုးနေတဲ့ဇောက်ထိုး
အမှန်တရားက ချွေးသုတ်နေတုန်းမှာ
အကြံသမားက သွေးစုပ်နေတုန်း။
ခေတ်ကြီးကိုက
ဓမ္မတွေကို သေနတ်နဲ့ နားထင်ပေါ်ထောက်
ဓားပြတွေ အမှတ်တမဲ့ စင်ပေါ်ရောက်တဲ့ခေတ်။
လူကြီးတွေကအစ
ငါးပါးသီလကျတော့ မပြတ်အော်
စားဖားဗီဇရှိမှ သားမက်တော်ချင်ကြတယ်။
မကြိုးစားဘဲနဲ့ လူကြားထဲ ဆံ့ချင်သလား
မရိုးမသားနဲ့ မုသားပဲ ဖြန့် ချင်သလား
အင်တာနက် ခေတ်ကြီးထဲမှာ
အလစ်မှာ မရှက်မကြောက်စိတ်နဲ့ 
clickကာ တချက်လောက် နှိပ်လိုက်ရုံပဲ။
ကြိုးစားမှု သီအိုရီကို
သူခိုးအများစုက ဒီလိုရီသတဲ့။
“မင်းတို့ ဖိနပ်စီးနေတုန်းမှာ
ငါတို့ က ကမ္ဘာတပတ် ပတ်ပြီးပြီတဲ့”
အဲဒီ့စကားပုံက တခါတခါ သွေးပျက်လောက်အောင်မှန်တယ်။
ဒီလိုနဲ့ ငါ
ခံစားသမျှ ထွေးထုတ်
အဆန်သမားက စတေးလုပ် နေတုန်းမှာ
ဖျံသမားက ပြေးရှုပ်နေတုန်း

Friday, July 3, 2009
ကဗျာတွေပြတ်နေခိုက်
ကဗျာစောင့် စာစောင့် နတ်ဘီလူးတွေကြောင့်
ဖတ်စရာ စာတွေ ရှားပါးနေချိန်မှာ
ကြင်နာသူရဲ့  အသည်းနှလုံးထဲက ထွက်ပြေးလာတဲ့
ပုလဲလုံးလက်ရေး လေးတွေကိုပဲ
ကဗျာတွေပြတ်နေခိုက်
အဆာပြေဖတ်နေလိုက်တယ်။
စစ်မသာလဒ တွေကြောင့်
ခေတ်ကာလ ဆိုးမှောင်
မေတ္တာအလှ မိုးခေါင်နေချိန်မှာ
‘အကြင်နာသကြား’ လေးတွေနဲ့ ချိုနေတဲ့
သူ့ ရင်က စကား လေးတွေကိုပဲ
အကြင်နာတွေ ရှားနေခိုက်
ရင်မှာ ခံစားနေလိုက်တယ်။
ရှေ့ ကို ကြည့်လည်း လမ်းမမြင်
နောက်ကိုကြည့်လည်း လမ်းမမြင်မို့ 
လျှောက်ရတာလည်း ပန်းချင်ပြီတဲ့။
ဒါပေမယ့်…ကိုယ်ကတော့
လမ်းမမြင်သာတဲ့
စခန်း ဝင်္ကပါမှာ
ကြင်နာသူနဲ့  အသည်းချင်းဆက် လက်ချင်းတွဲပြီး
လမ်းတွေပျောက်နေခိုက်
အပန်းဖြေ လျှောက်နေလိုက်တယ်။
လူတွေရဲ့ ရင်ကို ခွဲကြည့်လိုက်ပါ။
ရက်စက်တဲ့ ကံကြမ္မာက
အဆက်မပြတ် အဖန်တရာ ညှဉ်းလာလို့ 
ငြင်းမရတဲ့ လှံချက်တွေနဲ့ ထုံနေပြီ။
တင်းထားတဲ့ သံပတ်တွေလည်း ကုန်နေပြီ။
ဒါပေမယ့် ကိုယ်ကတော့
ချစ်သူ့ ရင်ခွင် ပန်းမွေ့ ရာပေါ်မှာပဲ
အိပ်မက်တွေ ဖျော့ ဝါးနေခိုက်
စိတ်လက်ဖြေလျှော့ နားနေလိုက်တယ်။
အရာရာ ဈေးတွေတက်လို့ 
လူတကာ သွေးတွေပျက်နေချန်မှာ
ကိုယ်ကတော့ …ကြင်နာသူနဲ့ 
လက်ဘက်ရည်ဆိုင်မှာလည်း (လက်ဘက်ရည် တစ်ခွက်တည်းနဲ့ ) နှစ်ယောက်တစ်အိပ်မက်မက်
ဆိုက်ဘာ ကဖေးမှာလည်း (ကွန်ပျူတာ တစ်လုံးတည်းနဲ့ ) နှစ်ယောက်တစ်အိပ်မက်မက် ပြီး
ပစ္စည်းတွေ မဲ့ နေခိုက်
ချစ်ခရီးတွေ ဆက်နေလိုက်တယ်။
ကောင်းကင်ကို
ကဗျာအသစ်မရေးဖြစ်တာမို့ အရင်တုန်းက ဒီမှာ တင်ခဲ့ဖူးတဲ့ ကဗျာဟောင်းလေးကိုပဲ ပြန်တင်လိုက်ပါတယ်။

Tuesday, June 30, 2009
မွေးရပ်မြေရဲ့ အကြောင်း (ရေးသူနာမည်အလွဲနဲ့ နောက်ကဗျာတပုဒ်)
ကဗျာရေးသားသူ “နေဇော်ဝင်း” နာမည်နဲ့ ကျနော်ရေးခဲ့တဲ့ မွေးရပ်မြေရဲ့ အကြောင်းကဗျာကို http://phyowai-mmp.blogspot.com/2009/06/blog-post_26.html မှာ တွေ့  လိုက်ပါတယ်။ ဟိုတလောကလည်း ရေးသူ “စစ်ငြိမ်းစေ” ဆိုတဲ့နာမည်နဲ ကျနော့် ကဗျာတပုဒ် ကျနော့်ဆီကို အီးမေးလ်နဲ့ နှစိကြိမ်တိုင်တိုင်ပြန်ပြီးရောက်လာပါတယ်။ pdf format နဲ့ ပါ။ နာမည်လွဲပေမယ့် ဘလော့ပိုင်ရှင်နဲ့ ၊ အီးမေးလ်နဲ့ ဖြန့် တဲ့သူတွေကိုတော့ ဖြန့် ဝေလို တဲ့စေတနာသက်သက်နဲ့ လွဲသွားတယ် ဆိုတာကို ကျနော် ယုံကြည်ပြီးသားပါ။ (သူတို့ လည်း စရောက်လာ ကတည်းက နာမည်အလွဲကြီးနဲ့ ရောက်လာလို့ လွဲသွားတာဆို ဘယ်တတ်နိုင်ပါ့မလဲ။) ဒါပေမယ့် ကိုယ်တိုင်မဖန်တီးပဲနဲ့  သူများနာမည်ကို အချောင်တပ်ချင်တဲ့လူတွေရှိနေတာကိုတော့
စိတ်ပျက်မိပါတယ်။ တယောက်ယောက်က လွဲပြီး တပ်ပေးလိုက်တာမျိုးဆိုရင်တော့ တမျိုးပေါ့ဗျာ။ ဒါပေမယ့် သိတဲ့အချိန်မှာတော့ နာမည်ကို ပြင်ပေးစေချင်ပါတယ်။ ကျနော့်အနေနဲ့ ကဗျာအောက်မှာ ကိုယ့်နာမည်မပါတာတောင် သည်းခံနိုင်ပါတယ်။ ကိုယ့်နာမည် မပါရုံဆို တခါတလေ ကွန်မန့် မှာကိုယ့်ကဗျာဖြစ်ကြောင်းရေးတာလောက်ပဲလုပ်ပါတယ်။ လူသိသိပ်မများတဲ့ ဘလော့ဆို ကွန်မန့် တောင် ရေးမသွားပဲ ဒီအတိုင်းထားလိုက်တာများပါတယ်။ ဒါပေမယ့် နာမည်တလွဲနဲ့ ဖြစ်နေတာကတော့ ဆိုးဝါးတယ်လို့ ထင်ပါတယ်။ စိတ်လည်းရှုပ်ရပါတယ်။ နာမည်လွဲရုံနဲ့ ခိုးတယ်လို့ စွပ်စွဲတာမျိုးတော့ ကျနော်မလုပ်ပါဘူး။ မရိုးသားသူ တယောက်ကြောင့် ရိုးရိုးသားသားနဲ့ ဖြန့် ဝေချင်တဲ့စေတနာ သက်သက်နဲ့ ပို့ စ်တင်တဲ့သူတွေကို ထိခိုက်မှာစိုးလို့ ပါ။
ကျနော့် မူရင်း လင့်ခ်က ဒီမှာပါ။
http://kaungkinko.myanmarbloggers.org/2008/08/blog-post_22.html ကိုမိုးသီး ဘလော့မှာလည်း ၂၀၀၈ နိုဝင်ဘာတုန်းက တင်ခဲ့ဖူးတာ တွေ့ ရပါတယ်။ http://komoethee.blogspot.com/2008/11/blog-post.html မှာပါ။
http://kaungkinko.myanmarbloggers.org/2008/08/blog-post_22.html ကိုမိုးသီး ဘလော့မှာလည်း ၂၀၀၈ နိုဝင်ဘာတုန်းက တင်ခဲ့ဖူးတာ တွေ့ ရပါတယ်။ http://komoethee.blogspot.com/2008/11/blog-post.html မှာပါ။
ကဗျာလေးကို ဒုတိယအကြိမ်ပြန်ခံစားစေချင်လို့ ထပ်တင်လိုက်ပါတယ်။
မွေးရပ်မြေရဲ့ အကြောင်း
ကမ္ဘာအနှံ့ က “ရွှေ”…တံဆိပ် လော်စပီကာ တွေ
ကူပါ ကယ်ပါ တကြော်ကြော်အော်နေရတဲ့
ကျွန်တော့်ရဲ့  မွေးရပ်မြေ အကြောင်း နဲ့ 
ခင်ဗျားတို့ နားထဲကို သံရည်ပူ လောင်းပါရစေ ။
ဆရာဝန်တွေက ဆေးရောင်း
အင်ဂျင်နီယာတွေက ဈေးရောင်း
တော်သူတွေအကုန် ဘေးဂျောင်း
လူငယ်တွေ အကုန် အတွေးစောင်း
ခွင်ရှာနိုင်မှ သူဌေးလောင်း ဖြစ်နိုင်မယ်။
အစိုးရကအစ သူခိုးဓားပြ တွေဆို
ပေါင်းစားတတ်ရင်တော့ မိုးကျရွှေကိုယ်
တိုင်းပြည်တစ်ခုလုံး ပိုးကျနေလို့ 
သူများဆီမှာ ကျွန်ခံဖို့  goကြပေဗျို့ ။
ညာဥ့်ငှက်မလေး တစ်ယောက်က ဖောက်သည်မျှော်
မိန်းမတန်ဖိုးကို ရောင်းဖို့ စောင့်နေမယ်နော် တဲ့။
ဈေးသည်မလေးတစ်ယောက်က ဝယ်သူမျှော်
အကြွေးပင်လယ်ကြီးထဲ ကယ်သူမပေါ်
ခေတ်ကြီးကိုက လည်သူဆော်
ရှေ့ နောက် မစဉ်းစားမိခဲ့တဲ့ မောင်နှံ
ရှိသမျှ ပစ္စည်းလေးတွေကို ပေါင်နှံ
မွေးလာမယ့် ကလေးကတော့ အချောင်ခံ။
ဂျာနယ်တွေက အတင်းအဖျင်း ရောင်းစား
လူပွဲစားတွေက အချင်းချင်း ရောင်းစား
လူတစ်ချို့ က လမ်းမတွေပေါ်မှာ တောင်းစား
ကလေးငယ် တစ်ယောက် မျက်နှာငယ်လေးနဲ့ ကျောင်းသွား
ပါရာဒို တစ်စီးက ဗွက်တွေ စင်အောင် မောင်းသွား
ငါတို့ ငိုသံတွေကို
အိမ်နီးချင်း နိုင်ငံတစ်ချို့ က မကြားချင်ယောင်ဆောင်နေကြတယ်။
ဖျာခင်းချင်သူ တစ်ချို့ ကလည်း သနားချင်ယောင်ဆောင်နေကြတယ်။
မီးခဲကိုင်ထားရသလိုပဲဆိုတဲ့ စေတနာရှင်တို့ ၊
ဦးတည်ချက် ဆယ့်နှစ်ရပ်နဲ့  လူ့ ပြည်ကိုဖျက်နေတာလား။
ခင်ဗျားတို့ စကားလုံး ကြီးကြီးတွေက ကော်ပီ သံစဉ်ပါ။
တစ်ပြည်လုံးလည်း နားညဉ်းနေပြီ… အော်ဂလီ ဆန်ချင်စရာ။
ကိုယ့်ကိုယ်ကို ပြန်ကြည့်မိတော့လည်း
မနှစ်ကလည်း ဒီနေရာ
ဒီနှစ်လည်း ဒီနေရာ
ရပ်နေလည်း ဒီလောက်
ပြေးသွားလည်း ဒီလောက်မို့ 
ငါ့ ခြေထောက် တွေကတောင် ငါ့ကို ပြောတယ်။
သူတို့ ဆက်မလျှောက်ချင်တော့ဘူးတဲ့။
ငါ့လက်တွေကလည်း သစ္စာဖောက်ပြန်တယ်။
အရှုံးပေး လက်မြှောက်ပြီး ထောက်ခံတယ်။
ဒီလိုနဲ့ ...
စိတ်ထဲမှာပဲ သိမ်းထားနေရတဲ့ အိပ်မက်တွေလည်း ခေါက်ရိုးကြေ။
ဖြစ်ချင်တာနဲ့ ဖြစ်လာတာတွေက ဇောက်ထိုးတွေ။
လူ့ သက်တမ်း တစ်ဝက်ကျိုးပြီဆိုတဲ့ အချက်ပေးသံတွေလည်း မြည်လာပြီ။
ကျန်တဲ့သက်တမ်း တစ်ဝက်ကို ဆက်လျှောက်လှမ်းဖို့ တောင် အီလာပြီ။
“ဆန်တစ်ပြည်ကို ၁၅၀၀ တောင်” အဲဒါ အဘွားညဉ်းတဲ့ အသံ။
“မြန်မာပြည်ဟာ ဘယ်သူမှ မနေချင်ကြတော့တဲ့ အရပ် ဖြစ်သွားပြီ” အဲဒါ ခါးသီးတဲ့ အမှန်။
ဒီကြားထဲ…
နာဂစ်က တစ်ချက်မွှေ့ 
ဧရာဝတီက လူတွေခမျာ အသက်စေ့
တစ်ချို့ လူတွေကလည်း အကွက်ရွှေ့ 
အစိုးရ ကုလားထိုင်ကတော့ တစ်ချက်မရွေ့ 
မြန်မာပြည်ကြီးကတော့ ဝမ်းဗိုက်ဟောင်းလောင်းနဲ့ အခက်တွေ့။
အစိုးရကအစ သူခိုးဓားပြ တွေဆို
ပေါင်းစားတတ်မှ မိုးကျရွှေကိုယ်
တိုင်းပြည်တစ်ခုလုံး ပိုးကျနေလို့ 
သူများဆီမှာ ကျွန်ခံဖို့  goကြပေဗျို့ ။
ကောင်းကင်ကို
Tuesday, June 23, 2009
ညှို့ မျက်စောင်း
အာရုံထဲမှာ…
ခိုးဝင်လာတဲ့ မျက်နှာလေးက
မျက်စောင်းတွေ
အချက်တသောင်းခြွေချ။
sweetတွေလောင်းပြီးထည့်
အကြည့်တွေစောင်းပြီးဖွဲ့ တဲ့
ကိုယ့်အတွက်မျက်စောင်းကဗျာ မှာ
လျှို့ ဝှက်အနက်ပေါင်းတရာ ထည့်ထားသလား။
ညှို့ အားတကြောင်းစီမှာ
ဗို့ အားတသောင်းစီ ရှိနေတယ်။
မကျက်တကျက် မျက်နှာလေးပေါ်မှာ
ကြည်ဖြူတဲ့ အရိပ်များတွေ့ တိုင်း
ဒီလူရဲ့ စိတ်အားပြည့်
နွေလိုပူတဲ့ အတိတ်များမေ့ သွားခဲ့တယ်။
လောကဓံအဆိပ် ဖြေဆေးတွေကို
မျက်စောင်းလေးနဲ့ ဖော်စပ် ပေးပါ ကောင်မလေးရေ။
ဒီကမ္ဘာမှာ ကိုယ်ရင်အခုန်ဆုံး အလုပ်က
မျက်စောင်းလေးတွေထဲမှာ သူထည့်ပေးတတ်တဲ့
သူ့ စိတ်ကာလာအမှန်ကို
အနုစိတ်ဘာသာပြန်ခြင်း ။

Saturday, June 20, 2009
အငိုဒုက္ခတိုင်းပြည်
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၈တုန်းက ရေးပြီး တင်ခဲ့တဲ့ ကဗျာလေးကို ပြန်တင်လိုက်တာပါ။ ကျွန်တော့်ဆီကို forward mail နဲ့ ရေးသူ “စစ်ငြိမ်းစေ” ဆိုပြီး ရေးသူနာမည်အမှားနဲ့ နှစ်ကြိမ် ပြန်ရောက်လာတဲ့ ကဗျာလေးပါ။ ခံစားကြည့်စေချင်လို့  ဒုတိယအကြိမ် ပြန်တင်လိုက်ပါတယ်။ မူရင်းလင့်ခ်ကတော့ ဒီမှာပါ။
အငိုဒုက္ခ တိုင်းပြည်
လိုသလို ပုဒ်မ ချလို့ ရတဲ့
အငို ဒုက္ခ တိုင်းပြည်မှာ
မိစ္ဆာတွေ ဘုရင်လုပ် နေသည်။
လိပ်ပြာတွေကို နှင်ထုတ်နေသည်။
သွေးညှီနံ့တွေနဲ့  ချဉ်စုတ် နေပြီ။
လူတွေအားလုံး ရင်ရှုပ် နေသည်။
တက္ကသိုလ်များ လယ်ကွင်းထဲသို့ ပြောင်းသွားလေပြီ။
ဘွဲ့ ရတစ်ယောက် အလုပ်မရ၍ ခေါင်းစားနေသည်။
သူတောင်းစားတို့ ကျ ကောင်းစားနေသည်။
အိတ်ကပ်ကြီးတွေ ဖောင်းကားနေသည်။
တိုင်းပြည်ကြီးကို တညီတညွတ်ထဲ ရောင်းစားနေပြီ။
ယတြာတွေချေပြီး မန်းမှုတ်နေပြီ။
သံဃာတွေကိုတောင် ဝရမ်းထုတ် နေပြီ။
အလှူရှင်တွေ မရှောင် ဖမ်းချုပ်နေပြီ။
လူမဆန်စွာ ကြမ်းကြုတ်နေပြီ။
ဖြုတ်ဦးနှောက်တွေနဲ့ ..အရမ်း..လုပ်နေပြီ။
သူတို့ ခေါင်းထဲ..သွားမကြည့်နဲ့ ..ဘာမှမရှိဘူး..အဟောင်းသား။
လူတွေလည်း..တွေးလာကြတယ်..တစ်ရွာပြောင်းရင်..ကောင်းမလား။
ဒီလိုနဲ့ ပဲ..မိသားစုတွေ..မဆုံဆည်းနိုင်လောက်အောင်..ချောင်းခြား။
ဘဝနဲ့ ရင်းပြီး..ကြိုးစားတာတောင်.. မရေရာတဲ့ ...လောင်းကစား။
ဒါတွေဟာ.. အမေတစ်ကွဲသားတစ်ကွဲ.. ဖြစ်နေရတဲ့.. အကြောင်းများ။
ရင်ထဲကို.. သောကငှက်တွေ.. ကျူးကျော်လာတာတောင်.. မမောင်းအား။
သူငယ်ချင်းတစ်ချို့  အလုပ်ရှာဖို့ ..စင်ကာပူကို ထွက်နေကြတယ်။
အလုပ်မရရင် သိန်းနှစ်ဆယ်လောက်.. ရှုံးပြီဆိုတော့ မျက်ရည်ကျမယ်။
ကြိုးစားကြည့်လိုက်မှ ပိုဆိုးသွားတတ်တာ.. ဒီခေတ်ဆိုးရဲ့ သက်သေတစ်စပဲ။
ကမ္ဘာက သာမန်လူတွေနဲ့ ငါတို့ ကာရန်တူရုံလေးတောင်.. ဘာလို့ ဒီလောက်အထိ ခက်နေရသလဲ။
မြေညီထပ်လေး ရောက်ဖို့ တောင်.. ကိုယ့်စိတ်ဓာတ်ကိုယ်.. လှေကားလိုနင်းပြီး.. တက်နေရဆဲ။
ဆန္ဒခံယူပွဲ အတုကြီးနဲ့ လည်း ကမ္ဘာကိုတောင် နားလှည့်ပါးရိုက်။
မသူတော် အချင်းချင်းကျတော့ အိမ်နီးချင်းကောင်း ဆိုတဲ့ စကားနဲ့ ဖားလိုက်။
သူငယ်ချင်းတို့ ......သူတို့ မျှားလာတဲ့ ငါးစာတွေကို မစားနဲ့ ...ထားလိုက်။
အသိဥာဏ် မရှိတဲ့ ခွေးသူခိုးတွေဟာ
ခြောက်ဆယ့်နှစ်တုန်းကထက်လည်း သွေးဆိုး နိုင်တယ်။
နောင်တစ်ချိန်မှာ ဘုန်းကြီးကျောင်းတွေကို ဒိုင်းနမိုက်နဲ့မဖောက်ဘူးလို့ ဘယ်သူပြောရဲသလဲ။
ကမ္ဘာ့မြေပုံကြီးထဲက သွေးကွက်လေး တစ်ကွက်ရဲ့ ကံကြမ္မာကို ဘယ်သူဟောရဲသလဲ။
သူငယ်ချင်း...
မင်း..အေးအေးဆေးဆေးနေလို့ လည်း ဒီဂယက်က လွတ်မယ်မထင်နဲ့ ။
မိစ္ဆာတွေ မဆင်းမချင်း ဒီဝဋ်က ကျွတ်မယ် မထင်နဲ့ ။
ဝန်နဲ့ အားမမျှတဲ့ မင်းစီးလာတဲ့ဒိုင်နာဟာ အချိန်မရွေး လမ်းချော်မှောက်သွားနိုင်တယ်။
ကပ်တစ်ခုစိုက်လိုက်တာနဲ့ မင်းဘဝက အချိန်မရွေး လမ်းပေါ်ရောက်သွားနိုင်တယ်။
တိုင်းပြည်ကို ခြယ်လှယ်နေတဲ့ ဘုရင်တစ်အုပ်ဟာ
အစိုးရနာမည်ခံထားတဲ့ မစင်တစ်ထုပ်ပါ
ပြည်သူတွေကလည်း သူတို့ ထင်သလို အချဉ်မဟုတ်ပါ။
ဒီလိုနဲ့ မခံချင်စိတ်တွေ ငလျင်ခဏခဏလှုပ်
သူတို့ တွေရဲ့  ပလ္လင်ခဏခဏလှုပ်လည်း
အခုထိမပြုတ်သေးတော့
တစ်ယောက်တည်းတွေးရင်း ရင်ရှုပ်
ပေါက်ကွဲမှုတွေကို ကဗျာအဖြစ် အပြင်ထုတ်လိုက်တယ်။
ဒုက္ခတွေနဲ့  ရှုပ်ပွနေတဲ့ စိတ်ဓာတ်ခြွေ ပြောင်းပြန်ကမ္ဘာထဲ
လဲကျတိုင်းသာ ပုလဲခနေရင် မျက်ရည်တွေသာ ချောင်းလျှံလာမယ်။
အကျိတ်အခဲတွေ စိတ်ထဲမှာ သိပ်သည်းကာ ဗြောင်းဆန်လာတယ်။
စကားလုံးတွေ ကြမ်းသွားမိခဲ့ရင် ကဗျာဖတ်သူကို တောင်းပန်ပါတယ်။

Tuesday, June 16, 2009
ဒုက္ခရဲ့ လက်နှစ်ဘက်
သွားဖြစ်သွားတဲ့ လမ်းခရီးမှာ
အားဖြစ်သွားတဲ့ ယမ်းမီးနဲ့ 
တားမြစ်ထားတဲ့ ပန်းသီးရယ်
မှားဖြစ်သွားတဲ့ အခန်းကြီးရယ်။
ဒီလိုနဲ့ 
အထီးကျန်ငှက်တကောင်ဟာ
မေတ္တာကို အလေးအနက်ခံစား
အချစ်ကမ္ဘာကို ပြေးထွက်ပျံသွားခဲ့တယ်။
စိတ်လှုပ်ရှားမှုက တွန်းချလိုက်တဲ့
အညှိုးတသောင်းနဲ့ နွံထဲမှာတော့
အဆိုးအကောင်းတို့ ဒွန်တွဲ
ငါလည်း... အချိုးပြောင်းလို့ လွန်ဆွဲခဲ့တယ်။
ရုန်းကန်မှုဆိုတာ
ဘုန်းကံတခုပေါ့။
ဒုက္ခဟာ
သူ့ လက်တဘက်နဲ့ .. လူတွေကို ထိုးနှက်နေသလို
သူ့ လက်တဘက်နဲ့ .. လူတွေကို တိုးတက်စေတယ်။

Sunday, June 7, 2009
အမေ (သို့ မဟုတ်) မီးလျှံထဲက ဖီးနစ်ငှက်
မျက်လုံးချို့ နေသူတစုက… တိုင်းပြည်ဆိုသောယာဉ်ကို… အဖြစ်မောင်းလာသည်
လမ်းပြနိုင်သူကိုတော့… အကျဉ်းချထားတာ…နှစ်ပေါင်းကြာပြီ
လှောင်အိမ်ထဲက ဖီးနစ်ငှက်ကို… အနီးကပ်ပစ်ဖို့ … အလစ်ချောင်းလာသည်
တရားခံတွေက…တရားပြန်စွဲနေတဲ့အထိ…ခေတ်ပြောင်းလာပြီ။
မျှော်လင့်ခြင်းလမင်းမှာ… တိမ်မည်းတွေစွန်းတာ… ညဥ့်ပေါင်းရာချီ
စစ်ဖိနပ်အောက်မှာ…ပန်းတွေကြွေခဲ့တာလည်း…အဖြစ်ပေါင်းရာချီ
ကမ္ဘာ့မျက်လုံးတွေရှေ့ မှာ ပေါ်တင်…လူချသည်အထိ…ညစ်ကောင်းလာသည်
မြန်မာကို ကမ္ဘာက သိနေတာက… စစ်ထောင်းရာပြည်။
ရဟန်းသံဃာတွေကိုပါ…သတ်ရဲသည်အထိ…လက်ယဉ်လာပြီ
မုဒိမ်းစစ်ကန်းတွေက… ဘိန်းပစ်ဖမ်းသလို… အကွက်ဆင်လာပြီ
ပြည်သူတွေဆိုတာလည်း… လက်ခုပ်ထဲကရေလို့ သူတို့ …ဆက်ထင်လာပြီ
ကြီးနိုင်ငယ်ညှင်းဝါဒဟာ… မင်းသားတယောက်လိုပေါ်တင်…အသက်ဝင်လာပြီ။
တိုင်းပြည်ကို အမဲဖျက်သလို..သူတို့ … ဖျက်ချင်နေလားမသိ
ပြည်သူ့ သွေးကို တစက်ပြီး တစက်..သူတို့ … လျက်ချင်နေလားမသိ
အမေ့ကို အကျဉ်းထောင်ထဲမှာ ထာဝရ… ဝှက်ချင်နေလားမသိ
သမိုင်းထဲက ဗီလိန်တွေလို သူတို့ အသက်… ထွက်ချင်နေသလားမသိ။
ချော့နေတုန်းမှာမှ… အစွယ်ထုတ်ပြလိုက်တော့… အားလုံးအခက်ပွေ
အခုအစော်ကားခံလိုက်ရတာဟာ… အဖိနှိပ်ခံ… အားလုံးရဲ့ အမေ
နောက်ဆုံးသစ်ရွက်လေး ကြွေသွားမှာစိုးပြီး..အားလုံး…စကားလုံးမဲ့နေ
တစင်းပြီးတစင်း…ရင်ကို တည့်တည့်ခွင်းတဲ့…အခါးဆုံးရက်တွေ။
အမေ့ခြံနံပါတ် ငါးဆယ့်လေးဆိုတာ
မျှော်လင့်ခြင်းရဲ့ ပြယုဂ် အားတက်ဆေးပေါ့
အမေ့အမြင်ပုံစံကို အငှားဆောင်ပြီး သားတို့ အများအတွက်တွေးမယ်
အမေ့ရင်ခုန်သံကို ကြားယောင်ပြီး သားတို့အားဆက်မွေးမယ်။
လူတစုကတော့ တိုင်းပြည်ကို ပြန်ပေးဆွဲသွားပြီ အမှောင်လမ်းတခုဆီ
အချိန်မီးစာလည်း တငွေ့ ငွေ့ နဲ့ လောင်ကျွမ်းလုပြီ
နတ်ကောင်းနတ်မြတ်တို့ ဆောင်ကြဉ်းပေးပါ အောင်ပန်းသူ့ ဆီ
ကျန်းမာပါစေ မျှော်လင့်ချက်တို့ ရဲ့မိခင် အောင်ဆန်းစုကြည်။

Thursday, June 4, 2009
ကဗျာမာန
ဟေ့..ဒီမှာ…ငါက
ကိုယ့်လမ်းကိုယ်ရှင်း
ကိုယ့်ပန်းကိုယ်ခင်း
ကိုယ့်ငြမ်းကိုယ်နင်း
ကိုယ့်အစွမ်းနဲ့ ကိုယ်လင်းခဲ့တာ။
ဟေ့ ဒီမှာ…ငါက
ကိုယ့်ကြမ္မာကိုယ်ရွေး
ကိုယ့်ကမ္ဘာမှာ ကိုယ်ပြေးရင်းက
ကိုယ့်အနာကိုယ်ဆေးဖို့ 
ကိုယ့်ကဗျာ ကိုယ်ရေးခဲ့တာ။
အနုပညာခရီးတလျှောက်မှာလည်း ငါက
ကိုယ့်မိတ်သဟာနဲ့ ကိုယ်တွဲ
ကိုယ့်သိက္ခာနဲ့ ကိုယ်ဝဲ
ကိုယ့်လိပ်ပြာနဲ့ ကိုယ်ရဲခဲ့တာ။
အနာတွေ ညှစ်ရင်
ကဗျာတွေ ဖြစ်တယ်လို့ ငါယုံကြည်တယ်။
ငါက
ကိုယ့်စည်းကိုယ်စောင့်
ကိုယ့်အသီး ကိုယ်ကောက်
ကိုယ့်ခရီး ကိုယ်လျှောက်ရင်းက
ကိုယ့်မီးနဲ့ ကိုယ် တောက်ခဲ့တာ။
ငါက
ကိုယ့်ဥာဏ်ကိုယ်ဖွင့်
ကိုယ့်ဈာန်ကိုယ်မြှင့်ပြီး
ကိုယ့်အလံကိုယ်လွှင့်ခဲ့တာ။
ငါဟာ
ကိုယ့်ညာဉ် ကိုယ့်အစွဲနဲ့ 
ကိုယ့်ဂျင်ကိုယ်မဲ…
ကိုယ့်ရင် ကိုယ်ခွဲပြီးတော့တောင်
ကိုယ့်ပလ္လင်ကိုယ်ဆွဲခဲ့ရတာ။
ငါဟာ
ကဗျာတစုကို
ကမ္ဘာတခု ထင်နေမိသူပေါ့
အခုတော့…ငါ…
အနာတခုဝင်ခို လာတဲ့ ကောင်းကင်ကိုဟာ
ကဗျာဥယျာဉ်ကို တော့ ပေါင်းသင်လိုတယ်။
မြတ်နိုးလွန်းလှတဲ့ ကဗျာကိုလည်း
အရွယ်အို နှစ်တရာအထိ
တကယ်ကို သစ္စာရှိနေမယ်။
ကောင်းကင်ကို
ကိုယ့်လမ်းကိုယ်ရှင်း
ကိုယ့်ပန်းကိုယ်ခင်း
ကိုယ့်ငြမ်းကိုယ်နင်း
ကိုယ့်အစွမ်းနဲ့ ကိုယ်လင်းခဲ့တာ။
ဟေ့ ဒီမှာ…ငါက
ကိုယ့်ကြမ္မာကိုယ်ရွေး
ကိုယ့်ကမ္ဘာမှာ ကိုယ်ပြေးရင်းက
ကိုယ့်အနာကိုယ်ဆေးဖို့ 
ကိုယ့်ကဗျာ ကိုယ်ရေးခဲ့တာ။
အနုပညာခရီးတလျှောက်မှာလည်း ငါက
ကိုယ့်မိတ်သဟာနဲ့ ကိုယ်တွဲ
ကိုယ့်သိက္ခာနဲ့ ကိုယ်ဝဲ
ကိုယ့်လိပ်ပြာနဲ့ ကိုယ်ရဲခဲ့တာ။
အနာတွေ ညှစ်ရင်
ကဗျာတွေ ဖြစ်တယ်လို့ ငါယုံကြည်တယ်။
ငါက
ကိုယ့်စည်းကိုယ်စောင့်
ကိုယ့်အသီး ကိုယ်ကောက်
ကိုယ့်ခရီး ကိုယ်လျှောက်ရင်းက
ကိုယ့်မီးနဲ့ ကိုယ် တောက်ခဲ့တာ။
ငါက
ကိုယ့်ဥာဏ်ကိုယ်ဖွင့်
ကိုယ့်ဈာန်ကိုယ်မြှင့်ပြီး
ကိုယ့်အလံကိုယ်လွှင့်ခဲ့တာ။
ငါဟာ
ကိုယ့်ညာဉ် ကိုယ့်အစွဲနဲ့ 
ကိုယ့်ဂျင်ကိုယ်မဲ…
ကိုယ့်ရင် ကိုယ်ခွဲပြီးတော့တောင်
ကိုယ့်ပလ္လင်ကိုယ်ဆွဲခဲ့ရတာ။
ငါဟာ
ကဗျာတစုကို
ကမ္ဘာတခု ထင်နေမိသူပေါ့
အခုတော့…ငါ…
အနာတခုဝင်ခို လာတဲ့ ကောင်းကင်ကိုဟာ
ကဗျာဥယျာဉ်ကို တော့ ပေါင်းသင်လိုတယ်။
မြတ်နိုးလွန်းလှတဲ့ ကဗျာကိုလည်း
အရွယ်အို နှစ်တရာအထိ
တကယ်ကို သစ္စာရှိနေမယ်။
ကောင်းကင်ကို
Monday, June 1, 2009
ရုပ်ပျက်ဆင်းပျက် တိုက်တန်းနစ်
-->
ဒီလမ်းဟာ
ငွေနဲ့ မဝေးပေမယ့်
အမေနဲ့ တော့ ဝေးတယ်။
ဒီလမ်းဟာ
ဒေသသစ်မှာ အခြေချခွင့်နဲ့ နီးပေမယ့်
-->
ကိုယ့်လိပ်ပြာနဲ့တော့ ကိုယ်ပြန်ဝေးတယ်။
ဟိုဘက်ကမ်းမှာ ဘဝ
ဒီဘက်ကမ်းမှာ အလှတဲ့
ဘဝနဲ့ အလှကြားမှာ
ခေါင်းမကျ ပန်းမကျ
အနည်ကျဖို့ ကြိုးစားနေရတဲ့ ဘဝတွေလည်း ရှိပါတယ်။
ဒီလမ်းဟာ
ဖြောင့်တန်းပေမယ့်
အရိပ်မရှိတော့ ပိုဝေးတယ်။
ဒီဘက်ခြမ်းမှာ
အသိုက်တခုကိုရွေး
စက်ရုပ်တရုပ်လို ကိုယ်ပြေးမယ်။
သြော်…ဒီလိုနဲ့ 
ကမ္ဘာဆိုတဲ့ ပင်လယ် ထဲမှာ
မကြည့်ရက်စရာ နစ်နေတဲ့အဖြစ်
ရုပ်ပျက်ဆင်းပျက် တိုက်တန်းနစ်ကို
အဝေးကပဲ ချစ်လိုက်ရတယ်။
ကောင်းကင်ကို
Subscribe to:
Posts (Atom)