Tuesday, October 27, 2009

အရသာမဲ့သော နေ့ စွဲများ

ရင်ဘတ်ထဲက တိတ်တိတ်အော်လို့ 
ညက အိပ်လို့ မပျော်ဘူး။

နိုးလာတော့လည်း
ပျောက်ဆုံးနေဆဲ…သတိ
စိတ်နဲ့ ကိုယ်ကို ကပ်ဖို့ မရှိဘူး။

လျှောက်ချင်နေတဲ့ခြေထောက်တွေ ရှိနေတာတောင်
လျှောက်ရမယ့် လမ်းတွေကို မတွေ့ တော့ဘူး။

မြောက်ချင်နေတဲ့ လက်တွေ ရှိနေတာတောင်
အသိအမှတ်ပြု အနိုင်ယူမယ့်သူ မရှိပြန်ဘူး။

အားပေးစကားတွေကလည်း
အားပေးစကားတွေပီပီ
လက်တွေ့ မကျကြတော့
ငါ့အတွက် ကောက်ရိုးတစ ဖြစ်မလာခဲ့ဘူး။

နှစ်သိမ့်စကားတွေဆိုတာ
ငါ့ကမ္ဘာ တကယ်ပျက်သွားကြောင်း
သက်သေထွက်ဆိုချက်တွေပဲ ဖြစ်တယ်။

လေလွင့်နေတဲ့ စိတ်ကိုကပ်ဖို့ 
အာရုံတခုခုကို လိုက်ရှာနေရတာလည်း
ကန္တာရထဲမှာ ရေရှာနေရသလိုပဲ
နှစ်ကြိမ် နှစ်ခါ မောတယ်။

ငါဟာ
လှုပ်ရှားနေတဲ့ သချိ င်္ုင်ကြီးထဲမှာ
အရှင်လတ်လတ် မြှုပ်ထားခံရသူတယောက်
ဘဝကို တာဝန်ကြီးတခုလို့ အဓိပ္ပါယ်ကောက်ရင်း
ငါ့စိတ်တွေ ပင်ပင်ပန်းပန်း အလုပ်ဆင်းနေရတယ်။

သြော်…
ဘဝဆိုတဲ့ ကစားကွင်းထဲမှာ
ဒဏ်ရာရကစားသမားတယောက်…
ပွဲသိမ်းဝစီမှုတ်သံကို စောင့်ရင်းက
ဖွဖွလေး ထိခိုက်မိရုံနဲ့ တောင်
စိတ်ဓာတ်တွေ နာကျင်နေတော့တယ်။
ကောင်းကင်ကို

18 comments:

စိမ်း... said...

တဲ့များစောင်းရေးသလား မှတ်ရတယ်...
မောလွန်းနေပါပြီ...

နှစ်သိမ့်စကားတွေဆိုတာ
ငါ့ကမ္ဘာ တကယ်ပျက်သွားကြောင်း
သက်သေထွက်ဆိုချက်တွေပဲ ဖြစ်တယ်။

ဟုတ်တယ်နော်...

sait phay yar said...

ဘာတွေလည်း ဘာတွေဖြစ် အကိုတော်....ဟိ

ဒဏ္ဍာရီ said...

ဘ၀ဆိုတဲ့ ကစားကွင်းထဲမှာ
ဇွဲဆိုတဲ့ သတ္တိလေးကိုမွေးရင်း
အနိုင်ယူလိုက်ပါ အကို...

ခင်မင်လေးစားလျှက်

peter kyaw said...

ကောင်းကင်ကြီးရေ...

ငါဟာလှုပ်ရှားနေတဲ့ သင်္ချိုင်းကြီးထဲမှာ...
အရှင်လတ်လတ်အမြုပ်ခံထားရသူတစ်ယောက်
ဘ၀ကို တာဝန်ကြီးတစ်ခုလို့ အဓိပ္ပါယ်ကောက်ယင်း
ငါ့ စိတ်တွေပင်ပင်ပန်းပန်းအလုပ်ဆင်းနေရတယ်...


မိုက်တယ်...ခိုက်တယ်ဗျာ...

ကဗျာတွေ ရာထောင်မက ရေးနိုင်ပါစေ...

မဆုမွန် said...

ကောင်းကင်ကြီးရေ ပင်လယ်ကြီးဆီရောက်ရင် တို့တွေ အနည်းဆုံးတော့ စိတ်မောတွေပြေမယ်ထင်ရဲ့ အတူသွားစို့...

မိုးမောင် said...

ဆရာကောင်းရေ... တကယ်လည်း ကျနော်တို့တွေက တည်ငြိမ်မလိုနဲ့ ထိလွယ်ရှလွယ်နေပါပြီ။

ညရဲ့ကောင်းကင် said...

အစ်ကိုရေ ကဗျာလာဖတ်တယ်...
အရမ်းကောင်းတယ်ဗျာ...

သြော်…
ဘဝဆိုတဲ့ ကစားကွင်းထဲမှာ
ဒဏ်ရာရကစားသမားတယောက်…
ပွဲသိမ်းဝစီမှုတ်သံကို စောင့်ရင်းက
ဖွဖွလေး ထိခိုက်မိရုံနဲ့ တောင်
စိတ်ဓာတ်တွေ နာကျင်နေတော့တယ်။

အစ်ကို့ကဗျာတွေကို မျှော်နေလျှက်ပါ...

ကောင်းမွန်ဝင်း said...

ကဗျာအပေါင်းက
ဘာအကြောင်းပဲဖြစ်ပါစေ
နေ့စွဲတွေအရသာမဲ့တာတောင်
ဖတ်ရတဲ့အချိန်မှာတော့ (ကဗျာက)ချိုမြိန်နေတယ်
ကောင်းကင်ကိုရေ။

မေအိခင် said...

ဘဝကို တာဝန်ကြီးတခုလို့ အဓိပ္ပါယ်ကောက်ရင်း
ငါ့စိတ်တွေ ပင်ပင်ပန်းပန်း အလုပ်ဆင်းနေရတယ်။

အဲဒီ့လိုပဲ ငါ့ မောင်ရေ့  မင့်ကဗျာ တွေ က ဖတ်လိုက်တိုင်း ဘုတ်ဆုံမ ပဲ --သိလား ဘုတ်ဆုံမ ဆိုတာ --ဟတ် ကို ထိ တာပြောတာ --ကြေညာ --

ညီမလေး said...

တခါတခါလည်း အဲ့အရသာမဲ့တဲ့ ရက်စွဲတွေကိုပဲ မျက်စိစုံမိတ် ကြိတ်မှိတ်ကာ မျိုသိပ်ရင်းပေါ့...

ဘာနေ ... said...

ဒီကဗျာကို နှစ်သက်မိပါသည်

တန်ခူး said...

ခံစားချက်တွေ ထပ်တူကျနေတော့ ဒီကဗျာက ကိုယ်ထဲပူးဝင်စီးမျောသွားတယ်…

လင်းလက် said...

ကိုကောင်းကင်ကိုရေ
လာဖတ်သွားဖြစ်တယ်ဗျာ.။

k2tmaung said...

ကဗျာလေးအရမ်းကောင်းတယ်...
အစ်ကို့အရေးအသားလေးတွေ အရမ်းလှတာပဲ...
အားကျ လေးစားလျှက်... :)

Angel Shaper said...

ဘဝဆိုတဲ့ ကစားကွင်းထဲမှာ
ဒဏ်ရာရကစားသမားတယောက်…
ပွဲသိမ်းဝစီမှုတ်သံကို စောင့်ရင်းက
ဖွဖွလေး ထိခိုက်မိရုံနဲ့ တောင်
စိတ်ဓာတ်တွေ နာကျင်နေတော့တယ်။

တကယ်ပါပဲဗျာ။
နေ့ရက်တိုင်းမှာ နာကျင်မှုဝေးပါစေ။

ဒေါင်းတမာန် said...

ကိုကောင်းကင်ကို မတွေ့ တာကြာပြီဗျာ ကဗျာက ကောင်းတယ်။ ရင်ထဲက talent တွေ အမြဲထွက်နိုင်ပါစေ။

ခရေငယ် said...

အရမ်းကောင်းတယ်အကို . .
ဘ၀က တကယ့်ကို အရသာမဲ့တဲ့နေ့စွဲတွေများတယ်ဗျာ . . .
အဲဒါကိုချရေးပေးတာ ကျေးဇူး . .

လရောင် said...

ရင်ဘတ်ထဲက
တိတ်တိတ်အော်လို့ 
ညက . . . . . . . . .
အိပ်လို့ မပျော်ဘူး။