Monday, June 1, 2009

ရုပ်ပျက်ဆင်းပျက် တိုက်တန်းနစ်

-->
ဒီလမ်းဟာ
ငွေနဲ့ မဝေးပေမယ့်
အမေနဲ့ တော့ ဝေးတယ်။

ဒီလမ်းဟာ
ဒေသသစ်မှာ အခြေချခွင့်နဲ့ နီးပေမယ့်
-->
ကိုယ့်လိပ်ပြာနဲ့တော့ ကိုယ်ပြန်ဝေးတယ်။

ဟိုဘက်ကမ်းမှာ ဘဝ
ဒီဘက်ကမ်းမှာ အလှတဲ့
ဘဝနဲ့ အလှကြားမှာ
ခေါင်းမကျ ပန်းမကျ
အနည်ကျဖို့ ကြိုးစားနေရတဲ့ ဘဝတွေလည်း ရှိပါတယ်။

ဒီလမ်းဟာ
ဖြောင့်တန်းပေမယ့်
အရိပ်မရှိတော့ ပိုဝေးတယ်။

ဒီဘက်ခြမ်းမှာ
အသိုက်တခုကိုရွေး
စက်ရုပ်တရုပ်လို ကိုယ်ပြေးမယ်။

သြော်…ဒီလိုနဲ့ 
ကမ္ဘာဆိုတဲ့ ပင်လယ် ထဲမှာ
မကြည့်ရက်စရာ နစ်နေတဲ့အဖြစ်
ရုပ်ပျက်ဆင်းပျက် တိုက်တန်းနစ်ကို
အဝေးကပဲ ချစ်လိုက်ရတယ်။

ကောင်းကင်ကို

7 comments:

ကိုလူထွေး said...

ကောင်းကင်ကိုရေ...

တို့ပြည်သူတွေကို ကယ်တင်ဖို့ ကိုယ်တို့ ကိုယ်တိုင်ပဲ အသက်ကယ်လှေတွေ ဆောက်နိုင်မှ ဖြစ်မှာကွ...

သူတို့တတွေကတော့ မော်တော်ဘုတ် အကောင်းစားကြီးတွေ သုံးပြီး ကိုယ်လွတ်ရုံးသွားကြမှာပဲ...

မိုးလှိုင်ည said...

ရုပ်ပျက်ဆင်းပျက် တိုက်တန်းနစ်တဲ့လားအစ်ကို
ကျွန်တော်တို့ အားလုံး ဖောင်ဖျက်ထားရတာကြာပြီ
နောက်ဆိုတာကျောပဲ ရှိတော့တယ်...
အဲဒီနောက်ကျောကိုမှ
အမျိုးသားချင်း သစ္စာဖောက်တွေက
ဓားထောက်ထားနေတုန်း...
ကျွန်တော်တို့ လှံစွပ်ရှိရာကိုအဟုန်နဲ့
ပြေးတိုးဖို့ပဲရှိတော့တယ်အကို...
မျိုးဆက်တွေလျှောက်ဖို့လမ်းကို
ကျွန်တော်တို့ နှလုံးသွေးနဲ့ဖောက်ရမှာပဲအစ်ကို

ခင်မင်လေးစားလျှက်

mgngal said...

အမေနဲ့ ငွေနဲ့ ရော နီးနိုင်ပါစေဗျာ ။ :)

အိန္ဒြာ said...

သြော်…ဒီလိုနဲ့ 

ကမ္ဘာဆိုတဲ့ မြစ်ထဲမှာ

မကြည့်ရက်စရာ နစ်နေတဲ့အဖြစ်

ကောင်းကင်ရေ...

ဖတ်သွား ကြိုက်သွားတယ်

တန်ခူး said...

“ဟိုဘက်ကမ်းမှာ ဘဝ
ဒီဘက်ကမ်းမှာ အလှတဲ့
ဘဝနဲ့ အလှကြားမှာ
ခေါင်းမကျ ပန်းမကျ
အနည်ကျဖို့ ကြိုးစားနေရတဲ့ ဘဝတွေလည်း ရှိပါတယ်။”
တကယ်ကို ခေါင်းမကျ ပန်းမကျပါပဲလေ…။

sait phay yar said...

အင်း...... ဘာမှ ပျောတော့ဘူးနော်
တူတူဘဲ

လင်းလက်ကြယ်စင် said...

နောက်ဆုံးအပိုဒ်လေးကို ဖတ်ရင်း ခံစားသွားရတယ်။ အဖြစ်အပျက်တွေက အဲဒီစကားလုံးတွေနဲ့ တူတူဖြစ်နေတယ်လေ။