Wednesday, August 26, 2009

အချစ်ဆိုတဲ့ ထရိုဂျန်

စောင့်ကြည့်နေတဲ့နှုတ်ခမ်းတွေကလည်း ဘဝပွင့်ငယ်ကို အပီထောင်းသွားခဲ့ပြီ။
လျှောက်မိနေတဲ့လမ်းတွေကလည်း တရာ့ရှစ်ဆယ် ဒီဂရီ ပြောင်းသွားခဲ့ပြီ။

အတိတ်မှာ အရက်စက်ဆုံးမြှားချက်နဲ့ စိတ်ပိုင်းဒဏ်ရာ ရခဲ့သည်။
စိတ်ဟာ တက်ခဲ့တုန်းကလို အရှိန်အတိုင်း ပြန်ကာကျခဲ့ပြီ။

ဒီလိုနဲ့
အတွေးတွေက
သွေးတွေကို
ဝမ်းနည်းခြင်းမျက်ရည်အဖြစ်ပြောင်း
လမ်းခွဲခြင်း သက်သေအသစ်ပေါင်းလိုက်တယ်။

နင်ထပ်မလိုတဲ့ အထီးကျန်မေတ္တာတွေ
ရင်ဘတ်ဆိုတဲ့ မီးခံသေတ္တာထဲမှာသေလို့ ။

နှစ်လိုခဲ့တဲ့ ပရိုဂရမ်
အချစ်ဆိုတဲ့ ထရိုဂျန်ဟာ
ရင်ခုန်သံကို မြန်စေ၊ နှေးစေ၊ ရပ်တန့် စေသလား။

အချစ်ဟာ သူ့ ရဲ့ 
အလှအနုဆုံး လက်သီးနဲ့ 
ဘဝတခုလုံး ဖျက်ဆီးခဲ့တယ်။
ကောင်းကင်ကို

19 comments:

Nyi Nyi Myanmar said...

ကောင်းတယ်အစ်ကိုရေ့

ညရဲ့ကောင်းကင် said...

ကောင်းလိုက်တာဗျာ...
ကာရန်တွေကမိုက်တယ်....
ကျွန်တော်အသံထွက်ပြီးဖတ်ကြည့်တာ
တော်တော်လေးမိုက်တယ်...
“နှစ်လိုခဲ့တဲ့ ပရိုဂရမ်
အချစ်ဆိုတဲ့ ထရိုဂျန်”

မေလေးညို said...

စကားလုံးတိုင်း ကာရန်တိုင်းက အရှိန်ပြင်းတဲ့ မြှားတွေလိုပဲ.. ရင်ဘတ်ထဲထိ ထွင်းဖောက်သွားတယ်..

ကိုရင်နော်ခင်လေးငယ် said...

နှစ်လိုခဲ့တဲ့ ပရိုဂရမ်
အချစ်ဆိုတဲ့ ထရိုဂျန်ဟာ
ရင်ခုန်သံကို မြန်စေ၊ နှေးစေ၊ ရပ်တန့် စေသလား။


ကိုကောင်းကင်ကြီးရေ.. ကဗျာလေးက လန်းပါ့.. မိုက်စ်စ်

စိုင်းလောဝ်ပိန်း said...

စောင့်ရကျိုးနပ်တယ် အကိုရေ...
ကဗျာလေးက လှလို့

နွေဆူးလင်္ကာ said...

အလှအနုဆုံး လက်သီးနဲ့ ဘ၀တစ်ခုလုံး ပျက်စီးစေတယ် တဲ့လားဗျာ။ ကောင်းပါတယ်။ ကဗျာလေးကို ကြိုက်တယ်ဗျ။

အိန္ဒြာ said...

ကဗျာတွေလာဖတ်သွားတယ် ကောင်းကင်ကိုရေ..

ကဗျာတွေ လှလို့ ချောလို့..

ကိုလူထွေး said...

အချစ်ဆိုတဲ့ ထရိုဂျန်...
အသစ်ကိုကွဲ့ "ကို" လေကြံ...

ကို = ကောင်းကင်ကိုးP

းဝ)

ဆောင်းယွန်းလ said...

အတိတ်မှာ အရက်စက်ဆုံးမြှားချက်နဲ့ စိတ်ပိုင်းဒဏ်ရာ ရခဲ့သည်။
စိတ်ဟာ တက်ခဲ့တုန်းကလို အရှိန်အတိုင်း ပြန်ကာကျခဲ့ပြီ။

ရေးချက်ကကြွနေသလို
တွေးချက်ကလည်းလှနေသကို...

မိုက်တယ်ညီလေးရေ

သမီးပျို said...

ကောင်းကင်ကို ဆီကို ကောင်းကင်ရဲ့သမီးပျိုလာလည် တယ်သိလား စကားလုံးတွေကပြောင်မြောက်လှချည်လား

win latt said...

အော်...
နင်..ပစ်ပစ်ခါ ထွက်ပြေး...အဝေးဆိုပေမဲ့
ရင်နင့်နင့်စွာ အသက်ပေး... လိုနေတဲ့
ကျန်ရစ်သူ ငါတစ်ယောက်ကို
မထောက်မညှာ အမုန်းစကားဆို
ခုတော့...
နောက်တစ်ခါလဲ အရှုံးသမားဟာ..
......ကိုပါပဲ...လေ...။

မိုးလှိုင်ည said...

အစ်ကိုရေ

ဘာရေးရေးကောင်းနေတာပဲလား
အချစ်အကြောင်းဆိုတော့လည်း
တစ်မျိုးလှတယ်...
အစ်ကိုလို ရေးတတ်ချင်တယ်ဗျာ...။

စိမ်း... said...

ကာရန်တော်တော်လေးပိုင်တယ်နော်...
အားကျတယ်.. တကယ်...

ကောင်းမွန်ဝင်း said...

မိုက်တယ်။ကြိုက်တယ်။ကာရံတွေ ငြိလို.၊ လာပြန်ပြန်ကြည့်ရတယ်။

ဒေါင်းတမာန် said...

မင်္ဂလာပါကို ကောင်းကင်ကို ။ နေကောင်းမယ်လို့ မျှော်လင့်ပါတယ်။ ကဗျာ ကောင်းတပုဒ် ထပ်ဖတ်ရပြန်တဲ့ အတွက် အတွေးအခ်ါတွေ အမြဲလေးစားပါတယ်။

Angel Shaper said...

နှစ်လိုခဲ့တဲ့ ပရိုဂရမ်
အချစ်ဆိုတဲ့ ထရိုဂျန်ဟာ
ရင်ခုန်သံကို မြန်စေ၊ နှေးစေ၊ ရပ်တန့် စေသလား။

အချစ်ဟာ သူ့ ရဲ့ 
အလှအနုဆုံး လက်သီးနဲ့ 
ဘဝတခုလုံး ဖျက်ဆီးခဲ့တယ်။
ကြိုက်တယ်ဗျာ....
ချပြလိုက်ရ တစ်ပုဒ်လုံးဖြစ်ရော့မယ်။
ကောင်းလိုက်တဲ့ကဗျာ ကိုကင်းကောင်ကြီးရယ်။

TNS said...

ကိုကောင်း...
ကျနော်မရောက်လာဖြစ်တာကြာနေပါပြီ...
ရောက်လာပြီဆိုတာနဲ့ ရင်ထဲက ကဗျာငတ်တဲ့ ဝေဒနာ
တခုကတော့ အာသာပြေသွားတာပါဘဲ...။
အဲဒီရင်နဲ့ အဲဒီလက်..
တစ်ထပ်တည်းကျနေသမျှ
အလှဆုံးကဗျာတွေ ထွက်ကျနေမယ်ဆိုတာ ယုံတယ်..။

ဧဏီမင်း said...

မကြာမကြာရောက်ပါတယ်..ဆီပုံးမရှိတော့ ဘာမှ အမှတ်တရမချန်ဖြစ်ခဲ့တာ..
အဆင်ပြေပါစေ...

လင်းဒီပ said...

အချစ်ဆိုတဲ့ ထရိုဂျန်ကြီးကလည်း ဆိုးပါတယ်ဗျာ..
နဂိုကတည်းက မြို့ခံတွေက ခံနိုင်ရည် ရှိတာ မဟုတ်..။