Saturday, May 15, 2010

ကွက်လပ်

ချစ်သူရဲ့ပေါင်ပေါ်မှာ
ကိုယ်စီအိပ်ပျော်နေတုန်း၊
တစုံတယောက်ရဲ့
ရိုက်အချိုးခံထားရတဲ့ ခြေထောက်
ဂိုးနားဆီကို လိမ်ခေါက် ဆွဲပြေး
ဂိုးရှေ့တည့်တည့်ကို ထိုးကျွေးလိုက်တယ်။
ဂိုးသွင်းမယ့်သူ မရှိဘူး။
ကောင်းကင်ကို

11 comments:

မမ said...

ဂိုးသွင်းမယ့်သူမရှိရင်လဲ ကိုယ့်ဖာသာကို သွင်းလိုက်တော့နော် မောင်လေး ကောင်းကင်ထက်က ဒေါင်းသခင်ရေ

Kaung Kin Ko said...

ဟားဟား။ ကျနော်က ချစ်သူပေါင်ပေါ်မှာ အိပ်ပျော်နေတဲ့ အထဲမှာ ပါတယ်လေ အမရ။

ဒေါင်းတမာန် said...

အဲ့ဒီဂိုးလ် ကျွန်တော်သွင်းမယ်း)

သွယ်လင်းဆက် said...

တူတူပဲ။ :)

vowel said...

ဂိုးသွင်းမဲ့သူမရှိ
ဂိုးဖမ်းမဲ့သူမရှိ
သူမရှိ
ငါမရှိ။
အဟိ...ဟိ။

vowel said...

ဂိုးသွင်းမဲ့သူမရှိ
ဂိုးဖမ်းမဲ့သူမရှိ
သူမရှိ
ငါမရှိ
အဟိ..ဟိ။

win latt said...

KO C က ဘာလို့ ပေါင်ပေါ်မှာ အိပ်ရတာလဲ?။
တော်တော်ဆိုးတဲ့ ကိုစီ။
.....
ဂိုးရှေ့တည့်တည့်မှာ ရှိနေတာတောင်
ဂိုးဝင်အောင်မသွင်းတတ်ဘူး....
လူချင်းလဲလိုက်ချင်ပါဘိ....။

December Cinderella said...

ဟုတ်လို့လား .. အိပ်ပျော်နေမှန်းမသိလိုက်ဘူး .. ဆောရီး .. ဟိ ။

thaingarra said...

တော်သေးတာပေါ့ ဗျာ ...

ဂိုးသွင်းမယ့် သူ မရှိလို့ ..

မဟုတ်ရင် ...

ဂိုးသမား တော့ .. ပိုက်ဘော အမိ ပဲ :P

မောင်သုည said...

ဂိုးသွင်းတာကို ဖျက်တဲ့သူကြောင့်လား။
ဂိုးသွင်း ရဲ တဲ့သူမရှိတာလား။
ဂိုးသွင်းမယ့်သူမရှိတာလား။
ကျွန်တော်သေသေချာချာမမြင်လိုက်ဖူး
ကျွန်တော်လဲ(လည်း)ချစ်သူပေါင်ပေါ်မှာ
အိပ်ပျော်နေမိလားမသိဘူး။

Myanmar Good Knowledg Co., Ltd said...

ပယ်နယ်တီပေးကန် မလို့လား။
အချိန်ပိုပေးမယ်ပေါ့လေ။
ဂျပန်က ကဗျာစာဆိုတွေကလည်း သူတို့ချစ်သူပေါင်ပေါ်မှာ အိပ်ကြတာကို ကဗျာရေးကြတယ်။ ဒါပေမယ့် “ဂိုး”အကြောင်းတော့ မရေးကြဘူး။ သူတို့ က တကယ်အိပ်ပျော်နေတာလားမသိဘူး။