Sunday, May 16, 2010

ရန်ကုန်နွေ

မီးပျက်အမှောင်မှာ
ဇီးကွက်တကောင်...
သြော်... ဒါလာဘ်ကောင်တဲ့။

ကပ်ထားတဲ့စာရွက်ပေါ်ကလို
နေအထွက်မှာ ရွှေခွက်နဲ့ ...ငွေအပြည့်မခပ်နိုင်ရင်နေပါ
နွေရက်မှာ ရေခွက်နဲ့ ...ရေအပြည့်ခပ်နိုင်ရင်တော်ပြီ။
ကောင်းကင်ကို

ကဗျာအဟောင်းလေးကို ပြန်တင်လိုက်တာပါ။

4 comments:

kiki said...

ရေငတ်နေကြသောသူများအားလုံး
သောက်ရေ သုံးရေ ဖေါဖေါ သီသီ သောက်နိုင်သုံးနိုင်ကြပါစေ ...
မိုးမှန်မှန်ရွာပါစေ...

mabaydar said...

ဟာ.. ကဗျာက ထိထိမိမိနဲ့ ကောင်းလိုက်တာ... ဟာသမြောက်သလိုလိုနဲ့ စိတ်ထဲမှာလဲ ၀မ်းနည်းသလို တပြိုင်တည်းခံစားရတယ်... တိုတိုလေးနဲ့ အရာရောက်တယ်... အားပေးနေပါတယ်...

Angel Shaper said...

နောက်ထပ်ရေငတ်ခြင်း ဒဏ်မှကင်းဝေးကြပါစေ။
ပျော်ရွှင် ငြိမ်းချမ်းကြပါစေ။

Myanmar Good Knowledg Co., Ltd said...

ကိုကောင်းကင်ကို
တစ်ခုလောက်တောင်းဆိုချင်ပါတယ်။
တစ်ချို့ကဗျာတွေကိုထပ်တင်ပေးတာ၊ အဲဒီ အချိန်အခါ တစ်ခုနဲ့တိုက်ဆိုင်နေတာကိုတွေ့ရတော့ ရသနောက်တစ်မျိုးကို ရရှိစေပါတယ်။ အဲဒီအခါမှာ နောက်ဆက်တွဲသိချင်လာတာက “ဒီကဗျာလေးကို ရေးစပ်ခဲ့တဲ့အချိန်”လေးကိုရေးထဲ့ပေးထားရင်ကောင်းမှာပဲလို့၊
ဒါပေမယ့် ကျွန်မရဲ့ တောင်းဆိုမှုကို ထဲ့မပေးနိုင်ရင်လည်းရပါတယ်။ အမြဲ အားပေးနေမှာပါပဲ။
လေးစားခင်မင်လျှက်