Tuesday, May 11, 2010

ပဋိပက္ခ

ကိုးကွယ်စရာတွေ ဆိုတာ
မျက်လုံးမှိတ်လိုက်မှသာ မြင်ရတာ။

ဒီလိုနဲ့ 
တယောက်အမှောင်ကို တယောက်က
မီးထိုးလိုက်တဲ့အခါ…..
ကောင်းကင်ကို

10 comments:

thaingarra said...

စိတ်ကို စိတ်က
အထားအသို မှားတယ် ပြောချင်ပြောမလား

ကိုယ်ချင်းစာတရား နဲ့
စာနာစိတ် ...
ဘယ် အဖိတ်အစင် ဓာတ် က
ကိုယ့် အိတ်ထဲ ၀င်ခဲ့ပါသတဲ့ လဲ ...

:)

ဂျူနို said...

ပြသာနာ မီးထိုး ရှာတယ် ဆိုတာ ဒါပေါ့:))

မော်ကွန်းသစ် said...

ဖတ်နေဆဲပါပဲ။

ma ma said...

မျက်စိမှိတ်မှမြင်တယ်ဆိုတော့

မျက်စိမမှိတ်ရင်ရော????????

သွယ်လင်းဆက် said...

ကိုကောင် က တွေးစရာတွေ ပေးပြန်ပြီ။ :)

sait phay yar said...

အဲ ဒီမှာ အကွက်ကြီး

ကျော်ညိုသွေး said...

အတိအကျပဲ

Angel Shaper said...

မီးထိုးလိုက်တဲ့အခါ မျက်လုံးမမှိတ်လို့
မြင်လိုက်ရတာကတော့ မီးဝင်းဝင်းတောက်နေတဲ့
နဂါးမျက်လုံးးးး အဟိ :)
ပျော်ရွှင်ပါစေ။

မိုးဆက် said...

ကိုကောင်းကင်ကိုခင်ဗျာ။ အစ်ကိုရဲ့ ပဋိပက္ခ ဆိုတဲ့ ကဗျာလေးကို အရမ်းကို ကြိုက်ပါတယ်။ ထိမိတယ်။ လိုတိုချင်း ပဲ ဒီအတွက် တော်တော်လေးကို သဘောကျမိပါတယ်။ ဒါကြောင့် အစ်ကို ကဗျာလေးကို ကျွန်တော် တနေရာမှာ ပြန်လည်ဖော်ပြခဲ့မိပါတယ်။ ဖော်ပြတယ်ဆိုသော်လည်း အစ်ကိုနာမည်ကို တိုက်၇ိုက်ဖော်ပြခဲ့တာပါ။ အဲဒီမှာ လည်း အစ်ကို ကဗျာလေးကို တအားသဘောကျတယ်ဆိုတာတွေရပါတယ်။ နောက် ကဗျာဖတ်သူတစ်ချို့က ပြန်တင်ပြကြတာက အစ်ကိုကဗျာက မဆုံးသေးသလိုပဲတဲ့။။ ဆက်လက်မျှော်ရမှာလားတဲ့။ အဆုံးအထိ ဆက်ေ၇းပေးပါတဲ့။ ကျွန်တော် ကကဗျာတင်သူဆိုတော့ comment ပေးသွားကြပါတယ်။ သိုအတွက်ကြောင့် ဒီမှာ ဆက်မေ၇းချင်လည်း ပဋိပက္ခ ၂ ဆိုပြီး နောက် နှစ်ပုဒ်ကို ဆက်လက်ေ၇းသားစေချင်ပါတယ်။

ကောင်းကင်ကို said...

ကိုမိုးဆက် >> ပဋိပက္ခကဗျာကို နှစ်သက်ကြတယ်လို့ သိရလို့ ရေးရတာ အားရှိပါတယ် ညီရေ။ နောက်ထပ်လည်း ကြိုးစားပါ့မယ်။ ပဋိပက္ခတွေအကြောင်း အတွေးဆန့် ရင်းနဲ့ (၂) ကိုလည်း ဆက်ရေးဖြစ်ချင် ရေးဖြစ်မှာပါ။ ကျေးဇူး