Monday, May 3, 2010

ကိုယ့်ကိုယ်ကို ဆယ်ယူခြင်း

ထမင်းအိုးလေးကွဲ၊
ပြီးတော့ အသည်းပါ ဆက်ကွဲ
ငါ့လမ်းလေး ရုတ်တရက် မှောင်မဲသွားလိုက်တာ။

ကိုယ် ခေါင်းကိုက်နေတာကို
သူစိမ်းတယောက် ကွယ်လွန်တာထက်
ပိုစိတ်ဝင်စား တတ်တယ် ဆိုတဲ့
လူ့ သဘာဝ ကြောင့်လား
ပြောရမှာ ရှက်၊ကြောက်၊အားနာ ပါရဲ့။
ငါ့ အသည်းကွဲသံက
ဗုံးကွဲသံတွေထက်တောင် ပိုကျယ်နေတယ်။

ငိုသူကငို
သီချင်းဆိုသူက ဆိုနဲ့ 
ပြုံးတဝက် မဲ့တဝက် ကမ္ဘာကြီးထဲမှာ
ငါရောက်နေတာ မှောင်နေတဲ့အခြမ်း
ငါ့ကိုယ်ငါလည်း မနိုင်မနင်း ထမ်းလို့။

အကောင်းတွေကိုမှ ရွေးပြီးကန်းတဲ့ အာရုံတွေက
ပန်းတွေအနား ဖြတ်သွားရင် နှာခေါင်း ပိတ်ထားဖို့ နဲ့
အလကားရတဲ့ အကူအညီတွေဆိုတာ
ထိန်းသိမ်းစောင့်ရှောက်ခ ဈေးကြီးလှကြောင်း
ဦးနှောက်ဆီကို သတင်းပို့ တယ်။

ငါက ငါပီပီ
ဆုတောင်းခြင်းကို အယုံအကြည် မရှိဘူးဆိုတော့
အများနည်းတူ ပုံသွင်းမထားခဲ့တဲ့ စိတ်ကို
ဘယ်လို အားပေးရပါ့မလဲ။

ဒီလိုနဲ့
ဘာရယ်မဟုတ်
ဆောက်တည်ရာ မဲ့နေတဲ့
ဗျာများလွင့်မျော ငါ့မနောဟာ
စာအုပ်တအုပ်မှာ အမှုမဲ့ အမှတ်မဲ့ ပြေးကပ်မိတယ်။

၁၉လ သမီး အရွယ်နဲ့
မျက်မမြင်နားမကြားခဲ့ရပေမယ့်
ကမ္ဘာကျော်သွားခဲ့တဲ့ ဟယ်လင်ကဲလား….
တကိုယ်လုံးမှာ့ လက်ချောင်းလေးတွေပဲ ရွှေ့နိုင်ပေမယ့်
အိုင်းစတိုင်းလက်သစ် ဖြစ်လာခဲ့သူ စတီဖင်ဟောကင်း….
ဘီသိုဗင်…ဂျွန်နက်ရှ်…ဟိုး ဧဝရက်တောင်ထိပ်က မျက်မမြင်…
ကြယ်ပေါင်း များစွာ…များစွာ

ဒီညတော့
ကိုယ့်ကိုယ်ကို မျက်နှာချင်းဆိုင်
ဖုံတက်နေတဲ့ အိပ်မက်လေးကို ပြန်ကိုင်လိုက်မယ်။
ကောင်းကင်ကို

12 comments:

ကျော်ညိုသွေး said...

အဲ့လိုပဲ ကိုယ့်ကိုယ်ကို ခဏခဏ ဆယ်ယူနေရတာပဲ...း)

vowel said...

အလကားရတဲ့ အကူအညီတွေဆိုတာ
ထိန်းသိမ်းစောင့်ရှောက်ခ ဈေးကြီးလှကြောင်း
ဈေးကြီးလှကြောင်း
ဈေးကြီးလှကြောင်း
ဈေးကြီးလှကြောင်း

ma ma said...

ဒီလိုနဲ့
ဘာရယ်မဟုတ်
ဆောက်တည်ရာ မဲ့နေတဲ့
ဗျာများလွင့်မျော ငါ့မနောဟာ
စာအုပ်တအုပ်မှာ အမှုမဲ့ အမှတ်မဲ့ ပြေးကပ်မိတယ်။

စာအုပ်ပြေးကပ်မှပဲအေးချမ်းတော့တယ်ပေါ့နော့
မှန်ပါ့
ကောင်းကင်ရေ

သွယ်လင်းဆက် said...

ဘယ်လိုပြောရပ ကိုကောင်း။ တစ်ခါတစ်လေ Self encourage ကလုပ်ရတာလို့ပဲပြောရမလား။ :)

Theingarra said...

ဖုန်တက်နေတဲ့ အိပ်မက်လေး ကို

လိုအပ်ရင် Blower လေး နဲ့ ဖြစ်ဖြစ် တော့

ရှင်းလင်း ပြီးမှ ပြန်ကိုင်ပါ အစ်ကို ... :)

Anonymous said...

ဆြာကဗျာဟောတဲ့ဓမ္မ ....နားသသွားတယ်
ကိုယ့်ကို့ကိုယ် ....ဆယ်ယူတတ်တာ နည်းတာမှတ်လို့
အင်မတန်ဈေးကြီးတဲ့ output ပေါ့ဗျ

လေးစားစွာဖြင့်

ကျော်နိုင်

နေသစ် said...

လာလည်ပါတယ်။ ကိုယ့်ကိုယ်ကို ဆယ်ယူလို့ရသေးတာ တော်သေးတာပေါ့ဗျာ။ ဆယ်မရတော့ ဘ၀တွေက လမ်းပေါ်မှာ ကြွေလို့။

ဥာဏ်လင်း ထူး@norman said...

ကိုယ့်ကိုကိုယ်ထိန်းကျောင်းရတာအခက်ဆုံးပဲ

သွယ်လင်းဆက် said...

လိုင်းပေါ်မှာလည်း မတွေ့ဘူး။ ဘယ်တွေပျောက်နေတာလဲ ကိုကောင်း??? နေရောကောင်းရဲ့လား။

ညလင်းအိမ် said...

အလကားရတဲ့ အကူအညီတွေဆိုတာ
ထိန်းသိမ်းစောင့်ရှောက်ခ ဈေးကြီးလှကြောင်း
ဦးနှောက်ဆီကို သတင်းပို့ တယ်။


အကိုရေ မှန်ကန်လှကြောင်းပါ ...

လေပြေ said...

ကို ကောင်းရေ..လာဖတ်သွားပါတယ်..။

Republic said...

ဒီကဗျာလေး ကိုတော်တော်လေး နှစ်သက်မိပါတယ် ..(ညီ) ကောင်းကင်ကြီးရေ