Sunday, May 30, 2010

ဥယျာဉ်

လောကကြီးကလည်း
ငှားဝတ်ထားတဲ့ အလင်းရောင် တွေကိုချွတ်
သူ့ကိုယ်သူ ညအမှောင်ထဲ လွှတ်လိုက်ပြီ

မင်းနဲ့ငါနဲ့လည်း
မလိုအပ်တော့တဲ့ ယဉ်ကျေးမှု တွေကိုချွတ်
ငှက်ကလေးတကောင်စီ သဘာဝထဲကို လွှတ်ရအောင်။

အချစ်တွေကို ဖယောင်းတိုင်လို မီးညှိ
အမှောင်ထုကို အလင်းဖျော့ဖျော့ ရောပြီး မြည်းကြည့်တယ်။
ခြုံတွေကြားမှာ ပန်းတပွင့် စမ်းမိသလို
ကန္တာရမဆန်တဲ့ ဘဝပတ်လမ်းတခုကို တွေ့ ခဲ့ပြီ။

အိမ်ထောင်ရေးဆိုတာ
‘အိမ်’ ဆိုတဲ့ ‘ထောင်’ လေးတဲ့။
မင်းနဲ့ သာဆိုရင် ငါ့အတွက်ကတော့
ပန်းကြိုက်လိပ်ပြာ တကောင်ကို
ဥယျာဉ်ကြီးထဲ လှောင်ထားသလိုပဲဖြစ်မှာ။
ကောင်းကင်ကို

12 comments:

Anonymous said...

ဆ၇ာကောင်း ဆ၇ာကောင်း


အချစ်ဥယဉ် ကြီးကို စိတ်ကူးယဉ်နေပီ
ကောင်းပါ့ တော် ကောင်းပါ့ 


မမိုညေ

သွယ်လင်းဆက် said...

"အိမ်ထောင်ရေးဆိုတာ
‘အိမ်’ ဆိုတဲ့ ‘ထောင်’ လေးတဲ့။
မင်းနဲ့ သာဆိုရင် ငါ့အတွက်ကတော့
ပန်းကြိုက်လိပ်ပြာ တကောင်ကို
ဥယျာဉ်ကြီးထဲ လှောင်ထားသလိုပဲဖြစ်မှာ"

ဒီအပိုဒ်လေးကို အတော်လေးချစ်မိသွားတယ်။ :)

သကျသွေး said...

ကောင်းလင့်တေး။ ဟုတ်မဟုတ် လုပ်ကြည့်မယ်။

Maung Myo said...

အစ်ကို မိန်းမယူတော့မယ်ထင်ပါ့ ကောင်းတယ် ကောင်းတယ် ၀ါမ၀င်ခင်လေး =)

thaingarra said...

ကန္တာရ မဆန်တဲ့ ဘ၀ပတ်လမ်း လား ...

ဘ၀ပတ်လမ်းဆန်တဲ့ ကန္တာရ လား ...

ကိုတာ ကတော့ ပြောတယ် ...

တစ်ခါတစ်ခါ Reversal Thinking က ...

အဖြေမှန် အတွက် တွေးခေါ်မှု လုံလောက်စေတဲ့

နည်းနာ တဲ့ ...

စာအုပ်တွေထဲက ပါ ...

ကိုယ့်အတွက် ကိုယ် ကတော့ ...

Listen to your body ဆိုတာပဲ ကောင်းမယ်

ထင်ပါရဲ့ ... :)

ycowa(bangkok) said...

မင်းနဲ့ သာဆိုရင် ငါ့အတွက်ကတော့
ပန်းကြိုက်လိပ်ပြာ တကောင်ကို
ဥယျာဉ်ကြီးထဲ လှောင်ထားသလိုပဲဖြစ်မှာ" တဲ့။
မရခင်တော့ ဒီလိုပဲ ကြုံးဝါးကြတာပါပဲ။ ရသွားရင်တော့ ဘယ်လို ပြန်ရေးမလဲ ဆိုတာ ကြည့်ရသေးတာပေါ့။ ဟဲဟဲ

Myanmar Good Knowledg Co., Ltd said...

ဥယျာဉ်ကြီးထဲပဲ လှောင်လှောင်
ငှက်ကလေးတစ်ကောင်စီပဲလွှတ်လွှတ်
ခြုံတွေကြားက ပန်းတစ်ပွင့် ပဲ စမ်းစမ်း
အရေးကြီးတာက
ဖိတ်စာတစ်စောင်တော့ ကမ်းလိုက်စမ်းပါ။
လိပ်စာက ဂျပန်က မိုညေ သိတယ်။

ကျော်ညိုသွေး said...

မင်္ဂလာဆောင်မယ် မင်္ဂလာဆောင်မယ်
ဒီတစ်မိုးကုန်ရင်ကွယ်...
ဆွေမျိုးတွေလည်း ဖိတ်ကြားမယ်...
သူငယ်ချင်းတွေလည်း ဖိတ်ကြားမယ်...

:D :D :D

မာန်လှိုင်းငယ် said...

ကောင်းလိုက်တဲ့ ကဗျာလေးပါဗျာ။ ဒို့ကိုကြီးကောင်းကတော့ တကယ့်ကဗျာကောင်းတွေ အမြဲတမ်းမွေးပျံ့နေတယ်ဗျာ။

အချစ်တွေကို ဖယောင်းတိုင်လို မီးညှိ
အမှောင်ထုကို အလင်းဖျော့ဖျော့ ရောပြီး မြည်းကြည့်တယ်။
ခြုံတွေကြားမှာ ပန်းတပွင့် စမ်းမိသလို
ကန္တာရမဆန်တဲ့ ဘဝပတ်လမ်းတခုကို တွေ့ ခဲ့ပြီ။

ကျန်းမာပျော်ရွှင်ပါစေဗျာ။

မာန်လှိုင်းငယ်

မာန်လှိုင်းငယ် said...

အချစ်တွေကို ဖယောင်းတိုင်လို မီးညှိ
အမှောင်ထုကို အလင်းဖျော့ဖျော့ ရောပြီး မြည်းကြည့်တယ်။
ခြုံတွေကြားမှာ ပန်းတပွင့် စမ်းမိသလို
ကန္တာရမဆန်တဲ့ ဘဝပတ်လမ်းတခုကို တွေ့ ခဲ့ပြီ။

ကောင်းတယ်ဗျာ။ ကိုကြီးကောင်းကတော့ ကဗျာဝိုင်ချိုတွေ တခွက်ပြီးတခွက် ထုတ်လုပ်နိုင်တယ်ဗျာ။

ကျန်းမာရွှင်လန်းပါစေ၊

မာန်လှိုင်းငယ်

yinminkhine said...

အိမ်ထောင်ရေးဆိုတာ
‘အိမ်’ ဆိုတဲ့ ‘ထောင်’ လေးတဲ့။
မင်းနဲ့ သာဆိုရင် ငါ့အတွက်ကတော့
ပန်းကြိုက်လိပ်ပြာ တကောင်ကို
ဥယျာဉ်ကြီးထဲ လှောင်ထားသလိုပဲဖြစ်မှာ။

ကောင်းကင်ရဲ့ချစ်သူတော့ပျော်နေမှာသေချာတယ်

ဒီစာပုဒ်လေးဖတ်ရတော့

ညလင်းအိမ် said...

ကောင်းလိုက်တဲ့ ဖွင့်ဆိုချက် ...