ဖေဖော်ဝါရီ လက ဟာကို နည်းနည်းပြန်ပြင်ပြီး ဒုတိယ အကြိမ် ပြန်တင်တာပါ။
download လုပ်ချင်ရင် pdf download link
သေချင်နေတဲ့ လူလိမ္မာ
(၁)
စာရေးဆရာ တယောက်က လူ့ဘဝကို ဘတ်စ်ကားနဲ့ ခိုင်းနှိုင်းပြီး ဥပမာ ပေးဖူးတယ်။ တယောက်နဲ့ တယောက် ဆုံစည်းမှုဆိုတာ ဘတ်စ်ကားကြပ်ကြပ်ထဲက ခဏလေး ဆုံစည်းမှုလိုပဲတဲ့။ ဘတ်စ်ကားက ကြပ်လွန်းတော့ တယောက်နဲ့ တယောက် နင်းမိတာတို့ ထိခိုက်မိတာတို့ ရှိမယ်။ ခဏတာ လေးမို့ ခွင့်လွှတ်လိုက်ပါတဲ့။
ဒါပေမယ့် သူအခု ဆုံနေရတဲ့လူ၊ သူ့ကိုလိုက်နှောင့်ယှက်နေတဲ့ လူက ခဏလေး မဟုတ်ဘူး။ သူလူမှန်းသိစ အရွယ်ကနေ ခုချိန်ထိ ထာဝရ လိုက်နှောင့်ယှက်နေတာ။ သူဆက်ပြီး သည်းမခံနိုင်တော့ဘူး။
ဒါနဲ့ သူ ကြံဖန်ပြီး ခွင့်လွှတ်တဲ့နည်းတွေ လိုက်စဉ်းစားကြည့်တော့ နည်းတခုကို သတိရသွားတယ်။ အဲဒီ့နည်းအရ ဆိုရင်တော့ ကိုယ်နဲ့ သံသရာမှာ အမျိုးမတော်ဖူးတဲ့သူ မရှိဘူးတဲ့။ ကိုယ် ခွင့်မလွှတ်နိုင်တဲ့သူ နဲ့ ကိုယ်နဲ့ သံသရာမှာ ဆွေမျိုး တနည်းတဖုံ တော်စပ်ခဲ့ဖူးမှာပဲလို့ တွေးပြီး ခွင့်လွှတ်လိုက်ပါတဲ့။ အဲဒီ့မှာ သူဦးနှောက် ပိုခြောက်သွားပြီးတော့ စိတ်ထဲက ရေရွတ်လိုက်တယ်။
“ငါနဲ့ငါ သံသရာမှာ ဘာတော်ခဲ့ပါသလဲ”
(၂)
သူ့ကို သူကိုယ်တိုင်က လိုက်နှောင့်ယှက်နေတာ ကြာလှပြီ။ သူစာအုပ် တအုပ်ဖတ်ပြီဆို စာရေးသူရဲ့ ညံ့ဖျင်းမှုတွေကို လာပြောပြီ။ တရားနာပြီဆိုရင်လည်း အဲဒီ့တရားရဲ့ ဟာကွက်တွေကို လာပြောပြီ။ သြော်…သူ့စိတ်ထဲကနေ ‘နေခြည်’ကို ထုတ်ပစ်ဖို့ ကြိုးစားခဲ့တုန်းကလည်း…
(၃)
ဖယောင်းတိုင်လေး မကုန်ခင် ဒီ ခြောက်ခြားစရာ တစ္ဆေဇာတ်ကို သူ ဆက်ဖတ်ရမလား။ ဒါမှမဟုတ် ဖယောင်းတိုင်လေးကို မှုတ်ပြီး စောစော အိပ်လိုက်ရမလား။ သေချာတာ တခုကတော့ သူဆုံးဖြတ်ချက် မချနိုင်ပဲ တွေးနေရင် တစ္ဆေဇာတ်လမ်းလည်း မဖတ်လိုက်ရ၊ စောစောလည်း မအိပ်လိုက်ရပဲ ဖယောင်းတိုင်လေး ကုန်သွားတာပဲ အဖတ်တင်မယ်။
နောက်ဆုံးတော့ ဆုံးဖြတ်ချက်ချဖို့ သူဆုံးဖြတ်လိုက်တယ်။ ရှုံးရင်တောင်မှ စိတ်ပဋိပက္ခကြောင့် စိတ်ထောင်းကိုယ်ကြေဖြစ်ပြီး ရှုံးရတာထက်စာရင် ဆုံးဖြတ်ချက်နဲ့ ရှုံးတာက တော်သေးတယ်လို့ သူထင်တယ်။
အရှုံးဆိုတာ ချိုမြိန်တဲ့ ဝိုင်အရက်မှ မဟုတ်တာ။ သူ ဘာလို့ အချိန်ဆွဲပြီး သောက်နေရမှာလဲ။
(၄)
ဆုံးဖြတ်ဖို့အတွက် ခေါင်းပန်းလှန်တဲ့ နည်းကိုတော့ သူမသုံးချင်ဘူး။ အဲဒါက ကိုယ့်ကိုယ်ကို အကြွေစေ့တစေ့လောက်မှ တန်ဖိုးမထားတဲ့လူတွေရဲ့ လုပ်ရပ်လို့ သူယူဆတယ်။
ဒီတော့ ပြဿနာကို အဖြူအမည်း မဆုံးဖြတ်ခင်မှာ သူ့အနေနဲ့ တွေးခေါ်သယောင်ယောင် လုပ်ဖို့တော့ လိုလာပြီ။ စဉ်းစားခြင်းဆိုတဲ့ နာမည်နဲ့ ကိုယ်သန်ရာသန်ရာကို လိုသလို ဆွဲတွေးတာတွေ ဘာတွေ လုပ်ဖို့လိုလာပြီ။ ဒါမှလည်း လိုအပ်လာရင် အကောင်းဆုံးစဉ်းစားခဲ့သားပဲလို့ တွေးပြီး စိတ်ဖြေလို့ ရမယ် မဟုတ်လား။
သူ့ဘဝ ဟိုးအောက်ဆုံးအမြစ်နားအထိ လက်တံရှည်ရှည်နဲ့ ဒုက္ခလှမ်းပေးနေတဲ့ မေးခွန်းကို Yes or No တခုခု ဖြေဖို့ လုပ်မှ ဖြစ်တော့မယ်။
တွေးရင်းတွေးရင်းနဲ့ Albert Camus ရဲ့ စကားတခုကို သူ သတိရလို့ ပြုံးလိုက်မိသေးတယ်။
အတွေးအခေါ်ပိုင်းဆိုင်ရာ ပြဿနာတွေထဲမှာ တကယ်နက်နဲတဲ့ ပြဿနာဆိုလို့ တခုပဲ ရှိတယ်တဲ့။ အဲဒီ့အကြောင်းအရာကတော့ ‘suicide’ တဲ့။ အခု သူအဲဒီ့အကြောင်းအရာကို ကိုင်တော့မှာဆိုတော့ အနက်နဲဆုံး အတွေးအခေါ် ပြဿနာတခုကို စဉ်းစားခြင်းလို့ ကြီးကြီးကျယ်ကျယ် နာမည် လျှောက်တပ်လို့တောင် ရသေးတယ်။
“ဗွန်းးးး” “ဗွန်းးးးးး”
ရုတ်တရက် ကြားလိုက်ရတဲ့ စက်နှိုးသံကို သူမခံနိုင်လို့ နားတွေကို အတင်းပိတ်လိုက်ရတယ်။
(၅)
ဟင်!
သူအသံကြားလို့ ဖျတ်ခနဲ ကြည့်လိုက်တော့ တီဗွီဖန်သားပြင်မှာ နေခြည်ရဲ့ ရုပ်ပုံလွှာ။ သူ အံ့သြသွားတယ်။ နေခြည်ရဲ့ ရုပ်ပုံက မှောင်ရိပ်သန်းပြီး ဝါးနေတယ်။ သူ ဖန်သားပြင်ရဲ့ အလင်းရောင်ကို တင်ဖို့ အလင်းအမှောင်ချိန်တဲ့ ခလုတ်ကို လိုက်ရှာလိုက်တယ်။ မတွေ့ဘူး။ နေခြည့်ပုံကလည်း ကြည့်ရင်းနဲ့ တဖြည်းဖြည်း ဝါးပြီး ပျောက်သွားတယ်။
သူ့ပါးပေါ်ကို မျက်ရည်တွေ စီးကျလာတယ်။
သူ့ရှေ့က အရာဝတ္ထုကလည်း သူစိုက်ကြည့်ရင်းကနေ တီဗွီဖန်သားပြင် တခု မဟုတ်တော့ပဲ ကြည့်မှန်တချပ်ဖြစ်သွားပြန်တယ်။ အဲဒီ့ကြည့်မှန်ချပ်ထဲမှာတော့ ချောင်ကျနေတဲ့ သူ့မျက်နှာစစ်တလင်းမှာ သောကနှစ်သွယ် စီးဆင်းလို့။
(၆)
မှန်ထဲက သောကကောင်ရဲ့ ရှင်သန်နေမှုဟာ ဘာအကျိုးရှိပါသလဲ။
သေဆုံးခြင်းနဲ့ ပတ်သတ်ပြီး ကောင်းကျိုး၊ ဆိုးကျိုး စာရင်းတခု လုပ်ဖို့ သူဆုံးဖြတ်လိုက်တယ်။ ပြီးတော့ ကောင်းကျိုး နံပါတ် (၁) အဖြစ် သူ့စာရင်းထဲမှာ ဒီလို ချရေးလိုက်တယ်။
သေဆုံးခြင်း
ကောင်းကျိုး(၁)
နေခြည်နဲ့ ပြန်တွေ့ရနိုင်တယ်။ ပြီးတော့ ပတ်ဝန်းကျင်တွေ ဓလေ့ထုံးတမ်းတွေကိုလည်း ဂရုစိုက်စရာ လိုမှာမဟုတ်တော့ဘူး။
ကောင်းကျိုး နံပါတ်(၁) မှာတင် အချက် ၂ချက်ပါနေတာကို သူသတိထားမိတယ်။ ကိစ္စမရှိဘူး။ ဒါက သူတယောက်တည်း သိရုံ၊ ဆုံးဖြတ်ချက်ချဖို့ အထောက်အကူပြုရုံ ရည်ရွယ်ထားတဲ့ စာရင်း။
(၇)
သေခြင်းတရားဆိုတာ ဘာလဲ။ တချို့ကလည်း သေတတ်အောင် ပြင်ဆင်ထားကြတဲ့။ သေတာတောင်မှ နည်းနာတွေ လိုသေးသလားကွယ်။
ရှင်သန်ခြင်းမှာသာ ပြင်ဆင်မှု မရှိပဲ ရှင်သန်လို့ မရတာ။ သေခြင်းကတော့ ပြင်ဆင်မထားလည်း အမှတ်တမဲ့ ရောက်လာပြီး ဒီအတိုင်းပြီးသွားတာပဲ။ သူ့အထင်မှာတော့ သေတာထက်စာရင် ရှင်ရတာက အဆပေါင်းများစွာ ပိုခက်တယ်လို့ ထင်တယ်။ ရှင်နေတုန်းမှာပဲ ရှာဖွေရ၊ ရုန်းကန်ရ၊ အလုပ်လုပ်ရ၊ ကျောင်းတက်ရ၊ ငိုရ ယိုရ၊ ပတ်ဝန်းကျင်ကို ဂရုစိုက်ရ၊ ပတ်ဝန်းကျင်က လက်ခံထားတဲ့ အပေါ်ယံ ဓလေ့ထုံးတမ်းတွေကို လိုက်နာရနဲ့။
ဒီကြားထဲ ကံကောင်းထောက်မစွာနဲ့ တခါတလေ ပျော်ရ၊ ပြုံးရရင်တောင် အဲဒါတွေက အကုသိုလ် ဘာညာနဲ့ အပြစ်ကင်းတဲ့ အပျော်မျက်လုံးလေးတွေကို သဲနဲ့လာပက်ကြသေးတယ်။ အသက်ရှင်နေတုန်းမှာ သဘာဝအလျောက် ပျော်ပါစေ တော့လား။
တချို့လူတွေ ရှိသေးတယ်။ သေခါနီးလူကို ဘဝကူးကောင်းအောင် ဆိုပြီး သေခါနီးမှာ ဟိုဟာတွေရွတ်ပေး၊ ဒီဟာတွေ ရွတ်ပေးနဲ့။ သူတွေးရင်း ရယ်ချင်လာတယ်။ အဲဒါက ဘာနဲ့ တူတုန်းဆိုတော့ တနှစ်လုံး ပေပေတေတေနဲ့ စာမလုပ်ခဲ့တဲ့ ကျောင်းသားတယောက်ကို စာမေးပွဲဖြေဖို့ နာရီပိုင်းအလိုမှ ဖုတ်ပူမီးတိုက် သင်ပေးနေတာနဲ့ တူတယ်လို့ သူတွေးမိတယ်။
သူစာရင်းထဲမှာ ဒီလို ချရေးလိုက်ပြန်တယ်။
သေဆုံးခြင်း
ကောင်းကျိုး(၂)
ရုန်းကန်စရာ မလိုတော့၊ ပြီးတော့ ပတ်ဝန်းကျင်တွေ ဓလေ့ထုံးတမ်းတွေကိုလည်း ဂရုစိုက်စရာ မလိုတော့။
(၈)
ဒုက္ခဆိုတာ တကယ်တော့ ဒုက္ခမဟုတ်သေးဘူး။ ဒုက္ခမှန်းသိသွားမှသာ ဒုက္ခက ‘ဒုက္ခ’ဆိုပြီး တရားဝင် ဖြစ်သွားတာ။
လူတွေများ ကံဆိုးလိုက်ပုံက မွေးလာလို့ အရွယ်လေး နည်းနည်းရောက်လာတာနဲ့  လူတိုင်းသေရမယ်ဆိုတာကို သိလာကြတယ်။ ဒါပေမယ့် လူတွေရဲ့ အသိဥာဏ်က ရောဂါကိုသာ သိနိုင်စွမ်းရှိပြီး ဆေးကို မသိနိုင်တဲ့ အသိဥာဏ်မျိုး။ တနည်းအားဖြင့်တော့ ကိုယ့်ကိုယ်ကို သွေးပျက်အောင် နှိပ်စက်ရုံလောက် အသုံးတည့်တဲ့ အသိဥာဏ်မျိုး။ သူချရေးလိုက်တယ်။
သေဆုံးခြင်း
ကောင်းကျိုး (၃)
စောက်သုံးမကျတဲ့ တဝက်တပျက် အသိဥာဏ်တွေ မရှိတော့။ ပြီးတော့ လူ့ဘဝက ရခဲတယ်တဲ့။ ဟုတ်ခဲ့ရင်တော့ ကော်တာပဲ။ လူသာပြန်မဖြစ်ခဲ့ရင် ဒုက္ခကို ဒုက္ခမှန်းမသိလို့၊ ခံစားနိုင်စွမ်းနိမ့်လို့ ဒုက္ခတချို့ဟာ ဒုက္ခမဟုတ်တော့။ ပြီးတော့ ပတ်ဝန်းကျင်တွေ ဓလေ့ထုံးတမ်းတွေကိုလည်း ဂရုစိုက်စရာ မလိုတော့။
(၉)
တကယ်ဆို လူတိုင်းနီးပါးက အလုပ်လက်မဲ့ ဖြစ်နေသင့်တယ်။ နိုင်ငံတိုင်း နိုင်ငံတိုင်းဟာလည်း သူတို့နိုင်ငံတွေမှာ အလုပ်လက်မဲ့ဦးရေဟာ စုစုပေါင်းလူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းကျော်လာပြီ၊ ရာနှုန်းပြည့်နီးပါးဖြစ်အောင် ဆက်လက်ကြိုးစားမယ် ဘာညာနဲ့ အပြိုင်အဆိုင် ဂုဏ်ယူဝံ့ကြွားစွာ ကြေညာ နေသင့်တယ်။
အပြည့်အစုံ ပြောရရင်တော့ လူတွေဟာ အလုပ်လက်မဲ့ ဖြစ်နေတာနဲ့ တပြိုင်တည်းမှာပဲ စားစရာ သောက်စရာတွေ ဖူလုံနေပြီး လုပ်ချင်တာကိုပဲ စိတ်ကြိုက် လုပ်နေခွင့် ရသင့်တယ်လေ။
အဝတ်လျှော်စက်တွေ၊ အကြွေစေ့နဲ့ အအေးဗူးတွေ ဘာတွေ ရောင်းတဲ့ စက်တွေ၊ ခိုင်းစားစရာ စက်ရုပ်တွေကို ဘာလို့ တီထွင်ထားကြသလဲ။ ကြိုးစားပမ်းစားလည်း တီထွင်ရသေးတယ်။ စက်တွေကပဲ အလုပ်လုပ်ပြီး လူတွေက အေးအေးဆေးဆေး ကြိုက်ရာလုပ်နေနိုင်တဲ့ ဘဝမျိုးကို ရသင့်တယ်မဟုတ်လား။
ခုတော့ သတ္တဝါတွေအားလုံးထဲမှာ တပတ်ကိုခြောက်ရက်လောက် အချိန်တွေထဲမှာ အကျဉ်းကျနေတာဆိုလို့ လူဆိုတဲ့ ဥာဏ်ကြီးရှင်တွေပဲ ရှိတယ်။ အချိန်ဇယားနဲ့ အလုပ်လုပ်ရ၊ အချိန်ဇယားနဲ့ စားရ၊အိပ်ရ၊ အချိန်ဇယားနဲ့ ချစ်တင်းနှောရနဲ့။
အချိန်ဆိုတာကို လူတွေပဲ ပညတ်။ ပြီးတော့ အချိန်ထဲမှာ လူတွေပဲ အကျဉ်းကျ။ ဘာသာစကားတွေ၊ ပညာရပ်တွေ တီထွင်။ ပြီးတော့ အဲဒါတွေကို လေ့လာရ၊ သင်ရနဲ့ အကျဉ်းကျ။
ဒါနဲ့များ ခပ်တုံးတုံးငနဲတွေက သူ language ဘယ်နှစ်မျိုးတတ်သလေး ဘာလေးနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်အထိ နှိပ်စက်ထားသလဲဆိုတာကို ဘုမသိ ဘမသိ လာကြွားကြသေးတယ်။
ပြီးတော့ လူတွေလေ့လာတယ် သိလာတယ်ဆိုတာကလည်း အဖြေတခုရတိုင်း မေးခွန်းတွေ ဆယ်ခုမက ထပ်ပေါ်လာတာမျိုး။ ဆက်ပြီး လိုက်ပေတော့ပဲ။
ဥပမာ ရှေးကလူတွေရဲ့ စိတ်ကူးယဉ်မှုကြောင့် မဆီမဆိုင် စာတွေကဗျာတွေထဲမှာ အချောင်နာမည်ရနေတဲ့ ‘လ’ ဆိုတဲ့ မစွမ်းမသန် အရန်ဂြိုလ်စဂြိုလ်န ကိုပဲကြည့်။
အစကတော့ ‘လ’ကို နတ်သားလိုလို၊ လင်းနေတဲ့ နတ်ဘုရားတပါးလိုလို လူတွေ ထင်နေကြတုန်းကတော့ အဟုတ်။နတ်သားတို့ နတ်ဘုရားတို့ဆိုတာကို သွားလေ့လာရင် ကျိန်စာသင့်သွားမယ် မဟုတ်လား။ ကြည့်ပါလား။ ‘လ’ က နတ်သားဖြစ်တယ် ဆိုတာကို မယုံသလို ဘာလိုလိုပြောမိခဲ့ကြတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ရာကိုးရာ က ကောင်တွေ အခုဆို အကုန်သေပြီလေ။ သေမှာပေါ့။ နှစ်ပေါင်း ရှစ်ရာကိုးရာ တောင် ရှိ…အဲလေ သွားစော်ကားတာကိုး။
အဲလိုယုံကြည်နေတုန်းကတော့ ယုံကြည်မှုဆိုတော့ ဘာမှ ဆန်းစစ်နေစရာ မလိုဘူးလေ။ အလုပ်မရှုပ်တော့ဘူး။ ဒါကြောင့်လည်း စာပေတွေ၊သီချင်းတွေ၊ကဗျာတွေက “ယုံကြည်ချက်နဲ့ အသက်ရှင်ကြဖို့” အာပေါက်အောင် တိုက်တွန်းနေကြတာ ဖြစ်မယ်။ တွေးရတောရ လေ့လာရတာတွေနဲ့ အလုပ်မရှုပ်စေချင်တဲ့ စေတနာတွေ ဖြစ်မှာပါ။
ခုတော့ နေရဲ့အရောင်နဲ့ တကိုယ်လုံးပြောင်နေတဲ့ အဲဒီ့ ‘လ’ စုတ် ‘လ’ ပဲ့က နတ်ဘုရား မဟုတ်ပဲ ဂြိုလ်ရံလဆိုတာလည်း သိသွားရော သူ့ရဲ့ structure တွေ geology တွေ လေ့လာရ၊ အပူချိန်တွေ လေ့လာရနဲ့ အလုပ်ကို ရှုပ်သွားတော့တာပဲ မဟုတ်လား။
သူ သေခြင်းရဲ့ ကောင်းကျိုးကို စဉ်းစားရင်းနဲ့ အတွေးနည်းနည်းချော်သွားတယ်။ သေခြင်းရဲ့ ကောင်းကျိုးနံပါတ် (၄) ကို သူဒီလို ချရေးလိုက်တယ်။
သေဆုံးခြင်း
ကောင်းကျိုး (၄)
အချိန်ရဲ့ အကျဉ်းသားအဖြစ်က လွတ်မြောက်လာမယ်။ လိုက်လေ ဝေးလေဆိုတဲ့ အဖြစ်က လွတ်မယ်။ ပတ်ဝန်းကျင်တွေ ဓလေ့ထုံးတမ်းတွေကို ဂရုစိုက်စရာ မလိုတော့။
(၁၀)
“ဆရာ၊ ကျနော့်ရောဂါက ဘာရောဂါလဲ”
အဲလိုမေးသံတွေကို ကြားရင် သူအော်ရယ်လိုက်ချင်တယ်။ “ကိုယ့်လူရေ…ဆရာဝန်ကို သွားမေးမနေနဲ့။ ကျနော်ပြောပြမယ်။ ခင်ဗျားရဲ့ ရောဂါက မွေးဖွားခြင်း လို့ ခေါ်တယ်”
ဟုတ်တယ်လေ။ သတ္တဝါတိုင်းဟာ မွေးလာပြီးကတည်းက သေဖို့သေချာပြီးသား။ ရောဂါနာမည်ကို ဘယ်လိုတပ်တပ် သေမှာက သေမှာပဲ။
ဒါကြောင့် တချို့အူတူတူ လူတွေက သူ့ကို ထမင်းစားဖို့ အသက်ရှင်နေတာလား၊ အသက်ရှင်ဖို့ ထမင်းစားနေတာလား၊ ဘာအတွက် အသက်ရှင်နေတာလဲလို့ မေးလာတိုင်း သူကခပ်သွက်သွက် ပြန်ဖြေလေ့ရှိတယ်။
“ကျနော် သေဆုံးဖို့အတွက် အသက်ရှင်နေတာ”
သူအဲလိုဖြေလိုက်ရင် မေးခွန်းရှင်တွေ မျက်နှာပျက်သွားကြတာ များတယ်။ ထားပါတော့။ မမှုပါဘူး။ သူတို့ ဘယ်လိုပဲ မျက်နှာပျက်ပျက် သူ့ကို ထောက်ခံမယ့်သူတွေက ရှိနေတယ်လေ။
“ကိုမာ” ရပြီး ပိုက်တန်းလန်းတွေက ပေးတဲ့အသက်လေးနဲ့ ဆက်ရှင်နေရတဲ့သူတွေ၊ ရောဂါကျွမ်းမှု အရသာကို တငုံချင်း စိမ်ပြေနပြေ ခံစားနေရတဲ့သူတွေရဲ့ လိပ်ပြာကောင်ကြီးတွေက တောင်ပံတဝုန်းဝုန်းခတ်ပြီး သူ့ အဆိုကို ထောက်ခံကြလိမ့်မယ်။ သူတို့ ခန္ဓာကောင်ကြီးတွေဟာ သေဆုံးဖို့ တမျှော်မျှော်နဲ့ အသက်ရှင်နေကြရတယ်ဆိုတာ။
သူ့အတွေးတွေကို စာရင်းထဲ ထည့်ဖို့ ဘောင်ဝင်မဝင် သူစဉ်းစားလိုက်တယ်။ သိပ်တော့ ဘောင် မဝင်လှဘူး။ ဒါပေမယ့် လုပ်တတ်ကိုင်တတ်ရင် ဖြစ်ပါတယ်။
စာရင်းပုံစံခွက်ထဲမှာ သူလှည့်ပတ်ပြီး ထည့်လိုက်တယ်။
သေဆုံးခြင်း
ကောင်းကျိုး (၅)
ဘယ်လိုကြွေးကြော်ပြီး ရှင်သန်ရှင်သန် နောက်ဆုံးမှာ တူညီတာ တခုကတော့ မသေဆုံးခင်လေး ရှင်သန် နေကြရတာပါပဲ။ ဒီတော့ လူ့မသိစိတ်ထဲမှာ သေဆုံးခြင်းက နောက်ဆုံးပန်းတိုင်လို ဖြစ်နေတော့တာပေါ့။ ဒါကြောင့်လည်း သေမှာ (တနည်းအားဖြင့်) ကိုယ့်အတ္တလေး မရှိတော့မှာကို အရမ်း ကြောက်နေကြတာ။ တကယ်ဆိုရင်တော့ ပန်းတိုင်ကို မရောက်မှာသာ စိတ်ပူရရိုး ထုံးစံ ရှိတယ်လေ။ ပန်းတိုင်ကို မြန်မြန်ရောက်မယ့်ကိစ္စမျိုးဆိုရင် လက်ခမောင်း ထခတ်သင့်တာပေါ့။
သြော်…နောက်အားသာချက်တခုက ပတ်ဝန်းကျင်တွေ ဓလေ့ထုံးတမ်းတွေကို ဂရုစိုက်စရာ မလိုတော့။
(၁၁)
တကယ်ဆိုတော့ သေတယ်ဆိုတာ အရေးကြီးတဲ့ တာဝန် တခုကို ထမ်းဆောင်တာလို့လည်း ပြောလို့ရသေးတယ်။
ဥပမာ ကမ္ဘာပေါ်မှာ မသေဆေးတမျိုး ပေါ်လာတယ် ဆိုပါစို့။ သွားပြီ။ ကမ္ဘာကြီးတော့ ကမ္ဘာဖြစ်ရှုံးပြီ။ အကြီးအကျယ် ဒုက္ခရောက်ပြီ။ လူတွေ အကုန်လုံး မသေဖို့ ဆိုတာက မွေးဖွားခြင်း မရှိမှ ဖြစ်နိုင်မယ်မဟုတ်လား။ နို့မို့ဆို ကမ္ဘာကြီးမှာ လူတွေအကုန်လုံး ပြည့်ညပ် နေမှာပေါ့။ အခြေချစရာနေရာတွေ၊ အရင်းအမြစ်တွေ မလုံမလောက်ဖြစ်လိမ့်မယ်။
သေဆုံးခြင်း မရှိဘူးဆိုပါတော့။ ကုလို့မပျောက်နိုင်တဲ့ ရောဂါတခုခု အပြင်းအထန်ခံစားနေရတဲ့လူတွေ အတွက်လည်း တခုတည်းသော လွတ်လမ်းလေး မရှိတော့။ ထောင်နှစ်၁၀၀ မက ကျနေတဲ့သူတွေ အတွက်လည်း တခုတည်းသော လွတ်လမ်းလေး မရှိတော့။ စိတ်ဓာတ်တွေ ငရဲပြည်ရဲ့ ဟိုးမြေအောက်ခန်းထဲအထိ ကျဆင်းနေတဲ့သူတွေ အတွက်လည်း တခုတည်းသော လွတ်လမ်းလေး မရှိတော့။ မွေးဖွားခြင်း မရှိတော့ တနေ့လာလည်း ဒီမျက်နှာ….တနေ့လာလည်း ဒီမျက်နှာ! မေးလိုက်ရင် အသက်က ၁၆၀၀၊ အသက်က ၂၇၀၀! လူအိုတွေချည်း။ ဟား! တော်တော် စိတ်ပျက်စရာ ကောင်းမှာပဲ။
ပြီးတော့ နှစ် ၁၀၀၀ နေလည်း ဒီလူတွေ၊ နှစ် ၂၀၀၀ နေလည်း ဒီလူတွေချည်းဆို ဒီလူ ဒီအိုင်ဒီယာ ဒီအတွေးအခေါ်တွေနဲ့ပဲ ကမ္ဘာကြီး ရပ်တန့်သွားလိမ့်မယ်။
ဒီတော့ ကိုယ့်ကိုယ်ကို ခြွေချခြင်းနဲ့ စောစော တာဝန်ထမ်းဆောင်သင့်တယ်လို့ သူတွေးလိုက်မိတယ်။
ဒါနဲ့ပဲ…ဆရာသမား တယောက် website မှာ ရေးထားတဲ့ လေသံကို သူအတုခိုးလိုက်ပြီး သူ့စာရင်းထဲမှာ ဒီလို ချရေးလိုက်တယ်။
သေဆုံးခြင်း (ကိုယ့်ကိုယ်ကို သတ်သေခြင်း)
ကောင်းကျိုး (၆)
မျိုးဆက်သစ်များအားလုံး ဝမ်းသာတော့။
လူတယောက် လူ့လောကမှ စောစောစီးစီး နေရာဖယ်ပေးခြင်းအားဖြင့် လောက တာဝန်ထမ်းဆောင်ရန် စဉ်းစားနေပြီ။ ထိုသူကား အခြားမဟုတ်။ မိမိကိုယ်တိုင်ပင် ဖြစ်တော့သည်။
သြော်… နောက်ထပ်ကောင်းကျိုးတခုကတော့ ပတ်ဝန်းကျင်တွေ ဓလေ့ထုံးတမ်းတွေကို ဂရုစိုက်စရာ မလိုတော့။
(၁၂)
စဉ်းစားရင်း စဉ်းစားရင်းနဲ့ စီမံကိန်း တသီတတန်းနဲ့ အသားတုံးကြီး တခုအကြောင်း သူ့ခေါင်းထဲမှာ ပေါ်လာတယ်။ အဲဒီ့အသားတုံးကြီးက အရာရာကို အချိန်အတိအကျနဲ့ စီမံအကွက်ချပြီးမှ လုပ်တတ်တဲ့သူ။ အိမ်သာတက်ရင်က အစ အချိန်အလကား မကုန်ရအောင် ဖတ်စရာ စာအုပ်တွေ တအုပ်ပြီး တအုပ် အမြဲပြင်ထားတတ်တယ်။ လုပ်ငန်းတခု လုပ်တော့မယ်ဆိုရင်လည်း အာကာသဒုံးပျံ တစင်း လွှတ်တော့မယ့် အတိုင်း အချိန်ကို သေချာ တွက်ချက် ပြင်ဆင်ပြီး ကွက်တိဖြစ်အောင် လုပ်လေ့ရှိတယ်။ သေခြင်းတရားဆိုတာ နီးနီးလေး ဆိုတာကိုလည်း အဲဒီ့လူက သတိရှိလိုက်သေးတယ်။ နောက်တော့ အဲဒီ့လူ လုပ်ရမယ့် အလုပ်သစ်တခုက တနှစ်ကျော်လောက်ကြာမှာ။ အဲဒါနဲ့ အဲဒီ့လူက သေချာချင်တဲ့သူဆိုတော့ လုံလောက်တဲ့ ကျန်းမာရေး ရှိမရှိ သိအောင်လို့ ဆေးသွားစစ်တယ်။ ဆေးစစ်ချက် အရ ဘာရောဂါမှ မရှိဘူးတဲ့။ လုပ်ငန်းစလုပ်လို့ ရပြီပေါ့။ ဒါပေမယ့် ဆေးစစ်ချက်ယူပြီး ပြန်အလာ လမ်းဖြတ်အကူးမှာ ကားတိုက်ခံလိုက်ရပြီး ပွဲချင်းပြီး သေသွားတော့တယ်။
လက်ရှိ သူစဉ်းစားနေတဲ့အကြောင်းအရာအရ… အဲဒီ့လူရုတ်တရက်သေတာကို သံဝေဂ ရရမယ့်အစား အဲဒီ့လူ ကိုယ့်plan လေးနဲ့ကိုယ် မသေနိုင်တာကိုပဲ သူက သံဝေဂရနေတယ်။ မဖြစ်ဘူး။ အချိန်ရှိတုန်း မြန်မြန်ဆုံးဖြတ်ပြီး လုပ်မှ!
ကိုယ့်ကံကြမ္မာရဲ့ အရှင်သခင်ဟာ ကိုယ်တိုင် ဖြစ်သင့်တယ်လို့ လူတွေ ပြောပြောနေကြတယ် မို့လား။ ခရစ်တော်က အိပ်ဖို့ ခေါ်တဲ့အထိ၊ အလ္လာက အမိန့်ပေးတဲ့ အထိ၊ ကံကြမ္မာဆိုတဲ့ ရှုပ်ထွေးထွေး အစုအဝေးကြီးက ‘ဟေ့ယောင်..မင်းသေတော့’လို့ အလိုက်သိတဲ့ အထိ ဘာလို့ စောင့်နေရမှာလဲ။
“ငါသာလျှင် ငါ့ကံကြမ္မာရဲ့ အရှင်သခင် ဖြစ်ရမယ်ဟေ့” …သူယောင်ပြီး ကြွေးကြော်လိုက်တယ်။
ကိုယ်ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာမှာ အဆင်ပြေမယ့်နည်းနဲ့ ကြွေကျပစ်ရမယ်။ တခြားလူတွေကတော့ မေးချင်ကြပါလိမ့်မယ်။ သေခြင်းနဲ့ ပတ်သတ်ပြီး ကိုယ့်ကြမ္မာကိုယ် မပြဌာန်းရတော့ကော ဘာဖြစ်မှာ မို့လို့တုန်းလို့။
အဲလို သူ့ကိုမေးလာရင်တော့ မေးလာတဲ့သူတွေကို ဒုံးဝေးရန်ကော ဆိုတဲ့ အကြည့်နဲ့ သူကြည့်မိမှာ အသေအချာပါပဲ။ ဟုတ်တယ်လေ။ ပျမ်းမျှခြင်း ဥပဒေသနဲ့ တွက်ကြည့်ရင် လူတွေဟာ ဘောလုံးပွဲ ကြည့်နေတုန်း နှလုံးခုန် ရပ်ပြီး သေနိုင်ချေ၊ စုံတွဲ ချစ်တင်းနှောနေတုန်း နှလုံးခုန် ရပ်ပြီး သေနိုင်ချေ၊ သူများမင်္ဂလာဆောင် (ဒါမှမဟုတ်) မွေးနေ့ တခုခုထဲမှာ အမင်္ဂလာကောင် ဆန်ဆန် ဂွတီးဂွကျ သွားသေနိုင်ချေ၊ ဒါမှမဟုတ်လည်း တယောက်တည်း အခန်းထဲမှာ သော့ခတ်ပြီးနေနေတုန်း သေသွားတာ ရက်ကြာသွားမှ ဘေးခန်းတွေက အပုပ်နံ့ရပြီး သိသွားတာမျိုးဖြစ်နိုင်ချေ…အဲဒါတွေက လူတသောင်းမှာ တယောက်လောက်တော့ ကြုံရနိုင်ချေ ရှိတာပဲ။ ထီပေါက်နိုင်ချေထက်တောင် ပိုများသေးတယ်။ အဲလိုသာ သေသွားရင် ခပ်နနကောင်တွေရဲ့ ပါးစပ်ဖျားမှာ ခင်ဗျား အထူးအဆန်း မသာကောင်ဖြစ်ပြီး ခင်ဗျားတော့သွားပြီ။
သူချရေးလိုက်ပြန်တယ်။
သေဆုံးခြင်း (ကိုယ့်ကိုယ်ကို သတ်သေခြင်း)
ကောင်းကျိုး (၇)
ငါသာလျှင် ငါ့ကြမ္မာ၏ အရှင်သခင် ဖြစ်သင့်သည်။ တော်ကြာ ဘုရားသခင်က ကိုယ့်နောက်ဆုံးအချိန်မှာ ပေါက်ပေါက်ရှာရှာ ကျီစားနေမှဖြင့်….
နောက်ထပ်ကောင်းကျိုးတခုက ပတ်ဝန်းကျင်တွေ ဓလေ့ထုံးတမ်းတွေကို ဂရုစိုက်စရာ မလိုတော့။
(၁၃)
သူ့နာမည်ကပဲ စီးနေလို့လား။ သူ့စာရင်းကို ပြန်ကြည့်လိုက်တော့ ကောင်းကျိုးတွေချည်း ခုနစ်ခု ဖြစ်နေတယ်။ ဆိုးကျိုးက တချက်မှ မရှိသေးဘူး။
သူ့စာရင်းကိုသူ တချက် ပြန်ဖတ်ကြည့်ရင်းနဲ့ “ကောင်းကျိုး (၃)… စောက်သုံးမကျတဲ့ တဝက်တပျက် အသိဥာဏ်တွေ မရှိတော့” ဆိုတာ အရောက် မှာ သူတခုတွေးမိလိုက်ပြန်တယ်။ အဲဒီ့ တဝက်တပျက် အသိဥာဏ် ဆိုတာကြီးကလည်း လူနဲ့ အမြဲကပ်နေတာမျိုး မဟုတ်ဘူးဗျ။ စိတ်လှုပ်ရှားတဲ့ အခိုက်အတန့်တခုခုမှာ ကိုယ့်ဆီကနေ ကိုယ့်ဦးနှောက်ကြီးက ထွက်ပြေးသွားတတ်တယ်။ ဥပမာ ပရိသတ်ရှေ့ထပြော ခါနီးမှာ အကုန်မေ့သွားတာမျိုး။ ဒါမှမဟုတ် ဒေါသထွက်နေတဲ့ အချိန်မှာ အသိဥာဏ်လွတ်ပြီး လုပ်မိသွားတာမျိုး။ အဲဒါနဲ့ ဆက်စပ်ပြီး တလောက သူဖတ်ဖူးလိုက်တဲ့ ဆောင်းပါး တပုဒ်ကို ဝိုးတဝါး အမှတ်ရလိုက်တယ်။ စုံတွဲတွေ ချစ်တင်းနှောနေတဲ့ အချိန်မှာ အမျိုးသမီးတွေရဲ့ လက်တွေ မြောက်တက်သွားတာ၊ အော်တာတွေဟာ အဲဒီ့အချိန်မှာ အဲဒီ့အမျိုးသမီးရဲ့ ဦးနှောက်က စဉ်းစားတွေးခေါ်တဲ့ တချို့အစိတ်အပိုင်းတွေ အလုပ်မလုပ်တော့လို့တဲ့။ အမျိုးသားတွေလည်း အတူတူပဲ။ အထူးအဆန်းတော့လည်း မဟုတ်ပါဘူးလေ။ အဲလိုအချိန်မှာ အတွေးနက်နေဖို့လည်း လိုမှ မလိုတာ။
ဘယ်လောက်ကြီးကျယ် မြင့်မြတ်တဲ့ ပညာရှင်ကြီးတွေ၊ ပုဂ္ဂိုလ်ကြီးတွေ၊ က္ကုနြေ္ဒရှင်ကြီးတွေပဲ ဖြစ်ပါစေ ဘဝမှာ ကိုယ့်ဦးနှောက် ကိုယ့်ဆီက ထွက်ပြေးသွားတာမျိုး ကြုံခဲ့ဖူးမှာပဲ။ အဲဒါမျိုးက အဆိုးလို့သတ်မှတ်ထားတဲ့ စိတ်လှုပ်ရှားချိန်မျိုးမှ ဖြစ်တာတော့ မဟုတ်ဘူး၊ ကုသိုလ်လို့ထင်ရတဲ့ စိတ်ခံစားမှု အခိုက်အတန့်တွေမှာလည်း ဖြစ်နိုင်တယ်။ ဥပမာ တခုခုမှာ ယုံကြည်မှု လွန်ကဲတာမျိုး ပေါ့ဗျာ။ အလွယ်ဆုံး ဥပမာ ပေးရရင်တော့ဗျာ တိရစ္ဆာန်တွေနဲ့ လူတွေ စကားပြောတယ်ဆိုတာကို သာမန်အခြေအနေ ဆိုရင် တယောက်မှ ယုံကြမှာ မဟုတ်ဘူး။ ဒါပေမယ့် ဘာသာရေး ဆိုတဲ့ ခေါင်းစဉ်အောက် ရောက်သွားတော့ အဲဒါကို ဒဲ့ယုံတဲ့သူတွေလည်း လောကမှာ မနည်းဘူး။
ဘာသာရေးဆိုမှ သူ့သေခြင်းနဲ့ ပတ်သတ်တဲ့ ကောင်းကျိုးဆိုးကျိုး စာရင်းထဲမှာ ဘာသာရေးနဲ့ တိုက်ရိုက် သက်ဆိုင်တာ မပါသေးတာကို သူသတိရသွားတယ်။ ဒါက ချန်ခဲ့လို့ မဖြစ်တဲ့ အရာပဲ။ တကယ်တော့ ဘာသာရေးတွေ ပေါ်လာတဲ့အကြောင်းတရားထဲမှာ သေခြင်းကလည်း မင်းသားတယောက်ပါပဲ။
(၁၄)
သူ့အတွေးအခေါ်တွေက တိတ္ထိဆန်မှုတွေနဲ့ ဖူးပွင့်ဝေဆာတယ်။ တကယ်တော့ အကြောင်းအကျိုးမပြနိုင်သေးတဲ့ ပဟေဠိ အကောက်အကွေ့တွေကို လူတွေက ဘာသာရေးဆိုတဲ့ စင်တခုခုပေါ် တင်ပြီး ပသ နေကြတာပဲလို့ သူက ယူဆထားတယ်။ ဘန်ကောက်သွားတုန်းကလို စတိုးဆိုင် တဆိုင်ရှေ့ အရောက်မှာ ဆိုင်တံခါး အလိုအလျောက် ပွင့်သွားတာကိုသာ ကျောက်ခေတ်လူသား တယောက် ရုတ်တရက် မြင်သွားမယ်ဆိုရင် အီလက်ထရွန်းနစ် စနစ်မှန်း သိမှာ မဟုတ်ဘူး။ သူ့ကို နတ်ဘုရား တပါးလို့ထင်သွားပြီး ကိုးကွယ်မှာ သေချာတယ်။
သူက ဘုရားသခင်တွေကို မယုံကြည်တဲ့သူဆိုတော့ သူထာဝရငရဲမှာများ ကျနေမလား။ သူ စဉ်းစားကြည့်လိုက်တယ်။
“ထားပါတော့။ ခင်ဗျားကို ကျနော်က မသိဘူး၊ မသိလို့ မယုံဘူးဆိုပါတော့။ အဲလို ခင်ဗျားကို မသိရုံ၊ မယုံရုံလေးနဲ့ ခင်ဗျားက ကျနော့်ကို နှိပ်စက်ညှဉ်းပန်းမယ် ဆိုရင် ခင်ဗျားတအား ကလေးဆန်တာပေါ့။ ဘုရားသခင်က အဲလို ကလေးဆန်ဆန် လူဆိုးကြီး ဟုတ်ပါ့မလား” လို့သူ အတွေးဝင်လာတယ်။
ပြီးတော့ မီးတွေ ရေတွေနဲ့ ကမ္ဘာကြီးကို ဖျက်ဆီးပစ်မယ် ဆိုတာကရော။ အာဏာရှင်တွေ လူတသိန်းလောက်ကို အစုလိုက် အပြုံလိုက် သတ်ရင်တောင် holocaust ဆိုတဲ့ ရာဇဝတ်မှု မြောက်သေးတာ။ ဘုရားသခင်က အဲလို ရာဇဝတ်ကောင် ဆန်ပါ့မလား။ တွေးရင်းနဲ့ သူ့စိတ်သက်သာသလိုလို ရှိသွားတယ်။
တကယ်လို့ ဘုရားသခင်ရှိနေရင်တောင် စာအုပ်ထဲက ဘုရားသခင်တွေနဲ့ တူမှာမဟုတ်ဘူး။ ဘုရားသခင် အစစ်ကြီး လူ့ပြည်ကိုဆင်းလာရင် လူတွေက သူတို့ထင်တာနဲ့ မတူလို့ ဘုရားသခင်အဖြစ် လက်မခံပဲ လိမ်လည်မှုနဲ့ ဖမ်းတောင်ဖမ်းနိုင်တယ်လို့ သူက တွေးလိုက်သေးတယ်။
ငရဲနဲ့ နတ်ပြည် ဆိုတာကိုတော့ သူက စံပယ်နံ့နဲ့ ညှော်နံ့ တပြိုင်တည်းသင်းနေတဲ့ ဝတ္ထုလို့ပဲ ယူဆတယ်။ ဝတ္ထုဆိုတဲ့သဘောက လက်တွေ့သိထားတာတွေကို စိတ်ကူးတွေရွှဲနေအောင် ထပ်လောင်းပြီး ရေးလေ့ရှိကြတယ် မဟုတ်လား။ ငရဲပြည်ရဲ့ နည်းပညာအဆင့်အတန်းကို ကြည့်လိုက်။ မစင်ဘင်ပုပ်တွင်းကြီးတွေ၊ မီးခဲတွေ၊ ပြာပူတွေ၊ အားလုံး လူ့ပြည်မှာ ရှိပြီးသား ဟာတွေချည်းပဲ။ လျှပ်စစ်ဓာတ်တို့ပြီး နှိပ်စက်နည်းတို့ ဘာတို့ကျ မပါတော့ဘူး။ ဘယ်ပါမတုန်း။ ကျမ်းတွေရေးတဲ့ ခေတ်က လျှပ်စစ်ဓာတ်မှ မပေါ်သေးတာ။ ခုခေတ်လူ့ပြည်က ထောင်တွေကတော့ ငရဲပြည်ထက် အဆင့်မြင့်တဲ့ နည်းပညာတွေကို သုံးနိုင်လို့ ကြံဖန် ဂုဏ်ယူနေကြမလား မသိ။
သူ့စိတ်ထဲက တိတ္ထိကောင်ရေ ကုဋေကုဋာ အားနဲ့ အတွေးအင်ဂျင်က ဒီတင် မရပ်သေးဘူး။ ကမ္ဘာမပျက်ခင်မှာ ပွင့်မယ့် ဘုရားရှင်အကြောင်း ရှေးက ကျမ်းပြုသူတွေ ရေးထားတာ ကိုလည်းတွေးကြည့်တယ်။ ယာဉ်ရထားတွေက ဆင်မင်း ၇,၀၀၀ မြင်း ၁,၀၀၀ နဲ့မောင်းနှင်မယ့် ရထားယာဉ်တော် ခုနစ်ရာတဲ့။ ပဒေသရာဇ်ခေတ်ရဲ့ အကောင်းဆုံးယာဉ်တွေကို ကြည့်ပြီး ရေးလိုက်တာ ဖြစ်ရမယ်။ တကယ်ဆို ကမ္ဘာမပျက်ခင်မို့လို့ ယာဉ်တွေက ခေတ်မီယာဉ်တွေပဲ ဖြစ်သင့်တာပေါ့။ ကမ္ဘာမပျက်ခင်မှာကိုပဲ လူတွေ ဟိုးကျောက်ခေတ်ကနေ evolution နဲ့ ပြန်စရမယ်ဆိုရင်တော့လည်း မသိဘူးပေါ့။
မြေကြီးအောက်မှာ ငရဲ၊ မိုးပေါ်မှာ ကောင်းကင်ဘုံဆိုတဲ့ အယူအဆတွေကလည်း ကမ္ဘာကြီးကို အုပ်စောင်းအောက်က နံပြားလိုလို ဘာလိုလို ယူဆထားတဲ့ ခေတ်က အတွေးအခေါ် တွေပဲလို့ သူက တွေးသေးတယ်။ အုပ်စောင်းဆိုတဲ့ မိုးကုပ်စက်ဝိုင်းထဲက အမြင့်တနေရာရာမှာ ကောင်းကင်ဘုံကြီး ရှိမယ်။ နံပြားအောက်မှာ မဟာမြေထုကြီး ရှိပြီး မြေထုကြီးအောက်မှာ ငရဲတွေရှိမယ် ဆိုတဲ့ အတွေးမျိုးပေါ့။
သူ့ အနေနဲ့ အံ့သြမိတာကတော့ ရှေးတုန်းက ကျမ်းပြုဆရာတွေက ငရဲတွေ၊ ကောင်းကင်ဘုံတွေရဲ့ ပထဝီဝင်ကိုကျတော့ ရေးပြီးတော့ ကမ္ဘာပေါ်ကတခြားဒေသတွေရဲ့ ပထဝီဝင်တွေ၊ တခြားဒေသက လူတွေရဲ့ အကြောင်းကိုကျတော့ ဘာလို့ မပြောကြတာတုန်းလို့ စဉ်းစားဖူးတယ်။ သူ့အဖေ ကိုလည်း မေးကြည့်ဖူးတယ်။ ကမ္ဘာ့ပထဝီဝင်က တရားရကြောင်း ငြိမ်းချမ်းကြောင်းတွေ မဟုတ်လို့ မဟောခဲ့တာ နေမှာပေါ့တဲ့။ ဒါဆို ဖွဲ့စည်းပုံမှားနေတဲ့ စကြဝဠာ အကြောင်းတွေ၊ တောင်မဟုတ်တဲ့တောင် တွေရဲ့ ပထဝီဝင်တွေကို ကျတော့ တရားရကြောင်းလည်း မဟုတ်ပဲနဲ့ ဘာလို့ ဘာသာရေးဆရာ တွေက ရေးခဲ့ကြသလဲလို့ သူကထပ်မေးလိုက်တော့ သူ့အဖေက သိပ်မတွေးနဲ့တဲ့။ တွေးနေလို့ ဘာမှဖြစ်မလာဘူးတဲ့။ သူကတော့ အဲလို မထင်ဘူး။ နမူနာ ယူစရာ စံ ဖြစ်တဲ့ ဘုရားတောင် ဘုရားဖြစ်အောင် တောထွက်ဖို့ အတွေးတွေကနေ စခဲ့ရတာမဟုတ်လား။
သူ့အတွက်တော့ ဘာသာရေးတွေဟာ ကရုဏာနံ့နဲ့ထုံတဲ့ နိမိတ်ပုံတွေထက် ဘာမှ မပိုဘူး။ အဲဒါကို ဘယ်သူ့ကိုမှလည်း သူပြောမပြဖြစ်ဘူး။ လူတချို့ကလည်း မလွယ်ဘူးမို့လား။ ဘုရားရှင်ကိုယ်တိုင် ပြန်ကြွလာပြီး သူ မဟောခဲ့တာ တချို့တွေကို မဟောခဲ့ကြောင်း လာထောက်ပြရင်တောင် လူတွေက သူတို့ လှေနံဓားထစ် လက်ခံထားတာတွေနဲ့ မတူလို့ ဓမ္မန္တရယ်လို့ သတ်မှတ်ချင် သတ်မှတ်နေကြမှာ။
“ပဒေသရာဇ်ခေတ်ရဲ့ အနုပညာတွေကပဲ ပြောင်မြောက်လွန်းခဲ့သလား။ မလိမ်ဖို့ ဆုံးမနေကြတဲ့ အရာတွေ ကိုယ်၌မှာ ဘာလို့မုသားဖြူတွေ ပါနေရတာလဲ။ နိမိတ်ပုံတွေနဲ့ ပညာပေးတာကို ဒဲ့ယူလိုက်သည်အထိ ငါတို့တွေကပဲ တုံးနေကြပြီလား။ အိုင်တီခေတ်က လူတွေတော့ ပဒေသရာဇ်ခေတ်က မှော်အောင်သူတွေရဲ့ ပညာပြမှုကို ရေရေလည်လည် ခံနေရပြီ။ လူ့ဦးနှောက်တွေဟာ ဘာလို့ ထင်ယောင်ထင်မှားဘက်မှာ ပိုသန်နေကြတာလဲ။ ဘီလူးအရိုးစုတွေကို လိုက်မရှာကြတာကပဲ တော်သေးတယ်။”
“အတင်းအကြပ် ယုံကြည်ခိုင်းမှု ဆိုတာကတော့ ကြောက်စရာအကောင်းဆုံး အာဏာရှင် စနစ်ပါပဲ။ လူတွေဟာ သူတို့မလုပ်ချင်တဲ့ ဟမ္မူရာဘီ ကိုဓဥပဒေကိုတော့ သဘာဝတရားကြီးအား အတင်းအကြပ် တာဝန်လွှဲအပ်ခဲ့ပြီ။ ငါ့စိတ်ထဲမှာ သဘာဝအလျောက် ပေါ်လာတဲ့ လောဂျစ်ဆန်ဆန် ဂျစ်ကန်ကန် အတွေးတွေက စော်ကားလိုစိတ် မပါလည်းပဲ ငရဲဝင်ခွင့်တွေလား။ ပဒေသရာဇ်ခေတ်က မိုင်းဗုံးတွေကို ငါတို့ ဘယ်လိုရှင်းကြမလဲ။”
“မိရိုးဖလာအဆင့်နဲ့ ကျေနပ်မနေနဲ့လို့ ဆုံးမခဲ့သူတွေကို ငါမုန်းချင်တယ်။ ပိုဖတ်ဖြစ်လို့ ပိုသိလာမှ သံသယတွေ ပိုကြံ့ခိုင်လာခဲ့တာလေ။ ခုတော့ ကိုယ့်ကိုယ်ကို လှည့်ဖျားမှုအတတ်ကို ငါလုံးလုံးဆုံးရှုံးခဲ့ပြီ” သူ့အတွေးတွေကို ကြောက်စိတ်က ဘရိတ်လာအုပ်လို့ တပိုင်းတစနဲ့ ရပ်သွားတယ်။
သူ့အတွေးတွေကို သူတောင် ပြန်လန့်နေတာမို့ လူက ထိုင်နေပေမယ့် စိတ်က နပန်းသမားတယောက်လို ရုန်းကန်နေရတယ်။ ကိုယ့်ငယ်ငယ်က အစွဲကို ကိုယ်ပြန်ဖျောက်ဖျက်ပစ်ဖို့ ဆိုတာက ကိုယ့်ဂိုးကိုယ် ပြန်သွင်းရမယ့် ပယ်နယ်တီ တလုံးလိုပဲ။ ခုတော့ ကောင်းကင်ပေါ်က လက်တံတချောင်း ထွက်လာပြီး သူ့ကို လက်ညှိုးငေါက်ငေါက်ထိုးနေသယောင် ခံစားနေရတယ်။ အရပ်ရှစ်မျက်နှာ မှာလည်း လက်ညှိုးတွေ..လက်ညှိုးတွေ၊ နောက်ဆုံး လမ်းလျှောက်ရင်တောင် မြေကြီးပေါ်ကနေ သူ့ကို ထိုးတဲ့ လက်ညှိုးတွေ ထွက်ထွက်လာတာမို့ မနင်းမိအောင် မနည်းရှောင်နေရတယ်။ အင်္ဂုလိမာလရေ…မြန်မြန်လာကယ်ပါတော့။
ဇောချွေးတွေကိုသုတ်ပြီး သူချရေးလိုက်ပြန်တယ်။
သေဆုံးခြင်း
ကောင်းကျိုး (၈)
သူများယုံကြည်တိုင်း လိုက်ယုံကြည်ရန် မလိုတော့။ လူအုပ်ကြီးထဲမှာနေရင်းနဲ့ အထီးမကျန်တော့။ အမြင်မတူယုံနဲ့ ထိုးလာမယ့် လက်ညှိုးတွေ မရှိတော့။
ပြီးတော့ ပတ်ဝန်းကျင်တွေ ဓလေ့ထုံးတမ်းတွေကိုလည်း ဂရုစိုက်စရာ မလိုတော့၊
(၁၅)
အခုဆိုရင် သူ့ဘက်မှာ ဆွဲချ ရှစ်ဖော်တောင် ရှိလာပြီမို့ သူ့ရင်ခုန်သံတွေ နည်းနည်းမြန်လာတယ်။ ထွက်ပေါက်ကနေ သူရင်ကော့ပြီး ထွက်သွားဖို့ ပြင်လိုက်ပြီးမှ တစုံတရာကိုတွေးမိပြီး သူခေါင်းငိုက်စိုက် ကျသွားပြန်တယ်။
“တကယ်လို့ ခင်ဗျားဟာ မိုးကြိုးပစ်ခံရပြီး သေမယ်ဆိုပါတော့။ တချို့က ခင်ဗျားကို မိဘကို စော်ကားထားလို့လို့ သမုတ်ကြလိမ့်မယ်။ တကယ်တော့ မိုးကြိုးပစ်ခံရပြီး သေတဲ့လူနဲ့ ကားတိုက်ပြီး သေတဲ့လူက အတူတူပါပဲ။ ထီ ဆုကြီးပေါက်တဲ့လူနဲ့ ဆုသေးပေါက်တဲ့လူလောက်ပဲ ကွာတယ်။”
“ခင်ဗျား ဝရဇိန်လက်နက် မှန်ပြီး သေသွားလို့ အဲလို သမုတ်ခံရရင်လည်း ကိစ္စမရှိပါဘူး။ ခင်ဗျားအနေနဲ့ သေရာကနေ ကုန်းရုန်းထပြီးတော့ သမုတ်တဲ့သူရဲ့ အိပ်မက်ထဲ ဝင်ပြီး ဒီလိုဆို သစ်ပင်တွေလည်း မိဘကို စော်ကားလို့ပေါ့နော်..ဘာညာနဲ့ ခင်ဗျားရဲ့ မသာရုပ်ကြီးအားကိုးနဲ့ ဖြဲချောက်ပစ်လိုက် လို့ရတယ်။ အဲဒီ့လူကို
နားရွက်ဆွဲပြီး မိုးကြိုးလွှဲတွေအကြောင်း ပြောပြလိုက်လို့လည်း ရသေးတယ်။ ဒါမှ လက်မခံသေးလည်း အဲဒီ့အကောင်ကို ဂုတ်သာ ချိုးပစ်လိုက်ပေတော့။”
“ကိုယ့်ကိုယ်ကို အဆုံးစီရင်ရတာ ကျတော့ အဲလိုမဟုတ်ဘူးဗျ။ ဘဝကို အရှုံးပေးသွားမှန်း ထင်ရှားတယ်။ suicide လုပ်တာကို do လို့တောင် မသုံးကြဘူး။ commit တဲ့။”
ကျန်ရစ်သူတွေက အခွင့်ကြုံတိုင်း သူ့ကို အရှုံးသမားတယောက်လို ပြော ပြော နေကြမှာကိုတော့ သူမလိုလားဘူး။ သူစိတ်ကူးယဉ်ထားတာက ဒီလို။ သူ့ကိုယ်သူ အဆုံးစီရင်လိုက်ရင်တောင် ဘယ်သူကမှ သူအဆုံးစီရင်သွားမှန်း မရိပ်မိစေရဘူး။ သွေးရိုးသားရိုး accident တခုခုနဲ့ သေသွားတာ လို့ပဲ ထင်ခဲ့စေချင်တယ်။ ဖြစ်နိုင်ရင် စာရေးဆရာ မင်းဆွေ လိုမျိုး ရုတ်တရက်ပျောက်သွားတာမျိုးဆို ပိုသဘောကျတယ်။ မင်းဆွေက ဆေးလိပ်ဝယ်ဖို့ အိမ်ကနေ ထွက်သွားရင်း ပျောက်သွားတာလေ။
သူ ခဏခဏ မက်တဲ့ အိပ်မက်တခုရှိတယ်။ အိမ်ကို…အဘိုးတို့ဆီ အလည် သွားမယ်လို့ ညာပြော။ ပြီးတော့ ကိုယ့်ကို ဘယ်သူမှ မသိတဲ့ ကမ်းခြေမြို့တမြို့ကို တိတ်တိတ်ကလေး သွားပြီး လှေတစီး ငှားမယ်။ အင်း..ငှားတာက မဖြစ်နိုင်လောက်ဘူးထင်တယ်။ စပေါ်ပေးရတာက ကိစ္စမရှိဘူး။ မှတ်ပုံတင်တွေ ဘာတွေ ပြခိုင်းနေရင် ဒုက္ခ။ လှေကို အပိုင်ဝယ်လိုက်တာ အေးတယ်။ ပြီးတော့ ပင်လယ်ထဲကို လှေလေးနဲ့သွား။ ပင်လယ်ထဲရောက်တော့မှ ရေအောက်ကမ္ဘာထဲကို ခုန်ချ။ လှေကလေးကတော့ ဆက်မျောသွားမယ်။
သူ့အမေနဲ့ အဖေကတော့ သတင်းစာမှာ လူပျောက်ကြော်ညာ ထည့်ချင် ထည့်ကြလိမ့်မယ်။ “မောင်မရဏမင်း သည် အဘိုးအဘွားများရှိရာ မကွေးမြို့သို့ အလည်အပတ် သွားရောက်မည်ဟုပြောသွားကာ ပျောက်ဆုံး သွားပါသဖြင့်” …ဘာညာပေါ့။ သြော်… “မရဏမင်း” ဆိုတော့ ဘယ်သူမှ လိုက်ရှာရဲမယ်လို့လည်း မထင်ဘူး။ သူပြုံးရင်းနဲ့ ချရေးလိုက်တယ်။
သေဆုံးခြင်း (ကိုယ့်ကိုယ်ကို သတ်သေခြင်း)
ဆိုးကျိုး (၁)
ကိုယ့်ကိုယ်ကို သတ်သေမှန်းသိသွားရင် အရှုံးသမားလို့ သတ်မှတ်ကြလိမ့်မယ်။
(၁၆)
“ကိုကို”
နေခြည့်ပါးစပ်ဖျားမှာ သူ့နာမည် ပန်းလိုပွင့်ခဲ့တယ်။
“ပြော…နေခြည်”
နေခြည်နဲ့တွေ့တဲ့အချိန်ဆို သူ့ရင်တွေက ညိမ့်ညိမ့်လေး ခုန်လေ့ရှိတယ်။သူ့ရင်ခုန်သံ ညိမ့်ညိမ့်လေးကိုသာ ဂီတအဖြစ် ပြောင်းလဲပေးနိုင်မယ့် converter တခုရှိရင် ခေါင်းလောင်းသံ ချိုချိုလေးတွေ ထွက်မှာပဲ။
“မြတ်နိုးမှု” ဆိုတဲ့ ကျယ်ပြန့်တဲ့ လျှို့ဝှက်ခက်ဆစ်လေးကို ရင်ဘတ်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း စကားပြောနေတဲ့ သူ့ကို နေခြည် ကြည့်တတ်ရင်တော့ မျက်လုံးတွေထဲမှာ လေးနက်တဲ့ အချစ်တွေ တူတူပုန်း နေတာကို တွေ့လိမ့်မယ်။ သူ့ဦးနှောက်ဟာ နေခြည်ဆိုတဲ့ ဖိုင်တွေနဲ့ ပြည့်နေတဲ့ ဖိုဒါပေါ့။
ဖြစ်နိုင်ရင် သူ့ရင်ထဲမှာ နေခြည်အေးအေးလေးနဲ့ ၂၄ နာရီလုံး လင်းချင်တယ်။
နေခြည်ဆိုတဲ့ သတ္တဝါမလေးဟာ သူ့စိတ်ကို နူးညံ့မှုတွေ အသာခြုံလွှမ်းပေးတဲ့ ကဗျာကုန်ကြမ်းလေးပါပဲ။ သူ့ရင်ထဲက အချစ်တွေကို ကဗျာယူနစ်နဲ့သာ တိုင်းမယ်ဆိုရင် အခုဆို ယူနစ် ၂၀ ကျော်နေလောက်ပြီ။
“ကိုကို…နေခြည် သွားတော့မယ်”
နေခြည့်ရဲ့ နှုတ်ဆက်သံလေးက သူ့အတွက် ‘ကဗျာတိုတပိုဒ်ရဲ့အပိတ်’ ဆိုရင် သူ့ကို စိတ်အာဟာရ ပေးလေ့ရှိတဲ့ မျက်နှာလေးကတော့ သူ့အတွက် ‘ကာဗိုဟိုက်ဒရိတ်’ ပေါ့။
ဒါပေမယ့် ကံဆိုးတယ်…သူရော နေခြည်ရော အရမ်း ကံဆိုးတယ်။
အကြောင်းကတော့ နေခြည်ဟာ သူ့မွေးစားညီမလေး ဖြစ်တဲ့အပြင် တဝမ်းကွဲ ညီမလေးမို့လို့ ပါပဲ။ နေခြည့်မိဘတွေက ဟိုးငယ်ငယ်လေးကတည်းက ဆုံးသွားလို့ သူ့အဖေနဲ့ အမေက မွေးစားထားတာ။
ဒါပေမယ့် သူ နေခြည်အပေါ် ထားတဲ့ အချစ်က ၅၂၈ မကပေမယ့် ၁၅၀၀ မီးတောက် အစစ်ကြီး မဟုတ်တာတော့ သေချာ ပါတယ်။ သူ့ရဲ့အချစ်ဟာ မြတ်နိုးခြင်းသက်သက်၊ အတူရှိနေလိုခြင်း သက်သက်၊ မေတ္တာနဲ့ မိုးပေးလိုခြင်း သက်သက်၊ တဘဝလုံး မျှဝေခံစားလိုခြင်း သက်သက် ၊ စောင့်ရှောက်ပေးလိုခြင်း သက်သက်တွေ ဆိုတာကို သူ အာမ ခံရဲပါတယ်။ ဒါပေမယ့် နေခြည် တခြားယောကျာ်းလေးတွေနဲ့ စကားပြောနေတာတွေ၊ ပြုံးပြ နှုတ်ဆက် တာမျိုးတွေကို သူမြင်သွားတဲ့အခါမျိုးတွေမှာ ဆိုရင်တော့ သူ့သောကတွေဟာ အနီရောင်ရင့်ပြီးတော့ မီးတောက်တွေလို ပွင့်ဖွာတတ်တယ်။
သူ့စိတ်ထဲမှာ အဲလိုစောက်သုံးမကျတဲ့ မိစ္ဆာသရဲသဘက်ကလေး ငယ်စဉ်ကတည်းက တဖြည်းဖြည်း ကြီးပြင်းလာတာကို သူသတိထားမိလိုက်တဲ့ အချိန်မှာတော့ နောက်ကျသွားပြီ။ အဲဒီ့ သရဲသဘက်လေးကို သူကြိုးစားသတ်ကြည့်ပေမယ့်လည်း သတ်လေလေ မကောင်းဆိုးဝါးကောင် လေးက ကြီးထွားလေလေ။ သူရည်းစားတွေ တယောက်ပြီး တယောက်ထားကြည့်တယ်။ မရဘူး။ နောက်ဆုံးတော့ အဲဒီ့ မင်စာ သရဲသဘက် လေးကို သူသတ်ဖို့ မကြိုးစားတော့ပဲ လက်ပိုက်ကြည့်နေလိုက်ရတော့တယ်။
ဘာပဲဖြစ်ဖြစ် အစပိုင်းမှာတော့ သူ့စိတ်သူ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အင်း…အဲဒါဆိုရင် သိပ်တော့မတိကျဘူး။ တကယ်က သူ့ အချစ်စိတ်တွေကို သူ မထိန်းချုပ်နိုင်ဘူး။ သူထိန်းချုပ်နိုင်တာက ကာယကံရယ်၊ ဝစီကံရယ်ပဲ။ နောက်တော့ နေခြည်က ကျော်ကျော်ဆိုတဲ့ ကောင်လေးနဲ့ ရည်းစားဖြစ်သွားတယ်။ သူအိမ်ကို တိုင်ဖို့ စဉ်းစားလိုက်သေးပေမယ့် နေခြည်ရည်းစားရသွားတာလည်း တမျိုးကောင်းတာပဲလို့ စဉ်းစားမိလို့ မတိုင်ဖြစ်တော့ဘူး။
ဒါပေမယ့် သူ့ရဲ့ မျက်လုံးတွေက နေခြည့်ကို လိမ်တတ်ပုံမရပါဘူး။ သူ့မျက်နှာပေါ်မှာ မကြာခဏ ကြေညာသွားမိတတ်တဲ့ မနာလိုမှု အထောက်အထား တွေရယ်၊ သူ့ ကွန်ပျူတာထဲမှာ သိမ်းထားတဲ့ မြတ်နိုးမှု အထောက်အထား ဓာတ်ပုံတွေရယ်၊ အကြောင်းမရှိ အကြောင်းရှာပြီး နေခြည့်အခန်းထဲ စကားသွားသွားပြီး ပြောသလိုမျိုး သံယောဇဉ်အထောက်အထားတွေရယ်၊ ဂရုစိုက်လွန်မှုတွေရယ်ကြောင့် နေခြည်လည်း တဖြည်းဖြည်းနဲ့ ရိပ်မိလာပြီလို့ သူထင်နေတယ်။
တရက်တော့ နေခြည့်အခန်းထဲကို စကားသွားပြောရင်းနဲ့ နေခြည့်စားပွဲပေါ်မှာ သော့ခတ်ထားနေကျ နေခြည့် ဒိုင်ယာရီစာအုပ်ကလေးကို သော့မခတ်ပဲနဲ့ တွေ့လိုက်ရတယ်။ ညကျတော့ သူ ဘယ်လို စိတ်ရူးပေါက်လာမှန်းမသိဘူး။ အဲဒီ့ ဒိုင်ယာရီစာအုပ်ကို ဖတ်ချင်စိတ် အရမ်းပြင်းပြလာတာနဲ့ နေခြည့်အခန်းဆီ သွားပြီး တံခါးကို အသာလေးဖွင့်ကြည့်လိုက်တယ်။ ဟင်! နေခြည်က ဂျက်ထိုးမထားဘူး။ အခန်းက မှောင်မဲနေတယ်။ သူ အခန်းဝက နေခြည့် စာကြည့်စားပွဲကို ဖြည်းဖြည်းချင်း စမ်းလိုက်တယ်။
“အမလေး။ ကိုကိုရေ…လူ…လူ”
ဟိုက်၊ နေခြည်နိုးသွားပြီ။ နေခြည်က တခုခုဆို သူ့ကိုပဲ တတတ်တယ်။ “ဟ။ နေခြည်…ငါပါဟ။ နင်ကလည်း ဒီအိမ်ထဲကို တခြား ဘယ်သူဝင်လို့ ရမှာတုန်း။ ငါ့စာအုပ် တအုပ်မတွေ့လို့ နင့်စားပွဲပေါ်မှာများ ကျန်ခဲ့သလားလို့ ငါလာရှာတာ”
တအိမ်လုံးနိုးလာပြီး နေခြည့်အခန်းဆီ ရောက်လာကြတယ်။ သူကတော့ စာအုပ်ရှာချင်ယောင် ခဏဆောင်လိုက်ပြီး မေးခွန်းထုတ်သလို မျက်လုံးတွေကို အပြင်ပန်းတည်ငြိမ်မှုနဲ့ ရင်ဆိုင်ပစ်လိုက်တယ်။ ကျန်တဲ့လူတွေ ပြန်အိပ်ပျော် မပျော်တော့ မသိဘူး။ သူ့မျက်လုံးတွေကတော့ နောက်နေ့မနက်လင်းသည် အထိ တညလုံး နိုက်ဂျူတီ ဆင်းလိုက်ရတယ်။ သူ့အခန်းကျဉ်းလေးထဲမှာတော့ အတွေးပျက်အကောင်ပေါက်များ သွေးပျက်ကယောင်ခြောက်ခြားနဲ့ လမ်းသလားလို့။
ညနေက နေခြည့်အခန်းထဲကို သူ ဘာစာအုပ်မှ ယူမသွားခဲ့တာကိုတော့ သူနဲ့နေခြည် နှစ်ယောက်တည်းပဲ သိလိမ့်မယ်။
(၁၇)
ခုဆို သူ့စိတ်ဟာ သော့ခတ်ထားတုန်းပေမယ့်လည်း မလုံခြုံတော့ဘူး။ နေခြည်ကိုလည်း ရင်မဆိုင်ရဲတော့ဘူး ဖြစ်နေတယ်။ သူ့ဖောက်ပြန်နေတဲ့ စိတ်တွေကို အဖေနဲ့ အမေပါ တစွန်းတစ သိများ သိသွားပြီလား။
နောက်ဆုံးတော့…စိတ်အပြောင်းအလဲ ဖြစ်လိုဖြစ်ငြား ရန်ကုန်မှာ သင်တန်းတွေ သွားတက်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဒါပေမယ့် ရန်ကုန်မှာ သူသိပ်မကြာလိုက်ပါဘူး။ အမေဘက်က အဘိုး တောင်ကြီးမှာ ဆေးရုံလာတက်ရင်း ဆုံးသွားတာနဲ့ တောင်ကြီးကို သူခဏဆိုပြီး ပြန်လာခဲ့ရတယ်။ သူကတော့ ကြိုတင် မျှော်လင့်ပြီးသားဖြစ်တာရယ်၊ အဘိုးနောက်ဆုံးအချိန်တွေမှာ မတွေ့လိုက်ရတာရယ်ကြောင့် သိပ်မခံစားရပါဘူး။ နေခြည်ကတော့ တော်တော်နွမ်းနေပုံ ရတယ်။
(၁၈)
“ကိုကို…နေခြည်တို့ ရှုခင်းသာဘက် သွားရအောင်လေ။ ပြီးတော့ ဆိုင်ကယ်လျှောက်စီးရအောင်”
“အင်း၊ ကောင်းသားပဲ”
ရှုခင်းသာထဲက လေထုက သန့်ရှင်းလတ်ဆတ်နေပေမယ့် သူ့ရင်ထဲမှာတော့ ဘာလို့မှန်းမသိ နွမ်းဖတ်နေတယ်။
“နေခြည် …ကျော်ကျော်နဲ့ အခြေအနေရော”
“နေခြည်တို့ ပြတ်သွားကြပြီ ကိုကို”
“သြော်…သူကဖြတ်သွားတာလား”
“မဟုတ်ဘူး။ နေခြည်က ဖြတ်လိုက်တာ”
“ဟင်! ဘာဖြစ်လို့တုန်း”
“နေခြည် အစကတည်းက သူ့ကို တကယ် မချစ်ဘူးကိုကို”
“ဟာ! ဒါဆို အစကတည်းက မတွဲနဲ့ပေါ့။ ဘာလို့ တွဲနေသေးတုန်း”
“အဲဒီ့တုန်းကတော့ ကိုကိုရှိနေတာကိုး”
“ဘာ!!!” နေခြည့်စကားကြောင့် သူ ရှက်လည်းရှက် ဒေါသလည်း အရမ်းထွက်သွားတယ်။
“အဲဒါ ငါနဲ့ ဘာဆိုင်လို့တုန်း။ ငါက အဲလောက်တောင် ကြောက်စရာ ကောင်းနေပြီလား။ ငါ….ငါ….” သူဘာဆက်ပြောရမှန်း မသိတော့ဘူး။ “တောက်!” သူ့ကိုယ်သူ မုန်းတီးမှုနဲ့ သူ တောက်တချက် ခေါက်လိုက်တယ်။
“မဟုတ်ဘူးကိုကို…အဲလို မဟုတ်ဘူး” နေခြည့်မျက်နှာမှာ မျက်ရည်တွေ ရွှဲနေတယ်။ “နေခြည်ပြောချင်တာက နေခြည်” နေခြည့်စကားက ရပ်သွားတယ်။
“နေခြည်… ကိုကိုရေးလက်စ ကဗျာနှစ်ပုဒ်ကို ကိုကို့ ကွန်ပျူတာထဲကနေ ဖတ်ဖူးတယ် ကိုကို။ တပုဒ်က ကိုကို့ စိတ်ပဋိပက္ခတွေ အကြောင်း” နေခြည့်စကားက ရပ်သွားပြန်တယ်။ သူကတော့ စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းရှည် တချက် ချလိုက်တယ်။
“ကိုကို နေခြည့်ကို ချစ်နေတာကို သိလိုက်ရတယ်။ နေခြည်လည်း ကိုကို့ကို ချစ်မိနေပြီ ကိုကို။ ပြီးတော့ ကိုကို့လိုပဲ အပြစ်မကင်းတဲ့ စိတ်တွေ ခံစားနေရတယ်။ ဒါနဲ့ နေခြည်လည်း စိတ်များပြောင်းသွားမလားဆိုပြီး ကိုကျော့်အချစ်ကို လက်ခံလိုက်တာ” နေခြည်က ပြောရင်းနဲ့ ဆက်ငိုနေတုန်းပဲ။
“နေခြည်…မငိုနဲ့တော့လေ”
သူ နေခြည့် ဘယ်လက်လေးကို လှမ်းယူပြီးတော့ တယုတယ ဆုပ်ကိုင်ထားလိုက်တယ်။ ခဏနေတော့ နေခြည်က သူ့နားတိုးလာပြီးတော့ ခေါင်းလေးကို သူ့ပုခုံးပေါ် မီလိုက်တယ်။
(၁၉)
ဟား! သွားပြီ။
သူအမှတ်တမဲ့နဲ့ ခေါင်းကို ဘယ်ဘက်ကို လှည့်ပြီး ကြည့်လိုက်မိတော့ ဒေါက်တာ ဦးစံလွင်တို့။ နေခြည်ကတော့ မမြင်ဘူး။ သူကြည့်လိုက်တဲ့ အခါမှာ ဒေါက်တာ ဦးစံလွင်တို့က မျက်နှာလွှဲသွားကြတယ်။ သြော်…မြင်ပြီးမှတော့လည်း မထူးတော့ပါဘူး။
“နေခြည်…ကိုကိုတို့ သွားရအောင်လေ”
“ကိုကို…နေခြည် စုဠာမုဏိ ဘုရားသွားချင်တယ်။ ဘုရား သွားပြီး ဆုတောင်း ရအောင်နော်”
“အင်း…ကောင်းသားပဲ” သူကတော့ လောလောဆယ် ဒေါက်တာ ဦးစံလွင်တို့ သူနဲ့ နေခြည့်ကို မြင်သွားလို့ စိတ်ရှုပ်နေတယ်။ ပန်းခြံထဲကနေ အမြန်ခွာရရင် ပြီးရော။
(၂၀)
ဆိုင်ကယ်က ဘုရားဆီ ဦးတည်သွားနေပေမယ့် သူ့စိတ်ကတော့ အကုသိုလ်တွေ ပေါ်မှာ ကျက်စားနေတယ်။
“ဒီနေ့ အဖြစ်အပျက်တွေက မြန်လွန်းတယ်။ နေခြည်ကလည်း ငါ့ကို ချစ်သတဲ့။ ငါအကြီးအကျယ် မှားခဲ့ပြီထင်တယ်။ နေခြည့်ကို သွေးဆောင် ဖျားယောင်းခဲ့သလိုများ ဖြစ်ခဲ့ပြီလား။ တကယ်ဆို ငါက အကြီးပဲ။ အစစ အရာရာ ဆင်ခြင်သင့်တာပေါ့။ နေခြည်လေးလည်း စိတ်ပဋိပက္ခ ခံစားနေရ ရှာမှာပဲ။ ငါတို့ မောင်နှမ နှစ်ယောက်ရဲ့ မေတ္တာကို… လူမဆန်စွာ စိတ်ဖောက်ပြန်မှုလို့ ခေါ်သင့်သလား။ ရှေးတုန်းကတော့ လူတွေတင် မကဘူး၊ ဂရိ ဒဏ္ဍာရီထဲက နတ်ဘုရားတွေ၊ နတ်ဘုရားမ တွေတောင် မောင်နှမ အချင်းချင်း လက်ထပ်ခဲ့ကြ သတဲ့။ သိဒ္ဓတ္ထမင်းသားရဲ့ အဖေတူ အမေကွဲ ညီတော် နန္ဒမင်းသားလေးနဲ့ သူ့ရဲ့ ကြင်ယာတော် ဇနပဒ ကလျာဏီဆိုလည်း မောင်နှမတွေ ပါပဲ။ အဲဒါတွေက ရှေးတုန်းက မို့လို့ဆိုရင် ဓမ္မတို့ အဓမ္မတို့ ဆိုတာတွေဟာ ခေတ်တွေ၊ ကာလဒေသတွေရဲ့ ပြဌာန်းသတ်မှတ်ချက် သက်သက်ပဲလား။ အမှန်အမှား ဆုံးဖြတ်တာမှာ ဘာလို့ ပေတံတွေအမျိုးမျိုး ရှိနေကြတာလဲ။ တကယ်တော့ လောကကြီးမှာ ဘောင်ဝင်ခြင်း မဝင်ခြင်းကသာ အဓိက ကျနေတယ် ထင်တယ်။ ၂၀ ရာစုရဲ့ အကြီးကျယ်ဆုံး သိပ္ပံပညာရှင် အိုင်းစတိုင်းရဲ့ ဒုတိယဇနီးဟာ အမေဘက်ကကြည့်ရင် အိုင်းစတိုင်းနဲ့ တဝမ်းကွဲ မောင်နှမ တော်စပ်တဲ့အပြင် အဖေဘက်က ကြည့်ရင်ပါ နှစ်ဝမ်းကွဲ ထပ်ပြီး တော်စပ်လိုက်သေး သတဲ့။ ဒီဘက်ခေတ်မှာလည်း တချို့ နိုင်ငံ တချို့ဒေသတွေမှာ မောင်နှမ ဝမ်းကွဲချင်း လက်ထပ်နေကြတုန်းပဲ မို့လား။ ခု…သူနဲ့ နေခြည်က လက်ထပ်ဖို့လည်း ရည်ရွယ်တာ မဟုတ်ပါဘူး။ တယောက်နဲ့ တယောက် ပြင်းထန်တဲ့ သံယောဇဉ်နဲ့ ချည်နှောင်သွားမိရုံလေးပါ။ မျိုးရိုးဗီဇ ပညာရှင်တွေကတော့ ဆွေမျိုးချင်း လက်မထပ်သင့်ဘူးတဲ့။ အင်း။ ဟုတ်မှာပါ။ နောက်ဆုံးတော့ ကာလဒေသနဲ့ အံဝင်အောင် မနေနိုင်တဲ့ ငါ့ရဲ့ ဖောက်ပြန်နေတဲ့ စိတ်ကိုပဲ အပြစ်တင်ရတော့မှာပဲ။ ဒေါက်တာဦးစံလွင်တို့ကတော့ မြင်သွားပြီ။ အဖေနဲ့ အမေကို သူတို့ သွားများပြောနေမလား”
“ကိုကို…ဖြည်းဖြည်းမောင်းပါ။ နေခြည်…”
နေခြည့်စကားတောင် မဆုံးသေးဘူး။
“ဝုန်း”
လမ်းကြားထဲက အရှိန်နဲ့ ထွက်လာတဲ့ ဆိုင်ကယ်က သူတို့ဆိုင်ကယ်ကို ဝင်တိုက်လို့ ဆိုင်ကယ်ရော နေခြည်ရော သူပါ လွင့်စင်သွားတော့တယ်။
(၂၁)
နေခြည်သေသွားရတာ သူ့ကြောင့်လည်း ပါတယ် ဆိုတဲ့ အစွဲက သူ့စိတ်ကို ဖိစီးနေတယ်။ တကယ်ဆို
သူ ခုလို အဓိပ္ပါယ်မရှိ တဲ့ ကောင်းကျိုးဆိုးကျိုး တွက်ချက်မှုတွေ လုပ်နေစရာတောင် မလိုပါဘူး။ နေခြည် သေသွားတာ တချက်တည်းနဲ့ တင် သူ့ကိုယ်သူ ခွင့်မလွှတ်သင့်ဘူးလို့လည်း တွေးနေမိတယ်။ အခု သူ့ရင်ထဲမှာ ဝေဒနာမျိုးစုံနဲ့ ပူလောင်နေတယ်။ အရပ်ရှစ်မျက်နှာမှာလည်း ဝေဒနာ မီးတောက်တွေ…သောက မီးတောက်တွေ။ သူ့ကိုယ်ခန္ဓာပါ ပူလောင်သလို ရှိလာတာမို့ သူမျက်လုံးတွေကို ဖွင့်ကြည့်လိုက်တယ်။
“ဟင်! ငါဘယ်ရောက် နေတာပါလိမ့်။” သူမျက်လုံးတွေကို ထပ်ကစား ကြည့်လိုက်တယ်။ ဟာ! ဟိုမှာ…မီး..မီးတွေ!… သေချင်နေတဲ့ လူမိုက်တယောက်အတွက် ဘုရားသခင်က ရေကန်အသင့် ကြာအသင့် ဖန်တီးပေးလိုက်တာလား။ သူ့အကုသိုလ်တွေကို မျက်စေ့ဒေါက်ထောက်ကြည့်နေပုံရတဲ့ ကံကြမ္မာကပဲ ပထမပွဲမှာ အလဲမထိုးလိုက်နိုင်လို့ အညှိုးအတေးနဲ့ အကွက်ဆင် ဖန်တီးပေးလိုက်တာလား။ တကယ်ဆို သူအလိုရှိနေတဲ့ ဘုရားသခင်က မီးတောက်တွေအသွင်နဲ့ သူ့ကို ကူညီဖို့လာပြီလေ။ သူမီးတောက်တွေနဲ့ ရင်းရင်းနှီးနှီး မိတ်ဆွေ ဖွဲ့လိုက်သင့်တာပေါ့။
ဒါပေမယ့် မီးလောင်ပြီး သေရတာဟာ ဆိုးတယ်လို့ သူထင်လို့လား။ ဒါမှမဟုတ် မီးလောင်ပြီးပဲ အသားကင် တကောင်လို သေသေ၊ ဆိုင်ကယ်မှောက်ပြီးပဲ သွေးသံရဲရဲနဲ့ အသားတစ် တခုလို သေသေ၊ ရေနစ်လို့ ဖောယောင် ပုပ်ပွပြီးပဲ သေသေ၊ သတ္တဝါတွေဟာ သူခံနိုင်တဲ့ နာခြင်းအဆင့်တခုကို လွန်သွားရင် သတိလွတ်မေ့မျောသွားမှာမို့ တခုနဲ့ တခု ဝေဒနာ ခံစားရမှုချင်း သိပ်မကွာဘူးဆိုတာကို သူမယုံကြည်လို့လား။ ဒါမှမဟုတ် မွေးရာပါ ရှင်သန်လိုစိတ် ကြောင့်ပဲလား။
သူအခန်းထဲကနေ ပြေးထွက်ဖို့ ပြင်လိုက်တယ်။ အိုး…သူ့ ခြေထောက်တွေက လှုပ်လို့ မရတော့ဘူး။ ဒါနဲ့ သူကျုံးအော်လိုက်တယ်။ “မီးဗျို့…မီး…မီး” “ကယ်ကြပါဦးဗျို့”
“မီး” လို့ အော်သံကြားတာနဲ့ ဒေါ်မြတ်မြတ်မင်းက အခန်းဆီကို အပြေးအလွှား ရောက်လာတယ်။
“သား…မာနမင်း…မီးက…မီးက ဘယ်မှာတုန်း” အခန်းထဲမှာတော့ မီးဆိုလို့ ဖယောင်းတိုင် မီးတခုပဲ ရှိတယ်။
“မီး…မီး…အမေ…မီး” မာနမင်းကတော့ ထိတ်လန့်တကြား ရေရွတ်နေတုန်း။
မာနမင်းရဲ့ အော်သံကြောင့် ဘေးအိမ်က လူတချို့ပါ ရောက်လာကြတယ်။
“သားလေး နေမကောင်းလို့ အိပ်မက်ယောင်ပြီး အော်နေတာပါ။ မီးလောင်တာ မဟုတ်ပါဘူးရှင်”
ဒေါ်မြတ်မြတ်မင်းက ဒိုင်ယာဇီပင် တလုံးယူပြီး မာနမင်းကို တိုက်လိုက်တယ်။
ဒီလိုနဲ့ မရဏမင်း တဖြစ်လဲ မာနမင်းဟာ အိပ်ပျော်သွားတော့တယ်။
အိပ်မက်ထဲမှာတော့ မာနမင်းဟာ သူမရောက်ဖူးတဲ့ မြို့လေးမှာ လှေတစင်းကိုဝယ်….သြော်..ပင်လယ်ဆီကို သွားဖို့။
ကောင်းကင်ကို
(10 Feb 2011)
Sunday, May 15, 2011
Wednesday, May 11, 2011
အလင်းဖြူတမ်းချင်း
ကလေးငယ်တွေရဲ့ မျက်နှာဟာ
သီလမကျိုးသေးတဲ့ သတင်းစာ
ကလေးငယ်တွေရဲ့ ငိုသံဟာ
ဘက်လိုက်မှုကင်းတဲ့ မီဒီယာပေါ့
မျက်လုံးတွေထဲက စီးကျလာတဲ့ ကျည်ဆံတွေ
နှလုံးသားတိုင်းကို မှန်ပါစေ။
လက်တဆုပ်စာရဲ့ အတ္တတွေကြောင့်
သန်းပေါင်းများစွာရဲ့ ဆုတောင်းဆန္ဒတွေ
‘ဥ’ဘဝ မှာတင် သေတယ်။
ဟိုဘက် အလံရိပ်ဆီကလည်း ဘုရားဆီမှာ ဆုတောင်း
ဒီဘက် အလံရိပ်ဆီကလည်း အဲဒီ့ဘုရားဆီမှာပဲ ဆုတောင်း
လောဘရှေ့ထားတဲ့ ပူဇော်မှုတွေနဲ့
ကိုယ့်ကိုယ်ကိုဖြေသိမ့်လှည့်စား နေကြပုံတွေက
ဘုရားတွေဟာ ကိုယ်ခွဲများစွာနဲ့
နှစ်ဘက်ချွန်တွေ ကျနေတာပဲ။
သြော်…
လူတွေ လူတွေ…
အမြင်အာရုံ တံခါးတွေစေ့
ဘုရားတွေရှေ့မှာ ဓားသွေးနေကြပါလား။
၂၁ရာစုဦး ကျမ်းသစ်ထဲမှာ
လောကစောင့်နတ်မင်းဟာ
လူသားတွေကို သည်းခံနိုင်မှု ကုန်ဆုံး
ကောင်းကင် ကို လက်သီးနဲ့ ဝုန်းခနဲ ထုလိုက်တယ်။
မိုးကြိုးမုန်တိုင်းတွေ…ငလျင်တွေ…မီးတောင်ပေါက်ကွဲမှုတွေနဲ့
စစ်ပွဲတွေ…အကြမ်းဖက်မှုတွေ…သဘာဝပတ်ဝန်းကျင်ဖောက်ပြန်မှုတွေ
ဘုရားက လူတွေကို ဒဏ်ခတ်နေတာ မဟုတ်
လူတွေက လူတွေကို ဒဏ်ခတ်နေတာ။
ဘာသာရေး၊ မျိုးချစ်စိတ်၊ နိုင်ငံတော်အေးချမ်းသာယာရေး
နာမည်လှလှလေးတွေတပ်
သူတို့ လူသတ်ခဲ့ကြတယ်။
ငြိမ်းချမ်းရေး၊ လူသားဝါဒ၊ လွတ်လပ်မှု
ဒါတွေကို အရေးတကြီး ဟစ်ကြွေးနေရခြင်းကိုက
ဒါတွေ ရှိမနေခြင်းရဲ့ သက်သေပဲ။
မမှတ်မိနိုင်တော့တဲ့ မျက်နှာနဲ့
ဒီနေ့ ဂြိုလ်ကမ္ဘာမှာ
ရှေ့ဆုံးကလူကလည်း သေနတ်နဲ့
အကျိုးစီးပွါးကို အဓိကထား
အသက်တွေနဲ့ ဆော့ကစားတယ်။
နောက်ကလူတွေကလည်း မီအောင် မနည်းလိုက်
သြော်
ကမ္ဘာ့နိုင်ငံရေးဆိုတာ
ပန်းပန်ထားတဲ့ လူမိုက်ပါပဲ။
ရွာကြီးကိုက ဒုစရိုက်မို့ 
အားလုံးက တုတ်ဆောင် ဓားဆောင်
ကြောက်စိတ်နဲ့ အမောက်ထောင်နေရတယ်။
ရာဇဝင် အခန်းခန်းကလည်း
ယဉ်ကျေးမှု ဖန်ဆင်းခဲ့သူ ကဝေတွေထက်
စစ်ဘုရင်တွေကို credit ပေး
သမိုင်းကို မြှောက်ထိုးပင့်ကော် ရေးခဲ့ကြတယ်။
ဇာတ်ခုံတခုပေါ်မှာတော့
ဖိနပ်အမျိုးမျိုး ပြောင်းစီးနေသူတသိုက်
အချင်းချင်း လက်ဝါးရိုက်
မြေစာပင်တွေကို မီးတိုက်ကြတော့မယ်။
ဒေါသတချောင်းချောင်းနဲ့ ကျည်ဆံတွေကို
ရင်ဘတ်ချည်းသက်သက်နဲ့ခုခံရင်း
အသံတွေ မြစ်ဖျားခံရာဆီ လှမ်းကြည့်လိုက်တယ်။
တကယ့်အရေးအကြောင်း ကျတော့
ကမ္ဘာစောင့်နတ်တွေဟာ ကြက်ပျောက် ငှက်ပျောက်
သူတို့ စုဆောင်းထားတဲ့ တန်ခိုးတွေ
ဘယ်ရောက်ကုန်ပြီလဲ။
ငရဲခုန်ဝင်လာတဲ့ ဖန်သားပြင်ကို
ဇွတ်အတင်း ရုန်းကန် စိုက်ကြည့်
တစုံတရာကို အထိတ်တလန့် သိလိုက်တယ်။
ကမ္ဘာဟာ ကမ္ဘာနဲ့ တိုက်မိပြီး ပျက်စီးနိုင်တယ်။
မျက်လုံးတွေကို အတင်းအကြပ်ပြန်မှိတ်
နှလုံးခုန်သံကို ပုတီးလုပ်ပြီး စိပ်လိုက်တယ်။
ငိုသံ မျှင်းမျှင်းလေးတခု
မိုးခြိမ်းသံလို ဆူညံမှုပါပဲ။
ဗုံးတွေ ပလူပျံနေတဲ့ ခေတ်ဘီလူးမှာ
ရန်သူ့ရင်သွေးကို နို့ တိုက်နေတဲ့မိခင်တဦးကို
ထူးထူးဆန်းဆန်း ဖူးချင်တယ်။
ခြောက်သွေ့ နွမ်းညို
မျက်ဝန်းဂူစိုစို တွေထဲမှာ
အလင်းဖြူလေးတွေ တွေ့ချင်တယ်။
ကလေးငယ်တွေရဲ့ မျက်နှာဟာ
သီလမကျိုးသေးတဲ့ သတင်းစာ
ကလေးငယ်တွေရဲ့ ငိုသံဟာ
ဘက်လိုက်မှုကင်းတဲ့ မီဒီယာပေါ့
မျက်လုံးတွေထဲက စီးကျလာတဲ့ ကျည်ဆံတွေ
နှလုံးသားတိုင်းကို မှန်ပါစေ။
ကောင်းကင်ကို
မနှစ်က မေလ ၂၁ ရက်နေ့တုန်းက တင်ခဲ့တဲ့ ကဗျာဟောင်းကို ပြန်တင်လိုက်တာပါ။

Friday, May 6, 2011
လွတ်ငြိမ်းချမ်းသာခွင့်
ဆန္ဒတွေက နေ့စေ့လစေ့
ဟန်ပြတွေက နေ့ရွှေ့ညရွှေ့။
အဟောင်းပြင်မပေးသူတွေက ခုထိ…အမြဲပဲလေချွန်
အကောင်းမြင်ပေးသူတွေကတော့ ခုထိ…သဲထဲရေသွန်။

Tuesday, May 3, 2011
စကားလုံးတီထွင်မှု
ရဲဘော်၊ တော်လှန်ရေး၊ လူထု၊ အုံကြွမှု၊ ဘုံရိပ်သာ၊ စာပေမွေ့သူ (သိန်းဖေမြင့်)
အခြားဘာသာ များတွင် တော်လှန်ရေးသမား အချင်းချင်း Comrade ဟု ခေါ်ကြ၏။ ဤစကားကို တိုက်ရိုက် ဘာသာပြန်၍ မြန်မာလို အချင်းချင်း ခေါ်လို့ မကောင်းလှ။ ထို့ကြောင့် စကားရှာရ၏။ ၁၉၃၆ ခုနှစ်က ကျွန်ုပ်သည် “ရဲဘော်” ဆိုသော စကားကို စသုံးသည်။ (ပြန်လည် ဆန်းသစ်သည်)။ ကျွန်ုပ်ကိုယ်တိုင် စသုံးရုံမက သခင်ဗဟိန်းအား ကျောင်းသားစင်မြင့် ပေါ်ကနေ၍ သုံးစွဲရန် စာရေး၍ တိုက်တွန်းလေသည်။ အခြေအနေ၏ တောင်းဆိုချက်နှင့်လည်း ကိုက်ညီသဖြင့်လည်း ဤမျှ ပျံ့နှံ့သွားခြင်း ဖြစ်ပေ၏။ ဝေသန္တရာ ဇာတ်တော်၌ သားတော် သမီးတော်တို့အား စူစကာပုဏ္ဏားကို လှူတော်မူပြီးနောက် ငါ့သား ငါ့သမီးတို့သည် ကျွန်အဖြစ်မှာ တော်လှန်လိုသော် ရွှေပိဿာ မည်၍မည်မျှပေးစေ ဟု ပါရှိ၏။ ထို့ကြောင့် အဖြစ်ဟောင်းမှ အဖြစ်သစ်သို့ ကူးပြောင်းရေး Revolution ကို ကျွန်ုပ်သည် တော်လှန်ပြောင်းလဲရေး (ဝါ) တော်လှန်ရေးဟု စကားဟောင်းကို ပြန်လည်ဆန်းသစ်၍ ဘာသာပြန်ခဲ့၏။
ကျွန်ုပ်သည် ဤစကားလုံးကို အစောဆုံး ပြန်လည်ဆန်းသစ်လိုက်သူ ဟုတ်ချင်မှ ဟုတ်မည်။ သို့သော် ကျွန်ုပ်၏ အတွေ့အကြုံ၌ကား ကျွန်ုပ်သည် ဤစကားကို ဝေသန္တရာဇာတ်တော်၌ တွေ့၏။ အခြေအနေက တောင်းဆိုသဖြင့် ဤစကားကို ပြန်လည်ဆန်းသစ်ပြီး နေရာအနှံ့ အပြား သုံးလိုက်၏။ ထို့အတူ People သို့မဟုတ် Masses ဟူသော စကားကို အားရပါးရ ဖော်ပြနိုင်ရန် လူထုပရိသာတ်မှ ယူ၍ လူထုဟူသော စကားကို ပြန်လည် သစ်ဆန်းခဲ့ပေသည်။ (ဤတွင်လည်း ကျွန်ုပ်အစောဆုံး ပြန်လည်ဆန်းသစ်သူ ဟုတ်ချင်မှ ဟုတ်မည်။ ကျွန်ုပ်အတွေ့အကြုံအရ ပြောခဲ့ခြင်းသာ ဖြစ်သည်။) ခေတ်အလိုကျ လုပ်ခြင်းဖြစ်၍ ဤစကားသည် မည်မျှ ခေတ်စားသွားနေပါသနည်း ဆိုသော် လူထုကို အင်္ဂလိပ်လို ဘာသာပြန်သော အခါ People သို့မဟုတ် Masses ဟု မပြန်ကြတော့ဘဲ Ludu ဟုပင် ရေးသားလာကြလေသည်။ ထို လူထုအုံကြွမှု၊ ဘုံရိပ်သာ၊ စာပေမွေ့သူ စသော စကားများနှင့် အတူ ကျွန်ုပ်ကိုယ်တိုင် မမှတ်မိတော့သော စကားလုံးများကို ထွင်ခဲ့၏။ ကျွန်ုပ်ထွင်ခြင်း ပြန်လည်ဆန်းသစ်ခြင်းများမှာ တမင်သက်သက် လုပ်ခြင်းမဟုတ်။ အခြေအနေ အခါအခွင့် တောင်းဆိုသဖြင့် သာ လုပ်ခြင်းဖြစ်၏။ ထို့ကြောင့်လည်း ပြန့်နှံ့ခြင်း ဖြစ်ပေ၏။
(သိန်းဖေမြင့်ရဲ့ ‘တိုက်ပွဲဝင်စာများ’ စာအုပ်ထဲကပါ)
ဒါပေမယ့် ဆရာသိန်းဖေမြင့်က ဆရာ ဒဂုန်တာရာရဲ့ စကားလုံးတီထွင်မှုကိုတော့ အဲဒီ့စာအုပ်ထဲမှာ ပြင်းပြင်းထန်ထန် ရှုတ်ချထားပါတယ်။
အပြုံး၊ အနမ်း၊ ကဗျာဆန်သည်၊ လေနုအေး (ဒဂုန်တာရာ)
“အပြုံး”၊ “အနမ်း”၊ “ကဗျာဆန်သည်”၊ “လေနုအေး” အဲဒီ့စကားလုံးတွေကတော့ ဆရာ ဒဂုန်တာရာ တီထွင်ထားတာပါ။
“ပြုံးသည် ဟူသော ကြိယာကို ယခုထက် ကျယ်ဝန်းစွာ သုံးနိုင်ရန်၊ ထိတွေ့ရှုမြင်၍ ရအောင် “အပြုံး” ဟူ၍ နာမ်အဖြစ် လုပ်လိုက်ရ၏” အဲဒါကတော့ ဆရာမ ကြည်အေးရဲ့ “မီ” ဝတ္ထု အမှာစာမှာ ဆရာ ဒဂုန်တာရာ ရေးခဲ့တာပါ။
အခုအချိန် ဆရာ ဒဂုန်တာရာရဲ့ ဝတ္ထုကို ဖတ်ရင်တော့ ဆန်းကြယ်မှုကို တွေ့ရတော့မှာ မဟုတ်ပါဘူး။ အဲဒါကိုက သူ့ရဲ့ စကားလုံးတီထွင်မှုတွေ အောင်မြင်လွန်းပုံကို ပြသနေပါတယ်။ ဆရာ့ရဲ့ တီထွင်မှုတွေဟာ လူထုထဲအထိ ပေါက်သွားပြီးတော့ စာရေးဆရာတွေ အပါအဝင် လူတိုင်းလိုက်သုံးရလောက်အောင်ကို အောင်မြင်လွန်းလို့ ဆရာ့ရဲ့ အသုံးအနှုန်းတွေက အခုအချိန်မှာ အဆန်းတကြယ် ဖြစ်မနေတာပါ။
အောက်မှာတော့ ကြည်အေးရဲ့ “မီ” ဝတ္ထုစာအုပ် အမှာစာထဲက စကားလုံးတီထွင်မှုနဲ့ ပတ်သတ်တဲ့ ဆရာ ဒဂုန်တာရာရဲ့ ခံစားချက်ကို ဖော်ပြလိုက်ပါတယ်။
DagonTaryar

Thursday, April 21, 2011
မပြောင်းလဲသော အပြောင်းအလဲများ
ကစားနေကျ ကစားကွက်ကလည်း
မှားနေကျ အမှားတဝက်နဲ့မို့
အလုပ်မဖြစ်။
အကြံသစ်တွေကလည်း
ခံစစ်လို့တောင် မခေါ်ထိုက်တာမို့
အလုပ်မဖြစ်။
ပုံပြင်ထဲမှာတော့
ထင်းစည်းဆိုရင် ချိုးဖို့ မလွယ်ဘူးတဲ့။
တစ်…နှစ်…သုံး…လေး
ရေကြည့်ဖို့တော့ အချိန်တော်တော်ပေးရလိမ့်မယ်။
ဒါပေမယ့် ထင်ချောင်းတွေလား ထင်စည်းတခုလား
ကိုယ့်မေးခွန်း ကိုယ်မဖြေတတ်တော့ လောက်အောင်ကို
ဘာမှ အလုပ်မဖြစ်။
ဒီလိုနဲ့ ဘဝတွေက
ရှုံးခြင်းမှာ အသားကျ
သြော်…ကုန်းဆင်းမှာတောင် မနားရတော့။

Tuesday, April 12, 2011
စိတ္တရလေခါ (ဆရာ ပါရဂူ) ...Chitralekha (Bhagwati Charan Verma) (Download Link)
ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာ ပါရဂူကို ဒီနေရာကနေ ဂါရဝ ပြုလိုက်ပါတယ်။
ကျနော် ဒီ စိတ္တလေခါ ဝတ္ထုကို ebook လိုက်ရှာနေတာ ကြာပါပြီ။ ရှာလို့ မရတဲ့အဆုံး မနှစ်က အောက်တိုဘာလ လောက်တုန်းက ရန်ကုန်ကနေ လှမ်းမှာလိုက်ပါတယ်။ blog မှာ ရိုက်ပြီးတင်ဖို့လည်း ဇန်နဝါရီလောက်ကတည်းက စိတ်ကူးဖြစ်ပေမယ့် မစဖြစ်ခဲ့ပါဘူး။ အခုတော့ အတော်ပါပဲ။ ဒီနေ့ google မှာ ထပ်ရှာကြည့်လိုက်တော့ mmcybermedia.com က တင်ထားတာကို တွေ့ပါတယ်။ mmcybermedia.com ကိုလည်း ကျေးဇူးတင်မိပါတယ်။
ဒီဝတ္ထုက “Bhagwati Charan Verma” ရဲ့ “Chitralekha” ဝတ္ထုကို ဆရာပါရဂူ ဘာသာပြန်ထားတာပါ။ အတွေးအခေါ်တွေနဲ့ ပြည့်နှက်နေတဲ့ စာအုပ်လည်း ဖြစ်ပါတယ်။ မြန်မာ့စာပေလောကမှာ တော်တော် ဂယက်ရိုက်ခဲ့တဲ့ ဂယက်ရိုက်နေတဲ့ စာအုပ်လည်း ဖြစ်ပါတယ်။ အောက်မှာ အမြည်းလေး ဖော်ပြထားပါတယ်။ download link လည်းအောက်ဆုံးမှာ ပေးထားပါတယ်။
“စိတ္တရလေခါ” ဝတ္ထု ဖတ်ပြီးသော အခါ “မကောင်းမှု ဆိုတာ ဘာလဲ” ဆိုသည့် ပြဿနာနှင့် ပတ်သတ်ပြီး၊ စာဖတ်သူ ကိုယ်တိုင် ဆုံးဖြတ်ချက် ကျကောင်းကျသွားလိမ့်မည်။ သို့တည်းမဟုတ် “မကောင်းမှု ဆိုတာ ဘာလဲ” ဟု စာဖတ်သူကိုယ်တိုင် တဖန် ပြန်စကောင်း စပေလိမ့်မည်။ (စာအုပ်နောက်ကျောဖုံး)
အဲဒီ့ဘုရားသခင်ဟာ အမှန်တရား ဖြစ်တာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် သူဟာ ဘယ်လောက်တောက်ပ နေသလဲ ဆိုရင် သူ့ရှေ့မှောက်မှာ လူသားရဲ့ မျက်လုံးဟာ ပွင့်နေလို့ မရဘူး
ဒါပေမယ့် ယောဂီ၊ ကျုပ်တို့ ပူဇော်နေတဲ့ သင်တို့ ကျုပ်တို့ရဲ့ ဘုရားသခင်ဟာ အဲဒီ့ဘုရားသခင်နဲ့ တခြားစီပါ။ သင်တို့ ကျုပ်တို့ရဲ့ ဘုရားသခင်က စိတ်ကူးယဉ်ထားတဲ့ ဘုရားသခင်ပါ။ ကိုယ့်လောဘ ကိုယ့်လိုအပ်ချက် ပြည့်ဝရေးအတွက် လူ့လောကက အဲဒီ့ ဘုရားသခင်ကို ပြုလုပ်ဖန်တီးထားတာပါ
အဲဒီ့ဘုရားသခင်ဟာ လူ့လောက လူ့အဖွဲ့အစည်း အမျိုးမျိုးကိုလိုက်ပြီး အသွင်အမျိုးမျိုးရှိတယ်။
တနေ့ မနက်ကျတော့ ရှေ့ဘက် ခပ်လှမ်းလှမ်းမှာ ရွှေတောင်တစ်တောင်ကို တွေ့မြင်ရတယ်။ ကျုပ် အရူးပမာ လှမ်းအော်လိုက်တယ်။ “ဆရာအရှင်၊ ရှေ့ကဟာ ကုဝေရ နတ်မင်းရဲ့ ရွှေတောင် မဟုတ်လား”
ရသေ့မြတ်က ကျုပ် ရူးပုံ အပုံကို ရယ်နေတယ်။ “အဲဒါ ဟိမဝန္တာတောင်ပေါ့။ ဆီးနှင်းပေါ်မှာ နေရောင်တွေ တောက်ပနေတယ်။ အဲဒါကြောင့်မို့ ရွှေလို့ မင်းအမှတ်မှားနေတာ။”
မိမိရဲ့ အပြစ်ကို ဂုဏ်လို့ မြင်တာဟာ ကမ္ဘာလောကရဲ့ စနစ်တခုလို ဖြစ်နေပြီ။
ဒီမြက်ခင်းထဲမှာ ပိုးမွှားတိရစ္ဆာန်တွေ ဘယ်လောက်ရှိနေတယ် ဆိုတာကိုကော ဒေဝီ သတိပြုမိရဲ့လား။ ပြီးတော့ မြက်ခင်းမှာ စိုထိုင်းနေတဲ့ အငွေ့တွေ ရှိတယ်။ အဲဒီ့မြက်ခင်းပေါ်မှာ ခပ်ကြာကြာအိပ်နေမယ်ဆိုရင် ဒေဝီအအေးမိမှာ ဧကန်မုချပဲ။ ဒေဝီ…သဘာဝဆိုတာ အဆင်ပြေတဲ့အရာမျိုးမဟုတ်ပါဘူး
ဒေဝီစိတ်ဝင်စားနေတဲ့ ဒီဥယျာဉ်ကိုယ်တိုင်ကိုက လူလုပ်ထားတဲ့ အတုသာဖြစ်တယ်။ တကယ့်အတကယ် သဘာဝ အစစ်ကို မြင်ချင်သပဆိုရင် တောနက်ထဲကိုသာ သွားပါ။ အဲဒီ့မှာ ခြင်္သေ့တွေက သွေးဆာနေတဲ့ လျှာနဲ့ လှည့်ပတ်သွားလာ နေကြတယ်။ အဲဒီ့မှာ အကြောင်းမဲ့သက်သက် လူကို ကိုက်ပြီး သေမင်းခံတွင်းထဲ ပို့မယ့် မြွေတွေ မြက်တောထဲမှာ အဆင်သင့် ရှိနေကြတယ်။
သခင်၊ အမှန်ဆိုတာ ဘာလဲ။ အမှန်ဆိုတာကို ဘယ်တုန်းက သိရဖူးလို့လဲ။ ပတ်ဝန်းကျင် အခြေအနေနဲ့ လိုက်လျောညီညွတ်ခြင်းရဲ့ ဒုတိယ အမည်နာမကိုပဲ အမှန်လို့ ခေါ်ကြခြင်း ဖြစ်တယ်။ ပတ်ဝန်းကျင် အခြေအနေဆိုတာ အခါခပ်သိမ်း တမျိုးတစားတည်း ရှိနေတာမှ မဟုတ်ပဲ။
ကျုပ်တို့ဟာ နေရာဌာနကို သဘောကျတာ မဟုတ်ပါဘူး။ နေရာဌာန ဆိုတာ ရုပ်ဝတ္ထုသက်သက်သာ ဖြစ်တယ်။ ကျုပ်တို့သဘောကျတာ နှစ်သက်တာက ကျုပ်တို့နဲ့ ဟပ်မိနေတဲ့ ကျုပ်တို့ကျင့်သားရနေတဲ့ ပတ်ဝန်းကျင် အခြေအနေဖြစ်တယ်။ လူတိုင်းလူတိုင်းဟာ မိမိတို့ မွေးဖွားလာတဲ့ မိမိတို့ ကြီးပြင်းလာတဲ့နေရာ ဌာနကို သဘောကျတယ်။ အဲဒီ့နေရာဌာနမှ အမြဲတစေ နေလာခဲ့တဲ့အတွက် အပေါင်းအဖော်ဆိုတာလည်း အဲဒီ့နေရာမှာပဲ ရှိနေတယ်။
သဘာဝ မကျတဲ့နည်းလမ်းတိုင်းဟာလည်း ကိုယ့်ကိုယ်ကို သတ်ဖြတ်ခြင်း မဟုတ်ဘူး။ ………ကမ္ဘာဦးလူတွေက အဝတ်မဝတ်ကြဘူး။ သစ်သီးသစ်ဥကိုသာ စားတယ်။ အဲဒါ သဘာဝကျတဲ့ အရာဖြစ်တယ်။ အဝတ်ကို ဝတ်တာဟာ သဘာဝကျတဲ့ အရာမဟုတ်ဘူး။
ကမ္ဘာလောကမှာ မကောင်းမှုဆိုတာ ဘာမှ မဟုတ်ဘူး။ မကောင်းမှုဆိုတာ လူ့အမြင် တဦးနဲ့ တဦး မတူခြင်းရဲ့ အခြား အမည်နာမ ဝေါဟာရ စကားလုံးမျှသာ ဖြစ်တယ်။
Download Link
http://www.mediafire.com/?2q8r9l9ouqd61zm

Thursday, April 7, 2011
Tuesday, March 29, 2011
Sunday, March 20, 2011
Utilitarianism
ဒီလိုမှမဟုတ်ရင်
ငါ့ဝတ်ရည်တွေလည်း နှမြောစရာ
နင့် proboscis လည်း သံချေးတက်မှာ
ကဲပါ
ရင်ခွင်ထဲလာ။
ကောင်းကင်ကို
ငါ့ဝတ်ရည်တွေလည်း နှမြောစရာ
နင့် proboscis လည်း သံချေးတက်မှာ
ကဲပါ
ရင်ခွင်ထဲလာ။
ကောင်းကင်ကို
Wednesday, March 9, 2011
ဘုရားသခင်.blogspot.com
လွန်ခဲ့တဲ့ ၂နှစ်ခွဲလောက်က ဟာပါ။
ဘုရား သခင်ရဲ့ စကားတွေကို အနှစ်ချုပ်လိုက်ရင် ကျွန်တော်တို့ ကိုယ်တိုင် က ပျက်စီးနေလို့ ဒီလို ဒုက္ခတွေ တွေ့ နေရတာပါဆိုတဲ့ သဘောသက်ရောက်တယ်။ ပညာဗဟုသုတ ခေါင်းပါးလို့ ၊ စိတ်ပိုင်းဆိုင်ရာ အားနည်းလို့ တန်ရာတန်ရာ ပဲ ရနေတာ ဆိုတဲ့ concept ။
ဒါပေမယ့် ကျွန်တော် သတင်း တစ်ခုကို သွား သတိရမိတယ်။ ကာလီဖိုးနီးယားမှာ ဘာသာရေး အစွန်းရောက် ဂိုဏ်းတဂိုဏ်းကလူ သုံးဆယ့်ကိုးယောက် ဂြိုလ်တွေ နက္ခတ်တွေကို ကြည့်ပြီး အထက်က ဘုရားရဲ့ အမိန့် အရဆိုပြီး အစုလိုက်အပြုံလိုက် ကိုယ့်ကိုယ်ကို သတ်သေကြတဲ့ သတင်း။ သူတို့ ကော အသိပညာ ခေါင်းပါးတာပဲ မဟုတ်လား။ သူတို့ နိုင်ငံတွေကျတော့…....
သူတို့ ဆီမှာ အဲဒီ့လို အတွေးအခေါ် အားနည်းတဲ့ လူတွေ က လူနည်းစုမို့ လို့ ပဲ အခြေအနေတွေ ကောင်းနေတာလား။ ဘာပဲ ဖြစ်ဖြစ် လူတွေရဲ့ စိတ်ဓာတ်နဲ့ အသိဥာဏ်က ပိုက်ဆံပေးမှ မီးသတ်ပေးမယ် ဆိုတဲ့ အဆင့် အထိတော့ နိမ့်ကျ လိမ့်မယ်မထင်ဘူး။
ဒါမှမဟုတ် စနစ်ကြောင့်လို့ပဲ ပြောရမလား။ လူတွေ ပညာမရှိပေမယ့် သူတို့ စနစ်ကြီးက ပညာရှိနေတာလား။ ပညာရှိတဲ့လူတွေက ချမှတ်ထားတဲ့ စနစ်မို့ လို့ ပဲလား။
ကျွန်တော် ထင်တယ်။ လူတိုင်းမှာတော့ လူ့သဘာဝ အရ အလွယ်လိုက်ချင်တဲ့ စိတ်ရှိမှာပဲ။ ဥပမာ…သူတို့ ဆီကလူတွေလည်း အစကတော့ လမ်းပေါ် အမှိုက်ချချင်တဲ့စိတ် ရှိမှာပဲ။ ဒါပေမယ့် စနစ်က သူတို့ ကို ချုပ်ထားတယ်။ ကြာလာတော့ အမှိုက်ကို စနစ်တကျ ပစ်တာကိုက အလေ့အကျင့် တစ်ခု ဖြစ်လာတယ်။ သူတို့ရဲ့  ဘာသာရေး ဖြစ်လာတယ်။ စည်းမဲ့ ကမ်းမဲ့ အမှိုက်ပစ်တာဟာ မကောင်းမှု တစ်ခု လို့  သူတို့စိတ်ထဲမှာ စွဲသွားလိမ့်မယ်။ အဲဒီ့အစွဲမျိုးရင်ထဲ ရောက်သွားတဲ့ အချိန်ကျတော့ စနစ်နဲ့ ထိန်းစရာ မလိုတော့ဘူး။
ဒါပေမယ့် စနစ်ဆိုတာက သက်မဲ့။ လူတွေက သက်ရှိ။ အဲဒီ့ သက်မဲ့ စနစ်ကြီးကို အပြစ်တင်တင်နေတာ ဟာ အဖြေမဟုတ်ဘူး။ အဲဒါကြီးကို တိုက်ဖျက်ဖို့ သက်ရှိလူတွေက ရုန်းကန်ဖို့ လိုတယ်။ အသိတရား ရှိဖို့ လိုတယ်။
အဲဒီ့မှာတင် မေးခွန်းတစ်ခုက ကျွန်တော့် ရင်ထဲကနေ ပျို့ တက်လာတယ်။ လူတွေ လက်ရှိအခြေအနေကနေ ရုန်းထွက်ဖို့ ပညာဗဟုသုတ မြင့်မားဖို့ လိုတယ်။ ဒါပေမယ့် အစိုးရက ပညာရေးကို နှိပ်ကွပ်ထားတယ်။ ပညာရေးနဲ့ ပတ်သတ်ပြီး လုပ်နေတဲ့ သူတွေကိုလည်း အနှောင့်အယှက် အမျိုးမျိုးပေးနေတယ်။
အဲဒီ့တော့ ပညာဗဟုသုတ နိမ့်လို့ ညံ့တဲ့ အစိုးရ နဲ့ စနစ်ကိုရ၊ ညံ့တဲ့ စနစ်ကိုရလို့  ပညာဗဟုသုတနိမ့် ဒီလိုနဲ့ပဲ သံသရာလည်ရ တော့မှာလား။ ဆိုးသထက် ဆိုးသွားတော့မှာလား။ ပျို့ တက်လာတဲ့ မေးခွန်းကို ကျွန်တော် အန်ထုတ်လိုက်တယ်။
ဘုရားသခင်က ဘာမှ ပြန်မဖြေဘူး။ သူ့ Custom Message များပြောင်းသွားသေးသလားလို့ ကျွန်တော်ကြည့်လိုက်တယ်။ ဘာ Message မှ ရေးမထားတော့ဘူး။
ခဏနေမှ ဘုရားသခင်က ပြောတယ်။ “အဲဒါက ဒီလိုရှိတယ်ကွ”
ဆိုက်ဘာကဖေး တစ်ခန်းလုံး မှောင်မဲသွားတယ်။ မီးပျက်သွားပြီ။
ကောင်းကင်ကို
ဘုရားသခင်.blogspot.com
ဗုဒ္ဓ၏ တရားတော်များအား ဌာပနာထားသော ရင်ဘတ်တို့  ကျည်အဖောက်ခံလိုက်ရသော နယ်မြေ …
မေတ္တာ သုတ်များ ရွတ်ဆိုခြင်းသည် တကယ့် မကောင်းဆိုးဝါး များနှင့် တွေ့ ပါက အစွမ်းမထက်တော့ကြောင်း သက်သေပြခဲ့သော နယ်မြေ…
ပရဟိတ လုပ်ငန်းအချို့ ၊ ဘာသာရေးလုပ်ငန်းအချို့  မြေအောက် လုပ်ငန်း သဖွယ် ဖြစ်နေရသော နယ်မြေ…
သောက်စရာ မိုးခါးရေများပင် မလောက်မင ဖြစ်လာရသော နယ်မြေ…
နိုင်ငံတကာမှ ကျောင်းသားများ Laptop ကိုယ်စီဖြင့် အလုပ်ရှုပ် နေချိန်တွင် ဤဒေသမှ ကျောင်းသားများ ဖတ်စာအုပ်တစ်အုပ် ရရန်အတွက် မဲနှိုက်နေရသော နယ်မြေ…
သချာင်္သင်ခွင့်မရခဲ့သော ကလေးငယ်တို့ လ္ဘက်ရည်ဆိုင်တွင် ဂဏန်းတွက်နေရသော နယ်မြေ…
အရာရာ အားလုံးတို့ ဆိတ်သုဉ်း၍…ဘုရားသခင်တောင်မှ ဝင်ခွင့် မရခဲ့သော နယ်မြေ…
**********ဗုဒ္ဓ၏ တရားတော်များအား ဌာပနာထားသော ရင်ဘတ်တို့  ကျည်အဖောက်ခံလိုက်ရသော နယ်မြေ …
မေတ္တာ သုတ်များ ရွတ်ဆိုခြင်းသည် တကယ့် မကောင်းဆိုးဝါး များနှင့် တွေ့ ပါက အစွမ်းမထက်တော့ကြောင်း သက်သေပြခဲ့သော နယ်မြေ…
ပရဟိတ လုပ်ငန်းအချို့ ၊ ဘာသာရေးလုပ်ငန်းအချို့  မြေအောက် လုပ်ငန်း သဖွယ် ဖြစ်နေရသော နယ်မြေ…
သောက်စရာ မိုးခါးရေများပင် မလောက်မင ဖြစ်လာရသော နယ်မြေ…
နိုင်ငံတကာမှ ကျောင်းသားများ Laptop ကိုယ်စီဖြင့် အလုပ်ရှုပ် နေချိန်တွင် ဤဒေသမှ ကျောင်းသားများ ဖတ်စာအုပ်တစ်အုပ် ရရန်အတွက် မဲနှိုက်နေရသော နယ်မြေ…
သချာင်္သင်ခွင့်မရခဲ့သော ကလေးငယ်တို့ လ္ဘက်ရည်ဆိုင်တွင် ဂဏန်းတွက်နေရသော နယ်မြေ…
အရာရာ အားလုံးတို့ ဆိတ်သုဉ်း၍…ဘုရားသခင်တောင်မှ ဝင်ခွင့် မရခဲ့သော နယ်မြေ…
လူတွေ သိန်းနဲ့ ချီပြီး သေကုန်ကြပြီ။ အစုလိုက်အပြုံလိုက် ငတ်ကုန်ကြပြီ။ ဒါ ဘုရားသခင် အလိုတော်တဲ့လား။ ဘိန်းစိုက်သူတွေ၊ ဒုစရိုက်သမားတွေ ကျတော့ ကြီးပွါး ချမ်းသာတယ်။ စပါးစိုက်သူတွေကို ကျတော့ မုန်တိုင်းလွှတ်ပြီး သတ်ပစ်လိုက်တယ်။ ဒါ ကိုယ်စိုက်ပျိုးလိုက်တဲ့ အတိုင်း ရိတ်သိမ်း ရတာလား။ အိုင်းစတိုင်းရေ….ခင်ဗျားတော့ မှားသွားပြီ။ ဘုရားသခင်တော့ မြန်မာပြည်ကိုလာပြီး ကြွေအံ ကစားနေပြီ။ တွေးရင်းတွေးရင်းနဲ့ ဘဝင်မကျ ဖြစ်လာတယ်။ ဘုရားသခင်ကို မေးကြည့်ချင်စိတ်တွေ ပေါ်လာတယ်။
**********အခုခေတ်မှာ ဘုရားသခင်က အစ blog ရှိတယ်။ www.phayarthakhin.blogspot.com လို့ ကျွန်တော် ရိုက်လိုက်တယ်။ Access denied တဲ့။ သြော…ငါအင်တာနက် သုံးနေတာ ဘုရားသခင်ကိုတောင် ဘန်း(ban) ထားတဲ့ နယ်မြေမှာပါလား။ ဒါနဲ့ ဘုရားသခင်ဆီကို နောက်ဖေးပေါက်ကနေ ဝင်ဖို့ ဆုံးဖြတ် လိုက်ရတယ်။ http://kproxy.com ဒါလည်း Access denied။ http://vtunnel.com ... Access denied ပဲ။ နောက်ဖေးပေါက်တွေကော ဘေးပေါက်တွေကော ရှိသမျှ အပေါက်တွေ အားလုံးကို တစ်ခုမကျန် ပိတ်ထားလိုက်ကြပြီ။ ငါတို့ အားလုံး အပြင်လောကမှာ ကော၊ Virtual World မှာပါ ထွက်ပေါက်လုံးဝ မရှိအောင် ချောင်အပိတ် ခံလိုက်ရပြီ။
**********ဒါပေမယ့် ကျွန်တော် အင်တာနက် သုံးနေတာ freedom ရှိတဲ့ နယ်မြေမှာ။ freedom ဆိုတာ ဆိုဒ်တွေ အကုန်လုံးကို ကျော်ပြီး ဝင်လို့ ရတဲ့ ဆော့ဖ်ဝဲ။ ကျွန်တော်အင်တာနက်သုံးနေတဲ့ ဆိုက်ဘာ ကဖေးမှာ အဲဒီ့ ဆော့ဖ်ဝဲ ကို တင်ထားတယ်။ ဒီလိုနဲ့ ကျွန်တော်လည်း freedom software ကနေတစ်ဆင့် ဘုရားသခင်ရဲ့ blog ထဲကို ဝင်ကြည့်လိုက်တယ်။ ဘုရားသခင်က သူ့  Profile မှာ “ကျွန်ုပ်သည် ဘုရားသခင် တစ်ပါးတည်း ကိုသာ ကိုယ်စားပြုသည်မဟုတ်။ ကမ္ဘာပေါ်တွင် ရှိသမျှသော ဘုရားများအားလုံး၊ ဘာသာတရားများအားလုံးကို ကိုယ်စားပြု၏” တဲ့။ ကျွန်တော်လည်း ဘုရားသခင် ရဲ့  blog ကို နည်းနည်း လျှောက်လေ့လာကြည့်လိုက်တယ်။ ကိုယ်စိုက်ပျိုးလိုက်တဲ့ အတိုင်း ရိတ်သိမ်းရမယ့် အကြောင်းတွေ၊ ကံကံ ရဲ့ အကျိုးတွေ၊ ပညာရဲ့  အစွမ်းတွေ… အဲဒါတွေကို ပုံတို ပတ်စတွေ သုံးပြီး ပုံစံ အမျိုးမျိုးနဲ့ ရေးထားတာ တွေ့ရတယ်။
ကျွန်တော် ဘုရားသခင်ကို ဝေဖန်ချင်လို့ cbox လိုက်ရှာတယ်။ မရှိတော့ဘူး။ ကွန်မန့် လည်း ပေးလို့ မရတော့ဘူး။ သြော်..ကိုယ့်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လာရင် ဘုရားသခင်က အစ မခံနိုင်တော့ပါလား။ ဒီမိုကရေစီ မရှိတော့ ပါလား။ ကွန်မန့်  လည်းပေးလို့ မရ၊ cbox လဲ ပိတ်ထားတာနဲ့ ကျွန်တော်လည်း အကြံအိုက်သွားတယ်။ ဒါပေမယ့် blog တစ်နေရာမှာ ဘုရားသခင်ရဲ့  email address ကို သွားတွေ့ တယ်။ phayarthakhin@gmail.com တဲ့။ ဒါနဲ့ ကျွန်တော်လည်း ဘုရားသခင်ကို ကျွန်တော့် Gtalk မှာ add လိုက်တယ်။
**********ကျွန်တော် ဘုရားသခင်ကို ဝေဖန်ချင်လို့ cbox လိုက်ရှာတယ်။ မရှိတော့ဘူး။ ကွန်မန့် လည်း ပေးလို့ မရတော့ဘူး။ သြော်..ကိုယ့်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လာရင် ဘုရားသခင်က အစ မခံနိုင်တော့ပါလား။ ဒီမိုကရေစီ မရှိတော့ ပါလား။ ကွန်မန့်  လည်းပေးလို့ မရ၊ cbox လဲ ပိတ်ထားတာနဲ့ ကျွန်တော်လည်း အကြံအိုက်သွားတယ်။ ဒါပေမယ့် blog တစ်နေရာမှာ ဘုရားသခင်ရဲ့  email address ကို သွားတွေ့ တယ်။ phayarthakhin@gmail.com တဲ့။ ဒါနဲ့ ကျွန်တော်လည်း ဘုရားသခင်ကို ကျွန်တော့် Gtalk မှာ add လိုက်တယ်။
ဘုရားသခင် cbox ဖြုတ်ထားတာ၊ ကွန်မန့် ပိတ်ထားတာတွေကို အကြောင်းပြုပြီး ဘုရားသခင်ကို ဒီမိုကရေစီ မရှိဘူးလို့ ကျွန်တော် စွပ်စွဲလိုက်တယ်။ ဘုရားသခင်က ဘာမှ ပြန်မပြောဘူး။ ဒါပေမယ့် ခဏနေတော့ ဘုရားသခင်ရဲ့  Custom Message ပြောင်းသွားတယ်။ “ပွဲတစ်ပွဲကို မကြိုက်ရင် ထပြန်သွားခွင့် ရှိတယ်။ မကြိုက်တဲ့ အကြောင်းကိုလည်း ဝေဖန်ခွင့်ရှိတယ်။ ဒါပေမယ့် ခဲနဲ့ပေါက်ခွင့်တော့ မရှိဘူး။”
**********ကျွန်တော် ဘုရားသခင်ကို မေးခွန်း တစ်ခု မေးလိုက်တယ်။ ကျွန်တော်တို့  ခုထိ ဘာလို့  မလွတ်မြောက်နိုင် သေးတာလဲလို့ ။ ဘုရားသခင်က ပြန်ဖြေတယ်။
ခေါင်မိုးကို မပြင်နိုင် သေးသရွေ့ တော့ မိုးက ယိုနေဦးမှာပဲ။ သာမန်မဟုတ်တဲ့ နွံထဲကနေ လွတ်မြောက်ဖို့  သာမန်မဟုတ်တဲ့ အားထုတ်မှုတွေ လိုတယ်ကွ။
**********

သာမန် မဟုတ်တဲ့ အားထုတ်မှုတွေလိုတယ်တဲ့။ ဟုတ်တယ်ဗျာ။ ကွမ်တမ် leap နဲ့ ထခုန်ရမယ့် အချိန်။ ဆွဲအားတွေက လွတ်မြောက်နိုင်မယ့် အရှိန်မျိုးနဲ့ ကောင်းကင် ကို ရုတ်တရက် ပျံတက်ရမယ့် အချိန်။ ဒါပေမယ့် မဆီမဆိုင်ဗျာ။ ကျွန်တော့်စိတ်ထဲမှာ ဘာတွေ မြင်ယောင်လာသလဲ ဆိုတော့ ပရောဂျက် နိုင်ငံရေးသမားတွေ၊ နေရာရဖို့ ပဲအဓိကထားနေကြတဲ့ ကိုယ့်ကိုယ်ကို မျိုးချစ်ပုဂ္ဂိုလ်ဆိုပြီး ကြေငြာနေကြတဲ့သူတွေ၊ လူနာကို အချိန်ဆွဲပြီးကုနေတဲ့ ဆရာဝန်တွေ၊ ပိုက်ဆံပေးမှ မီးသတ်ပေးတဲ့ မီးသတ်သမားတွေ၊ နှစ်လုံးထီ ဒိုင်ကိုင် နေတဲ့ ရဲတွေ၊ အလုပ်မလုပ်လေလေ လုပ်ငန်းကြန့်ကြာလေလေ ဝင်ငွေဖြောင့်လေလေ ဖြစ်နေတဲ့ ရုံးဝန်ထမ်းတွေ၊ ကျောင်းသားတွေ ဆန္ဒပြလို့  ကျောင်းတွေ ပိတ်ရတာပါဆိုပြီး မကျေမချမ်းဖြစ်နေတဲ့ သူငယ်ချင်း တစ်ချို့ တွေ၊ အကြံအဖန် ဓာတ်ပုံ တွေလုပ်ပြီး Refugee Camp ထဲ သွားဖို့ ကြိုးစားနေကြ သူတွေ အဲလိုလူတွေကိုပဲ အလုံးအရင်းနဲ့ မြင်ယောင်လာတယ်။ မီးလာတုန်း ရေလုတင်ရင်း ရန်ဖြစ်နေကြတဲ့ အသံတွေ၊ ညညဆိုရင် နောက်ဖေးလမ်းကြားမှာ အမှိုက်ထုပ်တွေ တဘုတ်ဘုတ်နဲ့ ပစ်ချသံတွေကို ပြန်ပြီးကြားယောင်လာတယ်။
**********
ဘုရားသခင်က ဆက်ပြောတယ်။ ခုဆိုရင် ကျောင်းတွေဟာ ပညာသင်ပေးတဲ့ နေရာ မဟုတ်တော့ဘူး။ မှားမှား မှန်မှန် ပြန်မပြောရဲ အောင်၊ အချောင်လိုက်တတ်အောင၊် ခိုးတတ်အောင်၊ဖားတတ်အောင် လေ့ကျင့်ပေးတဲ့ နေရာတွေ ဖြစ်လာပြီ။
ပြောပြောဆိုဆိုနဲ့ ဘုရားသခင်က သူ့  Custom Message ကိုပြောင်းလိုက်ပြန်တယ်။ "တိုင်းပြည်ရဲ့  အနာဂတ်ဟာ လူငယ်တွေရဲ့ လက်ထဲမှာ ရှိတယ်တဲ့။ လူငယ်တွေရဲ့  လက်ထဲမှာတော့ ဘောလုံးဂျာနယ်တွေ၊ အပေါစား မဂ္ဂဇင်းတွေနဲ့ ခပ်ချောင်ချောင်ရခဲ့တဲ့ ဘွဲ့ လက်မှတ် တစ်ခုစီပဲရှိတယ်။"

ဒါပေမယ့် ကျွန်တော် တစ်ခု သွားသတိရတယ်။ ဘယ်လောက်ပဲ ဖိနှိပ်ဖိနှိပ် ကျွန်တော်တို့ ဆီမှာ သာမန်မဟုတ်တဲ့ ပေးဆပ်သူတွေ ရှိတယ်။ အသက်အသေခံရဲ သူတွေ၊ ဘဝကို ထောင်ထဲမှာ စတေးပစ်ဝံ့သူတွေ ရှိတယ်။ အဲဒီ့လူတွေ ဘဝပျက်သွားတာ ကျတော့ ကော ဘာဖြစ်လို့ လဲ။ ကိုယ်စိုက်ပျိုးလိုက်တဲ့ အတိုင်း ရိတ်သိမ်းလိုက်ရတာလား ဆိုပြီး ဘုရားသခင်ကို မေးလိုက်တယ်။ ဘုရားသခင်က ပြန်ဖြေတယ်။ “အခုခေတ်က ဆွမ်းဆန်စိမ်းတွေ ကြားထဲမှာ ကြက်ချေးရောတဲ့ခေတ်မဟုတ်တော့ဘူး။ ကြက်ချေးတွေကြားထဲမှာ ဆွမ်းဆန်စိမ်းတွေရောပြီး နစ်နာရတဲ့ခေတ်။ နာမည် ပျက်ရတဲ့ခေတ်။ ကိုယ့်ရပ်ကွက်မှာ မီးလောင်ရင် ကိုယ့်အိမ်လည်း မီးထဲပါနိုင်တာပဲ။ လူအားလုံးရဲ့  ပျမ်းမျှ အရည်အချင်းနဲ့  တန်သလောက်ပဲ ရမှာပဲ။”
တန်သလောက်ပဲ ရမှာပဲ ဆိုတဲ့ စကားကြောင့် ကျွန်တော် တော်တော်လေး အစာမကြေ ဖြစ်သွားတယ်။ ဘုရားသခင်ကတော့ ဆက်ပြောနေတယ်။ မြန်မာနိုင်ငံက ဘာနဲ့ တူနေသလဲဆိုတော့ တစ်အိမ်လုံး အလုပ်မလုပ်ပဲ ဘိုးဘွား အမွေတွေကို ထိုင်စားနေတဲ့ မိသားစု နဲ့  တူနေတယ်။ သစ်တောတွေလည်း ပြောင်ပြီ။ သယံဇာတ တွေလည်း တဖြည်းဖြည်းနဲ့ ကုန်တော့မယ်။ အဆိုးဆုံးကတော့ စိတ်ဓာတ်တွေ ပျက်စီးကုန်တာပဲကွ။
ဘိုးဘွားအမွေတွေကို ထိုင်စားနေတယ်တဲ့။ ကျွန်တော်တို့ ဘာမှ မစားလိုက်ရပါဘူးဗျာ။ ထမင်းပွဲ ပြင်ပေးပြီး အဝေးကနေ ငေးနေရတဲ့ ဘဝပါ။ ဆီဦးထောပတ် စားနေကြတဲ့ ပါးစပ်တွေအတွက် တစ်ပြည်လုံးပေးဆပ်နေကြရတဲ့ အဖြစ်ပါ။
********ဘုရားသခင်က ဆက်ပြီး ပြောပြန်တယ်။ ဒီလို အခြေအနေ ဖြစ်အောင် ဇွတ်အတင်း လုပ်နေကြတာက လူတစ်စုတည်းပါကွာ။ လူတွေသာ ညီညွတ်ရင် ဒီလောက် ကြောက်ဖို့လိုမယ် မထင်ဘူး။ ကျွန်တော် ဘာမှ ပြန်ပြော မနေတော့ဘူး။ ကျွန်တော့်ရဲ့  Custom Message ကိုပဲ ပြောင်းလိုက်တယ်။ “လူအုပ်တစ်အုပ်ထဲကို သေနတ်နဲ့  ပစ်ထည့်လိုက်တဲ့အခါ ဘယ်သူက လောဂျစ်တွေ စဉ်းစား နေနိုင်မှာလဲ။ ကိုယ့်ကို လည်း သေနတ်မှန် နိုင်တဲ့ဆိုတဲ့ အတွေးနဲ့  ရုန်းရင်းဆန်ခတ် ပြေးကြတော့မှာပေါ့။”
ဘုရားသခင်က ပြန်ပြောတယ်။ “အင်း၊ အဲဒါတော့ ဟုတ်ပါတယ်။ ဒါပေမယ့်ကွာ ကိုယ့်ကိုယ်ကို သားကောင်လို့ သဘောထားနေသရွေ့ မုဆိုးတွေကတော့ ပစ်မှာပဲ။ ကြောက်လို့ ပြေးနေသေး သရွေ့  ဒုက္ခပေးဖို့ လိုက်မှာပဲ။ ပြန်ပြီး ရင်ဆိုင်ဖို့ပဲ ရှိတယ်။ ပြောင်းလဲလာမှာ မဟုတ်တဲ့သူတွေကို စကားထဲ ထည့်ပြောနေလို့လည်း အပိုပဲ။ သူတို့ကို ပြောင်းလဲဖို့ အလားအလာနည်းတဲ့ ကိန်းသေတွေလို့ ပဲ မှတ်လိုက်။ လိုချင်တဲ့ အဖြေထွက်ဖို့ ကိုယ့်ဘက်ကိုယ်ကို ပြောင်းလဲဖို့ ပဲရှိတယ်။
သူတို့ ကို ခေတ်အဆက်ဆက် ဒုက္ခပေးနေဦးမယ့် နာဂစ်တစ်မျိုးလို့ပဲ သဘောထားလိုက်။ နှစ်ခြင်းခံကြတယ် ဆိုတဲ့ နိမိတ်ပုံဟာ ဒီသဘောမျိုးပဲ။ အဖြေဆိုတဲ့ ဘုရားသခင်ကို မမြင်မချင်း၊ စိတ်မျက်လုံးတွေကို မဖွင့်မချင်း အဲဒီ့နာဂစ်က ငါတို့ ကို ရေနှစ်နေ ဦးမှာ။
ကျွန်တော် Cherie Carter-Scott ရဲ့  စကားကို သွားသတိရမိတယ်။ “သင်ခန်းစာ တစ်ခုကို မကျေညက် မချင်း အဲဒီ့ သင်ခန်းစာကိုပဲ ပုံစံအမျိုးမျိုးနဲ့ ထပ်ပြီးကြုံတွေ့  ရလိမ့်မယ်”
ကျွန်တော် တွေးနေတုန်းမှာပဲ ဘုရားသခင်က သူ့ Custom Message ကိုပြောင်းလိုက်ပြန်တယ်။ “လုံလောက်တဲ့ အမြင့်တစ်နေရာကို ရောက်ရင် တိမ်တိုက်တွေ မရှိနိုင်တော့ဘူး။ သင်တို့ရဲ့  ဘဝမှာ တိမ်တိုက်တွေ ရှိနေသေးတယ်ဆိုရင် သင်တို့ရဲ့  စိတ်ဝိညာဉ်ဟာ အနိမ့်ပိုင်းမှာပဲ ရှိနေသေးလို့ ဆိုတာကို သဘောပေါက်လိုက်ပါ။ (Mark Fisher)”

ဘုရားသခင်က ဆက်ပြောပြန်တယ်။
ခေါင်းဆောင်ကောင်း မရှိလို့ ၊ နောက်က လူတွေက ပါမလာကြလို့  ဆိုပြီး အပြန်အလှန် အပြစ်မြင် နေကြတာလည်း မှားတယ်။
တကယ်က ခေါင်းဆောင်တွေက လည်း ငါတို့ ခေါင်းဆောင်မှု လိုသေးလို့  လူတွေ ပါမလာတာလို့  ခံယူထားရမှာ။ လူတွေကလည်း ခေါင်းဆောင်တွေ လျှောက်တဲ့ နောက်ကို ငါတို့ မလိုက်နိုင်ကြသေးလို့ မအောင်မြင်ရတာလို့  ခံယူကြရမှာ။ ဘုရားသခင်က သူ့ Custom Message ကို ပြောင်းလိုက်ပြန်တယ်။ “လူတွေအားလုံးရဲ့ လက်ညှိုးတွေ ကိုယ့်ကိုယ်ကို ပြန်ထိုးကြတဲ့ တနေ့ မှာ ကျိန်စာသင့်နေရတဲ့ ဘဝကနေ လွတ်လိမ့်မယ်”။ ကျွန်တော့် လက်ညှိုးတွေ ကျွန်တော့်ကိုယ် ကျွန်တော် ပြန်မထိုးနိုင်အောင်လို့ ကွန်ပျူတာ ကီးဘုတ်ပေါ်က စာလုံးတွေကိုပဲ အတင်းဖိရိုက်နေလိုက်ရတယ်။

လူတိုင်းက ကြီးနိုင်ငယ်ညှဉ်း စနစ်ကြီးထဲမှာ အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်နေကြတယ်။ ဆရာမ တစ်ယောက်က ကျောင်းသားတစ်ယောက်ကို အာဏာပြလိုက်တာဟာ စစ်အစိုးရကို ထောက်ခံမဲတစ်မဲ ပေးလိုက်တာပဲ။ ဆရာတစ်ယောက် အနေနဲ့  ဆရာလုပ်ခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ ပေးခဲ့တဲ့ ထောက်ခံမဲတွေ ဘယ်လောက်တောင် များနေပြီလဲ။ ကိုယ့်ခွင်ထဲ ဝင်လာတဲ့ သူတစ်ယောက်ကို မညှာမတာ တွယ်လိုက်တာဟာလည်း အစိုးရကို ထောက်ခံမဲ ပေးလိုက်တာပါပဲ။
**********တစ်ချို့ ကလည်း အနုနည်းဖြစ်တဲ့ အာဏာဖီဆန်ရေး လမ်းစဉ်ဟာ အလုပ်မဖြစ်တော့ဘူးလို့ ပြောနေကြတယ်။ ။ ဒါပေမယ့် လူတွေအားလုံး တကယ်ကော ညီညီညွတ်ညွတ်နဲ့ အာဏာဖီဆန် ပြီးကြပြီလား။ သပိတ်မှောက်ပြီးကြပြီလား။ ရုပ်သေးရုပ်တွေလို ကြိုးဆွဲရာ ကနေကြတာပဲမို့လား။ အဲဒါတွေကို မြင်ဖို့ လိုတယ်။ ဘယ်ဟာကို လုပ်လုပ် ပီပီပြင်ပြင် လုပ်ဖို့လိုတယ်။။ လက်နက်ကိုင်တော်လှန်ရေး လုပ်တာလည်း ပီပီပြင်ပြင် စနစ်တကျ လုပ်ရင် ကောင်းတာပဲ။ အနည်းဆုံးတော့ တိုင်းပြည်ကို တကယ်ချစ်တဲ့ လူငယ်တွေ စစ်ပညာ ကိုနားလည်သွားတာပေါ့။ ဘုရားသခင်က ဘာကိုပဲ ပြောပြော ပညာရှုထောင့်ကနေပြီး ပြောနေတော့တာပဲ။
**********
**********
ဘုရား သခင်ရဲ့ စကားတွေကို အနှစ်ချုပ်လိုက်ရင် ကျွန်တော်တို့ ကိုယ်တိုင် က ပျက်စီးနေလို့ ဒီလို ဒုက္ခတွေ တွေ့ နေရတာပါဆိုတဲ့ သဘောသက်ရောက်တယ်။ ပညာဗဟုသုတ ခေါင်းပါးလို့ ၊ စိတ်ပိုင်းဆိုင်ရာ အားနည်းလို့ တန်ရာတန်ရာ ပဲ ရနေတာ ဆိုတဲ့ concept ။
ဒါပေမယ့် ကျွန်တော် သတင်း တစ်ခုကို သွား သတိရမိတယ်။ ကာလီဖိုးနီးယားမှာ ဘာသာရေး အစွန်းရောက် ဂိုဏ်းတဂိုဏ်းကလူ သုံးဆယ့်ကိုးယောက် ဂြိုလ်တွေ နက္ခတ်တွေကို ကြည့်ပြီး အထက်က ဘုရားရဲ့ အမိန့် အရဆိုပြီး အစုလိုက်အပြုံလိုက် ကိုယ့်ကိုယ်ကို သတ်သေကြတဲ့ သတင်း။ သူတို့ ကော အသိပညာ ခေါင်းပါးတာပဲ မဟုတ်လား။ သူတို့ နိုင်ငံတွေကျတော့…....
သူတို့ ဆီမှာ အဲဒီ့လို အတွေးအခေါ် အားနည်းတဲ့ လူတွေ က လူနည်းစုမို့ လို့ ပဲ အခြေအနေတွေ ကောင်းနေတာလား။ ဘာပဲ ဖြစ်ဖြစ် လူတွေရဲ့ စိတ်ဓာတ်နဲ့ အသိဥာဏ်က ပိုက်ဆံပေးမှ မီးသတ်ပေးမယ် ဆိုတဲ့ အဆင့် အထိတော့ နိမ့်ကျ လိမ့်မယ်မထင်ဘူး။
ဒါမှမဟုတ် စနစ်ကြောင့်လို့ပဲ ပြောရမလား။ လူတွေ ပညာမရှိပေမယ့် သူတို့ စနစ်ကြီးက ပညာရှိနေတာလား။ ပညာရှိတဲ့လူတွေက ချမှတ်ထားတဲ့ စနစ်မို့ လို့ ပဲလား။
ကျွန်တော် ထင်တယ်။ လူတိုင်းမှာတော့ လူ့သဘာဝ အရ အလွယ်လိုက်ချင်တဲ့ စိတ်ရှိမှာပဲ။ ဥပမာ…သူတို့ ဆီကလူတွေလည်း အစကတော့ လမ်းပေါ် အမှိုက်ချချင်တဲ့စိတ် ရှိမှာပဲ။ ဒါပေမယ့် စနစ်က သူတို့ ကို ချုပ်ထားတယ်။ ကြာလာတော့ အမှိုက်ကို စနစ်တကျ ပစ်တာကိုက အလေ့အကျင့် တစ်ခု ဖြစ်လာတယ်။ သူတို့ရဲ့  ဘာသာရေး ဖြစ်လာတယ်။ စည်းမဲ့ ကမ်းမဲ့ အမှိုက်ပစ်တာဟာ မကောင်းမှု တစ်ခု လို့  သူတို့စိတ်ထဲမှာ စွဲသွားလိမ့်မယ်။ အဲဒီ့အစွဲမျိုးရင်ထဲ ရောက်သွားတဲ့ အချိန်ကျတော့ စနစ်နဲ့ ထိန်းစရာ မလိုတော့ဘူး။
ဒါပေမယ့် စနစ်ဆိုတာက သက်မဲ့။ လူတွေက သက်ရှိ။ အဲဒီ့ သက်မဲ့ စနစ်ကြီးကို အပြစ်တင်တင်နေတာ ဟာ အဖြေမဟုတ်ဘူး။ အဲဒါကြီးကို တိုက်ဖျက်ဖို့ သက်ရှိလူတွေက ရုန်းကန်ဖို့ လိုတယ်။ အသိတရား ရှိဖို့ လိုတယ်။
အဲဒီ့မှာတင် မေးခွန်းတစ်ခုက ကျွန်တော့် ရင်ထဲကနေ ပျို့ တက်လာတယ်။ လူတွေ လက်ရှိအခြေအနေကနေ ရုန်းထွက်ဖို့ ပညာဗဟုသုတ မြင့်မားဖို့ လိုတယ်။ ဒါပေမယ့် အစိုးရက ပညာရေးကို နှိပ်ကွပ်ထားတယ်။ ပညာရေးနဲ့ ပတ်သတ်ပြီး လုပ်နေတဲ့ သူတွေကိုလည်း အနှောင့်အယှက် အမျိုးမျိုးပေးနေတယ်။
အဲဒီ့တော့ ပညာဗဟုသုတ နိမ့်လို့ ညံ့တဲ့ အစိုးရ နဲ့ စနစ်ကိုရ၊ ညံ့တဲ့ စနစ်ကိုရလို့  ပညာဗဟုသုတနိမ့် ဒီလိုနဲ့ပဲ သံသရာလည်ရ တော့မှာလား။ ဆိုးသထက် ဆိုးသွားတော့မှာလား။ ပျို့ တက်လာတဲ့ မေးခွန်းကို ကျွန်တော် အန်ထုတ်လိုက်တယ်။
ဘုရားသခင်က ဘာမှ ပြန်မဖြေဘူး။ သူ့ Custom Message များပြောင်းသွားသေးသလားလို့ ကျွန်တော်ကြည့်လိုက်တယ်။ ဘာ Message မှ ရေးမထားတော့ဘူး။
ခဏနေမှ ဘုရားသခင်က ပြောတယ်။ “အဲဒါက ဒီလိုရှိတယ်ကွ”
ဆိုက်ဘာကဖေး တစ်ခန်းလုံး မှောင်မဲသွားတယ်။ မီးပျက်သွားပြီ။
ကောင်းကင်ကို
Thursday, March 3, 2011
ကြိုသိနေတဲ့ ဇာတ်သိမ်း
လင်းတော့လုပ်…မှောင်တော့အိပ်နဲ့
ငါတို့ဟာ
ကိုယ့်ကိုယ်ကို လူလို့ခေါ်နေတဲ့
လောကရဲ့ ခွေးသွားစိပ်တွေပါကွယ်။
ဘဝကို
နာရီတလုံးလို ငုံ့ကြည့်လိုက်တယ်။
ဒီစက်ဝိုင်းထဲမှာ ဒီခရီးကိုပဲ
အကြိမ်ကြိမ် အထပ်ထပ် လှည့်ပတ်နေရတော့
ဘဝက
သက်ရှိ နာရီလက်တံ ဆန်တယ်။
အသက်ဝဝ ရှူနိုင်ဖို့ အရေး
လှေကားတွေအတိုင်း တထစ်ပြီး တထစ်လျှောက်
သြော်…အမြင့်ရောက်ပြန်တော့လည်း
သင်္ချိုင်းတခုပေါ် ပြန်ခုန်ချဖို့ပါပဲ။
သေခြင်းတရားဆီ
ကိုယ့်ကိုယ်ကို လိုက်ပို့နေရတဲ့ ယာဉ်ကြီးထဲမှာ
ငါနဲ့ငါ ကပ်လွဲသွားတာ
ဘယ်လောက်ရင်နာစရာ ကောင်းလိုက်သလဲ။
အိပ်မက်နဲ့ ဘဝ ထပ်တူမကျတဲ့အဖြစ်
ငါ အဆစ်ရလိုက်သေးတယ်။
ဒီလိုနဲ့ တတောင်ပြီး တတောင် အကျော်
ခရစ်တော်က အိပ်မွေ့ချပြီးခေါ်တော့မှ
ကိုယ့်ကိုယ်ကို မြေသားတွေဆီအပ်
အားလုံးတခန်းရပ်လိမ့်မယ်
သြော်…လူ့ဘဝရဲ့ဇာတ်တဲ့။
(ကောင်းကင်ကို)
ကိုဟန်သစ်ငြိမ်နဲ့ မခိုင်စိုးလင်းတို့ စီစဉ်တဲ့ "သေဆုံးတတ်သည်" ဆိုတဲ့ စာအုပ်ထဲကပါ။

Saturday, February 26, 2011
ရွှေ့ပြောင်းလုပ်သား
ဧည့်ခန်းဆောင်ကို အလှဆင်ဖို့ 
မိခင်အပင်ပေါ်မှာ အလှမဆင်နိုင်တော့တဲ့ပန်း
သဘာဝနဲ့ လည်း လမ်းခွဲလိုက်ရတယ်။
မိခင်အပင်ပေါ်မှာ အလှမဆင်နိုင်တော့တဲ့ပန်း
သဘာဝနဲ့ လည်း လမ်းခွဲလိုက်ရတယ်။
Wednesday, February 23, 2011
Reportedly
စိတ်ထားကောင်းမကောင်းတော့ မသိဘူး
စိတ်ကောင်းတော့ ထားခဲ့ပါတယ်။
ဒါပေမယ့်
ငါကဗျာစပ်တိုင်း
အဇာတသတ်ရိုင်းတွေ
ဘာလို့ထွက်လာတာလဲ?
ကောင်းကင်ကို
စိတ်ကောင်းတော့ ထားခဲ့ပါတယ်။
ဒါပေမယ့်
ငါကဗျာစပ်တိုင်း
အဇာတသတ်ရိုင်းတွေ
ဘာလို့ထွက်လာတာလဲ?
ကောင်းကင်ကို
Monday, February 14, 2011
သေချင်နေတဲ့ လူလိမ္မာ (ဝတ္ထုတို) ("သေဆုံးတတ်သည်" စာအုပ်မှ)
ကျော်ညိုသွေး၊ ခိုင်စိုးလင်း၊ ညီဇံလှ၊ တူးတူးသာ၊ တေဇာ (လရောင်လမ်း)၊ နေဦး၊ နန်းညီ၊ ပန်ဒိုရာ၊ မိုးလှိုင်ည၊ မယ်ကိုး၊ မောင်တေလေ၊ လင်းဒီပ၊ သက်ထွေး၊ ဟန်သစ်ငြိမ်၊ သြမြိုင် နဲ့ ကျနော်တို့ ပါဝင် ရေးသားထားတဲ့ “သေဆုံးတတ်သည်” ဆိုတဲ့ စာအုပ်ထဲကဟာ ကို နည်းနည်းလေး ပြန်ပြင်ထားတာပါ။
download link http://www.mediafire.com/view/?gjela5a85gkqzm2
သေချင်နေတဲ့ လူလိမ္မာ
(၁)
စာရေးဆရာ တယောက်က လူ့ဘဝကို ဘတ်စ်ကားနဲ့ ခိုင်းနှိုင်းပြီး ဥပမာ ပေးဖူးတယ်။ တယောက်နဲ့ တယောက် ဆုံစည်းမှုဆိုတာ ဘတ်စ်ကားကြပ်ကြပ်ထဲက ခဏလေး ဆုံစည်းမှုလိုပဲတဲ့။ ဘတ်စ်ကားက ကြပ်လွန်းတော့ တယောက်နဲ့ တယောက် နင်းမိတာတို့ ထိခိုက်မိတာတို့ ရှိမယ်။ ခဏတာ လေးမို့ ခွင့်လွှတ်လိုက်ပါတဲ့။
ဒါပေမယ့် သူအခု ဆုံနေရတဲ့လူ၊ သူ့ကိုလိုက်နှောင့်ယှက်နေတဲ့ လူက ခဏလေး မဟုတ်ဘူး။ သူလူမှန်းသိစ အရွယ်ကနေ ခုချိန်ထိ ထာဝရ လိုက်နှောင့်ယှက်နေတာ။ သူဆက်ပြီး သည်းမခံနိုင်တော့ဘူး။
ဒါနဲ့ သူ ကြံဖန်ပြီး ခွင့်လွှတ်တဲ့နည်းတွေ လိုက်စဉ်းစားကြည့်တော့ နည်းတခုကို သတိရသွားတယ်။ အဲဒီ့နည်းအရ ဆိုရင်တော့ ကိုယ်နဲ့ သံသရာမှာ အမျိုးမတော်ဖူးတဲ့သူ မရှိဘူးတဲ့။ ကိုယ် ခွင့်မလွှတ်နိုင်တဲ့သူ နဲ့ ကိုယ်နဲ့ သံသရာမှာ ဆွေမျိုး တနည်းတဖုံ တော်စပ်ခဲ့ဖူးမှာပဲလို့ တွေးပြီး ခွင့်လွှတ်လိုက်ပါတဲ့။ အဲဒီ့မှာ သူဦးနှောက် ပိုခြောက်သွားပြီးတော့ စိတ်ထဲက ရေရွတ်လိုက်တယ်။
“ငါနဲ့ငါ သံသရာမှာ ဘာတော်ခဲ့ပါသလဲ”
(၂)
သူ့ကို သူကိုယ်တိုင်က လိုက်နှောင့်ယှက်နေတာ ကြာလှပြီ။ သူစာအုပ် တအုပ်ဖတ်ပြီဆို စာရေးသူရဲ့ ညံ့ဖျင်းမှုတွေကို လာပြောပြီ။ တရားနာပြီဆိုရင်လည်း အဲဒီ့တရားရဲ့ ဟာကွက်တွေကို လာပြောပြီ။ သြော်…သူ့စိတ်ထဲကနေ ‘နေခြည်’ကို ထုတ်ပစ်ဖို့ ကြိုးစားခဲ့တုန်းကလည်း…
(၃)
ဖယောင်းတိုင်လေး မကုန်ခင် ဒီ ခြောက်ခြားစရာ တစ္ဆေဇာတ်ကို သူ ဆက်ဖတ်ရမလား။ ဒါမှမဟုတ် ဖယောင်းတိုင်လေးကို မှုတ်ပြီး စောစော အိပ်လိုက်ရမလား။ သေချာတာ တခုကတော့ သူဆုံးဖြတ်ချက် မချနိုင်ပဲ တွေးနေရင် တစ္ဆေဇာတ်လမ်းလည်း မဖတ်လိုက်ရ၊ စောစောလည်း မအိပ်လိုက်ရပဲ ဖယောင်းတိုင်လေး ကုန်သွားတာပဲ အဖတ်တင်မယ်။
နောက်ဆုံးတော့ ဆုံးဖြတ်ချက်ချဖို့ သူဆုံးဖြတ်လိုက်တယ်။ ရှုံးရင်တောင်မှ စိတ်ပဋိပက္ခကြောင့် စိတ်ထောင်းကိုယ်ကြေဖြစ်ပြီး ရှုံးရတာထက်စာရင် ဆုံးဖြတ်ချက်နဲ့ ရှုံးတာက တော်သေးတယ်လို့ သူထင်တယ်။
အရှုံးဆိုတာ ချိုမြိန်တဲ့ ဝိုင်အရက်မှ မဟုတ်တာ။ သူ ဘာလို့ အချိန်ဆွဲပြီး သောက်နေရမှာလဲ။
(၄)
ဆုံးဖြတ်ဖို့အတွက် ခေါင်းပန်းလှန်တဲ့ နည်းကိုတော့ သူမသုံးချင်ဘူး။ အဲဒါက ကိုယ့်ကိုယ်ကို အကြွေစေ့တစေ့လောက်မှ တန်ဖိုးမထားတဲ့လူတွေရဲ့ လုပ်ရပ်လို့ သူယူဆတယ်။
ဒီတော့ ပြဿနာကို အဖြူအမည်း မဆုံးဖြတ်ခင်မှာ သူ့အနေနဲ့ တွေးခေါ်သယောင်ယောင် လုပ်ဖို့တော့ လိုလာပြီ။ စဉ်းစားခြင်းဆိုတဲ့ နာမည်နဲ့ ကိုယ်သန်ရာသန်ရာကို လိုသလို ဆွဲတွေးတာတွေ ဘာတွေ လုပ်ဖို့လိုလာပြီ။ ဒါမှလည်း လိုအပ်လာရင် အကောင်းဆုံးစဉ်းစားခဲ့သားပဲလို့ တွေးပြီး စိတ်ဖြေလို့ ရမယ် မဟုတ်လား။
သူ့ဘဝ ဟိုးအောက်ဆုံးအမြစ်နားအထိ လက်တံရှည်ရှည်နဲ့ ဒုက္ခလှမ်းပေးနေတဲ့ မေးခွန်းကို Yes or No တခုခု ဖြေဖို့ လုပ်မှ ဖြစ်တော့မယ်။
တွေးရင်းတွေးရင်းနဲ့ Albert Camus ရဲ့ စကားတခုကို သူ သတိရလို့ ပြုံးလိုက်မိသေးတယ်။
အတွေးအခေါ်ပိုင်းဆိုင်ရာ ပြဿနာတွေထဲမှာ တကယ်နက်နဲတဲ့ ပြဿနာဆိုလို့ တခုပဲ ရှိတယ်တဲ့။ အဲဒီ့အကြောင်းအရာကတော့ ‘suicide’ တဲ့။ အခု သူအဲဒီ့အကြောင်းအရာကို ကိုင်တော့မှာဆိုတော့ အနက်နဲဆုံး အတွေးအခေါ် ပြဿနာတခုကို စဉ်းစားခြင်းလို့ ကြီးကြီးကျယ်ကျယ် နာမည် လျှောက်တပ်လို့တောင် ရသေးတယ်။
“ဗွန်းးးး” “ဗွန်းးးးးး”
ရုတ်တရက် ကြားလိုက်ရတဲ့ စက်နှိုးသံကို သူမခံနိုင်လို့ နားတွေကို အတင်းပိတ်လိုက်ရတယ်။
(၅)
ဟင်!
သူအသံကြားလို့ ဖျတ်ခနဲ ကြည့်လိုက်တော့ တီဗွီဖန်သားပြင်မှာ နေခြည်ရဲ့ ရုပ်ပုံလွှာ။ သူ အံ့သြသွားတယ်။ နေခြည်ရဲ့ ရုပ်ပုံက မှောင်ရိပ်သန်းပြီး ဝါးနေတယ်။ သူ ဖန်သားပြင်ရဲ့ အလင်းရောင်ကို တင်ဖို့ အလင်းအမှောင်ချိန်တဲ့ ခလုတ်ကို လိုက်ရှာလိုက်တယ်။ မတွေ့ဘူး။ နေခြည့်ပုံကလည်း ကြည့်ရင်းနဲ့ တဖြည်းဖြည်း ဝါးပြီး ပျောက်သွားတယ်။
သူ့ပါးပေါ်ကို မျက်ရည်တွေ စီးကျလာတယ်။
သူ့ရှေ့က အရာဝတ္ထုကလည်း သူစိုက်ကြည့်ရင်းကနေ တီဗွီဖန်သားပြင် တခု မဟုတ်တော့ပဲ ကြည့်မှန်တချပ်ဖြစ်သွားပြန်တယ်။ အဲဒီ့ကြည့်မှန်ချပ်ထဲမှာတော့ ချောင်ကျနေတဲ့ သူ့မျက်နှာစစ်တလင်းမှာ သောကနှစ်သွယ် စီးဆင်းလို့။
(၆)
မှန်ထဲက သောကကောင်ရဲ့ ရှင်သန်နေမှုဟာ ဘာအကျိုးရှိပါသလဲ။
သေဆုံးခြင်းနဲ့ ပတ်သတ်ပြီး ကောင်းကျိုး၊ ဆိုးကျိုး စာရင်းတခု လုပ်ဖို့ သူဆုံးဖြတ်လိုက်တယ်။ ပြီးတော့ ကောင်းကျိုး နံပါတ် (၁) အဖြစ် သူ့စာရင်းထဲမှာ ဒီလို ချရေးလိုက်တယ်။
သေဆုံးခြင်း
ကောင်းကျိုး(၁)
နေခြည်နဲ့ ပြန်တွေ့ရနိုင်တယ်။ ပြီးတော့ ပတ်ဝန်းကျင်တွေ ဓလေ့ထုံးတမ်းတွေကိုလည်း ဂရုစိုက်စရာ လိုမှာမဟုတ်တော့ဘူး။
ကောင်းကျိုး နံပါတ်(၁) မှာတင် အချက် ၂ချက်ပါနေတာကို သူသတိထားမိတယ်။ ကိစ္စမရှိဘူး။ ဒါက သူတယောက်တည်း သိရုံ၊ ဆုံးဖြတ်ချက်ချဖို့ အထောက်အကူပြုရုံ ရည်ရွယ်ထားတဲ့ စာရင်း။
(၇)
သေခြင်းတရားဆိုတာ ဘာလဲ။ တချို့ကလည်း သေတတ်အောင် ပြင်ဆင်ထားကြတဲ့။ သေတာတောင်မှ နည်းနာတွေ လိုသေးသလားကွယ်။
ရှင်သန်ခြင်းမှာသာ ပြင်ဆင်မှု မရှိပဲ ရှင်သန်လို့ မရတာ။ သေခြင်းကတော့ ပြင်ဆင်မထားလည်း အမှတ်တမဲ့ ရောက်လာပြီး ဒီအတိုင်းပြီးသွားတာပဲ။ သူ့အထင်မှာတော့ သေတာထက်စာရင် ရှင်ရတာက အဆပေါင်းများစွာ ပိုခက်တယ်လို့ ထင်တယ်။ ရှင်နေတုန်းမှာပဲ ရှာဖွေရ၊ ရုန်းကန်ရ၊ အလုပ်လုပ်ရ၊ ကျောင်းတက်ရ၊ ငိုရ ယိုရ၊ ပတ်ဝန်းကျင်ကို ဂရုစိုက်ရ၊ ပတ်ဝန်းကျင်က လက်ခံထားတဲ့ အပေါ်ယံ ဓလေ့ထုံးတမ်းတွေကို လိုက်နာရနဲ့။
ဒီကြားထဲ ကံကောင်းထောက်မစွာနဲ့ တခါတလေ ပျော်ရ၊ ပြုံးရရင်တောင် အဲဒါတွေက အကုသိုလ် ဘာညာနဲ့ အပြစ်ကင်းတဲ့ အပျော်မျက်လုံးလေးတွေကို သဲနဲ့လာပက်ကြသေးတယ်။ အသက်ရှင်နေတုန်းမှာ သဘာဝအလျောက် ပျော်ပါစေ တော့လား။
တချို့လူတွေ ရှိသေးတယ်။ သေခါနီးလူကို ဘဝကူးကောင်းအောင် ဆိုပြီး သေခါနီးမှာ ဟိုဟာတွေရွတ်ပေး၊ ဒီဟာတွေ ရွတ်ပေးနဲ့။ သူတွေးရင်း ရယ်ချင်လာတယ်။ အဲဒါက ဘာနဲ့ တူတုန်းဆိုတော့ တနှစ်လုံး ပေပေတေတေနဲ့ စာမလုပ်ခဲ့တဲ့ ကျောင်းသားတယောက်ကို စာမေးပွဲဖြေဖို့ နာရီပိုင်းအလိုမှ ဖုတ်ပူမီးတိုက် သင်ပေးနေတာနဲ့ တူတယ်လို့ သူတွေးမိတယ်။
သူစာရင်းထဲမှာ ဒီလို ချရေးလိုက်ပြန်တယ်။
သေဆုံးခြင်း
ကောင်းကျိုး(၂)
ရုန်းကန်စရာ မလိုတော့၊ ပြီးတော့ ပတ်ဝန်းကျင်တွေ ဓလေ့ထုံးတမ်းတွေကိုလည်း ဂရုစိုက်စရာ မလိုတော့။
(၈)
ဒုက္ခဆိုတာ တကယ်တော့ ဒုက္ခမဟုတ်သေးဘူး။ ဒုက္ခမှန်းသိသွားမှသာ ဒုက္ခက ‘ဒုက္ခ’ဆိုပြီး တရားဝင် ဖြစ်သွားတာ။
လူတွေများ ကံဆိုးလိုက်ပုံက မွေးလာလို့ အရွယ်လေး နည်းနည်းရောက်လာတာနဲ့  လူတိုင်းသေရမယ်ဆိုတာကို သိလာကြတယ်။ ဒါပေမယ့် လူတွေရဲ့ အသိဥာဏ်က ရောဂါကိုသာ သိနိုင်စွမ်းရှိပြီး ဆေးကို မသိနိုင်တဲ့ အသိဥာဏ်မျိုး။ တနည်းအားဖြင့်တော့ ကိုယ့်ကိုယ်ကို သွေးပျက်အောင် နှိပ်စက်ရုံလောက် အသုံးတည့်တဲ့ အသိဥာဏ်မျိုး။ သူချရေးလိုက်တယ်။
သေဆုံးခြင်း
ကောင်းကျိုး (၃)
စောက်သုံးမကျတဲ့ တဝက်တပျက် အသိဥာဏ်တွေ မရှိတော့။ ပြီးတော့ လူ့ဘဝက ရခဲတယ်တဲ့။ ဟုတ်ခဲ့ရင်တော့ ကော်တာပဲ။ လူသာပြန်မဖြစ်ခဲ့ရင် ဒုက္ခကို ဒုက္ခမှန်းမသိလို့၊ ခံစားနိုင်စွမ်းနိမ့်လို့ ဒုက္ခတချို့ဟာ ဒုက္ခမဟုတ်တော့။ ပြီးတော့ ပတ်ဝန်းကျင်တွေ ဓလေ့ထုံးတမ်းတွေကိုလည်း ဂရုစိုက်စရာ မလိုတော့။
(၉)
တကယ်ဆို လူတိုင်းနီးပါးက အလုပ်လက်မဲ့ ဖြစ်နေသင့်တယ်။ နိုင်ငံတိုင်း နိုင်ငံတိုင်းဟာလည်း သူတို့နိုင်ငံတွေမှာ အလုပ်လက်မဲ့ဦးရေဟာ စုစုပေါင်းလူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းကျော်လာပြီ၊ ရာနှုန်းပြည့်နီးပါးဖြစ်အောင် ဆက်လက်ကြိုးစားမယ် ဘာညာနဲ့ အပြိုင်အဆိုင် ဂုဏ်ယူဝံ့ကြွားစွာ ကြေညာ နေသင့်တယ်။
အပြည့်အစုံ ပြောရရင်တော့ လူတွေဟာ အလုပ်လက်မဲ့ ဖြစ်နေတာနဲ့ တပြိုင်တည်းမှာပဲ စားစရာ သောက်စရာတွေ ဖူလုံနေပြီး လုပ်ချင်တာကိုပဲ စိတ်ကြိုက် လုပ်နေခွင့် ရသင့်တယ်လေ။
အဝတ်လျှော်စက်တွေ၊ အကြွေစေ့နဲ့ အအေးဗူးတွေ ဘာတွေ ရောင်းတဲ့ စက်တွေ၊ ခိုင်းစားစရာ စက်ရုပ်တွေကို ဘာလို့ တီထွင်ထားကြသလဲ။ ကြိုးစားပမ်းစားလည်း တီထွင်ရသေးတယ်။ စက်တွေကပဲ အလုပ်လုပ်ပြီး လူတွေက အေးအေးဆေးဆေး ကြိုက်ရာလုပ်နေနိုင်တဲ့ ဘဝမျိုးကို ရသင့်တယ်မဟုတ်လား။
ခုတော့ သတ္တဝါတွေအားလုံးထဲမှာ တပတ်ကိုခြောက်ရက်လောက် အချိန်တွေထဲမှာ အကျဉ်းကျနေတာဆိုလို့ လူဆိုတဲ့ ဥာဏ်ကြီးရှင်တွေပဲ ရှိတယ်။ အချိန်ဇယားနဲ့ အလုပ်လုပ်ရ၊ အချိန်ဇယားနဲ့ စားရ၊အိပ်ရ၊ အချိန်ဇယားနဲ့ ချစ်တင်းနှောရနဲ့။
အချိန်ဆိုတာကို လူတွေပဲ ပညတ်။ ပြီးတော့ အချိန်ထဲမှာ လူတွေပဲ အကျဉ်းကျ။ ဘာသာစကားတွေ၊ ပညာရပ်တွေ တီထွင်။ ပြီးတော့ အဲဒါတွေကို လေ့လာရ၊ သင်ရနဲ့ အကျဉ်းကျ။
ဒါနဲ့များ ခပ်တုံးတုံးငနဲတွေက သူ language ဘယ်နှစ်မျိုးတတ်သလေး ဘာလေးနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်အထိ နှိပ်စက်ထားသလဲဆိုတာကို ဘုမသိ ဘမသိ လာကြွားကြသေးတယ်။
ပြီးတော့ လူတွေလေ့လာတယ် သိလာတယ်ဆိုတာကလည်း အဖြေတခုရတိုင်း မေးခွန်းတွေ ဆယ်ခုမက ထပ်ပေါ်လာတာမျိုး။ ဆက်ပြီး လိုက်ပေတော့ပဲ။
ဥပမာ ရှေးကလူတွေရဲ့ စိတ်ကူးယဉ်မှုကြောင့် မဆီမဆိုင် စာတွေကဗျာတွေထဲမှာ အချောင်နာမည်ရနေတဲ့ ‘လ’ ဆိုတဲ့ မစွမ်းမသန် အရန်ဂြိုလ်စဂြိုလ်န ကိုပဲကြည့်။
အစကတော့ ‘လ’ကို နတ်သားလိုလို၊ လင်းနေတဲ့ နတ်ဘုရားတပါးလိုလို လူတွေ ထင်နေကြတုန်းကတော့ အဟုတ်။နတ်သားတို့ နတ်ဘုရားတို့ဆိုတာကို သွားလေ့လာရင် ကျိန်စာသင့်သွားမယ် မဟုတ်လား။ ကြည့်ပါလား။ ‘လ’ က နတ်သားဖြစ်တယ် ဆိုတာကို မယုံသလို ဘာလိုလိုပြောမိခဲ့ကြတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ရာကိုးရာ က ကောင်တွေ အခုဆို အကုန်သေပြီလေ။ သေမှာပေါ့။ နှစ်ပေါင်း ရှစ်ရာကိုးရာ တောင် ရှိ…အဲလေ သွားစော်ကားတာကိုး။
အဲလိုယုံကြည်နေတုန်းကတော့ ယုံကြည်မှုဆိုတော့ ဘာမှ ဆန်းစစ်နေစရာ မလိုဘူးလေ။ အလုပ်မရှုပ်တော့ဘူး။ ဒါကြောင့်လည်း စာပေတွေ၊သီချင်းတွေ၊ကဗျာတွေက “ယုံကြည်ချက်နဲ့ အသက်ရှင်ကြဖို့” အာပေါက်အောင် တိုက်တွန်းနေကြတာ ဖြစ်မယ်။ တွေးရတောရ လေ့လာရတာတွေနဲ့ အလုပ်မရှုပ်စေချင်တဲ့ စေတနာတွေ ဖြစ်မှာပါ။
ခုတော့ နေရဲ့အရောင်နဲ့ တကိုယ်လုံးပြောင်နေတဲ့ အဲဒီ့ ‘လ’ စုတ် ‘လ’ ပဲ့က နတ်ဘုရား မဟုတ်ပဲ ဂြိုလ်ရံလဆိုတာလည်း သိသွားရော သူ့ရဲ့ structure တွေ geology တွေ လေ့လာရ၊ အပူချိန်တွေ လေ့လာရနဲ့ အလုပ်ကို ရှုပ်သွားတော့တာပဲ မဟုတ်လား။
သူ သေခြင်းရဲ့ ကောင်းကျိုးကို စဉ်းစားရင်းနဲ့ အတွေးနည်းနည်းချော်သွားတယ်။ သေခြင်းရဲ့ ကောင်းကျိုးနံပါတ် (၄) ကို သူဒီလို ချရေးလိုက်တယ်။
သေဆုံးခြင်း
ကောင်းကျိုး (၄)
အချိန်ရဲ့ အကျဉ်းသားအဖြစ်က လွတ်မြောက်လာမယ်။ လိုက်လေ ဝေးလေဆိုတဲ့ အဖြစ်က လွတ်မယ်။ ပတ်ဝန်းကျင်တွေ ဓလေ့ထုံးတမ်းတွေကို ဂရုစိုက်စရာ မလိုတော့။
(၁၀)
“ဆရာ၊ ကျနော့်ရောဂါက ဘာရောဂါလဲ”
အဲလိုမေးသံတွေကို ကြားရင် သူအော်ရယ်လိုက်ချင်တယ်။ “ကိုယ့်လူရေ…ဆရာဝန်ကို သွားမေးမနေနဲ့။ ကျနော်ပြောပြမယ်။ ခင်ဗျားရဲ့ ရောဂါက မွေးဖွားခြင်း လို့ ခေါ်တယ်”
ဟုတ်တယ်လေ။ သတ္တဝါတိုင်းဟာ မွေးလာပြီးကတည်းက သေဖို့သေချာပြီးသား။ ရောဂါနာမည်ကို ဘယ်လိုတပ်တပ် သေမှာက သေမှာပဲ။
ဒါကြောင့် တချို့အူတူတူ လူတွေက သူ့ကို ထမင်းစားဖို့ အသက်ရှင်နေတာလား၊ အသက်ရှင်ဖို့ ထမင်းစားနေတာလား၊ ဘာအတွက် အသက်ရှင်နေတာလဲလို့ မေးလာတိုင်း သူကခပ်သွက်သွက် ပြန်ဖြေလေ့ရှိတယ်။
“ကျနော် သေဆုံးဖို့အတွက် အသက်ရှင်နေတာ”
သူအဲလိုဖြေလိုက်ရင် မေးခွန်းရှင်တွေ မျက်နှာပျက်သွားကြတာ များတယ်။ ထားပါတော့။ မမှုပါဘူး။ သူတို့ ဘယ်လိုပဲ မျက်နှာပျက်ပျက် သူ့ကို ထောက်ခံမယ့်သူတွေက ရှိနေတယ်လေ။
“ကိုမာ” ရပြီး ပိုက်တန်းလန်းတွေက ပေးတဲ့အသက်လေးနဲ့ ဆက်ရှင်နေရတဲ့သူတွေ၊ ရောဂါကျွမ်းမှု အရသာကို တငုံချင်း စိမ်ပြေနပြေ ခံစားနေရတဲ့သူတွေရဲ့ လိပ်ပြာကောင်ကြီးတွေက တောင်ပံတဝုန်းဝုန်းခတ်ပြီး သူ့ အဆိုကို ထောက်ခံကြလိမ့်မယ်။ သူတို့ ခန္ဓာကောင်ကြီးတွေဟာ သေဆုံးဖို့ တမျှော်မျှော်နဲ့ အသက်ရှင်နေကြရတယ်ဆိုတာ။
သူ့အတွေးတွေကို စာရင်းထဲ ထည့်ဖို့ ဘောင်ဝင်မဝင် သူစဉ်းစားလိုက်တယ်။ သိပ်တော့ ဘောင် မဝင်လှဘူး။ ဒါပေမယ့် လုပ်တတ်ကိုင်တတ်ရင် ဖြစ်ပါတယ်။
စာရင်းပုံစံခွက်ထဲမှာ သူလှည့်ပတ်ပြီး ထည့်လိုက်တယ်။
သေဆုံးခြင်း
ကောင်းကျိုး (၅)
ဘယ်လိုကြွေးကြော်ပြီး ရှင်သန်ရှင်သန် နောက်ဆုံးမှာ တူညီတာ တခုကတော့ မသေဆုံးခင်လေး ရှင်သန် နေကြရတာပါပဲ။ ဒီတော့ လူ့မသိစိတ်ထဲမှာ သေဆုံးခြင်းက နောက်ဆုံးပန်းတိုင်လို ဖြစ်နေတော့တာပေါ့။ ဒါကြောင့်လည်း သေမှာ (တနည်းအားဖြင့်) ကိုယ့်အတ္တလေး မရှိတော့မှာကို အရမ်း ကြောက်နေကြတာ။ တကယ်ဆိုရင်တော့ ပန်းတိုင်ကို မရောက်မှာသာ စိတ်ပူရရိုး ထုံးစံ ရှိတယ်လေ။ ပန်းတိုင်ကို မြန်မြန်ရောက်မယ့်ကိစ္စမျိုးဆိုရင် လက်ခမောင်း ထခတ်သင့်တာပေါ့။
သြော်…နောက်အားသာချက်တခုက ပတ်ဝန်းကျင်တွေ ဓလေ့ထုံးတမ်းတွေကို ဂရုစိုက်စရာ မလိုတော့။
(၁၁)
တကယ်ဆိုတော့ သေတယ်ဆိုတာ အရေးကြီးတဲ့ တာဝန် တခုကို ထမ်းဆောင်တာလို့လည်း ပြောလို့ရသေးတယ်။
ဥပမာ ကမ္ဘာပေါ်မှာ မသေဆေးတမျိုး ပေါ်လာတယ် ဆိုပါစို့။ သွားပြီ။ ကမ္ဘာကြီးတော့ ကမ္ဘာဖြစ်ရှုံးပြီ။ အကြီးအကျယ် ဒုက္ခရောက်ပြီ။ လူတွေ အကုန်လုံး မသေဖို့ ဆိုတာက မွေးဖွားခြင်း မရှိမှ ဖြစ်နိုင်မယ်မဟုတ်လား။ နို့မို့ဆို ကမ္ဘာကြီးမှာ လူတွေအကုန်လုံး ပြည့်ညပ် နေမှာပေါ့။ အခြေချစရာနေရာတွေ၊ အရင်းအမြစ်တွေ မလုံမလောက်ဖြစ်လိမ့်မယ်။
သေဆုံးခြင်း မရှိဘူးဆိုပါတော့။ ကုလို့မပျောက်နိုင်တဲ့ ရောဂါတခုခု အပြင်းအထန်ခံစားနေရတဲ့လူတွေ အတွက်လည်း တခုတည်းသော လွတ်လမ်းလေး မရှိတော့။ ထောင်နှစ်၁၀၀ မက ကျနေတဲ့သူတွေ အတွက်လည်း တခုတည်းသော လွတ်လမ်းလေး မရှိတော့။ စိတ်ဓာတ်တွေ ငရဲပြည်ရဲ့ ဟိုးမြေအောက်ခန်းထဲအထိ ကျဆင်းနေတဲ့သူတွေ အတွက်လည်း တခုတည်းသော လွတ်လမ်းလေး မရှိတော့။ မွေးဖွားခြင်း မရှိတော့ တနေ့လာလည်း ဒီမျက်နှာ….တနေ့လာလည်း ဒီမျက်နှာ! မေးလိုက်ရင် အသက်က ၁၆၀၀၊ အသက်က ၂၇၀၀! လူအိုတွေချည်း။ ဟား! တော်တော် စိတ်ပျက်စရာ ကောင်းမှာပဲ။
ပြီးတော့ နှစ် ၁၀၀၀ နေလည်း ဒီလူတွေ၊ နှစ် ၂၀၀၀ နေလည်း ဒီလူတွေချည်းဆို ဒီလူ ဒီအိုင်ဒီယာ ဒီအတွေးအခေါ်တွေနဲ့ပဲ ကမ္ဘာကြီး ရပ်တန့်သွားလိမ့်မယ်။
ဒီတော့ ကိုယ့်ကိုယ်ကို ခြွေချခြင်းနဲ့ စောစော တာဝန်ထမ်းဆောင်သင့်တယ်လို့ သူတွေးလိုက်မိတယ်။
ဒါနဲ့ပဲ…ဆရာသမား တယောက် website မှာ ရေးထားတဲ့ လေသံကို သူအတုခိုးလိုက်ပြီး သူ့စာရင်းထဲမှာ ဒီလို ချရေးလိုက်တယ်။
သေဆုံးခြင်း (ကိုယ့်ကိုယ်ကို သတ်သေခြင်း)
ကောင်းကျိုး (၆)
မျိုးဆက်သစ်များအားလုံး ဝမ်းသာတော့။
လူတယောက် လူ့လောကမှ စောစောစီးစီး နေရာဖယ်ပေးခြင်းအားဖြင့် လောက တာဝန်ထမ်းဆောင်ရန် စဉ်းစားနေပြီ။ ထိုသူကား အခြားမဟုတ်။ မိမိကိုယ်တိုင်ပင် ဖြစ်တော့သည်။
သြော်… နောက်ထပ်ကောင်းကျိုးတခုကတော့ ပတ်ဝန်းကျင်တွေ ဓလေ့ထုံးတမ်းတွေကို ဂရုစိုက်စရာ မလိုတော့။
(၁၂)
စဉ်းစားရင်း စဉ်းစားရင်းနဲ့ စီမံကိန်း တသီတတန်းနဲ့ အသားတုံးကြီး တခုအကြောင်း သူ့ခေါင်းထဲမှာ ပေါ်လာတယ်။ အဲဒီ့အသားတုံးကြီးက အရာရာကို အချိန်အတိအကျနဲ့ စီမံအကွက်ချပြီးမှ လုပ်တတ်တဲ့သူ။ အိမ်သာတက်ရင်က အစ အချိန်အလကား မကုန်ရအောင် ဖတ်စရာ စာအုပ်တွေ တအုပ်ပြီး တအုပ် အမြဲပြင်ထားတတ်တယ်။ လုပ်ငန်းတခု လုပ်တော့မယ်ဆိုရင်လည်း အာကာသဒုံးပျံ တစင်း လွှတ်တော့မယ့် အတိုင်း အချိန်ကို သေချာ တွက်ချက် ပြင်ဆင်ပြီး ကွက်တိဖြစ်အောင် လုပ်လေ့ရှိတယ်။ သေခြင်းတရားဆိုတာ နီးနီးလေး ဆိုတာကိုလည်း အဲဒီ့လူက သတိရှိလိုက်သေးတယ်။ နောက်တော့ အဲဒီ့လူ လုပ်ရမယ့် အလုပ်သစ်တခုက တနှစ်ကျော်လောက်ကြာမှာ။ အဲဒါနဲ့ အဲဒီ့လူက သေချာချင်တဲ့သူဆိုတော့ လုံလောက်တဲ့ ကျန်းမာရေး ရှိမရှိ သိအောင်လို့ ဆေးသွားစစ်တယ်။ ဆေးစစ်ချက် အရ ဘာရောဂါမှ မရှိဘူးတဲ့။ လုပ်ငန်းစလုပ်လို့ ရပြီပေါ့။ ဒါပေမယ့် ဆေးစစ်ချက်ယူပြီး ပြန်အလာ လမ်းဖြတ်အကူးမှာ ကားတိုက်ခံလိုက်ရပြီး ပွဲချင်းပြီး သေသွားတော့တယ်။
လက်ရှိ သူစဉ်းစားနေတဲ့အကြောင်းအရာအရ… အဲဒီ့လူရုတ်တရက်သေတာကို သံဝေဂ ရရမယ့်အစား အဲဒီ့လူ ကိုယ့်plan လေးနဲ့ကိုယ် မသေနိုင်တာကိုပဲ သူက သံဝေဂရနေတယ်။ မဖြစ်ဘူး။ အချိန်ရှိတုန်း မြန်မြန်ဆုံးဖြတ်ပြီး လုပ်မှ!
ကိုယ့်ကံကြမ္မာရဲ့ အရှင်သခင်ဟာ ကိုယ်တိုင် ဖြစ်သင့်တယ်လို့ လူတွေ ပြောပြောနေကြတယ် မို့လား။ ခရစ်တော်က အိပ်ဖို့ ခေါ်တဲ့အထိ၊ အလ္လာက အမိန့်ပေးတဲ့ အထိ၊ ကံကြမ္မာဆိုတဲ့ ရှုပ်ထွေးထွေး အစုအဝေးကြီးက ‘ဟေ့ယောင်..မင်းသေတော့’လို့ အလိုက်သိတဲ့ အထိ ဘာလို့ စောင့်နေရမှာလဲ။
“ငါသာလျှင် ငါ့ကံကြမ္မာရဲ့ အရှင်သခင် ဖြစ်ရမယ်ဟေ့” …သူယောင်ပြီး ကြွေးကြော်လိုက်တယ်။
ကိုယ်ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာမှာ အဆင်ပြေမယ့်နည်းနဲ့ ကြွေကျပစ်ရမယ်။ တခြားလူတွေကတော့ မေးချင်ကြပါလိမ့်မယ်။ သေခြင်းနဲ့ ပတ်သတ်ပြီး ကိုယ့်ကြမ္မာကိုယ် မပြဌာန်းရတော့ကော ဘာဖြစ်မှာ မို့လို့တုန်းလို့။
အဲလို သူ့ကိုမေးလာရင်တော့ မေးလာတဲ့သူတွေကို ဒုံးဝေးရန်ကော ဆိုတဲ့ အကြည့်နဲ့ သူကြည့်မိမှာ အသေအချာပါပဲ။ ဟုတ်တယ်လေ။ ပျမ်းမျှခြင်း ဥပဒေသနဲ့ တွက်ကြည့်ရင် လူတွေဟာ ဘောလုံးပွဲ ကြည့်နေတုန်း နှလုံးခုန် ရပ်ပြီး သေနိုင်ချေ၊ စုံတွဲ ချစ်တင်းနှောနေတုန်း နှလုံးခုန် ရပ်ပြီး သေနိုင်ချေ၊ သူများမင်္ဂလာဆောင် (ဒါမှမဟုတ်) မွေးနေ့ တခုခုထဲမှာ အမင်္ဂလာကောင် ဆန်ဆန် ဂွတီးဂွကျ သွားသေနိုင်ချေ၊ ဒါမှမဟုတ်လည်း တယောက်တည်း အခန်းထဲမှာ သော့ခတ်ပြီးနေနေတုန်း သေသွားတာ ရက်ကြာသွားမှ ဘေးခန်းတွေက အပုပ်နံ့ရပြီး သိသွားတာမျိုးဖြစ်နိုင်ချေ…အဲဒါတွေက လူတသောင်းမှာ တယောက်လောက်တော့ ကြုံရနိုင်ချေ ရှိတာပဲ။ ထီပေါက်နိုင်ချေထက်တောင် ပိုများသေးတယ်။ အဲလိုသာ သေသွားရင် ခပ်နနကောင်တွေရဲ့ ပါးစပ်ဖျားမှာ ခင်ဗျား အထူးအဆန်း မသာကောင်ဖြစ်ပြီး ခင်ဗျားတော့သွားပြီ။
သူချရေးလိုက်ပြန်တယ်။
သေဆုံးခြင်း (ကိုယ့်ကိုယ်ကို သတ်သေခြင်း)
ကောင်းကျိုး (၇)
ငါသာလျှင် ငါ့ကြမ္မာ၏ အရှင်သခင် ဖြစ်သင့်သည်။ တော်ကြာ ဘုရားသခင်က ကိုယ့်နောက်ဆုံးအချိန်မှာ ပေါက်ပေါက်ရှာရှာ ကျီစားနေမှဖြင့်….
နောက်ထပ်ကောင်းကျိုးတခုက ပတ်ဝန်းကျင်တွေ ဓလေ့ထုံးတမ်းတွေကို ဂရုစိုက်စရာ မလိုတော့။
(၁၃)
သူ့နာမည်ကပဲ စီးနေလို့လား။ သူ့စာရင်းကို ပြန်ကြည့်လိုက်တော့ ကောင်းကျိုးတွေချည်း ခုနစ်ခု ဖြစ်နေတယ်။ ဆိုးကျိုးက တချက်မှ မရှိသေးဘူး။
သူ့စာရင်းကိုသူ တချက် ပြန်ဖတ်ကြည့်ရင်းနဲ့ “ကောင်းကျိုး (၃)… စောက်သုံးမကျတဲ့ တဝက်တပျက် အသိဥာဏ်တွေ မရှိတော့” ဆိုတာ အရောက် မှာ သူတခုတွေးမိလိုက်ပြန်တယ်။ အဲဒီ့ တဝက်တပျက် အသိဥာဏ် ဆိုတာကြီးကလည်း လူနဲ့ အမြဲကပ်နေတာမျိုး မဟုတ်ဘူးဗျ။ စိတ်လှုပ်ရှားတဲ့ အခိုက်အတန့်တခုခုမှာ ကိုယ့်ဆီကနေ ကိုယ့်ဦးနှောက်ကြီးက ထွက်ပြေးသွားတတ်တယ်။ ဥပမာ ပရိသတ်ရှေ့ထပြော ခါနီးမှာ အကုန်မေ့သွားတာမျိုး။ ဒါမှမဟုတ် ဒေါသထွက်နေတဲ့ အချိန်မှာ အသိဥာဏ်လွတ်ပြီး လုပ်မိသွားတာမျိုး။ အဲဒါနဲ့ ဆက်စပ်ပြီး တလောက သူဖတ်ဖူးလိုက်တဲ့ ဆောင်းပါး တပုဒ်ကို ဝိုးတဝါး အမှတ်ရလိုက်တယ်။ စုံတွဲတွေ ချစ်တင်းနှောနေတဲ့ အချိန်မှာ အမျိုးသမီးတွေရဲ့ လက်တွေ မြောက်တက်သွားတာ၊ အော်တာတွေဟာ အဲဒီ့အချိန်မှာ အဲဒီ့အမျိုးသမီးရဲ့ ဦးနှောက်က စဉ်းစားတွေးခေါ်တဲ့ တချို့အစိတ်အပိုင်းတွေ အလုပ်မလုပ်တော့လို့တဲ့။ အမျိုးသားတွေလည်း အတူတူပဲ။ အထူးအဆန်းတော့လည်း မဟုတ်ပါဘူးလေ။ အဲလိုအချိန်မှာ အတွေးနက်နေဖို့လည်း လိုမှ မလိုတာ။
ဘယ်လောက်ကြီးကျယ် မြင့်မြတ်တဲ့ ပညာရှင်ကြီးတွေ၊ ပုဂ္ဂိုလ်ကြီးတွေ၊ က္ကုနြေ္ဒရှင်ကြီးတွေပဲ ဖြစ်ပါစေ ဘဝမှာ ကိုယ့်ဦးနှောက် ကိုယ့်ဆီက ထွက်ပြေးသွားတာမျိုး ကြုံခဲ့ဖူးမှာပဲ။ အဲဒါမျိုးက အဆိုးလို့သတ်မှတ်ထားတဲ့ စိတ်လှုပ်ရှားချိန်မျိုးမှ ဖြစ်တာတော့ မဟုတ်ဘူး၊ ကုသိုလ်လို့ထင်ရတဲ့ စိတ်ခံစားမှု အခိုက်အတန့်တွေမှာလည်း ဖြစ်နိုင်တယ်။ ဥပမာ တခုခုမှာ ယုံကြည်မှု လွန်ကဲတာမျိုး ပေါ့ဗျာ။ အလွယ်ဆုံး ဥပမာ ပေးရရင်တော့ဗျာ တိရစ္ဆာန်တွေနဲ့ လူတွေ စကားပြောတယ်ဆိုတာကို သာမန်အခြေအနေ ဆိုရင် တယောက်မှ ယုံကြမှာ မဟုတ်ဘူး။ ဒါပေမယ့် ဘာသာရေး ဆိုတဲ့ ခေါင်းစဉ်အောက် ရောက်သွားတော့ အဲဒါကို ဒဲ့ယုံတဲ့သူတွေလည်း လောကမှာ မနည်းဘူး။
ဘာသာရေးဆိုမှ သူ့သေခြင်းနဲ့ ပတ်သတ်တဲ့ ကောင်းကျိုးဆိုးကျိုး စာရင်းထဲမှာ ဘာသာရေးနဲ့ တိုက်ရိုက် သက်ဆိုင်တာ မပါသေးတာကို သူသတိရသွားတယ်။ ဒါက ချန်ခဲ့လို့ မဖြစ်တဲ့ အရာပဲ။ တကယ်တော့ ဘာသာရေးတွေ ပေါ်လာတဲ့အကြောင်းတရားထဲမှာ သေခြင်းကလည်း မင်းသားတယောက်ပါပဲ။
(၁၄)
သူ့အတွေးအခေါ်တွေက တိတ္ထိဆန်မှုတွေနဲ့ ဖူးပွင့်ဝေဆာတယ်။ တကယ်တော့ အကြောင်းအကျိုးမပြနိုင်သေးတဲ့ ပဟေဠိ အကောက်အကွေ့တွေကို လူတွေက ဘာသာရေးဆိုတဲ့ စင်တခုခုပေါ် တင်ပြီး ပသ နေကြတာပဲလို့ သူက ယူဆထားတယ်။ ဘန်ကောက်သွားတုန်းကလို စတိုးဆိုင် တဆိုင်ရှေ့ အရောက်မှာ ဆိုင်တံခါး အလိုအလျောက် ပွင့်သွားတာကိုသာ ကျောက်ခေတ်လူသား တယောက် ရုတ်တရက် မြင်သွားမယ်ဆိုရင် အီလက်ထရွန်းနစ် စနစ်မှန်း သိမှာ မဟုတ်ဘူး။ သူ့ကို နတ်ဘုရား တပါးလို့ထင်သွားပြီး ကိုးကွယ်မှာ သေချာတယ်။
သူက ဘုရားသခင်တွေကို မယုံကြည်တဲ့သူဆိုတော့ သူထာဝရငရဲမှာများ ကျနေမလား။ သူ စဉ်းစားကြည့်လိုက်တယ်။
“ထားပါတော့။ ခင်ဗျားကို ကျနော်က မသိဘူး၊ မသိလို့ မယုံဘူးဆိုပါတော့။ အဲလို ခင်ဗျားကို မသိရုံ၊ မယုံရုံလေးနဲ့ ခင်ဗျားက ကျနော့်ကို နှိပ်စက်ညှဉ်းပန်းမယ် ဆိုရင် ခင်ဗျားတအား ကလေးဆန်တာပေါ့။ ဘုရားသခင်က အဲလို ကလေးဆန်ဆန် လူဆိုးကြီး ဟုတ်ပါ့မလား” လို့သူ အတွေးဝင်လာတယ်။
ပြီးတော့ မီးတွေ ရေတွေနဲ့ ကမ္ဘာကြီးကို ဖျက်ဆီးပစ်မယ် ဆိုတာကရော။ အာဏာရှင်တွေ လူတသိန်းလောက်ကို အစုလိုက် အပြုံလိုက် သတ်ရင်တောင် holocaust ဆိုတဲ့ ရာဇဝတ်မှု မြောက်သေးတာ။ ဘုရားသခင်က အဲလို ရာဇဝတ်ကောင် ဆန်ပါ့မလား။ တွေးရင်းနဲ့ သူ့စိတ်သက်သာသလိုလို ရှိသွားတယ်။
တကယ်လို့ ဘုရားသခင်ရှိနေရင်တောင် စာအုပ်ထဲက ဘုရားသခင်တွေနဲ့ တူမှာမဟုတ်ဘူး။ ဘုရားသခင် အစစ်ကြီး လူ့ပြည်ကိုဆင်းလာရင် လူတွေက သူတို့ထင်တာနဲ့ မတူလို့ ဘုရားသခင်အဖြစ် လက်မခံပဲ လိမ်လည်မှုနဲ့ ဖမ်းတောင်ဖမ်းနိုင်တယ်လို့ သူက တွေးလိုက်သေးတယ်။
ငရဲနဲ့ နတ်ပြည် ဆိုတာကိုတော့ သူက စံပယ်နံ့နဲ့ ညှော်နံ့ တပြိုင်တည်းသင်းနေတဲ့ ဝတ္ထုလို့ပဲ ယူဆတယ်။ ဝတ္ထုဆိုတဲ့သဘောက လက်တွေ့သိထားတာတွေကို စိတ်ကူးတွေရွှဲနေအောင် ထပ်လောင်းပြီး ရေးလေ့ရှိကြတယ် မဟုတ်လား။ ငရဲပြည်ရဲ့ နည်းပညာအဆင့်အတန်းကို ကြည့်လိုက်။ မစင်ဘင်ပုပ်တွင်းကြီးတွေ၊ မီးခဲတွေ၊ ပြာပူတွေ၊ အားလုံး လူ့ပြည်မှာ ရှိပြီးသား ဟာတွေချည်းပဲ။ လျှပ်စစ်ဓာတ်တို့ပြီး နှိပ်စက်နည်းတို့ ဘာတို့ကျ မပါတော့ဘူး။ ဘယ်ပါမတုန်း။ ကျမ်းတွေရေးတဲ့ ခေတ်က လျှပ်စစ်ဓာတ်မှ မပေါ်သေးတာ။ ခုခေတ်လူ့ပြည်က ထောင်တွေကတော့ ငရဲပြည်ထက် အဆင့်မြင့်တဲ့ နည်းပညာတွေကို သုံးနိုင်လို့ ကြံဖန် ဂုဏ်ယူနေကြမလား မသိ။
သူ့စိတ်ထဲက တိတ္ထိကောင်ရေ ကုဋေကုဋာ အားနဲ့ အတွေးအင်ဂျင်က ဒီတင် မရပ်သေးဘူး။ ကမ္ဘာမပျက်ခင်မှာ ပွင့်မယ့် ဘုရားရှင်အကြောင်း ရှေးက ကျမ်းပြုသူတွေ ရေးထားတာ ကိုလည်းတွေးကြည့်တယ်။ ယာဉ်ရထားတွေက ဆင်မင်း ၇,၀၀၀ မြင်း ၁,၀၀၀ နဲ့မောင်းနှင်မယ့် ရထားယာဉ်တော် ခုနစ်ရာတဲ့။ ပဒေသရာဇ်ခေတ်ရဲ့ အကောင်းဆုံးယာဉ်တွေကို ကြည့်ပြီး ရေးလိုက်တာ ဖြစ်ရမယ်။ တကယ်ဆို ကမ္ဘာမပျက်ခင်မို့လို့ ယာဉ်တွေက ခေတ်မီယာဉ်တွေပဲ ဖြစ်သင့်တာပေါ့။ ကမ္ဘာမပျက်ခင်မှာကိုပဲ လူတွေ ဟိုးကျောက်ခေတ်ကနေ evolution နဲ့ ပြန်စရမယ်ဆိုရင်တော့လည်း မသိဘူးပေါ့။
မြေကြီးအောက်မှာ ငရဲ၊ မိုးပေါ်မှာ ကောင်းကင်ဘုံဆိုတဲ့ အယူအဆတွေကလည်း ကမ္ဘာကြီးကို အုပ်စောင်းအောက်က နံပြားလိုလို ဘာလိုလို ယူဆထားတဲ့ ခေတ်က အတွေးအခေါ် တွေပဲလို့ သူက တွေးသေးတယ်။ အုပ်စောင်းဆိုတဲ့ မိုးကုပ်စက်ဝိုင်းထဲက အမြင့်တနေရာရာမှာ ကောင်းကင်ဘုံကြီး ရှိမယ်။ နံပြားအောက်မှာ မဟာမြေထုကြီး ရှိပြီး မြေထုကြီးအောက်မှာ ငရဲတွေရှိမယ် ဆိုတဲ့ အတွေးမျိုးပေါ့။
သူ့ အနေနဲ့ အံ့သြမိတာကတော့ ရှေးတုန်းက ကျမ်းပြုဆရာတွေက ငရဲတွေ၊ ကောင်းကင်ဘုံတွေရဲ့ ပထဝီဝင်ကိုကျတော့ ရေးပြီးတော့ ကမ္ဘာပေါ်ကတခြားဒေသတွေရဲ့ ပထဝီဝင်တွေ၊ တခြားဒေသက လူတွေရဲ့ အကြောင်းကိုကျတော့ ဘာလို့ မပြောကြတာတုန်းလို့ စဉ်းစားဖူးတယ်။ သူ့အဖေ ကိုလည်း မေးကြည့်ဖူးတယ်။ ကမ္ဘာ့ပထဝီဝင်က တရားရကြောင်း ငြိမ်းချမ်းကြောင်းတွေ မဟုတ်လို့ မဟောခဲ့တာ နေမှာပေါ့တဲ့။ ဒါဆို ဖွဲ့စည်းပုံမှားနေတဲ့ စကြဝဠာ အကြောင်းတွေ၊ တောင်မဟုတ်တဲ့တောင် တွေရဲ့ ပထဝီဝင်တွေကို ကျတော့ တရားရကြောင်းလည်း မဟုတ်ပဲနဲ့ ဘာလို့ ဘာသာရေးဆရာ တွေက ရေးခဲ့ကြသလဲလို့ သူကထပ်မေးလိုက်တော့ သူ့အဖေက သိပ်မတွေးနဲ့တဲ့။ တွေးနေလို့ ဘာမှဖြစ်မလာဘူးတဲ့။ သူကတော့ အဲလို မထင်ဘူး။ နမူနာ ယူစရာ စံ ဖြစ်တဲ့ ဘုရားတောင် ဘုရားဖြစ်အောင် တောထွက်ဖို့ အတွေးတွေကနေ စခဲ့ရတာမဟုတ်လား။
သူ့အတွက်တော့ ဘာသာရေးတွေဟာ ကရုဏာနံ့နဲ့ထုံတဲ့ နိမိတ်ပုံတွေထက် ဘာမှ မပိုဘူး။ အဲဒါကို ဘယ်သူ့ကိုမှလည်း သူပြောမပြဖြစ်ဘူး။ လူတချို့ကလည်း မလွယ်ဘူးမို့လား။ ဘုရားရှင်ကိုယ်တိုင် ပြန်ကြွလာပြီး သူ မဟောခဲ့တာ တချို့တွေကို မဟောခဲ့ကြောင်း လာထောက်ပြရင်တောင် လူတွေက သူတို့ လှေနံဓားထစ် လက်ခံထားတာတွေနဲ့ မတူလို့ ဓမ္မန္တရယ်လို့ သတ်မှတ်ချင် သတ်မှတ်နေကြမှာ။
“ပဒေသရာဇ်ခေတ်ရဲ့ အနုပညာတွေကပဲ ပြောင်မြောက်လွန်းခဲ့သလား။ မလိမ်ဖို့ ဆုံးမနေကြတဲ့ အရာတွေ ကိုယ်၌မှာ ဘာလို့မုသားဖြူတွေ ပါနေရတာလဲ။ နိမိတ်ပုံတွေနဲ့ ပညာပေးတာကို ဒဲ့ယူလိုက်သည်အထိ ငါတို့တွေကပဲ တုံးနေကြပြီလား။ အိုင်တီခေတ်က လူတွေတော့ ပဒေသရာဇ်ခေတ်က မှော်အောင်သူတွေရဲ့ ပညာပြမှုကို ရေရေလည်လည် ခံနေရပြီ။ လူ့ဦးနှောက်တွေဟာ ဘာလို့ ထင်ယောင်ထင်မှားဘက်မှာ ပိုသန်နေကြတာလဲ။ ဘီလူးအရိုးစုတွေကို လိုက်မရှာကြတာကပဲ တော်သေးတယ်။”
“အတင်းအကြပ် ယုံကြည်ခိုင်းမှု ဆိုတာကတော့ ကြောက်စရာအကောင်းဆုံး အာဏာရှင် စနစ်ပါပဲ။ လူတွေဟာ သူတို့မလုပ်ချင်တဲ့ ဟမ္မူရာဘီ ကိုဓဥပဒေကိုတော့ သဘာဝတရားကြီးအား အတင်းအကြပ် တာဝန်လွှဲအပ်ခဲ့ပြီ။ ငါ့စိတ်ထဲမှာ သဘာဝအလျောက် ပေါ်လာတဲ့ လောဂျစ်ဆန်ဆန် ဂျစ်ကန်ကန် အတွေးတွေက စော်ကားလိုစိတ် မပါလည်းပဲ ငရဲဝင်ခွင့်တွေလား။ ပဒေသရာဇ်ခေတ်က မိုင်းဗုံးတွေကို ငါတို့ ဘယ်လိုရှင်းကြမလဲ။”
“မိရိုးဖလာအဆင့်နဲ့ ကျေနပ်မနေနဲ့လို့ ဆုံးမခဲ့သူတွေကို ငါမုန်းချင်တယ်။ ပိုဖတ်ဖြစ်လို့ ပိုသိလာမှ သံသယတွေ ပိုကြံ့ခိုင်လာခဲ့တာလေ။ ခုတော့ ကိုယ့်ကိုယ်ကို လှည့်ဖျားမှုအတတ်ကို ငါလုံးလုံးဆုံးရှုံးခဲ့ပြီ” သူ့အတွေးတွေကို ကြောက်စိတ်က ဘရိတ်လာအုပ်လို့ တပိုင်းတစနဲ့ ရပ်သွားတယ်။
သူ့အတွေးတွေကို သူတောင် ပြန်လန့်နေတာမို့ လူက ထိုင်နေပေမယ့် စိတ်က နပန်းသမားတယောက်လို ရုန်းကန်နေရတယ်။ ကိုယ့်ငယ်ငယ်က အစွဲကို ကိုယ်ပြန်ဖျောက်ဖျက်ပစ်ဖို့ ဆိုတာက ကိုယ့်ဂိုးကိုယ် ပြန်သွင်းရမယ့် ပယ်နယ်တီ တလုံးလိုပဲ။ ခုတော့ ကောင်းကင်ပေါ်က လက်တံတချောင်း ထွက်လာပြီး သူ့ကို လက်ညှိုးငေါက်ငေါက်ထိုးနေသယောင် ခံစားနေရတယ်။ အရပ်ရှစ်မျက်နှာ မှာလည်း လက်ညှိုးတွေ..လက်ညှိုးတွေ၊ နောက်ဆုံး လမ်းလျှောက်ရင်တောင် မြေကြီးပေါ်ကနေ သူ့ကို ထိုးတဲ့ လက်ညှိုးတွေ ထွက်ထွက်လာတာမို့ မနင်းမိအောင် မနည်းရှောင်နေရတယ်။ အင်္ဂုလိမာလရေ…မြန်မြန်လာကယ်ပါတော့။
ဇောချွေးတွေကိုသုတ်ပြီး သူချရေးလိုက်ပြန်တယ်။
သေဆုံးခြင်း
ကောင်းကျိုး (၈)
သူများယုံကြည်တိုင်း လိုက်ယုံကြည်ရန် မလိုတော့။ လူအုပ်ကြီးထဲမှာနေရင်းနဲ့ အထီးမကျန်တော့။ အမြင်မတူယုံနဲ့ ထိုးလာမယ့် လက်ညှိုးတွေ မရှိတော့။
ပြီးတော့ ပတ်ဝန်းကျင်တွေ ဓလေ့ထုံးတမ်းတွေကိုလည်း ဂရုစိုက်စရာ မလိုတော့၊
(၁၅)
အခုဆိုရင် သူ့ဘက်မှာ ဆွဲချ ရှစ်ဖော်တောင် ရှိလာပြီမို့ သူ့ရင်ခုန်သံတွေ နည်းနည်းမြန်လာတယ်။ ထွက်ပေါက်ကနေ သူရင်ကော့ပြီး ထွက်သွားဖို့ ပြင်လိုက်ပြီးမှ တစုံတရာကိုတွေးမိပြီး သူခေါင်းငိုက်စိုက် ကျသွားပြန်တယ်။
“တကယ်လို့ ခင်ဗျားဟာ မိုးကြိုးပစ်ခံရပြီး သေမယ်ဆိုပါတော့။ တချို့က ခင်ဗျားကို မိဘကို စော်ကားထားလို့လို့ သမုတ်ကြလိမ့်မယ်။ တကယ်တော့ မိုးကြိုးပစ်ခံရပြီး သေတဲ့လူနဲ့ ကားတိုက်ပြီး သေတဲ့လူက အတူတူပါပဲ။ ထီ ဆုကြီးပေါက်တဲ့လူနဲ့ ဆုသေးပေါက်တဲ့လူလောက်ပဲ ကွာတယ်။”
“ခင်ဗျား ဝရဇိန်လက်နက် မှန်ပြီး သေသွားလို့ အဲလို သမုတ်ခံရရင်လည်း ကိစ္စမရှိပါဘူး။ ခင်ဗျားအနေနဲ့ သေရာကနေ ကုန်းရုန်းထပြီးတော့ သမုတ်တဲ့သူရဲ့ အိပ်မက်ထဲ ဝင်ပြီး ဒီလိုဆို သစ်ပင်တွေလည်း မိဘကို စော်ကားလို့ပေါ့နော်..ဘာညာနဲ့ ခင်ဗျားရဲ့ မသာရုပ်ကြီးအားကိုးနဲ့ ဖြဲချောက်ပစ်လိုက် လို့ရတယ်။ အဲဒီ့လူကို
နားရွက်ဆွဲပြီး မိုးကြိုးလွှဲတွေအကြောင်း ပြောပြလိုက်လို့လည်း ရသေးတယ်။ ဒါမှ လက်မခံသေးလည်း အဲဒီ့အကောင်ကို ဂုတ်သာ ချိုးပစ်လိုက်ပေတော့။”
“ကိုယ့်ကိုယ်ကို အဆုံးစီရင်ရတာ ကျတော့ အဲလိုမဟုတ်ဘူးဗျ။ ဘဝကို အရှုံးပေးသွားမှန်း ထင်ရှားတယ်။ suicide လုပ်တာကို do လို့တောင် မသုံးကြဘူး။ commit တဲ့။”
ကျန်ရစ်သူတွေက အခွင့်ကြုံတိုင်း သူ့ကို အရှုံးသမားတယောက်လို ပြော ပြော နေကြမှာကိုတော့ သူမလိုလားဘူး။ သူစိတ်ကူးယဉ်ထားတာက ဒီလို။ သူ့ကိုယ်သူ အဆုံးစီရင်လိုက်ရင်တောင် ဘယ်သူကမှ သူအဆုံးစီရင်သွားမှန်း မရိပ်မိစေရဘူး။ သွေးရိုးသားရိုး accident တခုခုနဲ့ သေသွားတာ လို့ပဲ ထင်ခဲ့စေချင်တယ်။ ဖြစ်နိုင်ရင် စာရေးဆရာ မင်းဆွေ လိုမျိုး ရုတ်တရက်ပျောက်သွားတာမျိုးဆို ပိုသဘောကျတယ်။ မင်းဆွေက ဆေးလိပ်ဝယ်ဖို့ အိမ်ကနေ ထွက်သွားရင်း ပျောက်သွားတာလေ။
သူ ခဏခဏ မက်တဲ့ အိပ်မက်တခုရှိတယ်။ အိမ်ကို…အဘိုးတို့ဆီ အလည် သွားမယ်လို့ ညာပြော။ ပြီးတော့ ကိုယ့်ကို ဘယ်သူမှ မသိတဲ့ ကမ်းခြေမြို့တမြို့ကို တိတ်တိတ်ကလေး သွားပြီး လှေတစီး ငှားမယ်။ အင်း..ငှားတာက မဖြစ်နိုင်လောက်ဘူးထင်တယ်။ စပေါ်ပေးရတာက ကိစ္စမရှိဘူး။ မှတ်ပုံတင်တွေ ဘာတွေ ပြခိုင်းနေရင် ဒုက္ခ။ လှေကို အပိုင်ဝယ်လိုက်တာ အေးတယ်။ ပြီးတော့ ပင်လယ်ထဲကို လှေလေးနဲ့သွား။ ပင်လယ်ထဲရောက်တော့မှ ရေအောက်ကမ္ဘာထဲကို ခုန်ချ။ လှေကလေးကတော့ ဆက်မျောသွားမယ်။
သူ့အမေနဲ့ အဖေကတော့ သတင်းစာမှာ လူပျောက်ကြော်ညာ ထည့်ချင် ထည့်ကြလိမ့်မယ်။ “မောင်မရဏမင်း သည် အဘိုးအဘွားများရှိရာ မကွေးမြို့သို့ အလည်အပတ် သွားရောက်မည်ဟုပြောသွားကာ ပျောက်ဆုံး သွားပါသဖြင့်” …ဘာညာပေါ့။ သြော်… “မရဏမင်း” ဆိုတော့ ဘယ်သူမှ လိုက်ရှာရဲမယ်လို့လည်း မထင်ဘူး။ သူပြုံးရင်းနဲ့ ချရေးလိုက်တယ်။
သေဆုံးခြင်း (ကိုယ့်ကိုယ်ကို သတ်သေခြင်း)
ဆိုးကျိုး (၁)
ကိုယ့်ကိုယ်ကို သတ်သေမှန်းသိသွားရင် အရှုံးသမားလို့ သတ်မှတ်ကြလိမ့်မယ်။
(၁၆)
“ကိုကို”
နေခြည့်ပါးစပ်ဖျားမှာ သူ့နာမည် ပန်းလိုပွင့်ခဲ့တယ်။
“ပြော…နေခြည်”
နေခြည်နဲ့တွေ့တဲ့အချိန်ဆို သူ့ရင်တွေက ညိမ့်ညိမ့်လေး ခုန်လေ့ရှိတယ်။သူ့ရင်ခုန်သံ ညိမ့်ညိမ့်လေးကိုသာ ဂီတအဖြစ် ပြောင်းလဲပေးနိုင်မယ့် converter တခုရှိရင် ခေါင်းလောင်းသံ ချိုချိုလေးတွေ ထွက်မှာပဲ။
“မြတ်နိုးမှု” ဆိုတဲ့ ကျယ်ပြန့်တဲ့ လျှို့ဝှက်ခက်ဆစ်လေးကို ရင်ဘတ်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း စကားပြောနေတဲ့ သူ့ကို နေခြည် ကြည့်တတ်ရင်တော့ မျက်လုံးတွေထဲမှာ လေးနက်တဲ့ အချစ်တွေ တူတူပုန်း နေတာကို တွေ့လိမ့်မယ်။ သူ့ဦးနှောက်ဟာ နေခြည်ဆိုတဲ့ ဖိုင်တွေနဲ့ ပြည့်နေတဲ့ ဖိုဒါပေါ့။
ဖြစ်နိုင်ရင် သူ့ရင်ထဲမှာ နေခြည်အေးအေးလေးနဲ့ ၂၄ နာရီလုံး လင်းချင်တယ်။
နေခြည်ဆိုတဲ့ သတ္တဝါမလေးဟာ သူ့စိတ်ကို နူးညံ့မှုတွေ အသာခြုံလွှမ်းပေးတဲ့ ကဗျာကုန်ကြမ်းလေးပါပဲ။ သူ့ရင်ထဲက အချစ်တွေကို ကဗျာယူနစ်နဲ့သာ တိုင်းမယ်ဆိုရင် အခုဆို ယူနစ် ၂၀ ကျော်နေလောက်ပြီ။
“ကိုကို…နေခြည် သွားတော့မယ်”
နေခြည့်ရဲ့ နှုတ်ဆက်သံလေးက သူ့အတွက် ‘ကဗျာတိုတပိုဒ်ရဲ့အပိတ်’ ဆိုရင် သူ့ကို စိတ်အာဟာရ ပေးလေ့ရှိတဲ့ မျက်နှာလေးကတော့ သူ့အတွက် ‘ကာဗိုဟိုက်ဒရိတ်’ ပေါ့။
ဒါပေမယ့် ကံဆိုးတယ်…သူရော နေခြည်ရော အရမ်း ကံဆိုးတယ်။
အကြောင်းကတော့ နေခြည်ဟာ သူ့မွေးစားညီမလေး ဖြစ်တဲ့အပြင် တဝမ်းကွဲ ညီမလေးမို့လို့ ပါပဲ။ နေခြည့်မိဘတွေက ဟိုးငယ်ငယ်လေးကတည်းက ဆုံးသွားလို့ သူ့အဖေနဲ့ အမေက မွေးစားထားတာ။
ဒါပေမယ့် သူ နေခြည်အပေါ် ထားတဲ့ အချစ်က ၅၂၈ မကပေမယ့် ၁၅၀၀ မီးတောက် အစစ်ကြီး မဟုတ်တာတော့ သေချာ ပါတယ်။ သူ့ရဲ့အချစ်ဟာ မြတ်နိုးခြင်းသက်သက်၊ အတူရှိနေလိုခြင်း သက်သက်၊ မေတ္တာနဲ့ မိုးပေးလိုခြင်း သက်သက်၊ တဘဝလုံး မျှဝေခံစားလိုခြင်း သက်သက် ၊ စောင့်ရှောက်ပေးလိုခြင်း သက်သက်တွေ ဆိုတာကို သူ အာမ ခံရဲပါတယ်။ ဒါပေမယ့် နေခြည် တခြားယောကျာ်းလေးတွေနဲ့ စကားပြောနေတာတွေ၊ ပြုံးပြ နှုတ်ဆက် တာမျိုးတွေကို သူမြင်သွားတဲ့အခါမျိုးတွေမှာ ဆိုရင်တော့ သူ့သောကတွေဟာ အနီရောင်ရင့်ပြီးတော့ မီးတောက်တွေလို ပွင့်ဖွာတတ်တယ်။
သူ့စိတ်ထဲမှာ အဲလိုစောက်သုံးမကျတဲ့ မိစ္ဆာသရဲသဘက်ကလေး ငယ်စဉ်ကတည်းက တဖြည်းဖြည်း ကြီးပြင်းလာတာကို သူသတိထားမိလိုက်တဲ့ အချိန်မှာတော့ နောက်ကျသွားပြီ။ အဲဒီ့ သရဲသဘက်လေးကို သူကြိုးစားသတ်ကြည့်ပေမယ့်လည်း သတ်လေလေ မကောင်းဆိုးဝါးကောင် လေးက ကြီးထွားလေလေ။ သူရည်းစားတွေ တယောက်ပြီး တယောက်ထားကြည့်တယ်။ မရဘူး။ နောက်ဆုံးတော့ အဲဒီ့ မင်စာ သရဲသဘက် လေးကို သူသတ်ဖို့ မကြိုးစားတော့ပဲ လက်ပိုက်ကြည့်နေလိုက်ရတော့တယ်။
ဘာပဲဖြစ်ဖြစ် အစပိုင်းမှာတော့ သူ့စိတ်သူ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အင်း…အဲဒါဆိုရင် သိပ်တော့မတိကျဘူး။ တကယ်က သူ့ အချစ်စိတ်တွေကို သူ မထိန်းချုပ်နိုင်ဘူး။ သူထိန်းချုပ်နိုင်တာက ကာယကံရယ်၊ ဝစီကံရယ်ပဲ။ နောက်တော့ နေခြည်က ကျော်ကျော်ဆိုတဲ့ ကောင်လေးနဲ့ ရည်းစားဖြစ်သွားတယ်။ သူအိမ်ကို တိုင်ဖို့ စဉ်းစားလိုက်သေးပေမယ့် နေခြည်ရည်းစားရသွားတာလည်း တမျိုးကောင်းတာပဲလို့ စဉ်းစားမိလို့ မတိုင်ဖြစ်တော့ဘူး။
ဒါပေမယ့် သူ့ရဲ့ မျက်လုံးတွေက နေခြည့်ကို လိမ်တတ်ပုံမရပါဘူး။ သူ့မျက်နှာပေါ်မှာ မကြာခဏ ကြေညာသွားမိတတ်တဲ့ မနာလိုမှု အထောက်အထား တွေရယ်၊ သူ့ ကွန်ပျူတာထဲမှာ သိမ်းထားတဲ့ မြတ်နိုးမှု အထောက်အထား ဓာတ်ပုံတွေရယ်၊ အကြောင်းမရှိ အကြောင်းရှာပြီး နေခြည့်အခန်းထဲ စကားသွားသွားပြီး ပြောသလိုမျိုး သံယောဇဉ်အထောက်အထားတွေရယ်၊ ဂရုစိုက်လွန်မှုတွေရယ်ကြောင့် နေခြည်လည်း တဖြည်းဖြည်းနဲ့ ရိပ်မိလာပြီလို့ သူထင်နေတယ်။
တရက်တော့ နေခြည့်အခန်းထဲကို စကားသွားပြောရင်းနဲ့ နေခြည့်စားပွဲပေါ်မှာ သော့ခတ်ထားနေကျ နေခြည့် ဒိုင်ယာရီစာအုပ်ကလေးကို သော့မခတ်ပဲနဲ့ တွေ့လိုက်ရတယ်။ ညကျတော့ သူ ဘယ်လို စိတ်ရူးပေါက်လာမှန်းမသိဘူး။ အဲဒီ့ ဒိုင်ယာရီစာအုပ်ကို ဖတ်ချင်စိတ် အရမ်းပြင်းပြလာတာနဲ့ နေခြည့်အခန်းဆီ သွားပြီး တံခါးကို အသာလေးဖွင့်ကြည့်လိုက်တယ်။ ဟင်! နေခြည်က ဂျက်ထိုးမထားဘူး။ အခန်းက မှောင်မဲနေတယ်။ သူ အခန်းဝက နေခြည့် စာကြည့်စားပွဲကို ဖြည်းဖြည်းချင်း စမ်းလိုက်တယ်။
“အမလေး။ ကိုကိုရေ…လူ…လူ”
ဟိုက်၊ နေခြည်နိုးသွားပြီ။ နေခြည်က တခုခုဆို သူ့ကိုပဲ တတတ်တယ်။ “ဟ။ နေခြည်…ငါပါဟ။ နင်ကလည်း ဒီအိမ်ထဲကို တခြား ဘယ်သူဝင်လို့ ရမှာတုန်း။ ငါ့စာအုပ် တအုပ်မတွေ့လို့ နင့်စားပွဲပေါ်မှာများ ကျန်ခဲ့သလားလို့ ငါလာရှာတာ”
တအိမ်လုံးနိုးလာပြီး နေခြည့်အခန်းဆီ ရောက်လာကြတယ်။ သူကတော့ စာအုပ်ရှာချင်ယောင် ခဏဆောင်လိုက်ပြီး မေးခွန်းထုတ်သလို မျက်လုံးတွေကို အပြင်ပန်းတည်ငြိမ်မှုနဲ့ ရင်ဆိုင်ပစ်လိုက်တယ်။ ကျန်တဲ့လူတွေ ပြန်အိပ်ပျော် မပျော်တော့ မသိဘူး။ သူ့မျက်လုံးတွေကတော့ နောက်နေ့မနက်လင်းသည် အထိ တညလုံး နိုက်ဂျူတီ ဆင်းလိုက်ရတယ်။ သူ့အခန်းကျဉ်းလေးထဲမှာတော့ အတွေးပျက်အကောင်ပေါက်များ သွေးပျက်ကယောင်ခြောက်ခြားနဲ့ လမ်းသလားလို့။
ညနေက နေခြည့်အခန်းထဲကို သူ ဘာစာအုပ်မှ ယူမသွားခဲ့တာကိုတော့ သူနဲ့နေခြည် နှစ်ယောက်တည်းပဲ သိလိမ့်မယ်။
(၁၇)
ခုဆို သူ့စိတ်ဟာ သော့ခတ်ထားတုန်းပေမယ့်လည်း မလုံခြုံတော့ဘူး။ နေခြည်ကိုလည်း ရင်မဆိုင်ရဲတော့ဘူး ဖြစ်နေတယ်။ သူ့ဖောက်ပြန်နေတဲ့ စိတ်တွေကို အဖေနဲ့ အမေပါ တစွန်းတစ သိများ သိသွားပြီလား။
နောက်ဆုံးတော့…စိတ်အပြောင်းအလဲ ဖြစ်လိုဖြစ်ငြား ရန်ကုန်မှာ သင်တန်းတွေ သွားတက်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဒါပေမယ့် ရန်ကုန်မှာ သူသိပ်မကြာလိုက်ပါဘူး။ အမေဘက်က အဘိုး တောင်ကြီးမှာ ဆေးရုံလာတက်ရင်း ဆုံးသွားတာနဲ့ တောင်ကြီးကို သူခဏဆိုပြီး ပြန်လာခဲ့ရတယ်။ သူကတော့ ကြိုတင် မျှော်လင့်ပြီးသားဖြစ်တာရယ်၊ အဘိုးနောက်ဆုံးအချိန်တွေမှာ မတွေ့လိုက်ရတာရယ်ကြောင့် သိပ်မခံစားရပါဘူး။ နေခြည်ကတော့ တော်တော်နွမ်းနေပုံ ရတယ်။
(၁၈)
“ကိုကို…နေခြည်တို့ ရှုခင်းသာဘက် သွားရအောင်လေ။ ပြီးတော့ ဆိုင်ကယ်လျှောက်စီးရအောင်”
“အင်း၊ ကောင်းသားပဲ”
ရှုခင်းသာထဲက လေထုက သန့်ရှင်းလတ်ဆတ်နေပေမယ့် သူ့ရင်ထဲမှာတော့ ဘာလို့မှန်းမသိ နွမ်းဖတ်နေတယ်။
“နေခြည် …ကျော်ကျော်နဲ့ အခြေအနေရော”
“နေခြည်တို့ ပြတ်သွားကြပြီ ကိုကို”
“သြော်…သူကဖြတ်သွားတာလား”
“မဟုတ်ဘူး။ နေခြည်က ဖြတ်လိုက်တာ”
“ဟင်! ဘာဖြစ်လို့တုန်း”
“နေခြည် အစကတည်းက သူ့ကို တကယ် မချစ်ဘူးကိုကို”
“ဟာ! ဒါဆို အစကတည်းက မတွဲနဲ့ပေါ့။ ဘာလို့ တွဲနေသေးတုန်း”
“အဲဒီ့တုန်းကတော့ ကိုကိုရှိနေတာကိုး”
“ဘာ!!!” နေခြည့်စကားကြောင့် သူ ရှက်လည်းရှက် ဒေါသလည်း အရမ်းထွက်သွားတယ်။
“အဲဒါ ငါနဲ့ ဘာဆိုင်လို့တုန်း။ ငါက အဲလောက်တောင် ကြောက်စရာ ကောင်းနေပြီလား။ ငါ….ငါ….” သူဘာဆက်ပြောရမှန်း မသိတော့ဘူး။ “တောက်!” သူ့ကိုယ်သူ မုန်းတီးမှုနဲ့ သူ တောက်တချက် ခေါက်လိုက်တယ်။
“မဟုတ်ဘူးကိုကို…အဲလို မဟုတ်ဘူး” နေခြည့်မျက်နှာမှာ မျက်ရည်တွေ ရွှဲနေတယ်။ “နေခြည်ပြောချင်တာက နေခြည်” နေခြည့်စကားက ရပ်သွားတယ်။
“နေခြည်… ကိုကိုရေးလက်စ ကဗျာနှစ်ပုဒ်ကို ကိုကို့ ကွန်ပျူတာထဲကနေ ဖတ်ဖူးတယ် ကိုကို။ တပုဒ်က ကိုကို့ စိတ်ပဋိပက္ခတွေ အကြောင်း” နေခြည့်စကားက ရပ်သွားပြန်တယ်။ သူကတော့ စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းရှည် တချက် ချလိုက်တယ်။
“ကိုကို နေခြည့်ကို ချစ်နေတာကို သိလိုက်ရတယ်။ နေခြည်လည်း ကိုကို့ကို ချစ်မိနေပြီ ကိုကို။ ပြီးတော့ ကိုကို့လိုပဲ အပြစ်မကင်းတဲ့ စိတ်တွေ ခံစားနေရတယ်။ ဒါနဲ့ နေခြည်လည်း စိတ်များပြောင်းသွားမလားဆိုပြီး ကိုကျော့်အချစ်ကို လက်ခံလိုက်တာ” နေခြည်က ပြောရင်းနဲ့ ဆက်ငိုနေတုန်းပဲ။
“နေခြည်…မငိုနဲ့တော့လေ”
သူ နေခြည့် ဘယ်လက်လေးကို လှမ်းယူပြီးတော့ တယုတယ ဆုပ်ကိုင်ထားလိုက်တယ်။ ခဏနေတော့ နေခြည်က သူ့နားတိုးလာပြီးတော့ ခေါင်းလေးကို သူ့ပုခုံးပေါ် မီလိုက်တယ်။
(၁၉)
ဟား! သွားပြီ။
သူအမှတ်တမဲ့နဲ့ ခေါင်းကို ဘယ်ဘက်ကို လှည့်ပြီး ကြည့်လိုက်မိတော့ ဒေါက်တာ ဦးစံလွင်တို့။ နေခြည်ကတော့ မမြင်ဘူး။ သူကြည့်လိုက်တဲ့ အခါမှာ ဒေါက်တာ ဦးစံလွင်တို့က မျက်နှာလွှဲသွားကြတယ်။ သြော်…မြင်ပြီးမှတော့လည်း မထူးတော့ပါဘူး။
“နေခြည်…ကိုကိုတို့ သွားရအောင်လေ”
“ကိုကို…နေခြည် စုဠာမုဏိ ဘုရားသွားချင်တယ်။ ဘုရား သွားပြီး ဆုတောင်း ရအောင်နော်”
“အင်း…ကောင်းသားပဲ” သူကတော့ လောလောဆယ် ဒေါက်တာ ဦးစံလွင်တို့ သူနဲ့ နေခြည့်ကို မြင်သွားလို့ စိတ်ရှုပ်နေတယ်။ ပန်းခြံထဲကနေ အမြန်ခွာရရင် ပြီးရော။
(၂၀)
ဆိုင်ကယ်က ဘုရားဆီ ဦးတည်သွားနေပေမယ့် သူ့စိတ်ကတော့ အကုသိုလ်တွေ ပေါ်မှာ ကျက်စားနေတယ်။
“ဒီနေ့ အဖြစ်အပျက်တွေက မြန်လွန်းတယ်။ နေခြည်ကလည်း ငါ့ကို ချစ်သတဲ့။ ငါအကြီးအကျယ် မှားခဲ့ပြီထင်တယ်။ နေခြည့်ကို သွေးဆောင် ဖျားယောင်းခဲ့သလိုများ ဖြစ်ခဲ့ပြီလား။ တကယ်ဆို ငါက အကြီးပဲ။ အစစ အရာရာ ဆင်ခြင်သင့်တာပေါ့။ နေခြည်လေးလည်း စိတ်ပဋိပက္ခ ခံစားနေရ ရှာမှာပဲ။ ငါတို့ မောင်နှမ နှစ်ယောက်ရဲ့ မေတ္တာကို… လူမဆန်စွာ စိတ်ဖောက်ပြန်မှုလို့ ခေါ်သင့်သလား။ ရှေးတုန်းကတော့ လူတွေတင် မကဘူး၊ ဂရိ ဒဏ္ဍာရီထဲက နတ်ဘုရားတွေ၊ နတ်ဘုရားမ တွေတောင် မောင်နှမ အချင်းချင်း လက်ထပ်ခဲ့ကြ သတဲ့။ သိဒ္ဓတ္ထမင်းသားရဲ့ အဖေတူ အမေကွဲ ညီတော် နန္ဒမင်းသားလေးနဲ့ သူ့ရဲ့ ကြင်ယာတော် ဇနပဒ ကလျာဏီဆိုလည်း မောင်နှမတွေ ပါပဲ။ အဲဒါတွေက ရှေးတုန်းက မို့လို့ဆိုရင် ဓမ္မတို့ အဓမ္မတို့ ဆိုတာတွေဟာ ခေတ်တွေ၊ ကာလဒေသတွေရဲ့ ပြဌာန်းသတ်မှတ်ချက် သက်သက်ပဲလား။ အမှန်အမှား ဆုံးဖြတ်တာမှာ ဘာလို့ ပေတံတွေအမျိုးမျိုး ရှိနေကြတာလဲ။ တကယ်တော့ လောကကြီးမှာ ဘောင်ဝင်ခြင်း မဝင်ခြင်းကသာ အဓိက ကျနေတယ် ထင်တယ်။ ၂၀ ရာစုရဲ့ အကြီးကျယ်ဆုံး သိပ္ပံပညာရှင် အိုင်းစတိုင်းရဲ့ ဒုတိယဇနီးဟာ အမေဘက်ကကြည့်ရင် အိုင်းစတိုင်းနဲ့ တဝမ်းကွဲ မောင်နှမ တော်စပ်တဲ့အပြင် အဖေဘက်က ကြည့်ရင်ပါ နှစ်ဝမ်းကွဲ ထပ်ပြီး တော်စပ်လိုက်သေး သတဲ့။ ဒီဘက်ခေတ်မှာလည်း တချို့ နိုင်ငံ တချို့ဒေသတွေမှာ မောင်နှမ ဝမ်းကွဲချင်း လက်ထပ်နေကြတုန်းပဲ မို့လား။ ခု…သူနဲ့ နေခြည်က လက်ထပ်ဖို့လည်း ရည်ရွယ်တာ မဟုတ်ပါဘူး။ တယောက်နဲ့ တယောက် ပြင်းထန်တဲ့ သံယောဇဉ်နဲ့ ချည်နှောင်သွားမိရုံလေးပါ။ မျိုးရိုးဗီဇ ပညာရှင်တွေကတော့ ဆွေမျိုးချင်း လက်မထပ်သင့်ဘူးတဲ့။ အင်း။ ဟုတ်မှာပါ။ နောက်ဆုံးတော့ ကာလဒေသနဲ့ အံဝင်အောင် မနေနိုင်တဲ့ ငါ့ရဲ့ ဖောက်ပြန်နေတဲ့ စိတ်ကိုပဲ အပြစ်တင်ရတော့မှာပဲ။ ဒေါက်တာဦးစံလွင်တို့ကတော့ မြင်သွားပြီ။ အဖေနဲ့ အမေကို သူတို့ သွားများပြောနေမလား”
“ကိုကို…ဖြည်းဖြည်းမောင်းပါ။ နေခြည်…”
နေခြည့်စကားတောင် မဆုံးသေးဘူး။
“ဝုန်း”
လမ်းကြားထဲက အရှိန်နဲ့ ထွက်လာတဲ့ ဆိုင်ကယ်က သူတို့ဆိုင်ကယ်ကို ဝင်တိုက်လို့ ဆိုင်ကယ်ရော နေခြည်ရော သူပါ လွင့်စင်သွားတော့တယ်။
(၂၁)
နေခြည်သေသွားရတာ သူ့ကြောင့်လည်း ပါတယ် ဆိုတဲ့ အစွဲက သူ့စိတ်ကို ဖိစီးနေတယ်။ တကယ်ဆို
သူ ခုလို အဓိပ္ပါယ်မရှိ တဲ့ ကောင်းကျိုးဆိုးကျိုး တွက်ချက်မှုတွေ လုပ်နေစရာတောင် မလိုပါဘူး။ နေခြည် သေသွားတာ တချက်တည်းနဲ့ တင် သူ့ကိုယ်သူ ခွင့်မလွှတ်သင့်ဘူးလို့လည်း တွေးနေမိတယ်။ အခု သူ့ရင်ထဲမှာ ဝေဒနာမျိုးစုံနဲ့ ပူလောင်နေတယ်။ အရပ်ရှစ်မျက်နှာမှာလည်း ဝေဒနာ မီးတောက်တွေ…သောက မီးတောက်တွေ။ သူ့ကိုယ်ခန္ဓာပါ ပူလောင်သလို ရှိလာတာမို့ သူမျက်လုံးတွေကို ဖွင့်ကြည့်လိုက်တယ်။
“ဟင်! ငါဘယ်ရောက် နေတာပါလိမ့်။” သူမျက်လုံးတွေကို ထပ်ကစား ကြည့်လိုက်တယ်။ ဟာ! ဟိုမှာ…မီး..မီးတွေ!… သေချင်နေတဲ့ လူမိုက်တယောက်အတွက် ဘုရားသခင်က ရေကန်အသင့် ကြာအသင့် ဖန်တီးပေးလိုက်တာလား။ သူ့အကုသိုလ်တွေကို မျက်စေ့ဒေါက်ထောက်ကြည့်နေပုံရတဲ့ ကံကြမ္မာကပဲ ပထမပွဲမှာ အလဲမထိုးလိုက်နိုင်လို့ အညှိုးအတေးနဲ့ အကွက်ဆင် ဖန်တီးပေးလိုက်တာလား။ တကယ်ဆို သူအလိုရှိနေတဲ့ ဘုရားသခင်က မီးတောက်တွေအသွင်နဲ့ သူ့ကို ကူညီဖို့လာပြီလေ။ သူမီးတောက်တွေနဲ့ ရင်းရင်းနှီးနှီး မိတ်ဆွေ ဖွဲ့လိုက်သင့်တာပေါ့။
ဒါပေမယ့် မီးလောင်ပြီး သေရတာဟာ ဆိုးတယ်လို့ သူထင်လို့လား။ ဒါမှမဟုတ် မီးလောင်ပြီးပဲ အသားကင် တကောင်လို သေသေ၊ ဆိုင်ကယ်မှောက်ပြီးပဲ သွေးသံရဲရဲနဲ့ အသားတစ် တခုလို သေသေ၊ ရေနစ်လို့ ဖောယောင် ပုပ်ပွပြီးပဲ သေသေ၊ သတ္တဝါတွေဟာ သူခံနိုင်တဲ့ နာခြင်းအဆင့်တခုကို လွန်သွားရင် သတိလွတ်မေ့မျောသွားမှာမို့ တခုနဲ့ တခု ဝေဒနာ ခံစားရမှုချင်း သိပ်မကွာဘူးဆိုတာကို သူမယုံကြည်လို့လား။ ဒါမှမဟုတ် မွေးရာပါ ရှင်သန်လိုစိတ် ကြောင့်ပဲလား။
သူအခန်းထဲကနေ ပြေးထွက်ဖို့ ပြင်လိုက်တယ်။ အိုး…သူ့ ခြေထောက်တွေက လှုပ်လို့ မရတော့ဘူး။ ဒါနဲ့ သူကျုံးအော်လိုက်တယ်။ “မီးဗျို့…မီး…မီး” “ကယ်ကြပါဦးဗျို့”
“မီး” လို့ အော်သံကြားတာနဲ့ ဒေါ်မြတ်မြတ်မင်းက အခန်းဆီကို အပြေးအလွှား ရောက်လာတယ်။
“သား…မာနမင်း…မီးက…မီးက ဘယ်မှာတုန်း” အခန်းထဲမှာတော့ မီးဆိုလို့ ဖယောင်းတိုင် မီးတခုပဲ ရှိတယ်။
“မီး…မီး…အမေ…မီး” မာနမင်းကတော့ ထိတ်လန့်တကြား ရေရွတ်နေတုန်း။
မာနမင်းရဲ့ အော်သံကြောင့် ဘေးအိမ်က လူတချို့ပါ ရောက်လာကြတယ်။
“သားလေး နေမကောင်းလို့ အိပ်မက်ယောင်ပြီး အော်နေတာပါ။ မီးလောင်တာ မဟုတ်ပါဘူးရှင်”
ဒေါ်မြတ်မြတ်မင်းက ဒိုင်ယာဇီပင် တလုံးယူပြီး မာနမင်းကို တိုက်လိုက်တယ်။
ဒီလိုနဲ့ မရဏမင်း တဖြစ်လဲ မာနမင်းဟာ အိပ်ပျော်သွားတော့တယ်။
အိပ်မက်ထဲမှာတော့ မာနမင်းဟာ သူမရောက်ဖူးတဲ့ မြို့လေးမှာ လှေတစင်းကိုဝယ်….သြော်..ပင်လယ်ဆီကို သွားဖို့။
ကောင်းကင်ကို
(10 Feb 2011)
download link http://www.mediafire.com/view/?gjela5a85gkqzm2
download link http://www.mediafire.com/view/?gjela5a85gkqzm2
သေချင်နေတဲ့ လူလိမ္မာ
(၁)
စာရေးဆရာ တယောက်က လူ့ဘဝကို ဘတ်စ်ကားနဲ့ ခိုင်းနှိုင်းပြီး ဥပမာ ပေးဖူးတယ်။ တယောက်နဲ့ တယောက် ဆုံစည်းမှုဆိုတာ ဘတ်စ်ကားကြပ်ကြပ်ထဲက ခဏလေး ဆုံစည်းမှုလိုပဲတဲ့။ ဘတ်စ်ကားက ကြပ်လွန်းတော့ တယောက်နဲ့ တယောက် နင်းမိတာတို့ ထိခိုက်မိတာတို့ ရှိမယ်။ ခဏတာ လေးမို့ ခွင့်လွှတ်လိုက်ပါတဲ့။
ဒါပေမယ့် သူအခု ဆုံနေရတဲ့လူ၊ သူ့ကိုလိုက်နှောင့်ယှက်နေတဲ့ လူက ခဏလေး မဟုတ်ဘူး။ သူလူမှန်းသိစ အရွယ်ကနေ ခုချိန်ထိ ထာဝရ လိုက်နှောင့်ယှက်နေတာ။ သူဆက်ပြီး သည်းမခံနိုင်တော့ဘူး။
ဒါနဲ့ သူ ကြံဖန်ပြီး ခွင့်လွှတ်တဲ့နည်းတွေ လိုက်စဉ်းစားကြည့်တော့ နည်းတခုကို သတိရသွားတယ်။ အဲဒီ့နည်းအရ ဆိုရင်တော့ ကိုယ်နဲ့ သံသရာမှာ အမျိုးမတော်ဖူးတဲ့သူ မရှိဘူးတဲ့။ ကိုယ် ခွင့်မလွှတ်နိုင်တဲ့သူ နဲ့ ကိုယ်နဲ့ သံသရာမှာ ဆွေမျိုး တနည်းတဖုံ တော်စပ်ခဲ့ဖူးမှာပဲလို့ တွေးပြီး ခွင့်လွှတ်လိုက်ပါတဲ့။ အဲဒီ့မှာ သူဦးနှောက် ပိုခြောက်သွားပြီးတော့ စိတ်ထဲက ရေရွတ်လိုက်တယ်။
“ငါနဲ့ငါ သံသရာမှာ ဘာတော်ခဲ့ပါသလဲ”
(၂)
သူ့ကို သူကိုယ်တိုင်က လိုက်နှောင့်ယှက်နေတာ ကြာလှပြီ။ သူစာအုပ် တအုပ်ဖတ်ပြီဆို စာရေးသူရဲ့ ညံ့ဖျင်းမှုတွေကို လာပြောပြီ။ တရားနာပြီဆိုရင်လည်း အဲဒီ့တရားရဲ့ ဟာကွက်တွေကို လာပြောပြီ။ သြော်…သူ့စိတ်ထဲကနေ ‘နေခြည်’ကို ထုတ်ပစ်ဖို့ ကြိုးစားခဲ့တုန်းကလည်း…
(၃)
ဖယောင်းတိုင်လေး မကုန်ခင် ဒီ ခြောက်ခြားစရာ တစ္ဆေဇာတ်ကို သူ ဆက်ဖတ်ရမလား။ ဒါမှမဟုတ် ဖယောင်းတိုင်လေးကို မှုတ်ပြီး စောစော အိပ်လိုက်ရမလား။ သေချာတာ တခုကတော့ သူဆုံးဖြတ်ချက် မချနိုင်ပဲ တွေးနေရင် တစ္ဆေဇာတ်လမ်းလည်း မဖတ်လိုက်ရ၊ စောစောလည်း မအိပ်လိုက်ရပဲ ဖယောင်းတိုင်လေး ကုန်သွားတာပဲ အဖတ်တင်မယ်။
နောက်ဆုံးတော့ ဆုံးဖြတ်ချက်ချဖို့ သူဆုံးဖြတ်လိုက်တယ်။ ရှုံးရင်တောင်မှ စိတ်ပဋိပက္ခကြောင့် စိတ်ထောင်းကိုယ်ကြေဖြစ်ပြီး ရှုံးရတာထက်စာရင် ဆုံးဖြတ်ချက်နဲ့ ရှုံးတာက တော်သေးတယ်လို့ သူထင်တယ်။
အရှုံးဆိုတာ ချိုမြိန်တဲ့ ဝိုင်အရက်မှ မဟုတ်တာ။ သူ ဘာလို့ အချိန်ဆွဲပြီး သောက်နေရမှာလဲ။
(၄)
ဆုံးဖြတ်ဖို့အတွက် ခေါင်းပန်းလှန်တဲ့ နည်းကိုတော့ သူမသုံးချင်ဘူး။ အဲဒါက ကိုယ့်ကိုယ်ကို အကြွေစေ့တစေ့လောက်မှ တန်ဖိုးမထားတဲ့လူတွေရဲ့ လုပ်ရပ်လို့ သူယူဆတယ်။
ဒီတော့ ပြဿနာကို အဖြူအမည်း မဆုံးဖြတ်ခင်မှာ သူ့အနေနဲ့ တွေးခေါ်သယောင်ယောင် လုပ်ဖို့တော့ လိုလာပြီ။ စဉ်းစားခြင်းဆိုတဲ့ နာမည်နဲ့ ကိုယ်သန်ရာသန်ရာကို လိုသလို ဆွဲတွေးတာတွေ ဘာတွေ လုပ်ဖို့လိုလာပြီ။ ဒါမှလည်း လိုအပ်လာရင် အကောင်းဆုံးစဉ်းစားခဲ့သားပဲလို့ တွေးပြီး စိတ်ဖြေလို့ ရမယ် မဟုတ်လား။
သူ့ဘဝ ဟိုးအောက်ဆုံးအမြစ်နားအထိ လက်တံရှည်ရှည်နဲ့ ဒုက္ခလှမ်းပေးနေတဲ့ မေးခွန်းကို Yes or No တခုခု ဖြေဖို့ လုပ်မှ ဖြစ်တော့မယ်။
တွေးရင်းတွေးရင်းနဲ့ Albert Camus ရဲ့ စကားတခုကို သူ သတိရလို့ ပြုံးလိုက်မိသေးတယ်။
အတွေးအခေါ်ပိုင်းဆိုင်ရာ ပြဿနာတွေထဲမှာ တကယ်နက်နဲတဲ့ ပြဿနာဆိုလို့ တခုပဲ ရှိတယ်တဲ့။ အဲဒီ့အကြောင်းအရာကတော့ ‘suicide’ တဲ့။ အခု သူအဲဒီ့အကြောင်းအရာကို ကိုင်တော့မှာဆိုတော့ အနက်နဲဆုံး အတွေးအခေါ် ပြဿနာတခုကို စဉ်းစားခြင်းလို့ ကြီးကြီးကျယ်ကျယ် နာမည် လျှောက်တပ်လို့တောင် ရသေးတယ်။
“ဗွန်းးးး” “ဗွန်းးးးးး”
ရုတ်တရက် ကြားလိုက်ရတဲ့ စက်နှိုးသံကို သူမခံနိုင်လို့ နားတွေကို အတင်းပိတ်လိုက်ရတယ်။
(၅)
ဟင်!
သူအသံကြားလို့ ဖျတ်ခနဲ ကြည့်လိုက်တော့ တီဗွီဖန်သားပြင်မှာ နေခြည်ရဲ့ ရုပ်ပုံလွှာ။ သူ အံ့သြသွားတယ်။ နေခြည်ရဲ့ ရုပ်ပုံက မှောင်ရိပ်သန်းပြီး ဝါးနေတယ်။ သူ ဖန်သားပြင်ရဲ့ အလင်းရောင်ကို တင်ဖို့ အလင်းအမှောင်ချိန်တဲ့ ခလုတ်ကို လိုက်ရှာလိုက်တယ်။ မတွေ့ဘူး။ နေခြည့်ပုံကလည်း ကြည့်ရင်းနဲ့ တဖြည်းဖြည်း ဝါးပြီး ပျောက်သွားတယ်။
သူ့ပါးပေါ်ကို မျက်ရည်တွေ စီးကျလာတယ်။
သူ့ရှေ့က အရာဝတ္ထုကလည်း သူစိုက်ကြည့်ရင်းကနေ တီဗွီဖန်သားပြင် တခု မဟုတ်တော့ပဲ ကြည့်မှန်တချပ်ဖြစ်သွားပြန်တယ်။ အဲဒီ့ကြည့်မှန်ချပ်ထဲမှာတော့ ချောင်ကျနေတဲ့ သူ့မျက်နှာစစ်တလင်းမှာ သောကနှစ်သွယ် စီးဆင်းလို့။
(၆)
မှန်ထဲက သောကကောင်ရဲ့ ရှင်သန်နေမှုဟာ ဘာအကျိုးရှိပါသလဲ။
သေဆုံးခြင်းနဲ့ ပတ်သတ်ပြီး ကောင်းကျိုး၊ ဆိုးကျိုး စာရင်းတခု လုပ်ဖို့ သူဆုံးဖြတ်လိုက်တယ်။ ပြီးတော့ ကောင်းကျိုး နံပါတ် (၁) အဖြစ် သူ့စာရင်းထဲမှာ ဒီလို ချရေးလိုက်တယ်။
သေဆုံးခြင်း
ကောင်းကျိုး(၁)
နေခြည်နဲ့ ပြန်တွေ့ရနိုင်တယ်။ ပြီးတော့ ပတ်ဝန်းကျင်တွေ ဓလေ့ထုံးတမ်းတွေကိုလည်း ဂရုစိုက်စရာ လိုမှာမဟုတ်တော့ဘူး။
ကောင်းကျိုး နံပါတ်(၁) မှာတင် အချက် ၂ချက်ပါနေတာကို သူသတိထားမိတယ်။ ကိစ္စမရှိဘူး။ ဒါက သူတယောက်တည်း သိရုံ၊ ဆုံးဖြတ်ချက်ချဖို့ အထောက်အကူပြုရုံ ရည်ရွယ်ထားတဲ့ စာရင်း။
(၇)
သေခြင်းတရားဆိုတာ ဘာလဲ။ တချို့ကလည်း သေတတ်အောင် ပြင်ဆင်ထားကြတဲ့။ သေတာတောင်မှ နည်းနာတွေ လိုသေးသလားကွယ်။
ရှင်သန်ခြင်းမှာသာ ပြင်ဆင်မှု မရှိပဲ ရှင်သန်လို့ မရတာ။ သေခြင်းကတော့ ပြင်ဆင်မထားလည်း အမှတ်တမဲ့ ရောက်လာပြီး ဒီအတိုင်းပြီးသွားတာပဲ။ သူ့အထင်မှာတော့ သေတာထက်စာရင် ရှင်ရတာက အဆပေါင်းများစွာ ပိုခက်တယ်လို့ ထင်တယ်။ ရှင်နေတုန်းမှာပဲ ရှာဖွေရ၊ ရုန်းကန်ရ၊ အလုပ်လုပ်ရ၊ ကျောင်းတက်ရ၊ ငိုရ ယိုရ၊ ပတ်ဝန်းကျင်ကို ဂရုစိုက်ရ၊ ပတ်ဝန်းကျင်က လက်ခံထားတဲ့ အပေါ်ယံ ဓလေ့ထုံးတမ်းတွေကို လိုက်နာရနဲ့။
ဒီကြားထဲ ကံကောင်းထောက်မစွာနဲ့ တခါတလေ ပျော်ရ၊ ပြုံးရရင်တောင် အဲဒါတွေက အကုသိုလ် ဘာညာနဲ့ အပြစ်ကင်းတဲ့ အပျော်မျက်လုံးလေးတွေကို သဲနဲ့လာပက်ကြသေးတယ်။ အသက်ရှင်နေတုန်းမှာ သဘာဝအလျောက် ပျော်ပါစေ တော့လား။
တချို့လူတွေ ရှိသေးတယ်။ သေခါနီးလူကို ဘဝကူးကောင်းအောင် ဆိုပြီး သေခါနီးမှာ ဟိုဟာတွေရွတ်ပေး၊ ဒီဟာတွေ ရွတ်ပေးနဲ့။ သူတွေးရင်း ရယ်ချင်လာတယ်။ အဲဒါက ဘာနဲ့ တူတုန်းဆိုတော့ တနှစ်လုံး ပေပေတေတေနဲ့ စာမလုပ်ခဲ့တဲ့ ကျောင်းသားတယောက်ကို စာမေးပွဲဖြေဖို့ နာရီပိုင်းအလိုမှ ဖုတ်ပူမီးတိုက် သင်ပေးနေတာနဲ့ တူတယ်လို့ သူတွေးမိတယ်။
သူစာရင်းထဲမှာ ဒီလို ချရေးလိုက်ပြန်တယ်။
သေဆုံးခြင်း
ကောင်းကျိုး(၂)
ရုန်းကန်စရာ မလိုတော့၊ ပြီးတော့ ပတ်ဝန်းကျင်တွေ ဓလေ့ထုံးတမ်းတွေကိုလည်း ဂရုစိုက်စရာ မလိုတော့။
(၈)
ဒုက္ခဆိုတာ တကယ်တော့ ဒုက္ခမဟုတ်သေးဘူး။ ဒုက္ခမှန်းသိသွားမှသာ ဒုက္ခက ‘ဒုက္ခ’ဆိုပြီး တရားဝင် ဖြစ်သွားတာ။
လူတွေများ ကံဆိုးလိုက်ပုံက မွေးလာလို့ အရွယ်လေး နည်းနည်းရောက်လာတာနဲ့  လူတိုင်းသေရမယ်ဆိုတာကို သိလာကြတယ်။ ဒါပေမယ့် လူတွေရဲ့ အသိဥာဏ်က ရောဂါကိုသာ သိနိုင်စွမ်းရှိပြီး ဆေးကို မသိနိုင်တဲ့ အသိဥာဏ်မျိုး။ တနည်းအားဖြင့်တော့ ကိုယ့်ကိုယ်ကို သွေးပျက်အောင် နှိပ်စက်ရုံလောက် အသုံးတည့်တဲ့ အသိဥာဏ်မျိုး။ သူချရေးလိုက်တယ်။
သေဆုံးခြင်း
ကောင်းကျိုး (၃)
စောက်သုံးမကျတဲ့ တဝက်တပျက် အသိဥာဏ်တွေ မရှိတော့။ ပြီးတော့ လူ့ဘဝက ရခဲတယ်တဲ့။ ဟုတ်ခဲ့ရင်တော့ ကော်တာပဲ။ လူသာပြန်မဖြစ်ခဲ့ရင် ဒုက္ခကို ဒုက္ခမှန်းမသိလို့၊ ခံစားနိုင်စွမ်းနိမ့်လို့ ဒုက္ခတချို့ဟာ ဒုက္ခမဟုတ်တော့။ ပြီးတော့ ပတ်ဝန်းကျင်တွေ ဓလေ့ထုံးတမ်းတွေကိုလည်း ဂရုစိုက်စရာ မလိုတော့။
(၉)
တကယ်ဆို လူတိုင်းနီးပါးက အလုပ်လက်မဲ့ ဖြစ်နေသင့်တယ်။ နိုင်ငံတိုင်း နိုင်ငံတိုင်းဟာလည်း သူတို့နိုင်ငံတွေမှာ အလုပ်လက်မဲ့ဦးရေဟာ စုစုပေါင်းလူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းကျော်လာပြီ၊ ရာနှုန်းပြည့်နီးပါးဖြစ်အောင် ဆက်လက်ကြိုးစားမယ် ဘာညာနဲ့ အပြိုင်အဆိုင် ဂုဏ်ယူဝံ့ကြွားစွာ ကြေညာ နေသင့်တယ်။
အပြည့်အစုံ ပြောရရင်တော့ လူတွေဟာ အလုပ်လက်မဲ့ ဖြစ်နေတာနဲ့ တပြိုင်တည်းမှာပဲ စားစရာ သောက်စရာတွေ ဖူလုံနေပြီး လုပ်ချင်တာကိုပဲ စိတ်ကြိုက် လုပ်နေခွင့် ရသင့်တယ်လေ။
အဝတ်လျှော်စက်တွေ၊ အကြွေစေ့နဲ့ အအေးဗူးတွေ ဘာတွေ ရောင်းတဲ့ စက်တွေ၊ ခိုင်းစားစရာ စက်ရုပ်တွေကို ဘာလို့ တီထွင်ထားကြသလဲ။ ကြိုးစားပမ်းစားလည်း တီထွင်ရသေးတယ်။ စက်တွေကပဲ အလုပ်လုပ်ပြီး လူတွေက အေးအေးဆေးဆေး ကြိုက်ရာလုပ်နေနိုင်တဲ့ ဘဝမျိုးကို ရသင့်တယ်မဟုတ်လား။
ခုတော့ သတ္တဝါတွေအားလုံးထဲမှာ တပတ်ကိုခြောက်ရက်လောက် အချိန်တွေထဲမှာ အကျဉ်းကျနေတာဆိုလို့ လူဆိုတဲ့ ဥာဏ်ကြီးရှင်တွေပဲ ရှိတယ်။ အချိန်ဇယားနဲ့ အလုပ်လုပ်ရ၊ အချိန်ဇယားနဲ့ စားရ၊အိပ်ရ၊ အချိန်ဇယားနဲ့ ချစ်တင်းနှောရနဲ့။
အချိန်ဆိုတာကို လူတွေပဲ ပညတ်။ ပြီးတော့ အချိန်ထဲမှာ လူတွေပဲ အကျဉ်းကျ။ ဘာသာစကားတွေ၊ ပညာရပ်တွေ တီထွင်။ ပြီးတော့ အဲဒါတွေကို လေ့လာရ၊ သင်ရနဲ့ အကျဉ်းကျ။
ဒါနဲ့များ ခပ်တုံးတုံးငနဲတွေက သူ language ဘယ်နှစ်မျိုးတတ်သလေး ဘာလေးနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်အထိ နှိပ်စက်ထားသလဲဆိုတာကို ဘုမသိ ဘမသိ လာကြွားကြသေးတယ်။
ပြီးတော့ လူတွေလေ့လာတယ် သိလာတယ်ဆိုတာကလည်း အဖြေတခုရတိုင်း မေးခွန်းတွေ ဆယ်ခုမက ထပ်ပေါ်လာတာမျိုး။ ဆက်ပြီး လိုက်ပေတော့ပဲ။
ဥပမာ ရှေးကလူတွေရဲ့ စိတ်ကူးယဉ်မှုကြောင့် မဆီမဆိုင် စာတွေကဗျာတွေထဲမှာ အချောင်နာမည်ရနေတဲ့ ‘လ’ ဆိုတဲ့ မစွမ်းမသန် အရန်ဂြိုလ်စဂြိုလ်န ကိုပဲကြည့်။
အစကတော့ ‘လ’ကို နတ်သားလိုလို၊ လင်းနေတဲ့ နတ်ဘုရားတပါးလိုလို လူတွေ ထင်နေကြတုန်းကတော့ အဟုတ်။နတ်သားတို့ နတ်ဘုရားတို့ဆိုတာကို သွားလေ့လာရင် ကျိန်စာသင့်သွားမယ် မဟုတ်လား။ ကြည့်ပါလား။ ‘လ’ က နတ်သားဖြစ်တယ် ဆိုတာကို မယုံသလို ဘာလိုလိုပြောမိခဲ့ကြတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ရာကိုးရာ က ကောင်တွေ အခုဆို အကုန်သေပြီလေ။ သေမှာပေါ့။ နှစ်ပေါင်း ရှစ်ရာကိုးရာ တောင် ရှိ…အဲလေ သွားစော်ကားတာကိုး။
အဲလိုယုံကြည်နေတုန်းကတော့ ယုံကြည်မှုဆိုတော့ ဘာမှ ဆန်းစစ်နေစရာ မလိုဘူးလေ။ အလုပ်မရှုပ်တော့ဘူး။ ဒါကြောင့်လည်း စာပေတွေ၊သီချင်းတွေ၊ကဗျာတွေက “ယုံကြည်ချက်နဲ့ အသက်ရှင်ကြဖို့” အာပေါက်အောင် တိုက်တွန်းနေကြတာ ဖြစ်မယ်။ တွေးရတောရ လေ့လာရတာတွေနဲ့ အလုပ်မရှုပ်စေချင်တဲ့ စေတနာတွေ ဖြစ်မှာပါ။
ခုတော့ နေရဲ့အရောင်နဲ့ တကိုယ်လုံးပြောင်နေတဲ့ အဲဒီ့ ‘လ’ စုတ် ‘လ’ ပဲ့က နတ်ဘုရား မဟုတ်ပဲ ဂြိုလ်ရံလဆိုတာလည်း သိသွားရော သူ့ရဲ့ structure တွေ geology တွေ လေ့လာရ၊ အပူချိန်တွေ လေ့လာရနဲ့ အလုပ်ကို ရှုပ်သွားတော့တာပဲ မဟုတ်လား။
သူ သေခြင်းရဲ့ ကောင်းကျိုးကို စဉ်းစားရင်းနဲ့ အတွေးနည်းနည်းချော်သွားတယ်။ သေခြင်းရဲ့ ကောင်းကျိုးနံပါတ် (၄) ကို သူဒီလို ချရေးလိုက်တယ်။
သေဆုံးခြင်း
ကောင်းကျိုး (၄)
အချိန်ရဲ့ အကျဉ်းသားအဖြစ်က လွတ်မြောက်လာမယ်။ လိုက်လေ ဝေးလေဆိုတဲ့ အဖြစ်က လွတ်မယ်။ ပတ်ဝန်းကျင်တွေ ဓလေ့ထုံးတမ်းတွေကို ဂရုစိုက်စရာ မလိုတော့။
(၁၀)
“ဆရာ၊ ကျနော့်ရောဂါက ဘာရောဂါလဲ”
အဲလိုမေးသံတွေကို ကြားရင် သူအော်ရယ်လိုက်ချင်တယ်။ “ကိုယ့်လူရေ…ဆရာဝန်ကို သွားမေးမနေနဲ့။ ကျနော်ပြောပြမယ်။ ခင်ဗျားရဲ့ ရောဂါက မွေးဖွားခြင်း လို့ ခေါ်တယ်”
ဟုတ်တယ်လေ။ သတ္တဝါတိုင်းဟာ မွေးလာပြီးကတည်းက သေဖို့သေချာပြီးသား။ ရောဂါနာမည်ကို ဘယ်လိုတပ်တပ် သေမှာက သေမှာပဲ။
ဒါကြောင့် တချို့အူတူတူ လူတွေက သူ့ကို ထမင်းစားဖို့ အသက်ရှင်နေတာလား၊ အသက်ရှင်ဖို့ ထမင်းစားနေတာလား၊ ဘာအတွက် အသက်ရှင်နေတာလဲလို့ မေးလာတိုင်း သူကခပ်သွက်သွက် ပြန်ဖြေလေ့ရှိတယ်။
“ကျနော် သေဆုံးဖို့အတွက် အသက်ရှင်နေတာ”
သူအဲလိုဖြေလိုက်ရင် မေးခွန်းရှင်တွေ မျက်နှာပျက်သွားကြတာ များတယ်။ ထားပါတော့။ မမှုပါဘူး။ သူတို့ ဘယ်လိုပဲ မျက်နှာပျက်ပျက် သူ့ကို ထောက်ခံမယ့်သူတွေက ရှိနေတယ်လေ။
“ကိုမာ” ရပြီး ပိုက်တန်းလန်းတွေက ပေးတဲ့အသက်လေးနဲ့ ဆက်ရှင်နေရတဲ့သူတွေ၊ ရောဂါကျွမ်းမှု အရသာကို တငုံချင်း စိမ်ပြေနပြေ ခံစားနေရတဲ့သူတွေရဲ့ လိပ်ပြာကောင်ကြီးတွေက တောင်ပံတဝုန်းဝုန်းခတ်ပြီး သူ့ အဆိုကို ထောက်ခံကြလိမ့်မယ်။ သူတို့ ခန္ဓာကောင်ကြီးတွေဟာ သေဆုံးဖို့ တမျှော်မျှော်နဲ့ အသက်ရှင်နေကြရတယ်ဆိုတာ။
သူ့အတွေးတွေကို စာရင်းထဲ ထည့်ဖို့ ဘောင်ဝင်မဝင် သူစဉ်းစားလိုက်တယ်။ သိပ်တော့ ဘောင် မဝင်လှဘူး။ ဒါပေမယ့် လုပ်တတ်ကိုင်တတ်ရင် ဖြစ်ပါတယ်။
စာရင်းပုံစံခွက်ထဲမှာ သူလှည့်ပတ်ပြီး ထည့်လိုက်တယ်။
သေဆုံးခြင်း
ကောင်းကျိုး (၅)
ဘယ်လိုကြွေးကြော်ပြီး ရှင်သန်ရှင်သန် နောက်ဆုံးမှာ တူညီတာ တခုကတော့ မသေဆုံးခင်လေး ရှင်သန် နေကြရတာပါပဲ။ ဒီတော့ လူ့မသိစိတ်ထဲမှာ သေဆုံးခြင်းက နောက်ဆုံးပန်းတိုင်လို ဖြစ်နေတော့တာပေါ့။ ဒါကြောင့်လည်း သေမှာ (တနည်းအားဖြင့်) ကိုယ့်အတ္တလေး မရှိတော့မှာကို အရမ်း ကြောက်နေကြတာ။ တကယ်ဆိုရင်တော့ ပန်းတိုင်ကို မရောက်မှာသာ စိတ်ပူရရိုး ထုံးစံ ရှိတယ်လေ။ ပန်းတိုင်ကို မြန်မြန်ရောက်မယ့်ကိစ္စမျိုးဆိုရင် လက်ခမောင်း ထခတ်သင့်တာပေါ့။
သြော်…နောက်အားသာချက်တခုက ပတ်ဝန်းကျင်တွေ ဓလေ့ထုံးတမ်းတွေကို ဂရုစိုက်စရာ မလိုတော့။
(၁၁)
တကယ်ဆိုတော့ သေတယ်ဆိုတာ အရေးကြီးတဲ့ တာဝန် တခုကို ထမ်းဆောင်တာလို့လည်း ပြောလို့ရသေးတယ်။
ဥပမာ ကမ္ဘာပေါ်မှာ မသေဆေးတမျိုး ပေါ်လာတယ် ဆိုပါစို့။ သွားပြီ။ ကမ္ဘာကြီးတော့ ကမ္ဘာဖြစ်ရှုံးပြီ။ အကြီးအကျယ် ဒုက္ခရောက်ပြီ။ လူတွေ အကုန်လုံး မသေဖို့ ဆိုတာက မွေးဖွားခြင်း မရှိမှ ဖြစ်နိုင်မယ်မဟုတ်လား။ နို့မို့ဆို ကမ္ဘာကြီးမှာ လူတွေအကုန်လုံး ပြည့်ညပ် နေမှာပေါ့။ အခြေချစရာနေရာတွေ၊ အရင်းအမြစ်တွေ မလုံမလောက်ဖြစ်လိမ့်မယ်။
သေဆုံးခြင်း မရှိဘူးဆိုပါတော့။ ကုလို့မပျောက်နိုင်တဲ့ ရောဂါတခုခု အပြင်းအထန်ခံစားနေရတဲ့လူတွေ အတွက်လည်း တခုတည်းသော လွတ်လမ်းလေး မရှိတော့။ ထောင်နှစ်၁၀၀ မက ကျနေတဲ့သူတွေ အတွက်လည်း တခုတည်းသော လွတ်လမ်းလေး မရှိတော့။ စိတ်ဓာတ်တွေ ငရဲပြည်ရဲ့ ဟိုးမြေအောက်ခန်းထဲအထိ ကျဆင်းနေတဲ့သူတွေ အတွက်လည်း တခုတည်းသော လွတ်လမ်းလေး မရှိတော့။ မွေးဖွားခြင်း မရှိတော့ တနေ့လာလည်း ဒီမျက်နှာ….တနေ့လာလည်း ဒီမျက်နှာ! မေးလိုက်ရင် အသက်က ၁၆၀၀၊ အသက်က ၂၇၀၀! လူအိုတွေချည်း။ ဟား! တော်တော် စိတ်ပျက်စရာ ကောင်းမှာပဲ။
ပြီးတော့ နှစ် ၁၀၀၀ နေလည်း ဒီလူတွေ၊ နှစ် ၂၀၀၀ နေလည်း ဒီလူတွေချည်းဆို ဒီလူ ဒီအိုင်ဒီယာ ဒီအတွေးအခေါ်တွေနဲ့ပဲ ကမ္ဘာကြီး ရပ်တန့်သွားလိမ့်မယ်။
ဒီတော့ ကိုယ့်ကိုယ်ကို ခြွေချခြင်းနဲ့ စောစော တာဝန်ထမ်းဆောင်သင့်တယ်လို့ သူတွေးလိုက်မိတယ်။
ဒါနဲ့ပဲ…ဆရာသမား တယောက် website မှာ ရေးထားတဲ့ လေသံကို သူအတုခိုးလိုက်ပြီး သူ့စာရင်းထဲမှာ ဒီလို ချရေးလိုက်တယ်။
သေဆုံးခြင်း (ကိုယ့်ကိုယ်ကို သတ်သေခြင်း)
ကောင်းကျိုး (၆)
မျိုးဆက်သစ်များအားလုံး ဝမ်းသာတော့။
လူတယောက် လူ့လောကမှ စောစောစီးစီး နေရာဖယ်ပေးခြင်းအားဖြင့် လောက တာဝန်ထမ်းဆောင်ရန် စဉ်းစားနေပြီ။ ထိုသူကား အခြားမဟုတ်။ မိမိကိုယ်တိုင်ပင် ဖြစ်တော့သည်။
သြော်… နောက်ထပ်ကောင်းကျိုးတခုကတော့ ပတ်ဝန်းကျင်တွေ ဓလေ့ထုံးတမ်းတွေကို ဂရုစိုက်စရာ မလိုတော့။
(၁၂)
စဉ်းစားရင်း စဉ်းစားရင်းနဲ့ စီမံကိန်း တသီတတန်းနဲ့ အသားတုံးကြီး တခုအကြောင်း သူ့ခေါင်းထဲမှာ ပေါ်လာတယ်။ အဲဒီ့အသားတုံးကြီးက အရာရာကို အချိန်အတိအကျနဲ့ စီမံအကွက်ချပြီးမှ လုပ်တတ်တဲ့သူ။ အိမ်သာတက်ရင်က အစ အချိန်အလကား မကုန်ရအောင် ဖတ်စရာ စာအုပ်တွေ တအုပ်ပြီး တအုပ် အမြဲပြင်ထားတတ်တယ်။ လုပ်ငန်းတခု လုပ်တော့မယ်ဆိုရင်လည်း အာကာသဒုံးပျံ တစင်း လွှတ်တော့မယ့် အတိုင်း အချိန်ကို သေချာ တွက်ချက် ပြင်ဆင်ပြီး ကွက်တိဖြစ်အောင် လုပ်လေ့ရှိတယ်။ သေခြင်းတရားဆိုတာ နီးနီးလေး ဆိုတာကိုလည်း အဲဒီ့လူက သတိရှိလိုက်သေးတယ်။ နောက်တော့ အဲဒီ့လူ လုပ်ရမယ့် အလုပ်သစ်တခုက တနှစ်ကျော်လောက်ကြာမှာ။ အဲဒါနဲ့ အဲဒီ့လူက သေချာချင်တဲ့သူဆိုတော့ လုံလောက်တဲ့ ကျန်းမာရေး ရှိမရှိ သိအောင်လို့ ဆေးသွားစစ်တယ်။ ဆေးစစ်ချက် အရ ဘာရောဂါမှ မရှိဘူးတဲ့။ လုပ်ငန်းစလုပ်လို့ ရပြီပေါ့။ ဒါပေမယ့် ဆေးစစ်ချက်ယူပြီး ပြန်အလာ လမ်းဖြတ်အကူးမှာ ကားတိုက်ခံလိုက်ရပြီး ပွဲချင်းပြီး သေသွားတော့တယ်။
လက်ရှိ သူစဉ်းစားနေတဲ့အကြောင်းအရာအရ… အဲဒီ့လူရုတ်တရက်သေတာကို သံဝေဂ ရရမယ့်အစား အဲဒီ့လူ ကိုယ့်plan လေးနဲ့ကိုယ် မသေနိုင်တာကိုပဲ သူက သံဝေဂရနေတယ်။ မဖြစ်ဘူး။ အချိန်ရှိတုန်း မြန်မြန်ဆုံးဖြတ်ပြီး လုပ်မှ!
ကိုယ့်ကံကြမ္မာရဲ့ အရှင်သခင်ဟာ ကိုယ်တိုင် ဖြစ်သင့်တယ်လို့ လူတွေ ပြောပြောနေကြတယ် မို့လား။ ခရစ်တော်က အိပ်ဖို့ ခေါ်တဲ့အထိ၊ အလ္လာက အမိန့်ပေးတဲ့ အထိ၊ ကံကြမ္မာဆိုတဲ့ ရှုပ်ထွေးထွေး အစုအဝေးကြီးက ‘ဟေ့ယောင်..မင်းသေတော့’လို့ အလိုက်သိတဲ့ အထိ ဘာလို့ စောင့်နေရမှာလဲ။
“ငါသာလျှင် ငါ့ကံကြမ္မာရဲ့ အရှင်သခင် ဖြစ်ရမယ်ဟေ့” …သူယောင်ပြီး ကြွေးကြော်လိုက်တယ်။
ကိုယ်ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာမှာ အဆင်ပြေမယ့်နည်းနဲ့ ကြွေကျပစ်ရမယ်။ တခြားလူတွေကတော့ မေးချင်ကြပါလိမ့်မယ်။ သေခြင်းနဲ့ ပတ်သတ်ပြီး ကိုယ့်ကြမ္မာကိုယ် မပြဌာန်းရတော့ကော ဘာဖြစ်မှာ မို့လို့တုန်းလို့။
အဲလို သူ့ကိုမေးလာရင်တော့ မေးလာတဲ့သူတွေကို ဒုံးဝေးရန်ကော ဆိုတဲ့ အကြည့်နဲ့ သူကြည့်မိမှာ အသေအချာပါပဲ။ ဟုတ်တယ်လေ။ ပျမ်းမျှခြင်း ဥပဒေသနဲ့ တွက်ကြည့်ရင် လူတွေဟာ ဘောလုံးပွဲ ကြည့်နေတုန်း နှလုံးခုန် ရပ်ပြီး သေနိုင်ချေ၊ စုံတွဲ ချစ်တင်းနှောနေတုန်း နှလုံးခုန် ရပ်ပြီး သေနိုင်ချေ၊ သူများမင်္ဂလာဆောင် (ဒါမှမဟုတ်) မွေးနေ့ တခုခုထဲမှာ အမင်္ဂလာကောင် ဆန်ဆန် ဂွတီးဂွကျ သွားသေနိုင်ချေ၊ ဒါမှမဟုတ်လည်း တယောက်တည်း အခန်းထဲမှာ သော့ခတ်ပြီးနေနေတုန်း သေသွားတာ ရက်ကြာသွားမှ ဘေးခန်းတွေက အပုပ်နံ့ရပြီး သိသွားတာမျိုးဖြစ်နိုင်ချေ…အဲဒါတွေက လူတသောင်းမှာ တယောက်လောက်တော့ ကြုံရနိုင်ချေ ရှိတာပဲ။ ထီပေါက်နိုင်ချေထက်တောင် ပိုများသေးတယ်။ အဲလိုသာ သေသွားရင် ခပ်နနကောင်တွေရဲ့ ပါးစပ်ဖျားမှာ ခင်ဗျား အထူးအဆန်း မသာကောင်ဖြစ်ပြီး ခင်ဗျားတော့သွားပြီ။
သူချရေးလိုက်ပြန်တယ်။
သေဆုံးခြင်း (ကိုယ့်ကိုယ်ကို သတ်သေခြင်း)
ကောင်းကျိုး (၇)
ငါသာလျှင် ငါ့ကြမ္မာ၏ အရှင်သခင် ဖြစ်သင့်သည်။ တော်ကြာ ဘုရားသခင်က ကိုယ့်နောက်ဆုံးအချိန်မှာ ပေါက်ပေါက်ရှာရှာ ကျီစားနေမှဖြင့်….
နောက်ထပ်ကောင်းကျိုးတခုက ပတ်ဝန်းကျင်တွေ ဓလေ့ထုံးတမ်းတွေကို ဂရုစိုက်စရာ မလိုတော့။
(၁၃)
သူ့နာမည်ကပဲ စီးနေလို့လား။ သူ့စာရင်းကို ပြန်ကြည့်လိုက်တော့ ကောင်းကျိုးတွေချည်း ခုနစ်ခု ဖြစ်နေတယ်။ ဆိုးကျိုးက တချက်မှ မရှိသေးဘူး။
သူ့စာရင်းကိုသူ တချက် ပြန်ဖတ်ကြည့်ရင်းနဲ့ “ကောင်းကျိုး (၃)… စောက်သုံးမကျတဲ့ တဝက်တပျက် အသိဥာဏ်တွေ မရှိတော့” ဆိုတာ အရောက် မှာ သူတခုတွေးမိလိုက်ပြန်တယ်။ အဲဒီ့ တဝက်တပျက် အသိဥာဏ် ဆိုတာကြီးကလည်း လူနဲ့ အမြဲကပ်နေတာမျိုး မဟုတ်ဘူးဗျ။ စိတ်လှုပ်ရှားတဲ့ အခိုက်အတန့်တခုခုမှာ ကိုယ့်ဆီကနေ ကိုယ့်ဦးနှောက်ကြီးက ထွက်ပြေးသွားတတ်တယ်။ ဥပမာ ပရိသတ်ရှေ့ထပြော ခါနီးမှာ အကုန်မေ့သွားတာမျိုး။ ဒါမှမဟုတ် ဒေါသထွက်နေတဲ့ အချိန်မှာ အသိဥာဏ်လွတ်ပြီး လုပ်မိသွားတာမျိုး။ အဲဒါနဲ့ ဆက်စပ်ပြီး တလောက သူဖတ်ဖူးလိုက်တဲ့ ဆောင်းပါး တပုဒ်ကို ဝိုးတဝါး အမှတ်ရလိုက်တယ်။ စုံတွဲတွေ ချစ်တင်းနှောနေတဲ့ အချိန်မှာ အမျိုးသမီးတွေရဲ့ လက်တွေ မြောက်တက်သွားတာ၊ အော်တာတွေဟာ အဲဒီ့အချိန်မှာ အဲဒီ့အမျိုးသမီးရဲ့ ဦးနှောက်က စဉ်းစားတွေးခေါ်တဲ့ တချို့အစိတ်အပိုင်းတွေ အလုပ်မလုပ်တော့လို့တဲ့။ အမျိုးသားတွေလည်း အတူတူပဲ။ အထူးအဆန်းတော့လည်း မဟုတ်ပါဘူးလေ။ အဲလိုအချိန်မှာ အတွေးနက်နေဖို့လည်း လိုမှ မလိုတာ။
ဘယ်လောက်ကြီးကျယ် မြင့်မြတ်တဲ့ ပညာရှင်ကြီးတွေ၊ ပုဂ္ဂိုလ်ကြီးတွေ၊ က္ကုနြေ္ဒရှင်ကြီးတွေပဲ ဖြစ်ပါစေ ဘဝမှာ ကိုယ့်ဦးနှောက် ကိုယ့်ဆီက ထွက်ပြေးသွားတာမျိုး ကြုံခဲ့ဖူးမှာပဲ။ အဲဒါမျိုးက အဆိုးလို့သတ်မှတ်ထားတဲ့ စိတ်လှုပ်ရှားချိန်မျိုးမှ ဖြစ်တာတော့ မဟုတ်ဘူး၊ ကုသိုလ်လို့ထင်ရတဲ့ စိတ်ခံစားမှု အခိုက်အတန့်တွေမှာလည်း ဖြစ်နိုင်တယ်။ ဥပမာ တခုခုမှာ ယုံကြည်မှု လွန်ကဲတာမျိုး ပေါ့ဗျာ။ အလွယ်ဆုံး ဥပမာ ပေးရရင်တော့ဗျာ တိရစ္ဆာန်တွေနဲ့ လူတွေ စကားပြောတယ်ဆိုတာကို သာမန်အခြေအနေ ဆိုရင် တယောက်မှ ယုံကြမှာ မဟုတ်ဘူး။ ဒါပေမယ့် ဘာသာရေး ဆိုတဲ့ ခေါင်းစဉ်အောက် ရောက်သွားတော့ အဲဒါကို ဒဲ့ယုံတဲ့သူတွေလည်း လောကမှာ မနည်းဘူး။
ဘာသာရေးဆိုမှ သူ့သေခြင်းနဲ့ ပတ်သတ်တဲ့ ကောင်းကျိုးဆိုးကျိုး စာရင်းထဲမှာ ဘာသာရေးနဲ့ တိုက်ရိုက် သက်ဆိုင်တာ မပါသေးတာကို သူသတိရသွားတယ်။ ဒါက ချန်ခဲ့လို့ မဖြစ်တဲ့ အရာပဲ။ တကယ်တော့ ဘာသာရေးတွေ ပေါ်လာတဲ့အကြောင်းတရားထဲမှာ သေခြင်းကလည်း မင်းသားတယောက်ပါပဲ။
(၁၄)
သူ့အတွေးအခေါ်တွေက တိတ္ထိဆန်မှုတွေနဲ့ ဖူးပွင့်ဝေဆာတယ်။ တကယ်တော့ အကြောင်းအကျိုးမပြနိုင်သေးတဲ့ ပဟေဠိ အကောက်အကွေ့တွေကို လူတွေက ဘာသာရေးဆိုတဲ့ စင်တခုခုပေါ် တင်ပြီး ပသ နေကြတာပဲလို့ သူက ယူဆထားတယ်။ ဘန်ကောက်သွားတုန်းကလို စတိုးဆိုင် တဆိုင်ရှေ့ အရောက်မှာ ဆိုင်တံခါး အလိုအလျောက် ပွင့်သွားတာကိုသာ ကျောက်ခေတ်လူသား တယောက် ရုတ်တရက် မြင်သွားမယ်ဆိုရင် အီလက်ထရွန်းနစ် စနစ်မှန်း သိမှာ မဟုတ်ဘူး။ သူ့ကို နတ်ဘုရား တပါးလို့ထင်သွားပြီး ကိုးကွယ်မှာ သေချာတယ်။
သူက ဘုရားသခင်တွေကို မယုံကြည်တဲ့သူဆိုတော့ သူထာဝရငရဲမှာများ ကျနေမလား။ သူ စဉ်းစားကြည့်လိုက်တယ်။
“ထားပါတော့။ ခင်ဗျားကို ကျနော်က မသိဘူး၊ မသိလို့ မယုံဘူးဆိုပါတော့။ အဲလို ခင်ဗျားကို မသိရုံ၊ မယုံရုံလေးနဲ့ ခင်ဗျားက ကျနော့်ကို နှိပ်စက်ညှဉ်းပန်းမယ် ဆိုရင် ခင်ဗျားတအား ကလေးဆန်တာပေါ့။ ဘုရားသခင်က အဲလို ကလေးဆန်ဆန် လူဆိုးကြီး ဟုတ်ပါ့မလား” လို့သူ အတွေးဝင်လာတယ်။
ပြီးတော့ မီးတွေ ရေတွေနဲ့ ကမ္ဘာကြီးကို ဖျက်ဆီးပစ်မယ် ဆိုတာကရော။ အာဏာရှင်တွေ လူတသိန်းလောက်ကို အစုလိုက် အပြုံလိုက် သတ်ရင်တောင် holocaust ဆိုတဲ့ ရာဇဝတ်မှု မြောက်သေးတာ။ ဘုရားသခင်က အဲလို ရာဇဝတ်ကောင် ဆန်ပါ့မလား။ တွေးရင်းနဲ့ သူ့စိတ်သက်သာသလိုလို ရှိသွားတယ်။
တကယ်လို့ ဘုရားသခင်ရှိနေရင်တောင် စာအုပ်ထဲက ဘုရားသခင်တွေနဲ့ တူမှာမဟုတ်ဘူး။ ဘုရားသခင် အစစ်ကြီး လူ့ပြည်ကိုဆင်းလာရင် လူတွေက သူတို့ထင်တာနဲ့ မတူလို့ ဘုရားသခင်အဖြစ် လက်မခံပဲ လိမ်လည်မှုနဲ့ ဖမ်းတောင်ဖမ်းနိုင်တယ်လို့ သူက တွေးလိုက်သေးတယ်။
ငရဲနဲ့ နတ်ပြည် ဆိုတာကိုတော့ သူက စံပယ်နံ့နဲ့ ညှော်နံ့ တပြိုင်တည်းသင်းနေတဲ့ ဝတ္ထုလို့ပဲ ယူဆတယ်။ ဝတ္ထုဆိုတဲ့သဘောက လက်တွေ့သိထားတာတွေကို စိတ်ကူးတွေရွှဲနေအောင် ထပ်လောင်းပြီး ရေးလေ့ရှိကြတယ် မဟုတ်လား။ ငရဲပြည်ရဲ့ နည်းပညာအဆင့်အတန်းကို ကြည့်လိုက်။ မစင်ဘင်ပုပ်တွင်းကြီးတွေ၊ မီးခဲတွေ၊ ပြာပူတွေ၊ အားလုံး လူ့ပြည်မှာ ရှိပြီးသား ဟာတွေချည်းပဲ။ လျှပ်စစ်ဓာတ်တို့ပြီး နှိပ်စက်နည်းတို့ ဘာတို့ကျ မပါတော့ဘူး။ ဘယ်ပါမတုန်း။ ကျမ်းတွေရေးတဲ့ ခေတ်က လျှပ်စစ်ဓာတ်မှ မပေါ်သေးတာ။ ခုခေတ်လူ့ပြည်က ထောင်တွေကတော့ ငရဲပြည်ထက် အဆင့်မြင့်တဲ့ နည်းပညာတွေကို သုံးနိုင်လို့ ကြံဖန် ဂုဏ်ယူနေကြမလား မသိ။
သူ့စိတ်ထဲက တိတ္ထိကောင်ရေ ကုဋေကုဋာ အားနဲ့ အတွေးအင်ဂျင်က ဒီတင် မရပ်သေးဘူး။ ကမ္ဘာမပျက်ခင်မှာ ပွင့်မယ့် ဘုရားရှင်အကြောင်း ရှေးက ကျမ်းပြုသူတွေ ရေးထားတာ ကိုလည်းတွေးကြည့်တယ်။ ယာဉ်ရထားတွေက ဆင်မင်း ၇,၀၀၀ မြင်း ၁,၀၀၀ နဲ့မောင်းနှင်မယ့် ရထားယာဉ်တော် ခုနစ်ရာတဲ့။ ပဒေသရာဇ်ခေတ်ရဲ့ အကောင်းဆုံးယာဉ်တွေကို ကြည့်ပြီး ရေးလိုက်တာ ဖြစ်ရမယ်။ တကယ်ဆို ကမ္ဘာမပျက်ခင်မို့လို့ ယာဉ်တွေက ခေတ်မီယာဉ်တွေပဲ ဖြစ်သင့်တာပေါ့။ ကမ္ဘာမပျက်ခင်မှာကိုပဲ လူတွေ ဟိုးကျောက်ခေတ်ကနေ evolution နဲ့ ပြန်စရမယ်ဆိုရင်တော့လည်း မသိဘူးပေါ့။
မြေကြီးအောက်မှာ ငရဲ၊ မိုးပေါ်မှာ ကောင်းကင်ဘုံဆိုတဲ့ အယူအဆတွေကလည်း ကမ္ဘာကြီးကို အုပ်စောင်းအောက်က နံပြားလိုလို ဘာလိုလို ယူဆထားတဲ့ ခေတ်က အတွေးအခေါ် တွေပဲလို့ သူက တွေးသေးတယ်။ အုပ်စောင်းဆိုတဲ့ မိုးကုပ်စက်ဝိုင်းထဲက အမြင့်တနေရာရာမှာ ကောင်းကင်ဘုံကြီး ရှိမယ်။ နံပြားအောက်မှာ မဟာမြေထုကြီး ရှိပြီး မြေထုကြီးအောက်မှာ ငရဲတွေရှိမယ် ဆိုတဲ့ အတွေးမျိုးပေါ့။
သူ့ အနေနဲ့ အံ့သြမိတာကတော့ ရှေးတုန်းက ကျမ်းပြုဆရာတွေက ငရဲတွေ၊ ကောင်းကင်ဘုံတွေရဲ့ ပထဝီဝင်ကိုကျတော့ ရေးပြီးတော့ ကမ္ဘာပေါ်ကတခြားဒေသတွေရဲ့ ပထဝီဝင်တွေ၊ တခြားဒေသက လူတွေရဲ့ အကြောင်းကိုကျတော့ ဘာလို့ မပြောကြတာတုန်းလို့ စဉ်းစားဖူးတယ်။ သူ့အဖေ ကိုလည်း မေးကြည့်ဖူးတယ်။ ကမ္ဘာ့ပထဝီဝင်က တရားရကြောင်း ငြိမ်းချမ်းကြောင်းတွေ မဟုတ်လို့ မဟောခဲ့တာ နေမှာပေါ့တဲ့။ ဒါဆို ဖွဲ့စည်းပုံမှားနေတဲ့ စကြဝဠာ အကြောင်းတွေ၊ တောင်မဟုတ်တဲ့တောင် တွေရဲ့ ပထဝီဝင်တွေကို ကျတော့ တရားရကြောင်းလည်း မဟုတ်ပဲနဲ့ ဘာလို့ ဘာသာရေးဆရာ တွေက ရေးခဲ့ကြသလဲလို့ သူကထပ်မေးလိုက်တော့ သူ့အဖေက သိပ်မတွေးနဲ့တဲ့။ တွေးနေလို့ ဘာမှဖြစ်မလာဘူးတဲ့။ သူကတော့ အဲလို မထင်ဘူး။ နမူနာ ယူစရာ စံ ဖြစ်တဲ့ ဘုရားတောင် ဘုရားဖြစ်အောင် တောထွက်ဖို့ အတွေးတွေကနေ စခဲ့ရတာမဟုတ်လား။
သူ့အတွက်တော့ ဘာသာရေးတွေဟာ ကရုဏာနံ့နဲ့ထုံတဲ့ နိမိတ်ပုံတွေထက် ဘာမှ မပိုဘူး။ အဲဒါကို ဘယ်သူ့ကိုမှလည်း သူပြောမပြဖြစ်ဘူး။ လူတချို့ကလည်း မလွယ်ဘူးမို့လား။ ဘုရားရှင်ကိုယ်တိုင် ပြန်ကြွလာပြီး သူ မဟောခဲ့တာ တချို့တွေကို မဟောခဲ့ကြောင်း လာထောက်ပြရင်တောင် လူတွေက သူတို့ လှေနံဓားထစ် လက်ခံထားတာတွေနဲ့ မတူလို့ ဓမ္မန္တရယ်လို့ သတ်မှတ်ချင် သတ်မှတ်နေကြမှာ။
“ပဒေသရာဇ်ခေတ်ရဲ့ အနုပညာတွေကပဲ ပြောင်မြောက်လွန်းခဲ့သလား။ မလိမ်ဖို့ ဆုံးမနေကြတဲ့ အရာတွေ ကိုယ်၌မှာ ဘာလို့မုသားဖြူတွေ ပါနေရတာလဲ။ နိမိတ်ပုံတွေနဲ့ ပညာပေးတာကို ဒဲ့ယူလိုက်သည်အထိ ငါတို့တွေကပဲ တုံးနေကြပြီလား။ အိုင်တီခေတ်က လူတွေတော့ ပဒေသရာဇ်ခေတ်က မှော်အောင်သူတွေရဲ့ ပညာပြမှုကို ရေရေလည်လည် ခံနေရပြီ။ လူ့ဦးနှောက်တွေဟာ ဘာလို့ ထင်ယောင်ထင်မှားဘက်မှာ ပိုသန်နေကြတာလဲ။ ဘီလူးအရိုးစုတွေကို လိုက်မရှာကြတာကပဲ တော်သေးတယ်။”
“အတင်းအကြပ် ယုံကြည်ခိုင်းမှု ဆိုတာကတော့ ကြောက်စရာအကောင်းဆုံး အာဏာရှင် စနစ်ပါပဲ။ လူတွေဟာ သူတို့မလုပ်ချင်တဲ့ ဟမ္မူရာဘီ ကိုဓဥပဒေကိုတော့ သဘာဝတရားကြီးအား အတင်းအကြပ် တာဝန်လွှဲအပ်ခဲ့ပြီ။ ငါ့စိတ်ထဲမှာ သဘာဝအလျောက် ပေါ်လာတဲ့ လောဂျစ်ဆန်ဆန် ဂျစ်ကန်ကန် အတွေးတွေက စော်ကားလိုစိတ် မပါလည်းပဲ ငရဲဝင်ခွင့်တွေလား။ ပဒေသရာဇ်ခေတ်က မိုင်းဗုံးတွေကို ငါတို့ ဘယ်လိုရှင်းကြမလဲ။”
“မိရိုးဖလာအဆင့်နဲ့ ကျေနပ်မနေနဲ့လို့ ဆုံးမခဲ့သူတွေကို ငါမုန်းချင်တယ်။ ပိုဖတ်ဖြစ်လို့ ပိုသိလာမှ သံသယတွေ ပိုကြံ့ခိုင်လာခဲ့တာလေ။ ခုတော့ ကိုယ့်ကိုယ်ကို လှည့်ဖျားမှုအတတ်ကို ငါလုံးလုံးဆုံးရှုံးခဲ့ပြီ” သူ့အတွေးတွေကို ကြောက်စိတ်က ဘရိတ်လာအုပ်လို့ တပိုင်းတစနဲ့ ရပ်သွားတယ်။
သူ့အတွေးတွေကို သူတောင် ပြန်လန့်နေတာမို့ လူက ထိုင်နေပေမယ့် စိတ်က နပန်းသမားတယောက်လို ရုန်းကန်နေရတယ်။ ကိုယ့်ငယ်ငယ်က အစွဲကို ကိုယ်ပြန်ဖျောက်ဖျက်ပစ်ဖို့ ဆိုတာက ကိုယ့်ဂိုးကိုယ် ပြန်သွင်းရမယ့် ပယ်နယ်တီ တလုံးလိုပဲ။ ခုတော့ ကောင်းကင်ပေါ်က လက်တံတချောင်း ထွက်လာပြီး သူ့ကို လက်ညှိုးငေါက်ငေါက်ထိုးနေသယောင် ခံစားနေရတယ်။ အရပ်ရှစ်မျက်နှာ မှာလည်း လက်ညှိုးတွေ..လက်ညှိုးတွေ၊ နောက်ဆုံး လမ်းလျှောက်ရင်တောင် မြေကြီးပေါ်ကနေ သူ့ကို ထိုးတဲ့ လက်ညှိုးတွေ ထွက်ထွက်လာတာမို့ မနင်းမိအောင် မနည်းရှောင်နေရတယ်။ အင်္ဂုလိမာလရေ…မြန်မြန်လာကယ်ပါတော့။
ဇောချွေးတွေကိုသုတ်ပြီး သူချရေးလိုက်ပြန်တယ်။
သေဆုံးခြင်း
ကောင်းကျိုး (၈)
သူများယုံကြည်တိုင်း လိုက်ယုံကြည်ရန် မလိုတော့။ လူအုပ်ကြီးထဲမှာနေရင်းနဲ့ အထီးမကျန်တော့။ အမြင်မတူယုံနဲ့ ထိုးလာမယ့် လက်ညှိုးတွေ မရှိတော့။
ပြီးတော့ ပတ်ဝန်းကျင်တွေ ဓလေ့ထုံးတမ်းတွေကိုလည်း ဂရုစိုက်စရာ မလိုတော့၊
(၁၅)
အခုဆိုရင် သူ့ဘက်မှာ ဆွဲချ ရှစ်ဖော်တောင် ရှိလာပြီမို့ သူ့ရင်ခုန်သံတွေ နည်းနည်းမြန်လာတယ်။ ထွက်ပေါက်ကနေ သူရင်ကော့ပြီး ထွက်သွားဖို့ ပြင်လိုက်ပြီးမှ တစုံတရာကိုတွေးမိပြီး သူခေါင်းငိုက်စိုက် ကျသွားပြန်တယ်။
“တကယ်လို့ ခင်ဗျားဟာ မိုးကြိုးပစ်ခံရပြီး သေမယ်ဆိုပါတော့။ တချို့က ခင်ဗျားကို မိဘကို စော်ကားထားလို့လို့ သမုတ်ကြလိမ့်မယ်။ တကယ်တော့ မိုးကြိုးပစ်ခံရပြီး သေတဲ့လူနဲ့ ကားတိုက်ပြီး သေတဲ့လူက အတူတူပါပဲ။ ထီ ဆုကြီးပေါက်တဲ့လူနဲ့ ဆုသေးပေါက်တဲ့လူလောက်ပဲ ကွာတယ်။”
“ခင်ဗျား ဝရဇိန်လက်နက် မှန်ပြီး သေသွားလို့ အဲလို သမုတ်ခံရရင်လည်း ကိစ္စမရှိပါဘူး။ ခင်ဗျားအနေနဲ့ သေရာကနေ ကုန်းရုန်းထပြီးတော့ သမုတ်တဲ့သူရဲ့ အိပ်မက်ထဲ ဝင်ပြီး ဒီလိုဆို သစ်ပင်တွေလည်း မိဘကို စော်ကားလို့ပေါ့နော်..ဘာညာနဲ့ ခင်ဗျားရဲ့ မသာရုပ်ကြီးအားကိုးနဲ့ ဖြဲချောက်ပစ်လိုက် လို့ရတယ်။ အဲဒီ့လူကို
နားရွက်ဆွဲပြီး မိုးကြိုးလွှဲတွေအကြောင်း ပြောပြလိုက်လို့လည်း ရသေးတယ်။ ဒါမှ လက်မခံသေးလည်း အဲဒီ့အကောင်ကို ဂုတ်သာ ချိုးပစ်လိုက်ပေတော့။”
“ကိုယ့်ကိုယ်ကို အဆုံးစီရင်ရတာ ကျတော့ အဲလိုမဟုတ်ဘူးဗျ။ ဘဝကို အရှုံးပေးသွားမှန်း ထင်ရှားတယ်။ suicide လုပ်တာကို do လို့တောင် မသုံးကြဘူး။ commit တဲ့။”
ကျန်ရစ်သူတွေက အခွင့်ကြုံတိုင်း သူ့ကို အရှုံးသမားတယောက်လို ပြော ပြော နေကြမှာကိုတော့ သူမလိုလားဘူး။ သူစိတ်ကူးယဉ်ထားတာက ဒီလို။ သူ့ကိုယ်သူ အဆုံးစီရင်လိုက်ရင်တောင် ဘယ်သူကမှ သူအဆုံးစီရင်သွားမှန်း မရိပ်မိစေရဘူး။ သွေးရိုးသားရိုး accident တခုခုနဲ့ သေသွားတာ လို့ပဲ ထင်ခဲ့စေချင်တယ်။ ဖြစ်နိုင်ရင် စာရေးဆရာ မင်းဆွေ လိုမျိုး ရုတ်တရက်ပျောက်သွားတာမျိုးဆို ပိုသဘောကျတယ်။ မင်းဆွေက ဆေးလိပ်ဝယ်ဖို့ အိမ်ကနေ ထွက်သွားရင်း ပျောက်သွားတာလေ။
သူ ခဏခဏ မက်တဲ့ အိပ်မက်တခုရှိတယ်။ အိမ်ကို…အဘိုးတို့ဆီ အလည် သွားမယ်လို့ ညာပြော။ ပြီးတော့ ကိုယ့်ကို ဘယ်သူမှ မသိတဲ့ ကမ်းခြေမြို့တမြို့ကို တိတ်တိတ်ကလေး သွားပြီး လှေတစီး ငှားမယ်။ အင်း..ငှားတာက မဖြစ်နိုင်လောက်ဘူးထင်တယ်။ စပေါ်ပေးရတာက ကိစ္စမရှိဘူး။ မှတ်ပုံတင်တွေ ဘာတွေ ပြခိုင်းနေရင် ဒုက္ခ။ လှေကို အပိုင်ဝယ်လိုက်တာ အေးတယ်။ ပြီးတော့ ပင်လယ်ထဲကို လှေလေးနဲ့သွား။ ပင်လယ်ထဲရောက်တော့မှ ရေအောက်ကမ္ဘာထဲကို ခုန်ချ။ လှေကလေးကတော့ ဆက်မျောသွားမယ်။
သူ့အမေနဲ့ အဖေကတော့ သတင်းစာမှာ လူပျောက်ကြော်ညာ ထည့်ချင် ထည့်ကြလိမ့်မယ်။ “မောင်မရဏမင်း သည် အဘိုးအဘွားများရှိရာ မကွေးမြို့သို့ အလည်အပတ် သွားရောက်မည်ဟုပြောသွားကာ ပျောက်ဆုံး သွားပါသဖြင့်” …ဘာညာပေါ့။ သြော်… “မရဏမင်း” ဆိုတော့ ဘယ်သူမှ လိုက်ရှာရဲမယ်လို့လည်း မထင်ဘူး။ သူပြုံးရင်းနဲ့ ချရေးလိုက်တယ်။
သေဆုံးခြင်း (ကိုယ့်ကိုယ်ကို သတ်သေခြင်း)
ဆိုးကျိုး (၁)
ကိုယ့်ကိုယ်ကို သတ်သေမှန်းသိသွားရင် အရှုံးသမားလို့ သတ်မှတ်ကြလိမ့်မယ်။
(၁၆)
“ကိုကို”
နေခြည့်ပါးစပ်ဖျားမှာ သူ့နာမည် ပန်းလိုပွင့်ခဲ့တယ်။
“ပြော…နေခြည်”
နေခြည်နဲ့တွေ့တဲ့အချိန်ဆို သူ့ရင်တွေက ညိမ့်ညိမ့်လေး ခုန်လေ့ရှိတယ်။သူ့ရင်ခုန်သံ ညိမ့်ညိမ့်လေးကိုသာ ဂီတအဖြစ် ပြောင်းလဲပေးနိုင်မယ့် converter တခုရှိရင် ခေါင်းလောင်းသံ ချိုချိုလေးတွေ ထွက်မှာပဲ။
“မြတ်နိုးမှု” ဆိုတဲ့ ကျယ်ပြန့်တဲ့ လျှို့ဝှက်ခက်ဆစ်လေးကို ရင်ဘတ်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း စကားပြောနေတဲ့ သူ့ကို နေခြည် ကြည့်တတ်ရင်တော့ မျက်လုံးတွေထဲမှာ လေးနက်တဲ့ အချစ်တွေ တူတူပုန်း နေတာကို တွေ့လိမ့်မယ်။ သူ့ဦးနှောက်ဟာ နေခြည်ဆိုတဲ့ ဖိုင်တွေနဲ့ ပြည့်နေတဲ့ ဖိုဒါပေါ့။
ဖြစ်နိုင်ရင် သူ့ရင်ထဲမှာ နေခြည်အေးအေးလေးနဲ့ ၂၄ နာရီလုံး လင်းချင်တယ်။
နေခြည်ဆိုတဲ့ သတ္တဝါမလေးဟာ သူ့စိတ်ကို နူးညံ့မှုတွေ အသာခြုံလွှမ်းပေးတဲ့ ကဗျာကုန်ကြမ်းလေးပါပဲ။ သူ့ရင်ထဲက အချစ်တွေကို ကဗျာယူနစ်နဲ့သာ တိုင်းမယ်ဆိုရင် အခုဆို ယူနစ် ၂၀ ကျော်နေလောက်ပြီ။
“ကိုကို…နေခြည် သွားတော့မယ်”
နေခြည့်ရဲ့ နှုတ်ဆက်သံလေးက သူ့အတွက် ‘ကဗျာတိုတပိုဒ်ရဲ့အပိတ်’ ဆိုရင် သူ့ကို စိတ်အာဟာရ ပေးလေ့ရှိတဲ့ မျက်နှာလေးကတော့ သူ့အတွက် ‘ကာဗိုဟိုက်ဒရိတ်’ ပေါ့။
ဒါပေမယ့် ကံဆိုးတယ်…သူရော နေခြည်ရော အရမ်း ကံဆိုးတယ်။
အကြောင်းကတော့ နေခြည်ဟာ သူ့မွေးစားညီမလေး ဖြစ်တဲ့အပြင် တဝမ်းကွဲ ညီမလေးမို့လို့ ပါပဲ။ နေခြည့်မိဘတွေက ဟိုးငယ်ငယ်လေးကတည်းက ဆုံးသွားလို့ သူ့အဖေနဲ့ အမေက မွေးစားထားတာ။
ဒါပေမယ့် သူ နေခြည်အပေါ် ထားတဲ့ အချစ်က ၅၂၈ မကပေမယ့် ၁၅၀၀ မီးတောက် အစစ်ကြီး မဟုတ်တာတော့ သေချာ ပါတယ်။ သူ့ရဲ့အချစ်ဟာ မြတ်နိုးခြင်းသက်သက်၊ အတူရှိနေလိုခြင်း သက်သက်၊ မေတ္တာနဲ့ မိုးပေးလိုခြင်း သက်သက်၊ တဘဝလုံး မျှဝေခံစားလိုခြင်း သက်သက် ၊ စောင့်ရှောက်ပေးလိုခြင်း သက်သက်တွေ ဆိုတာကို သူ အာမ ခံရဲပါတယ်။ ဒါပေမယ့် နေခြည် တခြားယောကျာ်းလေးတွေနဲ့ စကားပြောနေတာတွေ၊ ပြုံးပြ နှုတ်ဆက် တာမျိုးတွေကို သူမြင်သွားတဲ့အခါမျိုးတွေမှာ ဆိုရင်တော့ သူ့သောကတွေဟာ အနီရောင်ရင့်ပြီးတော့ မီးတောက်တွေလို ပွင့်ဖွာတတ်တယ်။
သူ့စိတ်ထဲမှာ အဲလိုစောက်သုံးမကျတဲ့ မိစ္ဆာသရဲသဘက်ကလေး ငယ်စဉ်ကတည်းက တဖြည်းဖြည်း ကြီးပြင်းလာတာကို သူသတိထားမိလိုက်တဲ့ အချိန်မှာတော့ နောက်ကျသွားပြီ။ အဲဒီ့ သရဲသဘက်လေးကို သူကြိုးစားသတ်ကြည့်ပေမယ့်လည်း သတ်လေလေ မကောင်းဆိုးဝါးကောင် လေးက ကြီးထွားလေလေ။ သူရည်းစားတွေ တယောက်ပြီး တယောက်ထားကြည့်တယ်။ မရဘူး။ နောက်ဆုံးတော့ အဲဒီ့ မင်စာ သရဲသဘက် လေးကို သူသတ်ဖို့ မကြိုးစားတော့ပဲ လက်ပိုက်ကြည့်နေလိုက်ရတော့တယ်။
ဘာပဲဖြစ်ဖြစ် အစပိုင်းမှာတော့ သူ့စိတ်သူ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အင်း…အဲဒါဆိုရင် သိပ်တော့မတိကျဘူး။ တကယ်က သူ့ အချစ်စိတ်တွေကို သူ မထိန်းချုပ်နိုင်ဘူး။ သူထိန်းချုပ်နိုင်တာက ကာယကံရယ်၊ ဝစီကံရယ်ပဲ။ နောက်တော့ နေခြည်က ကျော်ကျော်ဆိုတဲ့ ကောင်လေးနဲ့ ရည်းစားဖြစ်သွားတယ်။ သူအိမ်ကို တိုင်ဖို့ စဉ်းစားလိုက်သေးပေမယ့် နေခြည်ရည်းစားရသွားတာလည်း တမျိုးကောင်းတာပဲလို့ စဉ်းစားမိလို့ မတိုင်ဖြစ်တော့ဘူး။
ဒါပေမယ့် သူ့ရဲ့ မျက်လုံးတွေက နေခြည့်ကို လိမ်တတ်ပုံမရပါဘူး။ သူ့မျက်နှာပေါ်မှာ မကြာခဏ ကြေညာသွားမိတတ်တဲ့ မနာလိုမှု အထောက်အထား တွေရယ်၊ သူ့ ကွန်ပျူတာထဲမှာ သိမ်းထားတဲ့ မြတ်နိုးမှု အထောက်အထား ဓာတ်ပုံတွေရယ်၊ အကြောင်းမရှိ အကြောင်းရှာပြီး နေခြည့်အခန်းထဲ စကားသွားသွားပြီး ပြောသလိုမျိုး သံယောဇဉ်အထောက်အထားတွေရယ်၊ ဂရုစိုက်လွန်မှုတွေရယ်ကြောင့် နေခြည်လည်း တဖြည်းဖြည်းနဲ့ ရိပ်မိလာပြီလို့ သူထင်နေတယ်။
တရက်တော့ နေခြည့်အခန်းထဲကို စကားသွားပြောရင်းနဲ့ နေခြည့်စားပွဲပေါ်မှာ သော့ခတ်ထားနေကျ နေခြည့် ဒိုင်ယာရီစာအုပ်ကလေးကို သော့မခတ်ပဲနဲ့ တွေ့လိုက်ရတယ်။ ညကျတော့ သူ ဘယ်လို စိတ်ရူးပေါက်လာမှန်းမသိဘူး။ အဲဒီ့ ဒိုင်ယာရီစာအုပ်ကို ဖတ်ချင်စိတ် အရမ်းပြင်းပြလာတာနဲ့ နေခြည့်အခန်းဆီ သွားပြီး တံခါးကို အသာလေးဖွင့်ကြည့်လိုက်တယ်။ ဟင်! နေခြည်က ဂျက်ထိုးမထားဘူး။ အခန်းက မှောင်မဲနေတယ်။ သူ အခန်းဝက နေခြည့် စာကြည့်စားပွဲကို ဖြည်းဖြည်းချင်း စမ်းလိုက်တယ်။
“အမလေး။ ကိုကိုရေ…လူ…လူ”
ဟိုက်၊ နေခြည်နိုးသွားပြီ။ နေခြည်က တခုခုဆို သူ့ကိုပဲ တတတ်တယ်။ “ဟ။ နေခြည်…ငါပါဟ။ နင်ကလည်း ဒီအိမ်ထဲကို တခြား ဘယ်သူဝင်လို့ ရမှာတုန်း။ ငါ့စာအုပ် တအုပ်မတွေ့လို့ နင့်စားပွဲပေါ်မှာများ ကျန်ခဲ့သလားလို့ ငါလာရှာတာ”
တအိမ်လုံးနိုးလာပြီး နေခြည့်အခန်းဆီ ရောက်လာကြတယ်။ သူကတော့ စာအုပ်ရှာချင်ယောင် ခဏဆောင်လိုက်ပြီး မေးခွန်းထုတ်သလို မျက်လုံးတွေကို အပြင်ပန်းတည်ငြိမ်မှုနဲ့ ရင်ဆိုင်ပစ်လိုက်တယ်။ ကျန်တဲ့လူတွေ ပြန်အိပ်ပျော် မပျော်တော့ မသိဘူး။ သူ့မျက်လုံးတွေကတော့ နောက်နေ့မနက်လင်းသည် အထိ တညလုံး နိုက်ဂျူတီ ဆင်းလိုက်ရတယ်။ သူ့အခန်းကျဉ်းလေးထဲမှာတော့ အတွေးပျက်အကောင်ပေါက်များ သွေးပျက်ကယောင်ခြောက်ခြားနဲ့ လမ်းသလားလို့။
ညနေက နေခြည့်အခန်းထဲကို သူ ဘာစာအုပ်မှ ယူမသွားခဲ့တာကိုတော့ သူနဲ့နေခြည် နှစ်ယောက်တည်းပဲ သိလိမ့်မယ်။
(၁၇)
ခုဆို သူ့စိတ်ဟာ သော့ခတ်ထားတုန်းပေမယ့်လည်း မလုံခြုံတော့ဘူး။ နေခြည်ကိုလည်း ရင်မဆိုင်ရဲတော့ဘူး ဖြစ်နေတယ်။ သူ့ဖောက်ပြန်နေတဲ့ စိတ်တွေကို အဖေနဲ့ အမေပါ တစွန်းတစ သိများ သိသွားပြီလား။
နောက်ဆုံးတော့…စိတ်အပြောင်းအလဲ ဖြစ်လိုဖြစ်ငြား ရန်ကုန်မှာ သင်တန်းတွေ သွားတက်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဒါပေမယ့် ရန်ကုန်မှာ သူသိပ်မကြာလိုက်ပါဘူး။ အမေဘက်က အဘိုး တောင်ကြီးမှာ ဆေးရုံလာတက်ရင်း ဆုံးသွားတာနဲ့ တောင်ကြီးကို သူခဏဆိုပြီး ပြန်လာခဲ့ရတယ်။ သူကတော့ ကြိုတင် မျှော်လင့်ပြီးသားဖြစ်တာရယ်၊ အဘိုးနောက်ဆုံးအချိန်တွေမှာ မတွေ့လိုက်ရတာရယ်ကြောင့် သိပ်မခံစားရပါဘူး။ နေခြည်ကတော့ တော်တော်နွမ်းနေပုံ ရတယ်။
(၁၈)
“ကိုကို…နေခြည်တို့ ရှုခင်းသာဘက် သွားရအောင်လေ။ ပြီးတော့ ဆိုင်ကယ်လျှောက်စီးရအောင်”
“အင်း၊ ကောင်းသားပဲ”
ရှုခင်းသာထဲက လေထုက သန့်ရှင်းလတ်ဆတ်နေပေမယ့် သူ့ရင်ထဲမှာတော့ ဘာလို့မှန်းမသိ နွမ်းဖတ်နေတယ်။
“နေခြည် …ကျော်ကျော်နဲ့ အခြေအနေရော”
“နေခြည်တို့ ပြတ်သွားကြပြီ ကိုကို”
“သြော်…သူကဖြတ်သွားတာလား”
“မဟုတ်ဘူး။ နေခြည်က ဖြတ်လိုက်တာ”
“ဟင်! ဘာဖြစ်လို့တုန်း”
“နေခြည် အစကတည်းက သူ့ကို တကယ် မချစ်ဘူးကိုကို”
“ဟာ! ဒါဆို အစကတည်းက မတွဲနဲ့ပေါ့။ ဘာလို့ တွဲနေသေးတုန်း”
“အဲဒီ့တုန်းကတော့ ကိုကိုရှိနေတာကိုး”
“ဘာ!!!” နေခြည့်စကားကြောင့် သူ ရှက်လည်းရှက် ဒေါသလည်း အရမ်းထွက်သွားတယ်။
“အဲဒါ ငါနဲ့ ဘာဆိုင်လို့တုန်း။ ငါက အဲလောက်တောင် ကြောက်စရာ ကောင်းနေပြီလား။ ငါ….ငါ….” သူဘာဆက်ပြောရမှန်း မသိတော့ဘူး။ “တောက်!” သူ့ကိုယ်သူ မုန်းတီးမှုနဲ့ သူ တောက်တချက် ခေါက်လိုက်တယ်။
“မဟုတ်ဘူးကိုကို…အဲလို မဟုတ်ဘူး” နေခြည့်မျက်နှာမှာ မျက်ရည်တွေ ရွှဲနေတယ်။ “နေခြည်ပြောချင်တာက နေခြည်” နေခြည့်စကားက ရပ်သွားတယ်။
“နေခြည်… ကိုကိုရေးလက်စ ကဗျာနှစ်ပုဒ်ကို ကိုကို့ ကွန်ပျူတာထဲကနေ ဖတ်ဖူးတယ် ကိုကို။ တပုဒ်က ကိုကို့ စိတ်ပဋိပက္ခတွေ အကြောင်း” နေခြည့်စကားက ရပ်သွားပြန်တယ်။ သူကတော့ စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းရှည် တချက် ချလိုက်တယ်။
“ကိုကို နေခြည့်ကို ချစ်နေတာကို သိလိုက်ရတယ်။ နေခြည်လည်း ကိုကို့ကို ချစ်မိနေပြီ ကိုကို။ ပြီးတော့ ကိုကို့လိုပဲ အပြစ်မကင်းတဲ့ စိတ်တွေ ခံစားနေရတယ်။ ဒါနဲ့ နေခြည်လည်း စိတ်များပြောင်းသွားမလားဆိုပြီး ကိုကျော့်အချစ်ကို လက်ခံလိုက်တာ” နေခြည်က ပြောရင်းနဲ့ ဆက်ငိုနေတုန်းပဲ။
“နေခြည်…မငိုနဲ့တော့လေ”
သူ နေခြည့် ဘယ်လက်လေးကို လှမ်းယူပြီးတော့ တယုတယ ဆုပ်ကိုင်ထားလိုက်တယ်။ ခဏနေတော့ နေခြည်က သူ့နားတိုးလာပြီးတော့ ခေါင်းလေးကို သူ့ပုခုံးပေါ် မီလိုက်တယ်။
(၁၉)
ဟား! သွားပြီ။
သူအမှတ်တမဲ့နဲ့ ခေါင်းကို ဘယ်ဘက်ကို လှည့်ပြီး ကြည့်လိုက်မိတော့ ဒေါက်တာ ဦးစံလွင်တို့။ နေခြည်ကတော့ မမြင်ဘူး။ သူကြည့်လိုက်တဲ့ အခါမှာ ဒေါက်တာ ဦးစံလွင်တို့က မျက်နှာလွှဲသွားကြတယ်။ သြော်…မြင်ပြီးမှတော့လည်း မထူးတော့ပါဘူး။
“နေခြည်…ကိုကိုတို့ သွားရအောင်လေ”
“ကိုကို…နေခြည် စုဠာမုဏိ ဘုရားသွားချင်တယ်။ ဘုရား သွားပြီး ဆုတောင်း ရအောင်နော်”
“အင်း…ကောင်းသားပဲ” သူကတော့ လောလောဆယ် ဒေါက်တာ ဦးစံလွင်တို့ သူနဲ့ နေခြည့်ကို မြင်သွားလို့ စိတ်ရှုပ်နေတယ်။ ပန်းခြံထဲကနေ အမြန်ခွာရရင် ပြီးရော။
(၂၀)
ဆိုင်ကယ်က ဘုရားဆီ ဦးတည်သွားနေပေမယ့် သူ့စိတ်ကတော့ အကုသိုလ်တွေ ပေါ်မှာ ကျက်စားနေတယ်။
“ဒီနေ့ အဖြစ်အပျက်တွေက မြန်လွန်းတယ်။ နေခြည်ကလည်း ငါ့ကို ချစ်သတဲ့။ ငါအကြီးအကျယ် မှားခဲ့ပြီထင်တယ်။ နေခြည့်ကို သွေးဆောင် ဖျားယောင်းခဲ့သလိုများ ဖြစ်ခဲ့ပြီလား။ တကယ်ဆို ငါက အကြီးပဲ။ အစစ အရာရာ ဆင်ခြင်သင့်တာပေါ့။ နေခြည်လေးလည်း စိတ်ပဋိပက္ခ ခံစားနေရ ရှာမှာပဲ။ ငါတို့ မောင်နှမ နှစ်ယောက်ရဲ့ မေတ္တာကို… လူမဆန်စွာ စိတ်ဖောက်ပြန်မှုလို့ ခေါ်သင့်သလား။ ရှေးတုန်းကတော့ လူတွေတင် မကဘူး၊ ဂရိ ဒဏ္ဍာရီထဲက နတ်ဘုရားတွေ၊ နတ်ဘုရားမ တွေတောင် မောင်နှမ အချင်းချင်း လက်ထပ်ခဲ့ကြ သတဲ့။ သိဒ္ဓတ္ထမင်းသားရဲ့ အဖေတူ အမေကွဲ ညီတော် နန္ဒမင်းသားလေးနဲ့ သူ့ရဲ့ ကြင်ယာတော် ဇနပဒ ကလျာဏီဆိုလည်း မောင်နှမတွေ ပါပဲ။ အဲဒါတွေက ရှေးတုန်းက မို့လို့ဆိုရင် ဓမ္မတို့ အဓမ္မတို့ ဆိုတာတွေဟာ ခေတ်တွေ၊ ကာလဒေသတွေရဲ့ ပြဌာန်းသတ်မှတ်ချက် သက်သက်ပဲလား။ အမှန်အမှား ဆုံးဖြတ်တာမှာ ဘာလို့ ပေတံတွေအမျိုးမျိုး ရှိနေကြတာလဲ။ တကယ်တော့ လောကကြီးမှာ ဘောင်ဝင်ခြင်း မဝင်ခြင်းကသာ အဓိက ကျနေတယ် ထင်တယ်။ ၂၀ ရာစုရဲ့ အကြီးကျယ်ဆုံး သိပ္ပံပညာရှင် အိုင်းစတိုင်းရဲ့ ဒုတိယဇနီးဟာ အမေဘက်ကကြည့်ရင် အိုင်းစတိုင်းနဲ့ တဝမ်းကွဲ မောင်နှမ တော်စပ်တဲ့အပြင် အဖေဘက်က ကြည့်ရင်ပါ နှစ်ဝမ်းကွဲ ထပ်ပြီး တော်စပ်လိုက်သေး သတဲ့။ ဒီဘက်ခေတ်မှာလည်း တချို့ နိုင်ငံ တချို့ဒေသတွေမှာ မောင်နှမ ဝမ်းကွဲချင်း လက်ထပ်နေကြတုန်းပဲ မို့လား။ ခု…သူနဲ့ နေခြည်က လက်ထပ်ဖို့လည်း ရည်ရွယ်တာ မဟုတ်ပါဘူး။ တယောက်နဲ့ တယောက် ပြင်းထန်တဲ့ သံယောဇဉ်နဲ့ ချည်နှောင်သွားမိရုံလေးပါ။ မျိုးရိုးဗီဇ ပညာရှင်တွေကတော့ ဆွေမျိုးချင်း လက်မထပ်သင့်ဘူးတဲ့။ အင်း။ ဟုတ်မှာပါ။ နောက်ဆုံးတော့ ကာလဒေသနဲ့ အံဝင်အောင် မနေနိုင်တဲ့ ငါ့ရဲ့ ဖောက်ပြန်နေတဲ့ စိတ်ကိုပဲ အပြစ်တင်ရတော့မှာပဲ။ ဒေါက်တာဦးစံလွင်တို့ကတော့ မြင်သွားပြီ။ အဖေနဲ့ အမေကို သူတို့ သွားများပြောနေမလား”
“ကိုကို…ဖြည်းဖြည်းမောင်းပါ။ နေခြည်…”
နေခြည့်စကားတောင် မဆုံးသေးဘူး။
“ဝုန်း”
လမ်းကြားထဲက အရှိန်နဲ့ ထွက်လာတဲ့ ဆိုင်ကယ်က သူတို့ဆိုင်ကယ်ကို ဝင်တိုက်လို့ ဆိုင်ကယ်ရော နေခြည်ရော သူပါ လွင့်စင်သွားတော့တယ်။
(၂၁)
နေခြည်သေသွားရတာ သူ့ကြောင့်လည်း ပါတယ် ဆိုတဲ့ အစွဲက သူ့စိတ်ကို ဖိစီးနေတယ်။ တကယ်ဆို
သူ ခုလို အဓိပ္ပါယ်မရှိ တဲ့ ကောင်းကျိုးဆိုးကျိုး တွက်ချက်မှုတွေ လုပ်နေစရာတောင် မလိုပါဘူး။ နေခြည် သေသွားတာ တချက်တည်းနဲ့ တင် သူ့ကိုယ်သူ ခွင့်မလွှတ်သင့်ဘူးလို့လည်း တွေးနေမိတယ်။ အခု သူ့ရင်ထဲမှာ ဝေဒနာမျိုးစုံနဲ့ ပူလောင်နေတယ်။ အရပ်ရှစ်မျက်နှာမှာလည်း ဝေဒနာ မီးတောက်တွေ…သောက မီးတောက်တွေ။ သူ့ကိုယ်ခန္ဓာပါ ပူလောင်သလို ရှိလာတာမို့ သူမျက်လုံးတွေကို ဖွင့်ကြည့်လိုက်တယ်။
“ဟင်! ငါဘယ်ရောက် နေတာပါလိမ့်။” သူမျက်လုံးတွေကို ထပ်ကစား ကြည့်လိုက်တယ်။ ဟာ! ဟိုမှာ…မီး..မီးတွေ!… သေချင်နေတဲ့ လူမိုက်တယောက်အတွက် ဘုရားသခင်က ရေကန်အသင့် ကြာအသင့် ဖန်တီးပေးလိုက်တာလား။ သူ့အကုသိုလ်တွေကို မျက်စေ့ဒေါက်ထောက်ကြည့်နေပုံရတဲ့ ကံကြမ္မာကပဲ ပထမပွဲမှာ အလဲမထိုးလိုက်နိုင်လို့ အညှိုးအတေးနဲ့ အကွက်ဆင် ဖန်တီးပေးလိုက်တာလား။ တကယ်ဆို သူအလိုရှိနေတဲ့ ဘုရားသခင်က မီးတောက်တွေအသွင်နဲ့ သူ့ကို ကူညီဖို့လာပြီလေ။ သူမီးတောက်တွေနဲ့ ရင်းရင်းနှီးနှီး မိတ်ဆွေ ဖွဲ့လိုက်သင့်တာပေါ့။
ဒါပေမယ့် မီးလောင်ပြီး သေရတာဟာ ဆိုးတယ်လို့ သူထင်လို့လား။ ဒါမှမဟုတ် မီးလောင်ပြီးပဲ အသားကင် တကောင်လို သေသေ၊ ဆိုင်ကယ်မှောက်ပြီးပဲ သွေးသံရဲရဲနဲ့ အသားတစ် တခုလို သေသေ၊ ရေနစ်လို့ ဖောယောင် ပုပ်ပွပြီးပဲ သေသေ၊ သတ္တဝါတွေဟာ သူခံနိုင်တဲ့ နာခြင်းအဆင့်တခုကို လွန်သွားရင် သတိလွတ်မေ့မျောသွားမှာမို့ တခုနဲ့ တခု ဝေဒနာ ခံစားရမှုချင်း သိပ်မကွာဘူးဆိုတာကို သူမယုံကြည်လို့လား။ ဒါမှမဟုတ် မွေးရာပါ ရှင်သန်လိုစိတ် ကြောင့်ပဲလား။
သူအခန်းထဲကနေ ပြေးထွက်ဖို့ ပြင်လိုက်တယ်။ အိုး…သူ့ ခြေထောက်တွေက လှုပ်လို့ မရတော့ဘူး။ ဒါနဲ့ သူကျုံးအော်လိုက်တယ်။ “မီးဗျို့…မီး…မီး” “ကယ်ကြပါဦးဗျို့”
“မီး” လို့ အော်သံကြားတာနဲ့ ဒေါ်မြတ်မြတ်မင်းက အခန်းဆီကို အပြေးအလွှား ရောက်လာတယ်။
“သား…မာနမင်း…မီးက…မီးက ဘယ်မှာတုန်း” အခန်းထဲမှာတော့ မီးဆိုလို့ ဖယောင်းတိုင် မီးတခုပဲ ရှိတယ်။
“မီး…မီး…အမေ…မီး” မာနမင်းကတော့ ထိတ်လန့်တကြား ရေရွတ်နေတုန်း။
မာနမင်းရဲ့ အော်သံကြောင့် ဘေးအိမ်က လူတချို့ပါ ရောက်လာကြတယ်။
“သားလေး နေမကောင်းလို့ အိပ်မက်ယောင်ပြီး အော်နေတာပါ။ မီးလောင်တာ မဟုတ်ပါဘူးရှင်”
ဒေါ်မြတ်မြတ်မင်းက ဒိုင်ယာဇီပင် တလုံးယူပြီး မာနမင်းကို တိုက်လိုက်တယ်။
ဒီလိုနဲ့ မရဏမင်း တဖြစ်လဲ မာနမင်းဟာ အိပ်ပျော်သွားတော့တယ်။
အိပ်မက်ထဲမှာတော့ မာနမင်းဟာ သူမရောက်ဖူးတဲ့ မြို့လေးမှာ လှေတစင်းကိုဝယ်….သြော်..ပင်လယ်ဆီကို သွားဖို့။
ကောင်းကင်ကို
(10 Feb 2011)
download link http://www.mediafire.com/view/?gjela5a85gkqzm2
Monday, January 31, 2011
ငါ့လှေငါလှော် နေပြည်တော်ရောက်ရောက်
တိုင်ထိပ်က…
ရုန်းရင်းကန်ရင်း ပျံနေရတဲ့အလံမှာ
စစ်ဖိနပ်ရာ ထင်နေတယ်။
လိပ်ပြာဖြစ်နိုင်သူများလည်း
ပိုးတုံးလုံးဘဝနဲ့ ရေတိမ်နစ်ခဲ့။
လွတ်လပ်ခွင့်လား
ဖိနပ်ချွတ်နားအထိတော့
ပေါလစ်တိုက်ပေးမယ့်သူတွေအဖြစ်
ခေါင်းငုံ့ဝင်ခွင့်ပေးပါလိမ့်မယ်။
စည်းပေါ်မှာတော့
ဥပဒေမျက်နှာဖုံးနဲ့
ဆာလောင်နေတဲ့ ဓားတုံးတုံးတွေက
ကျွံထွက်လာမယ့် လက်တွေဆို ဖြတ်ဖို့အသင့်။
လက်ပူတိုက်အမတ်တယောက်ကတော့
နောက်ပြန်လဲတော့မယ့် အနေအထားကိုတောင်
ရင်ကော့နေဟန်ဆောင်ပြီး
ထုံးစံအတိုင်း အော်လိုက်တယ်
ငါ့လှေငါလှော် နေပြည်တော်ရောက်ရောက်တဲ့
ခရီးသည်တွေရဲ့ ဘဝကိုတော့မေ့နေတယ်။
စိတ်ဝင်စားဖို့တော့ ကောင်းတယ်
ပြိုကျပြီးသားအရာကို
ဘယ်လိုထပ်ပြီးဖြိုချမလဲ။
စိတ်နာဖို့လည်းကောင်းတယ်။
အငိုဝပြီးသားလူတွေ
ဘယ်လိုထပ်ပြီးငိုရမလဲ။
ကောင်းကင်ကို
ရုန်းရင်းကန်ရင်း ပျံနေရတဲ့အလံမှာ
စစ်ဖိနပ်ရာ ထင်နေတယ်။
လိပ်ပြာဖြစ်နိုင်သူများလည်း
ပိုးတုံးလုံးဘဝနဲ့ ရေတိမ်နစ်ခဲ့။
လွတ်လပ်ခွင့်လား
ဖိနပ်ချွတ်နားအထိတော့
ပေါလစ်တိုက်ပေးမယ့်သူတွေအဖြစ်
ခေါင်းငုံ့ဝင်ခွင့်ပေးပါလိမ့်မယ်။
စည်းပေါ်မှာတော့
ဥပဒေမျက်နှာဖုံးနဲ့
ဆာလောင်နေတဲ့ ဓားတုံးတုံးတွေက
ကျွံထွက်လာမယ့် လက်တွေဆို ဖြတ်ဖို့အသင့်။
လက်ပူတိုက်အမတ်တယောက်ကတော့
နောက်ပြန်လဲတော့မယ့် အနေအထားကိုတောင်
ရင်ကော့နေဟန်ဆောင်ပြီး
ထုံးစံအတိုင်း အော်လိုက်တယ်
ငါ့လှေငါလှော် နေပြည်တော်ရောက်ရောက်တဲ့
ခရီးသည်တွေရဲ့ ဘဝကိုတော့မေ့နေတယ်။
စိတ်ဝင်စားဖို့တော့ ကောင်းတယ်
ပြိုကျပြီးသားအရာကို
ဘယ်လိုထပ်ပြီးဖြိုချမလဲ။
စိတ်နာဖို့လည်းကောင်းတယ်။
အငိုဝပြီးသားလူတွေ
ဘယ်လိုထပ်ပြီးငိုရမလဲ။
ကောင်းကင်ကို
Monday, January 24, 2011
ခေတ်ကဆွဲဖွင့်လိုက်တဲ့ အလှ
အခု ငါဖတ်နေတဲ့ ကဗျာက
စကတ် တိုတိုလေးနဲ့။
ငါလည်း
သွေးနဲ့ကိုယ် သားနဲ့ကိုယ်ပဲ
ကိုင်ထားတဲ့ သစ်သားမီးခြစ်က မီးတောက်
ငါ့လက်ကိုလာမဟပ်မီအထိ
ယဉ်ယဉ်ကျေးကျေး ငေးကြည့်မိတယ်။
အဲဒီ့အချိန်မှာ
ငါ့မျက်နှာပေါ်မှာဖုံးထားတဲ့ ငါ့မျက်နှာ
ဖုံးမရဖိမရ ကွာကျသွားလို့
ဝါကျနှစ်ကြောင်းတွေ့လိမ့်မယ်။
‘အပျော်ဖတ်’ ဆိုရင် မကြိုက်ဘူး
‘အပြတ်ဖော်’ ရင်တော့ ကြိုက်တယ်။
ဒီအချိန်မှာ ယဉ်ကျေးမှု အကြောင်း လာမပြောပါနဲ့
ယဉ်ကျေးမှုဆိုတာ ရှုထောင့်တခုပါပဲ
တချို့က အရေပြားတထောက်စာ နီတိနဲ့ ပြောကြတယ်
လုပ်ချင်တာလုပ်…အမြင်မရိုင်းစေနဲ့တဲ့။
တကယ်တော့
အပေါ်ယံယဉ်ကျေးမှုဆိုတာ
အကုသိုလ်ဆန်ပြီးသား လူ့သဘာဝမှာ
ဟန်ဆောင်မှုတခု ထပ်တိုးလိုက်တာပဲ ရှိတယ်။
ရေးသူနဲ့ ဖတ်သူ
ကြည်ဖြူနေသမျှ
လောကီမှာ ဓမ္မ ပါပဲ။
ရေစီးကြောင်းကို ဓားနဲ့ ပိုင်းဖို့ပြောတဲ့
လူကြီးမင်းတို့ကို
တခုတော့ မေးချင်တယ်။
ခေတ်က ဆွဲဖွင့်လိုက်တဲ့အလှကို
မခံစားဖူးတဲ့သူ ဘယ်သူရှိလို့လဲ။

Subscribe to:
Posts (Atom)