Thursday, September 5, 2013

မျိုးချစ်ကြီးများ နှစ်ခြမ်းကွဲခြင်း

င်လယ်နီကြီး နှစ်ခြမ်းကွဲခဲ့ မကွဲခဲ့ ဆိုတာတော့ ကျနော်မသိ။ မြန်မာပြည်က မျိုးချစ်ကြီးတွေတော့ နှစ်ခြမ်း ကွဲခဲ့ပါတယ်။

နန်းခင်ဇေယျာ အရေးတွေ၊ ခင်ဝင့်ဝါ အရေးတွေမှာပေါ့။

ဘယ်လိုနှစ်ခြမ်းကွဲကြသလဲ?

***

(၁)  “ဟာ…မြန်မာမ မဟုတ်တဲ့ အတိုင်းပဲ။ လူမျိုး ဂုဏ်သိက္ခာကို ဖျက်ဆီးနေတယ်။ အရှက်မရှိတဲ့ ဟာမတွေ” လို့ လူတိုင်း အလွတ်ရနေတဲ့ စကားလုံးတွေနဲ့ မျိုးချစ်ပြမှာက တစု

(၂) “မြန်မာကို ကမ္ဘာက သိဖို့ “ဗုတ်” ကြပါ။ မြန်မာမယ် နိုင်သွားလို့ နိုင်ငံ့ ဂုဏ်သိက္ခာ တက်လာရင် မြန်မာ passport ကိုင်ရတာ မျက်နှာငယ်စရာ မလိုတော့ဘူးပေါ့။ မြန်မာမယ် သာလျှင် ဆုနဲ့ အထိုက်တန်ဆုံး” ဆိုပြီး ဇွတ်ချစ်ပြမှာက တစ်စု။ (သူတို့ စိတ်ကူးယဉ်သလို ဖြစ်ရင်တော့ အကောင်းသား။ ဒါဆို မလေးတို့ ထိုင်းတို့က မြန်မာတွေ မျက်နှာမငယ်ရတော့ဘူးပေါ့။ ဒါပေမဲ့လည်း ဗုတ် ပွဲတွေမှာ မြန်မာတွေ ဗိုလ်စွဲခဲ့တာ တစ်ကြိမ် မကတော့ပါဘူး)

ဘာပဲဖြစ်ဖြစ်လေ….အဲဒီ့ နှစ်ခုထဲက တစ်ခုကို ရွေးရမယ် ဆိုရင်တော့ ဒုတိယ တစ်ခုကို လက်မထောင် ပေးပါမယ်။ အပြုသဘော ဆောင်သလို ရှိလို့လေ။ အဲ….အာဖရိကန်မယ်တွေကို “မည်းမည်းသည်းသည်း အခွက်တွေနဲ့ မယ်ဝင်ပြိုင်နေသေးတယ်” ဆိုပြီး နင်ပဲငဆ အပုပ်မချကြဘူး ဆိုရင်ပေါ့။


ကောင်းကင်ကို (စက်တင်ဘာ ၅၊ ၂၀၁၃)

3 comments:

မျှားပြာ said...

ကဗျာလေးတစ်ပုဒ်လောက်တော့ ရေးပါလား အစ်ကိုရ

ဝိမွန် said...

မှန်လိုက်လေ ကောင်းကင်ကို။ တခြားသူတွေကို လွယ်လွယ် အပုပ်ချတတ်တဲ့ ၊ လွယ်လွယ်အထင် သေးတတ်တဲ့သူတွေ ဆင်ခြင်နိုင်ပါစေ။

သိ င်္ဂါ ရ said...

Blog Day နှင့် အတူ ပြန်လည် လှုပ်ရှားသက်ဝင်လာသော Blogging Sphere အတွက် ... ဆရာ ကောင်း" ၏ ကဗျာ ကောင်းကောင်း များ အား မျှော်လင့်လျက် ... :)