Saturday, January 21, 2012

ဘက်လိုက်ခြင်း

သူပြောတာ ကိုယ်နားမလည်ရင် ပြောတဲ့လူ presentation ညံ့တာ၊ ကိုယ်ပြောတာ သူနားမလည်ရင် အဲဒီ့လူ ဒုံးဝေးတာ…

သူဆော်လို့ ကိုယ်ပြန်ဆော်ရင် မဟုတ်မခံတာ၊ ကိုယ်ဆော်လို့ သူပြန်ဆော်ရင် အာဃာတ ထားတာ…

သူများအယူအဆကို ကိုယ်က အဆိုးမြင်ရင်တောင် ဒါ ဝေဖန်ရေးလုပ်တာ၊ ကိုယ့်အယူအဆကို သူများက ဝေဖန်ရင်တော့ အဲဒါ အဆိုးမြင်တာ…

သူများနယ်ပယ်ကို ကိုယ့်ဘက်က ကျူးကျော်သိမ်းပိုက်တော့ နိုင်ငံတော်ကို တည်ထောင်သူ၊ ကိုယ့်နယ်ပယ်ကို သူများက ကျူးကျော်သိမ်းပိုက်တော့ နယ်ချဲ့…

ဘုရင်တွေ လူမျိုးခြားနဲ့ ယူရင် ချစ်ကြည်ရေး၊ သာမန်လူတွေ လူမျိုးခြားနဲ့ ယူရင် မျိုးဖျက်တဲ့သူ…

သူများ ဘာသာဝင်တွေ စည်းရုံးလာရင် သိမ်းသွင်း ဖြားယောင်းတာ၊ ကိုယ့်ဘာသာဝင်တွေက သွားစည်းရုံးရင် သာသနာပြုတာ…

ရဟန်းရုပ်တု နေရာရွေ့သွားတာကျ ဈာန်ကြွတာတဲ့။ လူ့ဓာတ်ပုံ နေရာရွေ့တာကျ သရဲခြောက်တာလို့ ပြောကြတယ်။

(ကောင်းကင်ကို)

8 comments:

Ko Chit said...

မှန်လွန်းလို့ အရင်လို ရီတောင် မရီနိုင်တော့ဘူး ။ :-(

စာချစ်သူ said...

ဟား ဟား ဟား... ပြောစရာမကျန်တော့ဘူး။ အရမ်ေးကာင်းတယ်..။

mstint said...

အတ္တသားကောင်တို့မင်းမူရာ
လူတို့ဘောင်မှာ 'ဘက်လိုက်ခြင်း' ဆိုတာ
မပျောက်မပျက်တည်တံ့နေအုံးမယ်ထင်ပါရဲ့နော်။
ရေးထားတာလေးတွေကောင်းမှကောင်း။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Dream said...

လူကြီးမှားရင် ဆောရီး ၊ ကလေးမှားရင် ဗျောတီး ဟိဟိ .... :))

ကြိုက်တယ် မိတယ် :))


လေးစားစွာဖြင့် ,
မက်မက်

Anonymous said...

ကိုကောင်းကင်ကိုရဲ့ ကဗျာတွေ စာတွေကိုကြိုက်နှစ်သက်ပါတယ်..

actup said...

like like!100000like....

Avraham Noah said...

အော်..sidebar က မက်ဆေ့ ကောင်းကင်ကိုရဲ့ မူပိုင်ထင်တယ်ဗျာ။ ကျုပ် က ဖေ့ဘွတ်ပေါ်မှာ status တွေ့တာနဲ့ ကြိုက်လို့ ယူသုံးလိုက်တာ.။ sorry ဗျာ..ဘယ်လို လုပ်ပေးရမလဲ.။
ဖျက်ပေးရမလားခင်ဗျာ..။ အောက် က sign ကော်ပီရိုက်ထည့်ပေးရမလား ခင်ဗျာ..

ကောင်းကင်ကို said...

ဟုတ်ကဲ့။
နာမည်ထည့်ပေးရင် ရပါတယ်ခင်ဗျ။
ကျေးဇူးနော်။