(၁)
ဒီစာမှာ ပေးချင်တဲ့ သင်ခန်းစာက… ဂိုက်ပေးရဲ ဖို့နဲ့ မိုက်ကြေးခွဲ ဖို့ပဲ။
လူလိမ္မာဖြစ်ခဲ့တာကို နောင်တရနေတယ်။ ခုလိုမျိုးကျတော့…လူလိမ္မာဆိုတဲ့ နာမည်ကောင်းလေးက လွဲလို့ ဘာများ ကျေနပ်စရာ ကောင်းခဲ့လို့လဲ။ တခြားရနိုင်တဲ့ အခွင့်အရေးတွေ အားလုံးကို နာမည်ကောင်းလေးတလုံးနဲ့ လဲခဲ့လိုက်ရသလို ဖြစ်သွားတယ်။ ဒါကြောင့်လည်း မင်္ဂလာဦး ကာလတွေမှာ ကိုယ့်ဇနီးတွေ ကိုယ့်ခင်ပွန်း တွေကို ရင့်ပြဖို့ ဦးချိုးထားဖို့ အကြံပေးကြတာ ဖြစ်မယ်။
(၂)
ဒါနဲ့ စကားမစပ်…မြေကွက်တို့၊ စီးပွါးရေး လုပ်ကွက်တို့ လိုချင်ပါသလား။ မပူပါနဲ့။ အကျွန်ုပ် နည်းပေးအံ့။
ခင်ဗျား အရင်ဆုံး လုပ်ရမှာက မိုက်ပြလိုက်ဖို့ပဲ။ တောဖြစ်ဖြစ် ခိုလိုက်။ အမျိုးသား တန်းတူရေး အတွက်ပဲ ခိုခို၊ အမျိုးသမီး တန်းတူရေး အတွက်ပဲ ခိုခို… ပြန်ဝင်လာပြီ ဆိုတာနဲ့ ခင်ဗျား ‘ရ’ တော့မယ်။ ခင်ဗျား ကြီးကြီးကျယ်ကျယ် လျှောက်ပြီး ကြွေးကြော်ခဲ့တာတွေ ရတာမျိုးတော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့။ ဘာပဲဖြစ်ဖြစ် ခင်ဗျား ကြိတ်ပြီးလိုချင်နေတာလေးတွေ ရရင် မနိပ်ဘူးလား။
(၃)
ခင်ဗျားရဲ့ အပြစ်ကတော့ အရင်တုန်းက ကောင်းကောင်းနေခဲ့ ခြင်းပဲ။ ခင်ဗျားက ကောင်းပြီးသားဆိုတော့ ထပ်ကောင်းစရာ မရှိတော့ဘူးလေ။ တနည်းအားဖြင့် တိုးတက်မှုတွေ သိပ်မရှိနိုင်တော့ဘူး။ အရင်တုန်းက ဘက်စုံဆိုးခဲ့တဲ့သူဆိုရင်တော့ ကောင်းပြစရာ နေရာလွတ်တွေ အများကြီးပဲ။ များများဆိုးထားလေလေ လုပ်ပြစရာတွေ များများရှိလေပဲ။ ခြိုးခြိုးခြံခြံ နဲ့ လိုတဲ့အချိန်မှာ လိုသလို တခုချင်း စိမ်ပြေနပြေ တိုးတက် ပြလို့ ရတယ်။
(၄)
အရင်တုန်းက ငြိမ်ငြိမ်လေး နေခဲ့တဲ့ သူဆိုရင်တော့ ခုမှ အသံလေး နည်းနည်း ထွက်လာပြီး ကလန်ကဆန်လုပ်မိရင် နှစ်မြို့ကြမှာ မဟုတ်တော့ဘူး။ သူ့ဘာသာသူ အဆင်ပြေနေတာကို နှောင့်ယှက်တဲ့သူ ဖြစ်သွားလိမ့်မယ်။ တခြား တဘက်မှာတော့ ဆိုးခဲ့တဲ့သူက နည်းနည်းလောက် ပမာဏ လျှော့ပေးလိုက်ပြီး ဆက်ဆိုးနေဦးမယ် ဆိုရင်တောင် ပြုပြင်ပြောင်းလဲရေး သမားဆိုပြီး နာမည်ကောင်းရစရာ ရှိတယ်။ ကံကောင်းရင် ဆုတွေ ဘာတွေလည်း ရနိုင်တယ်။ Person of the Year တို့ ဘာတို့တောင် ဖြစ်နိုင်တယ်။
(၅)
‘လူလိမ္မာ သမာပတ်’ ဝင်စားနေရင်တော့ ဘာအခွင့်အရေးမှ ရမှာ မဟုတ်ဘူး။ ဆိုးပြနိုင်မှ အပေးအယူတွေ အခွင့်အရေးတွေနဲ့ ချော့ကြမှာမို့ သင်ခန်းစာ ယူသင့်တယ်။
(၆)
ဒီစာမှာ ယူရမယ့် သင်ခန်းစာက… ဂိုက်ပေးရဲ ဖို့နဲ့ မိုက်ကြေးခွဲ ဖို့ပဲ။
Wednesday, January 11, 2012
Subscribe to:
Post Comments (Atom)
6 comments:
Ha ha... Good post!
nice post bro :D
အင်းးးးးးး
အပေးအယူတွေ အခွင့်အရေးတွေ
ရေးတတ်၏
ကဲ မိုက်လိုက်ကြစို့ရဲ့ဗျာ...:P
‘လူလိမ္မာ သမာပတ်’ ဝင်စားနေရင်တော့
ဘာအခွင့်အရေးမှ ရမှာ မဟုတ်ဘူး။
ဆိုပေမယ့်. လူလိမ္မာ သမက်..တစ်ယောက်ရရင်
တော့..မဆီုးဘူး ကိုကသုံးလုံးရ..
စကားမစပ်.ကျွန်တော်က အင်မတန် လိမ္မာတဲ့ကောင်ဗျး)
ဒါနဲ့ အကို ကျွန်တော် ယောက္ခမ တစ်ယောက်
လောက်ရှာပေးပါ့လား.. ဟီးး
..ကိုကသုံးလုံး..ကဗျာ တွေမရေးတာ ကြာပြီနော်
မျှော်နေတယ်ဗျာ..
.. ခင်မင်လေးစားလျှက်
(ဒုတိယ)
.
love it bro...especially paragraph 3 ha ha
Post a Comment