Wednesday, November 30, 2011

မြန်မာဝီကီထဲက paradox

"ဘာသာမဲ့ ဘာသာ" တဲ့။ မြန်မာ ဝီကီမှာ ဖတ်လိုက်ရတဲ့ paradox....

အောက်ကစာကတော့ မြန်မာဝီကီကဟာကို မူရင်းအတိုင်း ကော်ပီလုပ်ထားတာပါ။

[[[ဘာသာမဲ့ဘာသာ၏ အယူဝါဒမှာ ဘုရားမဲ့၊ တရားမဲ့၊ သံဃာမဲ့၊ ဘာသာမဲ့၊ ရုပ်ဝါဒီ သိပံသုတေသီတို့၏ အဆိုအမိန့်များကို လက်ခံလိုက်နာကျင့်သုံး၏။ ထိုရုပ်ဝါဒီ သိပံသုတေသီဆိုသူများကိုပင် အမှန်တရား ဖော်ထုတ်နိုင်စွမ်းရှိသော အာဇာနည် သူရဲကောင်းများ အဖြစ် ယုံကြည် သတ်မှတ် ဆည်းကပ် ကိုးကွယ်၏။ ဘာသာမဲ့ဘာသာ၏ အဓိကအားနည်းချက်မှာ တစ်ခေတ်တစ်ချိန်က အမှန်တရားအဖြစ် အတိအလင်း ထုတ်ဖော်ထားသော “သီအိုရီ” တစ်ခုသည် နောင် တစ်ခေတ် နောင် တစ်ချိန်တွင် အမှားအဖြစ် အတိအလင်းပင် ၀န်ခံကြရ ပြန်ခြင်း ဖြစ်၏။ (3) ]]]

.....................................................

ရည်ညွှန်းထားတဲ့ အဆိုတွေက တဘက်သတ် အဆိုတွေ ချည်းပါပဲ။

“နောင် တစ်ခေတ် နောင် တစ်ချိန်တွင် အမှားအဖြစ် အတိအလင်းပင် ၀န်ခံကြရ ပြန်ခြင်း ဖြစ်၏” တဲ့။

တကယ်တော့ အဲလို ဝန်ခံမှု ဆိုတာ သိပ္ပံရဲ့ အလှတရားနဲ့ ရိုးသားမှု ဆိုတာကို မသိကြတာ။ ကိုပါးနီးကပ်စ်ရဲ့ သီအိုရီ ကိုသာ ဘုရားဟောတခုလို ပုံအပ်ပြီး ကိုးကွယ်လိုက်ကြရင် Newton ရဲ့ သီအိုရီတွေ Einstein ရဲ့ သီအိုရီတွေ ပေါ်လာနိုင်စရာ အကြောင်းမရှိပါဘူး။

မပြည့်စုံသေးတာကို မပြည့်စုံသေးဘူးလို့ ဝန်ခံတဲ့ စနစ်နဲ့ အားလုံးမှန်ပြီ၊ ပြင်စရာ မလိုတော့ဘူး ဆိုတဲ့ စနစ်တွေမှာ ဘယ်ဟာက ပိုရိုးသားပါသလဲ? မသိသေးတာတွေကို မသိကိန်းတွေ အဖြစ် ထားလိုက်တာကိုက သိပ္ပံရဲ့ အလှပါ။ အတိတ်က အယူအဆတွေက မပြင်ရကြေး ဆိုရင် အခုချိန်ထိ.... နေလုံးကြီးခမျာ... ကမ္ဘာကို လှည့်ပတ်နေရတုန်းပဲ ရှိမှာ။ အဲလိုဆိုရင်တော့ …..ကျနော့်မျက်လုံးထဲမှာ မြင်မိတာက ကျနော်တို့ (အားလုံးနီးပါး) မီးကို ကိုးကွယ်ပူဇော်နေတဲ့ ပုံရိပ်တွေ။

ကောင်းကင်ကို

5 comments:

ဝေလင်း said...

မှန်ပါ့

Anonymous said...

ယ္ခုအချိန်ထိသဘာဝလောကကြီးတစ်ခုလုံးနဲ့ပတ်သက်တဲ့"လုံးဝအမှန်တရားအစစ်"ကိုကိုယ်ပိုင်ဥာဏ်နဲ့ရှာဖွေနိုင်ခဲ့တဲ့သူဟာ "ဗုဒ္ဓ" မှတပါးအခြားမည်သူမှမရှိသေးပါ။ဗုဒ္ဓဘာသာမဟုတ်ခဲ့ရင်တောင်မှ၊မြန်မာတစ်ယောက်အနေနဲ့"ဗုဒ္ဓ"ကိုယ်တော်အကြောင်းကိုလေ့လာခွင့်အများကြီးရှိပါတယ်။
Bro!! kindly don't mind for my comment..thks

Anonymous said...

သတ္တ၀ါတွေကို ဘယ်သူဖန်ဆင်းသနည်း?

miads said...

let me share!!!

Kaung Kin Ko said...

ဟုတ်ကဲ့ ခင်ဗျ။ share လို့ ရပါတယ်။း-)