Monday, September 19, 2011

မျက်ကန်း မျိုးချစ်စိတ်

Racism က “ကောင်းသလိုလို” ယူဆပြီး လက်ခံထားတဲ့သူတွေ တော်တော်များများ တွေ့နေရပါတယ်။ ဒီနေ့ ကျနော် Facebook မှာ မြစ်ဆုံဆည်ကို ကန့်ကွက်ရေးနဲ့ ပတ်သတ်တဲ့ group တခုကို ဝင်ကြည့်မိတော့ မြစ်ဆုံဆည်က တရုတ်အစိုးရနဲ့ ပူးပေါင်းပြီး လုပ်တာမို့ တရုတ်ကို ကန့်ကွက်တဲ့ အနေနဲ့ “တယုတ်” လို့ အားလုံး တညီတညွတ်တည်း ပြောင်းရေးကြရအောင် ဆိုပြီး နှိုးဆော်တဲ့ သူတောင် ရှိပါသေးတယ်။ မြစ်ဆုံဆည်ကို သဘာဝ ပတ်ဝန်းကျင် ရှုထောင့်နဲ့ မကြိုက်မယ့် တရုတ်တွေ၊ ကန့်ကွက်မယ့် တရုတ်တွေလည်း အများကြီး ရှိမှာပဲ။ လူမျိုးစွဲ တယူသန်မှုက အချင်းချင်း မျက်နှာပျက်စရာ ကောင်းပါတယ်။

တရုတ်နိုင်ငံ အစိုးရ မကောင်းတိုင်း တရုတ်အားလုံးကို မုန်းကြေး တိုက်ခိုက်ကြေး ဆိုရင်…..မြန်မာအစိုးရက တိုင်းရင်းသားတွေ အပေါ် နှိပ်စက်နေတာတွေ၊ ပေါ်တာဆွဲတာတွေ၊ မုဒိမ်းကျင့်တာတွေကို ကြည့်ပြီး မြန်မာအားလုံး မုဒိမ်းကောင်တွေ၊ ကြီးနိုင်ငယ်ညှဉ်းကောင်တွေလို့ ပြောလာကြရင်ကော ကျနော်တို့ ဘယ်လို ခံစားရမလဲ။ ခက်တာက ကျနော်တို့ နိုင်ငံက အစိုးရဘက်ကရော၊ အတိုက်အခံဘက်က တချို့ကပါ လူမျိုးရေးနဲ့ ခုချိန်ထိ မှိုင်းတိုက်လို့ ကောင်းနေတုန်း။

လူမျိုးပျောက် မပျောက် ဆိုတာကတော့ ကျနော်လက်ခံထားတဲ့ အနိစ္စ ရှုထောင့်က ကြည့်ရင် ဘယ်ဟာကမှမှ မမြဲတာ။ တနေ့ ပျောက်မှာပဲ။ လူမျိုးတင်မဟုတ်ဘူး၊ ကမ္ဘာကြီးပျက်ပြီး လူအားလုံးလည်း ပျောက်ချင် ပျောက်သွားမှာပဲ။ လူမျိုးပျောက်တာနဲ့ ပတ်သတ်ပြီး ကျနော် တခါတော့ ပြောဖူးတယ်။ ပျူလူမျိုးတွေ ပျောက်သွားတော့ ဘယ်သူကများ ဝမ်းနည်းနေလို့လဲ။ အခုခေတ်ရှိနေတဲ့ လူမျိုးတွေက ဘယ်သူက ပျူလူမျိုး တွေပျောက်ဆုံးမှု အတွက် ဝမ်းနည်းနေလို့လဲ။ လူမျိုးတမျိုး ဆက်လက် တည်မြဲရေးအတွက် အခုရှိနေတဲ့ လူမျိုးတွေကသာ ပူပန်နေကြတာ၊ ပျောက်မပျောက် ဘယ်သူမှ သေချာ မပြောနိုင်သလို ပျောက်သွားခဲ့ရင်လည်း နောက်ခေတ်ရဲ့ လူမျိုးအသစ်တွေက အထူးတလည် ဝမ်းနည်းနေမှာ မဟုတ်ပါဘူး။ သူတို့ဘာသာသူတို့ အဆင်ပြေနေရင် ဝမ်းသာနေမှာပါပဲ။

အခုခေတ် ကျနော်တို့ကိုယ်တိုင်ကို ကျနော်တို့ ပြန်မေးကြည့်ရအောင်။ ဆုနှစ်ခုထဲက ကြိုက်တဲ့ ဆုတခုကို တောင်းလို့ ရတယ် ဆိုပါစို့။ ရှေးတုန်းက ပျူလူမျိုးတွေ မပျောက်ရေး (ဒါမှမဟုတ်) ခုခေတ်ရှိနေတဲ့ မြန်မာတွေ ချမ်းသာရေးဆို ကျနော်တို့ ဘာကို ရွေးမတုန်း? ခုခေတ်လူတွေ ချမ်းသာရေးကိုပဲ ရွေးမှာမို့လား။

ဘာသာရေးတွေ အားလုံးနီးပါးမှာ ကောင်းတဲ့ အချက်တခုက လူမျိုးစွဲ မရှိတာပါ။ ဒါပေမယ့် အဲဒီ့ကောင်းတဲ့ အချက်ကျတော့ တော်တော်များများက လျစ်လျူရှုထားကြတယ်။

ဒီမိုကရေစီ၊ လူ့အခွင့်အရေး အော်နေတဲ့သူတွေလည်း သေချာစဉ်းစားဖို့တော့လိုတယ်။ ကိုယ်က ဒီမိုကရေစီတွေ လူ့အခွင့်အရေးတွေကို တဘက်မှာ အော်နေပြီးတော့ တဘက်မှာ တခြားသူတယောက်ရဲ့ လွတ်လပ်ပိုင်ခွင့်ကို လိုက်ချုပ်ချယ်နေပြီဆိုရင်တော့ ကိုယ်တောင်းတဲ့ အယူအဆကို ကိုယ်ကိုယ်တိုင် လက်မခံနိုင်သလို ဖြစ်နေပြီ။

လူ့အခွင့်အရေးတွေ ဒီမိုကရေစီတွေ အော်နေတဲ့ ခေတ်မှာ racism အတွက် နေရာ မရှိတော့ပါဘူး။ လူမျိုးခြားကို မယူချင်တဲ့သူကတော့ မယူနဲ့ပေါ့။ ကိုယ့်အယူအဆ ကိုယ့်ခံယူချက်နဲ့ ကိုယ်ပေါ့။ ဒါပေမယ့် ယူမယ့်သူကို ကန့်ကွက်တာတွေ ဝေဖန်တာတွေ နှိမ့်ချတာတွေကတော့ ဒီခေတ်ကြီးမှာ လုံးဝ မရှိသင့်တော့ပါဘူး။

အောက်ကစာကတော့ စာရေးဆရာမ ကြည်အေးရဲ့ ဟောင်းနေပေမယ့် ခေတ်မီနေဆဲ စာပါ။
“ရာဇဝင်အဆက်ဆက်မှာ လူမျိုးအချင်းချင်းပေါင်းပြီး လူမျိုးသစ်ဖြစ်လာတာ၊ လူမျိုးတစ်မျိုးက တစ်မျိုးကို မျိုသွားတာတွေ ရှိသားပဲ။ တရုတ်ခေါ်ခေါ်၊ အင်္ဂလိပ်ခေါ်ခေါ် လူတွေလည်း လူလူချင်း ရောနှောသွားတာပဲ၊ အထွေးတော့ ဘာမှ ကန့်ကွက်စရာမရှိပါဘူး၊ ဗမာမှ ယူမယ် စိတ်မကူးပါဘူး။ တကယ်တော့ ဂျာမန်ကောင်းကင်မှာ ဂျူးလူမျိုးတွေ ပြာကျတဲ့ အငွေ့နဲ့ မှောင်မည်းသွားတဲ့ အဖြစ်မျိုးသာ ကြောက်စရာ ရွံစရာပါ”
ကောင်းကင်ကို

(မှတ်ချက်။ ။ စာကိုသေချာဖတ်စေချင်ပါတယ်။ မြစ်ဆုံဆည်နဲ့ တရုတ်အစိုးရကို ထောက်ခံနေခြင်း မဟုတ်ပါ။ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မယ့် စီမံကိန်းမှန်သမျှ၊ အာဏာရှင်ဆန်တဲ့ အစိုးရ မှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်။ တရုတ်အစိုးရ မကောင်းတာနဲ့ တရုတ်လူမျိုးတိုင်းကို မုန်းတီးရမယ် ဆိုတာကို လက်မခံခြင်းပါ။ လူမျိုးရေး ခွဲခြားဆက်ဆံမှုကို မကြိုက်ကြောင်း ဦးတည်ရေးထားတဲ့ ပို့စ်ဖြစ်ပါတယ်)

20 comments:

San San Htun said...

ဧရာဝတီကိုချစ်တဲ့ မြန်မာပြည်ဖွား တရုတ်တွေလည်း ရှိနေမှာပဲလေ...

ကိုပေါ said...

I support your view. Thanks for your post.

မသက် said...

ဒီပို့ စ် လိုမျိုး များများရေးစေချင်။ သက်ရှိသတ္တ၀ါ တွေ အားလုံးငြိမ်းချမ်း စေချင်တယ်။အချင်းချင်း မုန်းတီးခြင်းမှ လည်းကင်းဝေးစေချင်တယ်။ နောက်ဖြစ်လာ မယ့်  မမြင်နိုင်သေးတဲ့  အရာတွေအတွက် မုန်းတီးနေမယ့် အစား ယခု လက်ရှိဘ၀မှာ တစ်ယောက်အပေါ် တစ်ယောက် မေတ္တာထား ကြရင် သိပ်ကောင်းမှာပဲ။


မသက်

chan myae said...

ကိုကောင်းရေ
ကျွန်တော်လည်း ဒါအမြင်ကိုပဲ လန့်နေရတာ
ဒါတွေကြောင့် မဖြစ်သင့်တာတွေဖြစ်ရတယ်

မဒမ်ကိုး said...

ဟာ ကောင်းလိုက်တဲ့ပိုစ့်
နေမကောင်းလို့ခုမှဖတ်ရတယ်ဝေးး
အားပေးတယ်ကိုကောင်းရေ
ဆက်ရေး ဆက်ရေးး

ခင်တဲ့
မဒိုးကန်

Unknown said...

ရေးထားတာတော့ တော်တော်ဖတ်လို့ကောင်းတယ်
..ဒါပေမယ့် ဘယ်လို ဝေဖန် ရမှန်းမသိတဲ့.
ခပ်ညံညံ (ကျွန်တော်)..လူတစ်ယောက်မို့..ကောင်းပါတယ်
.ကောင်းပါတယ်..
ကောင်းပါတယ်လို့ ပဲ..အော်ခဲ့ပရစေလား..ဗျာ..


လေးစားခင်မင်လျှက်.
(ဒုတိယ)

ငြိမ်းချမ်း said...

"ဒီမိုကရေစီ၊ လူ့အခွင့်အရေး အော်နေတဲ့သူတွေလည်း သေချာစဉ်းစားဖို့တော့လိုတယ်။ ကိုယ်က ဒီမိုကရေစီတွေ လူ့အခွင့်အရေးတွေကို တဘက်မှာ အော်နေပြီးတော့ တဘက်မှာ တခြားသူတယောက်ရဲ့ လွတ်လပ်ပိုင်ခွင့်ကို လိုက်ချုပ်ချယ်နေပြီဆိုရင်တော့ ကိုယ်တောင်းတဲ့ အယူအဆကို ကိုယ်ကိုယ်တိုင် လက်မခံနိုင်သလို ဖြစ်နေပြီ။"

ဘယ်သူ့တိုက်တိုက်၊ မတိုက်တိုက် ငါ့ကို မတိုက်ရင်ပြီးရော၊ဘယ်သူ့ တော်လှန်လှန်၊မလှန်လှန် ငါ့ကို မတော်လှန်ရင်ပြီးရော ဆိုတဲ့ စိတ်ဓာတ်က ပြည်တွင်းအစိုးရထဲမှာတင်မကဘူး၊ပြည်အ အဖွဲ့အစည်းတွေကြားမှာလည်း ရှိပါတယ်။ အစိုးရမကောင်းကြောင်း ပြောရင်ပြော၊ ငါ့မကောင်းကြောင်းတော့မပြောနဲ့ဆိုတာမျိုးပေါ့။ ပြောရင်တော့ မြန်မာပြည်ထဲမှာ ထောင်ရှိတယ်။ အပြင်မှာ ထောင်မရှိဘူး (တခါတည်းရှင်းပစ်လို့ရတယ်) ဆိုတဲ့လေသံမျိုး တွေ ကြားခဲ့ရတယ်။

Anonymous said...

Good Post with fair view.

Mg Ogga said...

လုံးဝသဘောတူပါတယ်ကောင်းကင်ကိုရေ ဒါမျိုးများများရေးနော်

Tasay said...

ဒီ post ကို ကန့်ကွက်ပါတယ်။ဗမာပြည်သူတွေကနေရင်းထိုင်ရင်း
အားအားယားယားလူမျိုးရေးခွဲခြားပြီး
တရုတ်တွေကိုလိုက်မုန်းနေတာမဟုတ်ပါဘူး။တရုတ်တွေကိုမုန်းလို့ဆိုပြီးတရုတ်လူမျိုးတွေ
ကိုသတ်မယ်ဖြတ်မယ်လိုက်လုပ်နေတာလဲမဟုတ်ဘူး။ ဗမာပြည်မှာ စည်းလုံးမှု့ပျက်ပြားနေတဲ့အချိန်၊နိုင်ငံရေးအရ
အကျဉ်ခံထားရတဲ့အချိန် ဗမာပြည်သူလူထုတရပ်လုံးကမုန်းတီး
ဆန့်ကျင်ထားထားတဲ့ စစ်အစိုးရကို
သူတို့ရဲ့အကျိုးအတွက် ဗမာပြည်သူတွေရဲ့ မျက်နှာကိုမကြည့်မကြည့်ဘဲ
အခွင့်ကောင်းယူပြီးအချောင်နှိုက်တဲ့ကိစ
္စတွေကြောင့်ဖြစ်လာတာပါ။
အကြောင်းရှိလို့အကျိုးဖြစ်လာတဲ့ကိစ္စပါ။ ကိုယ့်အပေါ်မဟုတ်တာလုပ်ခဲ့လို့
မဟုတ်တာလုပ်ခဲ့တဲ့သူတွေအပေါ်ခံရတဲ့
သူတွေကမုန်းတာ၊ မုန်းတဲ့လူတွေရဲ့အလွန်မဟုတ်ပါဘူး။ ဘာနဲ့သွားတူနေလဲဆိုတော့
ဗမာပြည်ဒီလိုဖြစ်အောင်လုပ်ခဲ့တဲ့ စစ်တပ်နဲ့ ဦးနေဝင်းကိုလူတွေကသိပ်မုန်းကြပါတယ်။ ဒါကို ဗိုလ်ချုပ်အောင်ကြီးက
လူတွေကို ခင်ဗျားတို့စစ်တပ်ကို စိတ်နဲ့တောင်မပြစ်မှားနဲ့လို့ ပြောခဲ့တာသွားသတိရပါတယ်။အခုဗမာတွေက
တရုတ်တွေကိုမုန်းလို့တရုတ်ပြည်သွားပြီး တရုတ်တွေမဟုတ်ကဟုတ်ကသွားလုပ်လို့
ဒီလိုပြသာနာဖြစ်လာတာမဟုတ်ပါဘူး။အခုကိစ္စကကိုယ့်အိမ်လာပြီးအနိုင်ကျင့်တာ
လဲခံရသေးတယ်၊
အဲ့လိုအနိုင်ကျင့်တဲ့သူတွေကိုမမုန်းနဲ့လို့ ပါဆုံးမသြဝါဒပါအပေးခံရသလိုဖြစ်နေပါတယ်။

Tasay said...

Racism လို့ခေါင်းစဉ်တပ်ရအောင် ဗမာတွေကတရုတ်တွေကိုလူမျိုးရေးအရအနိုင်ကျင့် နေတာ ရောဟုတ်လို့လား။
ဘယ်သူတွေကကိုယ့်ဆီလာပြီးခေါင်းပေါ်ချီးတက်
ပါနေလဲဆိုတာကိုသတိထားမိဖို့လိုပါလိမ့်မယ်။
Racism ဆိုတာ လူမျိုးတမျိုးက သူတို့ကိုသူတို့ တခြားလူမျိုးသာလွန်မြင့်မြတ်တယ်လို့ယူဆပြီး တခြားလူမျိုးတွေအပေါ်နှိမ်ချဆက်ဆံတာကနေ သတ်မယ်ဖြတ်မယ်၊
လူမျိုးတုံးအောင်ရှင်းပြစ်မယ်လို့ ကြိုးစားလာမှသာ Racism လို့ခေါ်နိုင်ပါတယ်။ အခုကိစ္စမှာ ဗမာတွေက ကိုယ်တိုင်းပြည်ကိုယ့်ဟာကိုယ်အေးအေး ဆေးဆေးနေနေတဲ့ကိစ္စမှာတရုတ်တွေကသာ ပြည်သူလူထုကို သတ်ဖြတ်ဖိနှိပ်ညှင်းဆဲနေတဲ့စစ်အစိုးရကို သူတို့အကျိုးအတွက်ပေါင်းပြီး
စီပွားရေးအရ၊နိုင်ငံရေးအရ ချယ်လှယ်
အုပ်စိုးဖို့ကြိုးစား၊ တရုတ်တွေဗမာပြည်ထဲကိုစိမ့်ဝင်စေပြီး တိုင်းပြည်ရဲ့ မြေတွေ၊သယံဇာတကို နောက်ကွယ်က တရားမဝင်တဲ့ငွေတွေနဲ့ ဝယ်ပြီး ဂုတ်သွေးစုပ်ဖို့ ကြိုးစားနေတာကို မခံမရပ်နိုင်ဖြစ်လို့ လူတွေက အဲ့ဒီတရုတ်တွေကို မုန်းတီးကြတာ Racism မဟုတ်ပါဘူး။
အခုကိစ္စမှာ တရုတ်နိုင်ငံ နဲ့ လှိမ့်ဝင်လာတဲ့ တရုတ်တွေကို ဗမာတွေမှ မဟုတ် ဘူး ဗမာပြည်မှာမွေးတဲ့တရုတ်တွေလဲအမြင်
မကြည်လင်ကြပါဘူး

စာရေးသူ အနေနဲ့ Racism လို့ဆိုအောင် Racism ဆိုတာဘာလဲသေသေချာချာသိဖို့ အရင်ကြိုးစားပါ။ ကိုယ့်တိုင်းပြည်ကိုသွေးစုပ်ချယ်လှယ် ကိုယ့် လူမျိုးကိုကျွန်ဇတ်သွင်းမယ့် ခေတ်သစ် Colonization ကိုဆန့်ကျင်တာ ကို Racism လို့ခေါင်းစဉ်တပ်ပြီး မမုန်းဖို့ ပြောနေတာဟာ
မိအေးနှစ်ခါနာဆိုသလိုဖြစ်နေပြီး ဗမာတွေကို အငုံစိတ်ဝင်အောင်သွင်းပေးသလိုဖြစ်နေပါတယ်။ကိုယ့်အယူအဆနဲ့ကိုယ်
ဘယ်လူမျိုးမဆို တနေ့ ပျောက်မှာပဲဆိုပြီး
ခံယူထားတာ ကို မပြောလိုပေမယ့်
တကမ္ဘာ လုံးကို ပတ်ရှာကြည့်ပါ၊ ကိုယ့် လူမျိုးကို
တခြားလူမျိုး က မျိုမှာကို မျိုပါစေပေါ့ ဘာဂရုစိုက်စရာမှတ်လို့ ဆိုပြီးသဘောကျတဲ့ လူမျိုး ရှိရင်ပြပါ။ တရုတ်တွေ ၊ ဂျပန်တွေ၊ ဂျာမန်တွေ၊ ပြင်သစ်တွေ၊အင်္ဂလိပ်တွေ ၊ဗမာတွေထက်တောင်အကဲဆတ်ပါသေးတယ်။

အနောက်နိုင်ငံ နဲ့ ဥရောပတွေမှာ နိုင်ငံခြားသားတွေ လက်ခံတယ်ဆိုတာ သူတို့လူမျိုး အမျိုခံနေတာ မဟုတ် ဘူး။ တခြားလူမျိုးတွေကိုသူတို့ လူမျိုးနဲ့
ရောစပ်စေပြီး သူတို့ သူတို့ယဉ်ကျေးမှု့ culture အောက်ကို တဖြေးဖြေးနဲ့ ဆွဲသွင်းသွားတာ (သို့ ) သူ့တို့ယဉ်ကျေးမှု့ ကို ပိုမို broaden ဖြစ်အောင် expend လုပ်သွားတာပါ။
ဥပမာ ပြင်သင်မှာ middle eastern တွေများတယ်ဆိုပေမယ့် အဲ့ဒီ middle eastern
တွေကို ပြင်သစ်ယဉ်ကျေးမှု့အောက် ပြင်သစ်အနေနဲ့
ဆွဲသွင်းချင်တာ ၊ ပြင်သစ်လူမျိုးပျောက်ပြီး middle eastern ယဉ်ကျေးမှု့လွမ်းမိုးသွားတဲ့နိုင်ငံ ဖြစ်သွားစေချင်တာမဟုတ်ဘူး။ အဲ့ဒီလို ထင်တဲ့အတိုင်းဖြစ်မလာတော့ ဥရောပမှာMulticulturalism ဟာမအောင်မြင်ဘူးလို့ ထုတ်ပြောရတဲ့အဆင့်ဖြစ်လာတယ်။
ဗမာပြည်ကို အင်္ဂလိပ်တွေ သိမ်းတယ်။ တိုင်းပြည်ကို ဂုတ်သွေးစုပ်ချယ်လှယ် အုပ်ချုပ်တယ်။ အင်္ဂလိပ်တွေကိုမုန်းတယ်၊
တော်လှန်တယ်။စစ်တိုက်တယ်၊သတ်တယ်။အဲ့ဒါ Racism လား။ ဖြေပါ။

Kaung Kin Ko said...

တခွန်းပဲ ပြောလိုက်မယ်။ တရုတ် ကို တယုတ်လို့ နှိမ်ချင်တဲ့ စိတ်နဲ့ ရေးတာ၊ မြန်မာပြည်ထဲက တရုတ်တွေကို ပါ ထိခိုက်တာ၊ လူမျိုး တမျိုးကို နှိမ်ချတာက Racism မဟုတ်ဘူး ဆိုရင်တော့ အပေါ်က ကွန်မန့်ပေးသူ လေ့လာမှုတွေ လုပ်ဖို့ လိုနေပြီ။ Racists တွေကတော့ နိုင်ငံခြားမှာလည်း ရှိမှာပဲ။ အဖြူတွေထဲမှာလည်း ရှိမှာပဲ။ အသိဥာဏ် ရှိတဲ့လူကတော့ အဲဒါတွေကို လိုက်ပြီး အတု မယူသင့်ဘူးလေ။ ကျနော့် ပို့စ်ထဲမှာ တယောက်ချင်းရဲ့ ဆန္ဒလို့ပဲ ရေးထားတယ်နော်။ ပျူလူမျိုး ကိစ္စက ဥပမာ ပေးထားတာ။ ကျနော့်အနေနဲ့ သွေးနှော မနှော ဆိုတာကလည်း လူတယောက်ချင်းစီရဲ့ စိတ်ဆန္ဒကိုပဲ လူ့အခွင့်အရေးနဲ့ အညီ ဦးစားပေးရမယ်လို့ ရေးထားတာ။ လုံးဝ သွေးမနှောရေး ဝါဒီက မနှောနဲ့။ လူအချင်းချင်း တန်းတူပဲ မကွာဘူးလို့ ခံယူချင် နှောချင်နှော။ အဲလို သဘောမျိုး။ သတ်ဖြတ်မှ Racism မဟုတ်ဘူးဗျ။ လူမျိုး တမျိုးကို နှိမ်ရင်ကို racist ဖြစ်သွားပြီ။ တရုတ်တွေကို လိုက်မုန်းတဲ့သူ ရှိလို့ ရေးတာပါ။ တိုင်းရင်းသားတွေကို မြန်မာစစ်တပ်က အနိုင်ကျင့်တဲ့ ကိစ္စဆိုလည်း အတူတူပဲလေ။ တချို့တွေက မြန်မာတွေကိုပါ မုန်းကြတယ်။ ကျနော့်အနေနဲ့တော့ အစိုးရ မကောင်းရင် အစိုးရကိုပဲ အပြစ်ပြောစေချင်တယ်။ အကုန်လုံးကို ဝါးလုံးရှည်နဲ့ သိမ်းကြုံးမုန်းတာတွေကို ရေးထားမှန်း အရှင်းကြီးပဲ။ ခုပြောတာ မြစ်ဆုံကိစ္စကို ထောက်ခံနေတာများ ထင်လို့ လား။ မြစ်ဆုံကိစ္စက ဟိုးအစောကြိးကတည်းက ကန့်ကွက်ပြီးသား။ (((အခုကိစ္စမှာ တရုတ်နိုင်ငံ နဲ့ လှိမ့်ဝင်လာတဲ့ တရုတ်တွေကို ဗမာတွေမှ မဟုတ် ဘူး ဗမာပြည်မှာမွေးတဲ့တရုတ်တွေလဲအမြင်
မကြည်လင်ကြပါ))) ကျနော်လည်း အဲလိုပဲ ပြောထားတာလေ။ ခင်ဗျား စာသေချာမဖတ်ပဲ ရမ်းပြောနေမှန်း သိသာတယ်။ ကျနော်ပြောထားတာ အပြစ်မဲ့တဲ့သူတွေနဲ့ မဆိုင်ကြောင်း ပြောထားတာ။

Nanda Lynn said...

Hey, Kaung Kim Ko,

I like your poems, but i totally disagree with u. I am an engineer and now working in Singapore. Now, u go and see and listen how the china government say about this project, Hong Kong TV channel says what translated by Nine Nine Sanay.They threatened our country and they said they need to give lessons for like this doing. You should study thoroughly and if you would like to discuss about this, i am ready and i can give you my phone number

Kaung Kin Ko said...

နန္ဒလင်း ပြောတာ လွဲနေပြီဗျ။ ကျနော်က မြစ်ဆုံဆည်အကြောင်းကို ပြောတာမှ မဟုတ်တာ။ မြစ်ဆုံဆည်ကို ကျနော်လည်း ကန့်ကွက်ခဲ့တာပဲ။ ကျနော်ပြောတာက racism အကြောင်းပြောနေတာ။ မြန်မာပြည်ဖွား တရုတ်တွေကိုပါ တယုတ်ခေါ်မယ်ဆိုတဲ့ သူရဲ့ အပြောကနေ ဆက်စပ်ပြီး လူမျိုးရေး ခွဲခြားမှုက မကောင်းကြောင်း ပြောတာပါ။ မြစ်ဆုံဆည်နဲ့ တရုတ်အစိုးရ မကောင်းကြောင်းကတော့ ကျနော် အရင်ကတည်းက လက်ခံပြီးသားပါ။ အစိုးရ မကောင်းတိုင်း ဒီမြန်မာပြည်ဖွား တရုတ်တွေကို တိုက်ခိုက်ရင် သဘာဝ ကျပါ့မလား။ အဲလို တိုက်ခိုက်ကြေးဆို မြန်မာအစိုးရက တိုင်းရင်းသားတွေကို နှိပ်စက်တဲ့ အခါ မြန်မာတွေ အကုန်လုံး မကောင်းဘူးလက်စားချေမယ်လို့ ပြောလာရင် နန္ဒလင်းက လက်ခံမှာပဲလား။ (တရုတ်အစိုးရ မကောင်းမှန်းနဲ့ မြစ်ဆုံဆည် မကောင်းမှန်းတော့ ပြောနေစရာကို မလိုပါဘူး။ အသိသာကြီးပါ။ ကျနော်ပြောတာက racism ကို ပြောတာပါ။)

Kaung Kin Ko said...

(((တခြားလူမျိုးတွေအပေါ်နှိမ်ချဆက်ဆံတာကနေ သတ်မယ်ဖြတ်မယ်၊
လူမျိုးတုံးအောင်ရှင်းပြစ်မယ်လို့ ကြိုးစားလာမှသာ Racism လို့ခေါ်နိုင်ပါတယ်။ )) ကို tasay အဲဒါက racism တင် မကတော့ဘူးဗျ။ Genocide လို့ ခေါ်ပါတယ်။ လူမျိုးတမျိုးကို နှိမ်ချ ဆက်ဆံရုံနဲ့တင် racism ဖြစ်သွားပါပြီ။

Nanda Lynn said...

Kaungkimko,

I see but I believe that most of the
chinese who was born in myanmar are also selfish.They thought that they are higher than Burma and their parents prohibited strictly to marry burma people because burma people are so poor and we are not worth to marry chinese girl.If u don't believe about this, u can ask .And then, most of the Chinese people in Myanmar treated Burma people as lower than their living standards and can not compare with them. I believe that most of the Chinese people in the world are basically the same and they are so selfish and they only see for their selves.U can check about this.
That is why, I would like to discuss in details.Thanks

Anonymous said...

ayan kg tal byar
:) face book mhar shar pa ya say

Kaung Kin Ko said...

ဟုတ်ကဲ့ :-)

Anti-hypocrite said...

@Nanda Lynn: You are making sweeping comments now, aren't you? I'm a Chinese-Myanmar born and bred in Myanmar and now married to your so-called pure Myanmar man. I love him to bits and my parents accepted him as their own son. Yes, he's pure Myanmar - not even mixed!Let me ask you something. Don't pure Burmese look down on other race too? I encountered blatant racism back in my high school day in Myanmar where even teachers said racist things like "Ka Lar Tway, you guys are only good at cleaning toilets".Yes, I have seen them. The main reason why Chinese people may not want their children to marry another race is that the way of thinking, the attitude towards working and saving can be different. Most Chinese are independent when it comes to doing business and taking care of their own family and not every race has the same view. So here the thinking can clash when the values held by two parties are not the same. But apart from that,I haven't looked down on any race! Now my Chinese-Myanmar friend who studied in Singapore went back to Myanmar so that she could contribute her knowledge in building her birth-place country. Are you going to hate her too?

Anonymous said...

စာရေးဆရာမ ကြည်အေးရဲ့ ဟောင်းနေပေမယ့် ခေတ်မီနေဆဲ စာပါ။
“ရာဇဝင်အဆက်ဆက်မှာ လူမျိုးအချင်းချင်းပေါင်းပြီး လူမျိုးသစ်ဖြစ်လာတာ၊ လူမျိုးတစ်မျိုးက တစ်မျိုးကို မျိုသွားတာတွေ ရှိသားပဲ။ တရုတ်ခေါ်ခေါ်၊ အင်္ဂလိပ်ခေါ်ခေါ် လူတွေလည်း လူလူချင်း ရောနှောသွားတာပဲ၊ အထွေးတော့ ဘာမှ ကန့်ကွက်စရာမရှိပါဘူး၊ ဗမာမှ ယူမယ် စိတ်မကူးပါဘူး။ တကယ်တော့ ဂျာမန်ကောင်းကင်မှာ ဂျူးလူမျိုးတွေ ပြာကျတဲ့ အငွေ့နဲ့ မှောင်မည်းသွားတဲ့ အဖြစ်မျိုးသာ ကြောက်စရာ ရွံစရာပါ”thanks for clear concept! pl, more upload like that post. we, all need to learn how to think and how to accept the situation.