Saturday, April 17, 2010

ဒုလ္လဘ

အဲဒီ့တုန်းက
အနှိုင်းမဲ့ ဂုဏ်အင်နဲ့ ဘုရားရှင်ရဲ့ တရားတော်တွေကို မြင်လို့လည်း မဟုတ်ခဲ့ဘူး
ကျေးဇူးတော် အနန္တနဲ့ ဖန်ဆင်းရှင်ရဲ့ နှုတ်ကပတ်တော်ကို မြင်လို့ လည်း မဟုတ်ခဲ့ဘူး
မျက်မှောက်ငရဲထဲက လူသားတွေကိုမြင်လို့ 
“သဘာဝသနားစိတ်” ပေါ်
ငါ့ကရုဏာတွေ ငါ့အိမ် တံစက်မြိတ်ကို ကျော်ခဲ့တယ်။

အဲဒီ့တုန်းက
နောင်သံသရာအတွက် ကုသိုလ်ထုပ် အကြောင်းလည်း မတွေးခဲ့ဘူး။
ကောင်းကင်ဘုံရဲ့ ကတိတွေအကြောင်းလည်း မတွေးခဲ့ဘူး။
လူအချင်းချင်း ကိုယ်ချင်းစာစိတ်ပေါ်
ကိုယ့်ဒါနစိတ်လေးကို အလိုအလျောက် လျှော်မိတယ်။

အဲဒီ့လိုမျိုး
ရှားရှားပါးပါး အဖြစ်နဲ့ 
ဘဝကို တိုက်ပြီး ပြန်စစ်ကြည့်တော့
ငါဟာ အတ္တလောင်မြိုက်
ပေးလိုက်တဲ့ လက်နဲ့ တောင် ရသမျှ ပြန်နှိုက်နေချင်သူပါလား။

သြော်
ကိုယ်တိုင်လုပ် ပုံစံခွက်ထဲက
အလေ့ကျလူသား
ကိုယ်ကောင်းကြောင်း ကိုယ့်လိပ်ပြာကို ကိုယ်ပြသဖို့ 
အတ္တကင်းကြောင်း အတ္တကို ပြသဖို့ 
ငါ့ဆီကနေငါလွတ်မြောက်သွားတဲ့ ကာလ
ခဏလောက်ပြန်ရချင်လိုက်တာ။
ကောင်းကင်ကို

4 comments:

သွယ်လင်းဆက် said...

ကိုယ့်ဆီက ကိုယ်လွတ်မြောက်သွားတဲ့ ဘဝတစ်ခုကို ဘယ်လိုပြန်ဖမ်းရင် အဆင်ပြေဆုံးလဲ ကိုကောင်း?

suusuu said...

nice bro :)

လားရှိုးသူ said...

ဟူးးးးးးးးးးးး သက်ပြင်းရှည်ချမိပါတယ်....

ညလင်းအိမ် said...

အတ္တကင်းကြောင်း အတ္တကို ပြသဖို့ 
ငါ့ဆီကနေငါလွတ်မြောက်သွားတဲ့ ကာလ
ခဏလောက်ပြန်ရချင်လိုက်တာ။

ဟူးးးးးးးးးးးးးးးးးးးးးးးး