Monday, April 5, 2010

ပွင့်မလာခဲ့တဲ့ တံခါးတွေပေါ်က

အနာဂတ် မရှိတော့ဘူးလို့ ထင်နေလည်း
မွေးရာပါ ရှင်သန်လိုစိတ်နဲ့ ဆက်ပြီး အလျှောက်
ရှေ့ နားကိုနည်းနည်းလေး အရောက်မှာ
အနာဂတ်က သူ့ လက်သီးနဲ့ ထိုးနှက်ထုထောင်း
သူရှိနေကြောင်းကို ခပ်ကြမ်းကြမ်းသက်သေပြတယ်။

ဒီလိုနဲ့ ရှင်သန်နေချင်စိတ်ကို နေရာတကျ ပြန်ထား၊
ပြီးတော့…ယာဉ်ကြော ကျပ်ကျပ်ထဲက ကားတွေလို
ခြေထောက်တွေကို စလိုးမိုးရှင်းနဲ့ ရွေ့ လျား
တနေ့ တလံတော့ သွားပါတယ်။
ပုဂံရယ်… ငါမရောက်ခင် မပျောက်ပါနဲ့ ။

ချွေးနဲ့ ရင်းပြီး ရလာခဲ့တဲ့ box မှာ
အာမခံချက်လေး တွေ့ မလားလို့ ဖောက်ကြည့်တယ်။
ကျေးဇူးတင်ပါသည်ဆိုတဲ့ စာကြောင်းနဲ့ 
ကံကောင်းပါစေဆိုတဲ့ စာသား
ရပါများလွန်းတော့ ခါးတယ်။

သွားရင်းလာရင်းနဲ့ တွေ့ ပါလိမ့်မယ်။
ပွင့်မလာခဲ့တဲ့ တံခါးတွေပေါ်က “ကြက်ခြေခြစ်”
အဲဒါ ကျနော့် လက်ဗွေဖြစ်တယ်။
ကောင်းကင်ကို

9 comments:

ဆောင်းနှင်းရွက် said...

တစ်ခါတစ်လေ
ပေးရင် ပေးသလောက်
ပြန်မ၇တော့
ဝမ်းနည်း တယ် လားးး ...
ရေးထားတဲ့
စာသားထက်
ခေါင်းစဉ် နာမည် ပိုကြိုက်တယ် .. !!!

ညရဲ့ကောင်းကင် said...

ကဗျာလေးမိုက်တယ် အစ်ကို ...

noblemoe said...

ကောင်းလိုက်တာ အကယ်ကို အရှိတိုင်းတွေပါပဲ
နှစ်သစ်မှာပျော်ရွှင်ပါစေနော်
မိုး

သွယ်လင်းဆက် said...

ကိုကောင်းရေ ကောင်းလိုက်တာ။

* တနေ့တလံတော့ သွားပါတယ်။ ပုဂံရယ်.........မရောက်ခင်မပျောက်ပါနဲ့။..........။
သွားရင်းလာရင်းနဲ့ တွေ့ ပါလိမ့်မယ်။
ပွင့်မလာခဲ့တဲ့ တံခါးတွေပေါ်က “ကြက်ခြေခြစ်”
အဲဒါ ကျနော့် လက်ဗွေဖြစ်တယ်။ *

အရိုးအရှင်းဆုံးနဲ့အဆန်းကျယ်ဆုံးခံစားချက်တွေ။

ကျော်ညိုသွေး said...

ဖတ်လို့တော့ကောင်းတယ် သိပ်နားမလည်

Angel Shaper said...

တံခါးပေါ်က ကြက်ခြေခတ်ကို လာကြည့်သွားပါတယ်။
ပျော်ရွှင်ပါစေ။

ma ma said...

အနာဂတ်က သူ့ လက်သီးနဲ့ ထိုးနှက်ထုထောင်း
သူရှိနေကြောင်းကို ခပ်ကြမ်းကြမ်းသက်သေပြတယ်။

ဒီလိုနဲ့ ရှင်သန်နေချင်စိတ်ကို နေရာတကျ ပြန်ထား၊

တနေ့ တလံတော့ သွားပါတယ်။
ပုဂံရယ်… ငါမရောက်ခင် မပျောက်ပါနဲ့ ။

Min said...

ကျေးဇူးတင်ပါသည်ဆိုတဲ့ စာကြောင်းနဲ့ 
ကံကောင်းပါစေဆိုတဲ့ စာသား
ရပါများလွန်းတော့ ခါးတယ်။ ဆိုတော့ ဘာတွေများရချင်သေးလို့လဲ ကောင်းကင်ကို

တန်ဖိုးရှိတာတွေကို တာဝန်အရ ဆက်ပေးဝေဖို့ ဘဲ ကြိုးစား။ ဘယ်သူမှ မအပ်နှင်းတဲ့ တာဝန်တရပ်ကို ပခုံးထမ်းနေတာလို့ အသိအမှတ်ပြုပါတယ်။

ဥပမာ

ဒီလိုနဲ့ ရှင်သန်နေချင်စိတ်ကို နေရာတကျ ပြန်ထား၊
ပြီးတော့…ယာဉ်ကြော ကျပ်ကျပ်ထဲက ကားတွေလို
ခြေထောက်တွေကို စလိုးမိုးရှင်းနဲ့ ရွေ့ လျား
တနေ့ တလံတော့ သွားပါတယ်။
ပုဂံရယ်… ငါမရောက်ခင် မပျောက်ပါနဲ့ ။

ပွင့်မလာခဲ့တဲ့ တံခါးတွေပေါ်က “ကြက်ခြေခြစ်”
အဲဒါ ကျနော့် လက်ဗွေဖြစ်တယ်။
ကောင်းကင်ကို

ကဗျာသမားလေးတယောက်က နှလုံးးသားကိုရင်းပြီး ဒီလောက်ပေးရင် တာဝန်ကျေပြီပေါ့။ သူများတွေမှာ ငွေတွေ အချိန်တွေ အများကြီးရင်းပြိး ပေးဖို့ ကြိုးစား တာတောင် တချို့ က လက်မခံချင် သံသယအမြင်နဲ့ အကြည့်ခံနေကြရတယ်။။