မြို့ စွန် လယ်ကွင်းထဲက
တက္ကသိုလ်တောရနား
ငှားထားတဲ့ အသိုက်လေးမှာ
လက်မှတ်တခုကို အကိုးကွယ်လွန်သွားမိခိုက်
ကော်ဖီတခွက်ကိုအားထား
ကြက်တူရွေး ဘာဝနာ ပွါးများမိခဲ့တဲ့ညတွေက
ခုပြန်တွေးတော့ အလဟဿ။
မြူးကြ၊ အော်ကြ
မူးကြ၊ ပျော်ကြ
တခွက်မကျန်သောက်ခဲ့ကြတဲ့ည
မျက်မှန်ပျောက်ခဲ့ရတဲ့ညကမှ
ရင်ဘတ် တချို့ ရခဲ့သေးတယ်။
ကောင်းကင်ကို
14 comments:
အဲလိုညမျိုးတွေမှာ ရင်ဘတ်တချို့ရတာကတော့ အမှန်ပဲဗျ။ ကိုယ်တွေ့……။း-)
ကိုကောင်းကင်ကို မျက်မှန်ပျောက်ခဲ့တဲ့ည ကိုတော့ကောင်းကောင်းမှတ်မိတယ်
ရထားသံလမ်းမှာ
:)
မရောက်ဖြစ်တာ ကြာပြီ။ အခုမှပဲ ရောက်ဖြစ်တော့တယ်။ ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ။
အင်း...
လွန်တာပေါ့..ဒီကဗျာဆရာ
တခွက် မကျန်သောက်မှဘဲ မျက်မှန်ပျောက်ပီပေါ့ ကောင်းကင်ရယ်၊
ကိုကောင်းကင်ရေ...
မျက်မှန်ပျောက်တာ တစ်ခါလေးပဲလား..!!
ထပ်ပျောက်ဖို့ အစီအစဉ်ရှိသေးလား..!!
ပျောက် ပျောက်နေဆဲလား..!!
:D :D
လေးစားခင်မင် ချစ်ခြင်းအားဖြင့်..
ဒီဂရီဘယ်လောက်နဲ့သောက်ပြီး
ဒီဂရီဘယ်လောက်ကျပျောက်သွားလဲညီလေး
လည်ပြန်ကြည့်တဲ့နေရာ ဘာရှိမလဲ
လာကြည့်သွားတယ်
mnhy
ဒီကဗျာလေးကတော့ လွမ်းစရာလေးဗျာ..။ ကျွန်တော်တို့ တော့ အဲ့လိုဘ၀မျိုး မရခဲ့ဖူးဘူး..။ :)
တကယ်ပျောက်တာဟုတ်ပါစေ
ကြက်တူရွေးဘာဝနာက ဘာတုန်း
အဲဒီနေ့က...
တက္ကသိုလ်တောရမှာ
ကြက်တူရွေးဘာဝနာပွားတော့
လောကကြီးနဲ့ အဆက်ပြတ်သွားပေါ့...
မူးကြရူးကြရင်း
ငှားထားတဲ့ ပန်းချီကားတစ်ချပ်
တန်ဘိုးမဖြတ်လိုက်ရဘူး
အိပ်မက်နိုးအထ
ညိုးကျတဲ့ နှင်းဆီပွင့်ဖတ်
မျက်မှန်မပါပဲ မကြည့်တတ်တော့
မှုံဝါးဝါးအမြင်မှာ
မပီပြင်တာ တကယ်သိလေတော့
ပျောက်သွားတဲ့မျက်မှန်
ရှာတွေ့ရင်....ပိုင်ရှင်အမှန်ကို
ပြန်ပေးစေလိုကြောင်း
ကြေငြာမောင်းခတ်လိုက်ရပါသည်...။
မိုက်တယ်....
ပျောက်ဘူးရှိတယ်လေးD
Post a Comment