Thursday, April 2, 2009

ဒုတိယအကြိမ်

ကိုရင်နော်နဲ့ ခင်လေးက Tag လိုက်လို့ ဘလော့ရေးခါစ က တင်ခဲ့တဲ့၊ ခဏလေးပဲ အပေါ်ဆုံးမှာ နေလိုက်ရတဲ့ ကဗျာလေးကို ပြန်တင်လိုက်ပါတယ်။ ဘန်နာ စာသားက အဲဒီ့ကဗျာက ယူထားတာပါ။ ကဗျာချစ်သူအားလုံးကို ရည်ညွန်းထားတဲ့ ကဗျာလေးပါ။

ကဗျာချစ်သူ

ငါဟာ ကဗျာလမင်း
ညကိုချစ်လို့ သာတာ။
ငါ့ နဂိုအစစ်မို့ ဝါတာ။

ငါဟာ ကောင်းကင်
အမြင့် တက်ချင်စိတ်နဲ့ ငါနေတာ။
ရင့် ကျက်ချင်စိတ်နဲ့ ပြာနေတာ။

ငါဟာ ကဗျာသီချင်းသီချင်တဲ့ 
မဟာ နှင်းဆီတပွင့် ။
ဥယျာဉ်မှာ မွှေးပျံ့ စေဖို့ အတွက်
အနုပညာပေးဖြန့် ဝေဖို့ ဟာ
ပန်းပွင့် တိုင်းရဲ့ အလုပ်။

ငါ့ ကဗျာသီချင်းသစ်တွေ
ကမ္ဘာ့ သတင်းဖြစ်စေရမယ်။

လေပြင်းတွေလာခြွေလို့ 
သေမင်းဆီငါကြွေသွားရင်တောင်
ကဗျာတွေကိုစုပ်ခဲ့ တဲ့ နှုတ်ခမ်းနဲ့ 
ကမ္ဘာမြေကိုနှုတ်ဆက်နမ်းခဲ့ မယ်။

ကောင်းကင်ကို

19 comments:

ကိုရင်နော်ခင်လေးငယ် said...

ကိုကောင်းကင်ရေ...
ကျေးဇူးတင်ပါတယ်..

ဘလော့ စခါစက ကဗျာလေးဆိုတော့ ပိုပြီး အမှတ်တရ ရှိသွားတာပေါ့..

ကဗျာသီချင်းသစ်တွေ
ကမ္ဘာ့ သတင်းဖြစ်စေရမယ်


ကြုံးဝါးခဲ့တဲ့အတိုင်း တကယ်လည်း ဖြစ်ခဲ့ပါတယ်..
ကဗျာစာအုပ်လေး ထွက်လာရင် သေသေချာချာလေး ဝယ်သိမ်းထားပါမယ်..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်

မဆုမွန် said...

လေပြင်းတွေလာခြွေလို့ 
သေမင်းဆီငါကြွေသွားရင်တောင်
ကဗျာတွေကိုစုပ်ခဲ့ တဲ့ နှုတ်ခမ်းနဲ့ 
ကမ္ဘာမြေကိုနှုတ်ဆက်နမ်းခဲ့ မယ်..

ဒါ ကောင်းကင်ကိုဆိုတာ အမှတ်ရစေမယ့် အမှတ်အသား ကဗျာ့သွေးစက်တွေပဲ...

Mhu Darye said...

ခုမှ ပြည်ပြည့်စုံစုံ ဖတ်ခွင့်ရတယ်။
လေပြင်းတွေလာခြွေလို့ 
သေမင်းဆီငါကြွေသွားရင်တောင်
ကဗျာတွေကိုစုပ်ခဲ့ တဲ့ နှုတ်ခမ်းနဲ့ 
ကမ္ဘာမြေကိုနှုတ်ဆက်နမ်းခဲ့ မယ်....
ဆိုတဲ့ အမှတ်တရ စာသားလေးနဲ့ပဲ ရင်နှီးနေခဲ့တာပါ။

လာဖတ်ပါတယ်။

မယ်ကိုး said...

ဒီလိုမျိုး နေ့တိုင်း ကဗျာဖတ်ခွင့်ရချင်တယ်။:)

အိန္ဒြာ said...

ကောင်းကင်ရေ...

ဒီကဗျာလေးရဲ့

နောက်ဆုံးတစ်ပိုဒ်နဲ့တင်....

ကဗျာဆရာဖြစ်သွားခဲ့တာပါ....

Kay said...

ဂန္တ၀င် ကဗျာလေးကို လာဖတ်ရင်း..ကဗျာစိတ်တချို့ တို့ယူသွားပါသည်။

tututha said...

ကောင်းလိုက်တာ

နှင်းပွင့်ဖြူလေး said...

ငါဟာ ကဗျာလမင်း
ညကိုချစ်လို့ သာတာ။
ငါ့ နဂိုအစစ်မို့ ဝါတာ။

အဲ့တစ်ပိုဒ်ကိုသဘောကျတယ်

Moe Cho Thinn said...

ရင့်ကျက်ချင်စိတ်နဲ့ ပြာနေတဲ့ ကောင်းကင်ကြီးကို မော့ကြည့်သွားတယ်။

Republic said...

ကောင်းကင်ကြီး ... ဗရာဘို(bravo) ၊၊

MANORHARY said...

ဟောင်းပေမယ့်မဟောင်းဘူး
ကြာပေမယ့် မကြာသေးသလိုပဲ
ရသ ဆိုတာ..ဘယ်သောခါမှမသေတဲ့အရာ...

ကိုလူထွေး said...

မြန်မာစကားလုံး အသုံးအနှုံးနဲ့  မြန်မာကဗျာဆိုတာ ကောင်းကင်ကိုအတွက် ပေါ်ပေါက်လာသလားထင်ရတယ်။ တကယ်ပါ။

ဆရာတင်မိုးလို လူတစ်ယောက်
နောက်တစ်ခေါက်ပေါ်ပေါက်တယ်ဆိုရင်
အဲဒီလူဟာအမှန်အစစ်
ကောင်းကင်ကိုသာဖြစ်တော့မပေါ့။

လေးစားလျက်
ကိုလူထွေး...

အိုင်လွယ်ပန် said...

စာသားတွေကောင်းလိုက်တာအစ်ကို

paysatthu ပေးဆပ်သူ said...

ကောင်းပါပေ့ဗျာ

ကျော်သိင်္ခ said...

ကိုကောင်းရေ

"လေပြင်းတွေလာခြွေလို့၊ သေမင်းဆီငါကြွေသွားခဲ့ရင်တောင်၊၊ ကဗျာတွေကိုစုပ်ခဲ့တဲ့ နှုတ်ခမ်းနဲ့ ကမ္ဘာမြေကို နှုတ်ဆက် နမ်းခဲ့မယ်"

အဲဒီ စာသားလေးက ကဗျာဆရာကောင်းကင်ကိုရယ်လို့ မွေးဖွားပေးလိုက်တာပေါ့။ အရင်တုန်းက အဲဒီစာသားလေးဘဲ အလွတ်ကျက်ထားတာ၊ အခုတော့ တစ်ပုဒ်လုံး အလွတ်ရအောင် ကျက်လိုက်ပြီ။

မသက်ဇင် said...

လေပြင်းတွေလာခြွေလို့ 
သေမင်းဆီငါကြွေသွားရင်တောင်
ကဗျာတွေကိုစုပ်ခဲ့ တဲ့ နှုတ်ခမ်းနဲ့ 
ကမ္ဘာမြေကိုနှုတ်ဆက်နမ်းခဲ့ မယ်။

အလွန်ကောင်းသည်လို့ပဲ ပြောပါရစေ--

ကြယ်ပြာ said...

“လေပြင်းတွေလာခြွေလို့ 
သေမင်းဆီငါကြွေသွားရင်တောင်
ကဗျာတွေကိုစုပ်ခဲ့ တဲ့ နှုတ်ခမ်းနဲ့ 
ကမ္ဘာမြေကိုနှုတ်ဆက်နမ်းခဲ့ မယ်။”

ဒီစာသားအရမ်းကြိုက်တယ်ရှင် ....

Harry said...

အခုမှပဲ အပြည့်အစုံဖတ်ဖူးတော့တယ် ...

လေပြင်းတွေလာခြွေလို့ 
သေမင်းဆီငါကြွေသွားရင်တောင်
ကဗျာတွေကိုစုပ်ခဲ့ တဲ့ နှုတ်ခမ်းနဲ့ 
ကမ္ဘာမြေကိုနှုတ်ဆက်နမ်းခဲ့ မယ်..

ဒီနဘေလေးကို ကျနော် အလွန်ကြိုက်မိတာ ကြာပါပြီ

အဇ္ဈတ္တပြခန်း said...

လေပြင်းတွေလာခြွေလို့ 
သေမင်းဆီငါကြွေသွားရင်တောင်
ကဗျာတွေကိုစုပ်ခဲ့ တဲ့ နှုတ်ခမ်းနဲ့ 
ကမ္ဘာမြေကိုနှုတ်ဆက်နမ်းခဲ့ မယ်..


ကြိုက်တယ်ဗျာ။