Monday, February 2, 2009

အရုပ်

ကိုယ့်ကိုယ်ကို ဘုရင်တစ်ပါးလို့ အတွေးအမြင်ပေါက်
သွေးနားထင် ရောက်ကာ
တစ်ခြမ်းဆိုးနေတဲ့ အိပ်မက်ကိုတောင်သာယာ
ငါဟာ
ပါဝါရထားတဲ့ အရုပ်။

တစုံတရာက ငါ့ကိုလာနှိုး
မျက်လုံးတွေထဲ အလင်းရောင်က အတင်းလာတိုးတော့မှ
မေ့ဆေးပြယ်သွားတဲ့ ခွဲစိတ်ခံနေဆဲလူနာလို
ကိုယ့်အဖြစ်ကိုယ် မချိမဆံ့ သိလိုက်ရတယ်။
ကစားခုံရဲ့ ဘေးမှာ
တခြားအရုပ်တွေလိုပဲ
ငါလည်းမလှုပ်မယှက်။

ကောင်းကင်ကို

19 comments:

ကိုရင်နော်ခင်လေးငယ် said...

ကိုကောင်းကင်...

တူတဲ့ အရုပ်တွေ ရှိနေတယ်..ဆိုတာ...!!
မချိမဆန့် သိလိုက်ရပါတယ်..။

လေးစားလျှက်..

ဆောင်းယွန်းလ said...

ညီလေး
ဒီကဗျာက အရမ်းထိတယ်
ဖတ်ပြီးတော့ ရင်ထဲမှာ ကြေကွဲရတယ် တကယ်ပါ
အကိုတို့ အားလုံး အရုပ်မဖြစ်အောင်တော့ ကြိုးစားရမှာပေါ့ကွာ....

mgphonemyint said...

ကောင်းတယ်ဗျာ..
ကျနော်လဲ မလှုပ် မယှက်ပဲ

December Cinderella said...

ko kaung kin

Very nice poem as usual.
Due to some circumstances, I left my blog. I d't wanna see the sign of some1, I just wanna leave the past behind me.

That's why ...

Thks for this poem.

I will be your fun now and forever.

All the bests
Sint Sint

Anonymous said...

ကျနော်လည်း မလှုပ် မယှက် အရုပ်လေးတစ်ရုပ်ပါပဲ ။

ကိုပေါ said...

တကွက်ရွှေ့ဘို့ကို
တမေ့တမော အချိန်ယူ
တဖက်လူနေရာကလည်း စဉ်းစား
ဒီကြားထဲက
တကွက်မှားခဲ့ရင်….
နှစ်ကွက်မှားခဲ့ရင်…

ရွှေ့သမျှ အကွက်တိုင်းမှာ လွဲမှားခဲ့ရင်….
စစ်တုရင်စားပွဲကို မှောက်ပစ်မှာလား။

(ဒါမှမဟုတ်)

ရယ်ရယ်မောမောနဲ့ အရှုံးကို ၀န်ခံလို့…
နောက်တပွဲ ပြန်စမှာလား။

(ဒါမှမဟုတ်)

စစ်တုရင်လောကကို
အပြီးတိုင်ကျောခိုင်းသွားမှာလား။

MANORHARY said...

yeah, Great !!

ကောင်းကင်ပြာ said...

အရုပ်လေး တစ်ရုပ်မဖြစ်အောင် ကြိုးစားနေထိုင်သွားဖို့ မှတ်သွားပါတယ်

အိုင်လွယ်ပန် said...

အတွေး ကောင်းတယ်အစ်ကို ....

သစ်နက်ဆူး said...

ကိုကောင်း...
ကိုကောင်းရေးတဲ့ ကဗျာတိုင်းကို ကြိုက်နေမိတော့တာပါဘဲဗျာ...
ကဗျာပုဒ်ရေ များပေမယ့် အတွေးအရေးတွေ ထက်မြက်
စူးနစ်လွန်းတယ်..။
ကဗျာမှာဆိုရင်တော့ အတွင်းစိတ်ထဲကကို တင်မြှောက်ထားတဲ့ ..
ကျနော့်ဆရာပါဘဲဗျာ...။

ATN said...

ကိုယောက အရုပ်သေနတ်နဲ့ ပစ်...
ကိုယ့်ညီက အရုပ်ဖြစ်...
ဖတ်မိတဲ့ အကိုတို့လည်း ညစ်...း)

mgngal said...

ဘာ အရုပ်လဲလို့ ကြည့်သွားတယ်ဗျ ။း)

Anonymous said...

ကဗျာလာဖတ်ပါတယ် :)

tututha said...

အရုပ်တွေပေါ့ ..

ဒီရေ said...

ကိုကောင်း ရေ!... လာအားပေးပါတယ်... ကဗျာလေးတွေ အမြဲနှစ်သက်နေဆဲပါပဲ..

အရုပ်ကလေး said...

အစ်ကိုရေ .. အရမ်းကောင်းတဲ့ ကဗျာလေးပါ ..။
ဒီက အရုပ်တော့ မဟုတ်ပါဘူးနော် ..။ ဟဟ

လင်းဒီပ said...

ကိုကောင်းကင်ရေ..စီဘောက်မတွေ့လို့ ဒီမှာလာအော်တာ..စိတ်မဆိုးပါနဲ့ဗျာ..
ကိုငြိမ်သက်TAG ကဗျာလေး အစ်ကို့အလှည့်ရောက်ပြီဗျို့..လာရေးပေးပါဦး...
ခင်မင်စွာ
(လင်းဒီပ)

တန်ခူး said...

အရုပ်တော့အရုပ်ပေါ့… နှလုံးသားရှိတဲ့အရုပ်လေ…

Moe Cho Thinn said...

အရုပ်တွေ များနေပြီ :)

ကဗျာကတော့ အမိုက်စားပဲ။ လာဖတ်ပါအုံးမယ်။