Saturday, February 28, 2009

ဝေရင်းနဲ့ ကြွေ


တစ်ချို့နေရာလေးတွေမှာ ဆင်တူယိုးမှားနဲ့ 

သဏ္ဍာန်တွေ မျိုးစုံကွဲပြား

နှလုံးသားတွေရဲ့ အပေါ်ဆုံးအထပ်မှာ ပင့်ထားကြလည်း

စုံအကန်းတွေရဲ့ အလုံခန်းတွေထဲမှာ

အပူသတ်တရားတွေက လူသတ်ဓားတွေလောက်မစွမ်း

လူလူချင်း မမြင်နိုင်လောက်အောင်ကို ကန်းနေသေးတော့

ဘုရားတွေဟာ part time ပဲ အာဏာရ

တန်ခိုးအရှိန်အဝါတွေ လျှောကျသွားတော့တယ်၊

အပူတွေနဲ့ ကစားနေတဲ့

လူတွေရဲ့ နားမှာ

တရားဆိုတဲ့ တူရိယာကို

တီးရင်းအသံဝင်သွားတဲ့

စည်းမျဉ်းခံ ဘုရင်များအဖြစ်...


ကောင်းကင်ကို

11 comments:

ကိုရင်နော်ခင်လေးငယ် said...

ကိုကောင်းကင်ရေ..
အရင်ဆုံးလာဖတ်တယ်..
ဘုရားတွေ Part Time ပဲ အာဏာရတယ်ဆိုတာလေး ပြုံးမိတယ်..း)

ခင်တဲ့..

ကောင်းကင်ပြာ said...

နှလုံးသားတွေရဲ့ အပေါ်ဆုံးအထပ်မှာ ပင့်ထားကြလည်း

စုံအကန်းတွေရဲ့ အလုံခန်းတွေထဲမှာ

ကောင်းလိုက်တဲ့ အရေးလေး၊

ဘုရားတွေဟာ part time ပဲ အာဏာရ

တန်ခိုးအရှိန်အဝါတွေ လျှောကျသွားတော့တယ်

အနှစ်သာရတွေဖတ်သွားတယ်

အိုင်လွယ်ပန် said...

ကဗျာခံစားသွားတယ်အစ်ကို .......

ဆောင်းယွန်းလ said...

ကဗျာကိုနှလုံးသားနဲ့လာခံစားတယ်ညီရေ့

အပူသတ်တရားတွေက လူသတ်ဓားတွေလောက်မစွမ်း......သိပ်မှန်တာပဲညီလေးရေ့

Eduking said...

စည်းမျဉ်းခံ ဘုရင်တွေပါ အစ်ကိုရေ..
ကြိုက်သွားတယ်ဗျာ.း)

ကောင်းကင်ဖြူ said...

ကောင်းလိုက်တဲ့ကဗျာ

တန်ခူး said...

ဝေရင်းနဲ့ ကြွေ… ဖတ်ရင်းနဲ့ မောမောလာတယ်… ရေးတတ်ပါ့…

အိန္ဒြာ said...

ကောင်းကင်ကိုရေ...

အဲလိုတွေ တွေးမိလာရတဲ့ အခြေအနေတွေပေါ့နော်..
ကောင်းလိုက်တဲ့ ကဗျာ..

အစစအရာရာအဆင်ပြေပါစေ..။

Mintasay said...

goody, man

ဂျူနို said...

ကြံကြံဖန်ဖန် ကောင်းကင်ကို ရယ်။
အလုပ်လျော့တဲ့ထဲ ဘုရားတွေပါ ပါသွားရောလား။ ကောင်းရော။

အယ်ဇီ

joe said...

ကောင်းလွန်းပါ၏။ အားပေးလျှက်ပါ။