Monday, January 26, 2009

ကြိုး

ကိုယ့်အသားကိုယ်ဆိတ်ကြည့်နေဖို့ မလိုတော့ဘူး

တကယ်ဖြစ်နေတဲ့ အိပ်မက်ဆိုးကြီးမှန်းငါသိတယ်။


ကိုယ့်ဦးနှောက်တံခါးကိုယ်ခေါက်ကြည့်နေဖို့ မလိုတော့ဘူး

စိတ်ကူးတွေ အိပ်ပျော်ပြီး ဟောက်နေကြမှန်း ငါသိတယ်။


အီလက်ထရွန်းနစ် ကြေးမုံချပ်တွေပေါ်က

မြင်နေကျ မြစ်ကြီးကို

အလျားလိုက် ဖတ်နေဖို့ လည်းမလိုတော့ဘူး။

မုဆိုးဆိုတာ ရက်စက်တတ်မှန်း နဂိုကတည်းက ငါသိတယ်။


လူဆိုတဲ့ စက်တွေကို နှိုးဖို့ 

စိတ်ကြွဆေးအတင်း ထိုးမပေးချင်တော့ဘူး။

ယဉ်ပါးသွားတဲ့ ရောဂါဟာ

ထိုးနေကျ ဆေးတွေ မတိုးတော့မှန်းနဲ့ 

ကိုယ့်ကိုယ်ကို ထည့်မပေးနိုင်တဲ့ လောင်စာဟာ

ကောက်ရိုးထက်တောင်ညံ့မှန်း ငါသိတယ်။


ငါ့လက်ချောင်းတွေကိုကွေး

မျက်ရည်ကိတ်(ခ်)တွေကိုတော့ ဆက်ကျွေးနေဦးမယ်။

ငါဧည့်ခံထားတဲ့ သစ်သီးတွေကို ဘယ်မျက်လုံးတွေများ လာခူးမလဲ။

ကဆုန်စိုင်းလာတဲ့ မုန်တိုင်းတစ်ရာကို ကြံ့ ကြံ့ခံဖို့

အမှောင်ရက်ကြီးစိုးတဲ့

ခုလိုတောင်တက် ခရီးမျိုးမှာ

တစ်ယောက်စိတ်နဲ့ တစ်ယောက်စိတ်

ကြိုးတွေနဲ့ မြဲမြဲ ချိတ်ထားဖို့ လိုတယ်။


ကောင်းကင်ကို

20 comments:

December Cinderella said...

ကိုကောင်းကင်

အဦးဆုံး မန့်ခွင့်ရလို့ ပျော်တယ်။
အမြဲတမ်း ကလောင်စွမ်းထက်ခဲ့တဲ့
အဲ့ဒီလက်က ဖြစ်တဲ့ ကဗျာတစ်ပုဒ် ..
ရင်ကို လှုပ်ခပ်ခတ်တဲ့ နောက်ဆုံးစာကြောင်းက ..
"ကဆုန်စိုင်းလာတဲ့ မုန်တိုင်းတစ်ရာကို ကြံ့ ကြံ့ခံဖို့ အမှောင်ရက်ကြီးစိုးတဲ့ ခုလိုတောင်တက် ခရီးမျိုးမှာ တစ်ယောက်စိတ်နဲ့ တစ်ယောက်စိတ် ကြိုးတွေနဲ့ မြဲမြဲ ချိတ်ထားဖို့ လိုတယ်"

ကိုကောင်းကင် .. ၁နှစ်တော့ပြည့်တော့မယ် ..
ကဗျာပေါင်းချုပ် ရဲရဲရင့်ရင့် ထုတ်ပေးနိုင်ဖို့
၎ နှစ်ပဲကျန်တော့တယ် ..
Aja Aja Fighting .. KKK

ခင်တဲ့
ဆင့်ဆင့်

sait phay yar said...

တော်ပြီ မဆင့်ကဦးသွားတယ် ဒီကပြေးလာတာမမှီတော့ဘူး
အင်း .. ပြောချင်ဘူး ကောင်းတာကတော့ တို့အကိုလို့ကိုပြော၇ဘူးဟွန်း

မိုးသား said...

e

မိုးသား said...

အစ်ကိုရေ..
မန့်လို့ ရမရ စမ်းကြည်တာဗျ
ပြောချင်တာတွေ ပြောခွင့်ရလို့ ပျော်သွားတာပဲ
အစ်ကိုရေ..
စိတ်ပျက်သံ ..အားငယ်သံ...လက်လျှော့သံတွေ...ကြားနေရသလိုပဲဗျာ
ဟုတ်တယ်အစ်ကို....
အူမ မတောင့်တဲ့ သူတွေ ပိုပိုပြီး များလာသမျှ
သီလ ကို မအောင့်အည်း နိုင်သူတွေ ပိုပြီး များများလာဦးမှာပဲ
ကျွန်တော်တို့ ဘာလုပ်သင့်သလဲ..
ဘာလုပ်ရမှာလဲ အဖြေရှာသင့်ပြီ
အင်း.......ပြောရရင် အဖြေရှာဖို့တောင် တော်တော် နောက်ကျနေပြီနော်..အစ်ကို
အွန်လိုင်းမှာတွေ့ရင်..ခေါ်လိုက်ပါဦး
စကားပြောချင်တာတွေ တော်တော်များနေလို့ပါ

အောင်သာငယ် said...

ဘာမှ အထူး ပြောမနေတော့ပါဘူး...
ကောင်းပြီးသား ဆိုတော့...

အိုင်လွယ်ပန် said...

ကျွန်တော်လည်း ကိုအောင်သာငယ်လိုပဲ
အထွေအထူးမပြောတော့ဘူးဗျ :P

စိတ်စမ်းရေ said...

ကြိုးတွေ ခိုင်မြဲနိုင်စေဖို့ ဆန္ဒပြုလိုက်ပါတယ် ကိုကောင်းကင်ရေ ။

ဖိုးဂျယ် said...

အကို ကဗျာတွေက မာန်တွေပါပီးသားပဲ
ကောင်းတယ်ဆိုယုံမှ လွဲ၍ ထပ်မပြောတတ်ဘူးအကိုရေ

မိုးမောင်(happycloud) said...

ဆရာကောင်း... မရောက်တာတောင် ကြာပြီ... လာလိုက်ရင်လဲ စာဖတ်သူအကျိုးရှိသဗျာ..

ဆောင်းယွန်းလ said...

ကြိုးတွေနဲ့မြဲမြဲချိတ်ဖို့လာခဲ့တယ်
ကဗျာကတော့မာန်အပြည့်ပါဘဲညီလေးရေ

MANORHARY said...

စိတ်တွေကိုချိတ်ထားဖို့...တဲ့လား
စိတ်ကြိုးဆိုတာအပြင်ပကကြိုးတွေထက်
ပိုခိုင်မြဲသလိုပိုလည်းပြတ်လွယ်တယ်နော်.
ကောင်းကြောင်းတော့ပြောစရာမလိုတော့
ဘူးထင်ပါတယ်။

Republic said...

ချိတ်ဆက်တွေ မြဲဖို့ ကိုယ့်စိတ်ကြိုးတွေရဲ့ ခံနိုင်ရည်ကို စမ်းသပ်ကြည့်အုံးမယ်ဗျာ ၊၊

မောင်မျိုး said...

ကဗျာတွေက မပြောင်းမလဲ မာန်ပါနေတယ်ဆိုတာ ပြောဖို့တောင်မလိုတော့ဘူးး ။

ကောင်းကင်ပြာ said...

တစ်ယောက်စိတ်နဲ့ တစ်ယောက်စိတ်

ကြိုးတွေနဲ့ မြဲမြဲ ချိတ်ထားဖို့ လိုတယ်။
အရမ်းကောင်းတဲစာသားလေးနဲ့ကဗျာလေးပါ၊

tututha said...

ရင်ဗတ်နဲ့ခံစားသွားပါတယ်

mgngal said...

အသီးတလုံးတော့ ခူးကြည့်သွားတယ်ဗျ ။ ရင့်တော့ရင့်နေပြီ
မမှည့်သေးဘူး ။ ကြိုးတွေတော့ မရှုပ်စေနဲ့ ဝေ့ ။ ရှင်းရတာ ခက်သားကလား ။ :P

တန်ခူး said...

ဖြုတ်လို့ မရအောင်ကို အသေချည်ထားတာ…

ကိုရင်နော်ခင်လေးငယ် said...

ကိုကောင်းကင်ရေ...

ခရီးတစ်ခုကို အရောက်နှင်ဖို့ ကျွန်မတို့အားလုံး စိတ်တွေ တစ်ယောက်ကိုတစ်ယောက်
ချိတ်ထားတဲ့ အခိုင်မာဆုံး ကြိုးတစ်ချောင်းရှိနေပါရက်နဲ့
ခုတလော....
ခေတ်ကြီးက မကောင်းဖူး... :P

လေးစားခင်မင်တဲ့..

Apprenticeship said...

သိနေတော့လဲ ခက်တာပေါ့ဗျာ......

သတိုးရာဇာ said...

စိတ်ကြိုးတွေက သာခိုင်မြဲပါတယ် အစ်ကိုရေ...