Tuesday, October 28, 2008

အငိုဒုက္ခ တိုင်းပြည်

လိုသလို ပုဒ်မ ချလို့ ရတဲ့
အငို ဒုက္ခ တိုင်းပြည်မှာ
မိစ္ဆာတွေ ဘုရင်လုပ် နေသည်။
လိပ်ပြာတွေကို နှင်ထုတ်နေသည်။
သွေးညှီနံ့တွေနဲ့  ချဉ်စုတ် နေပြီ။
လူတွေအားလုံး ရင်ရှုပ် နေသည်။

တက္ကသိုလ်များ လယ်ကွင်းထဲသို့ ပြောင်းသွားလေပြီ။
ဘွဲ့ ရတစ်ယောက် အလုပ်မရ၍ ခေါင်းစားနေသည်။
သူတောင်းစားတို့ ကျ ကောင်းစားနေသည်။
အိတ်ကပ်ကြီးတွေ ဖောင်းကားနေသည်။
တိုင်းပြည်ကြီးကို တညီတညွတ်ထဲ ရောင်းစားနေပြီ။

ယတြာတွေချေပြီး မန်းမှုတ်နေပြီ။
သံဃာတွေကိုတောင် ဝရမ်းထုတ် နေပြီ။
အလှူရှင်တွေ မရှောင် ဖမ်းချုပ်နေပြီ။
လူမဆန်စွာ ကြမ်းကြုတ်နေပြီ။
ဖြုတ်ဦးနှောက်တွေနဲ့ ..အရမ်း..လုပ်နေပြီ။

သူတို့ ခေါင်းထဲ..သွားမကြည့်နဲ့ ..ဘာမှမရှိဘူး..အဟောင်းသား။
လူတွေလည်း..တွေးလာကြတယ်..တစ်ရွာပြောင်းရင်..ကောင်းမလား။
ဒီလိုနဲ့ ပဲ..မိသားစုတွေ..မဆုံဆည်းနိုင်လောက်အောင်..ချောင်းခြား။
ဘဝနဲ့ ရင်းပြီး..ကြိုးစားတာတောင်.. မရေရာတဲ့ ...လောင်းကစား။
ဒါတွေဟာ.. အမေတစ်ကွဲသားတစ်ကွဲ.. ဖြစ်နေရတဲ့.. အကြောင်းများ။
ရင်ထဲကို.. သောကငှက်တွေ.. ကျူးကျော်လာတာတောင်.. မမောင်းအား။

သူငယ်ချင်းတစ်ချို့  အလုပ်ရှာဖို့ ..စင်ကာပူကို ထွက်နေကြတယ်။
အလုပ်မရရင် သိန်းနှစ်ဆယ်လောက်.. ရှုံးပြီဆိုတော့ မျက်ရည်ကျမယ်။
ကြိုးစားကြည့်လိုက်မှ ပိုဆိုးသွားတတ်တာ.. ဒီခေတ်ဆိုးရဲ့ သက်သေတစ်စပဲ။
ကမ္ဘာက သာမန်လူတွေနဲ့ ငါတို့ ကာရန်တူရုံလေးတောင်.. ဘာလို့ ဒီလောက်အထိ ခက်နေရသလဲ။
မြေညီထပ်လေး ရောက်ဖို့ တောင်.. ကိုယ့်စိတ်ဓာတ်ကိုယ်.. လှေကားလိုနင်းပြီး.. တက်နေရဆဲ။

ဆန္ဒခံယူပွဲ အတုကြီးနဲ့ လည်း ကမ္ဘာကိုတောင် နားလှည့်ပါးရိုက်။
မသူတော် အချင်းချင်းကျတော့ အိမ်နီးချင်းကောင်း ဆိုတဲ့ စကားနဲ့ ဖားလိုက်။
သူငယ်ချင်းတို့ ......သူတို့ မျှားလာတဲ့ ငါးစာတွေကို မစားနဲ့ ...ထားလိုက်။

အသိဥာဏ် မရှိတဲ့ ခွေးသူခိုးတွေဟာ
ခြောက်ဆယ့်နှစ်တုန်းကထက်လည်း သွေးဆိုး နိုင်တယ်။
နောင်တစ်ချိန်မှာ ဘုန်းကြီးကျောင်းတွေကို ဒိုင်းနမိုက်နဲ့မဖောက်ဘူးလို့ ဘယ်သူပြောရဲသလဲ။
ကမ္ဘာ့မြေပုံကြီးထဲက သွေးကွက်လေး တစ်ကွက်ရဲ့ ကံကြမ္မာကို ဘယ်သူဟောရဲသလဲ။

သူငယ်ချင်း...
မင်း..အေးအေးဆေးဆေးနေလို့ လည်း ဒီဂယက်က လွတ်မယ်မထင်နဲ့ ။
မိစ္ဆာတွေ မဆင်းမချင်း ဒီဝဋ်က ကျွတ်မယ် မထင်နဲ့ ။
ဝန်နဲ့ အားမမျှတဲ့ မင်းစီးလာတဲ့ဒိုင်နာဟာ အချိန်မရွေး လမ်းချော်မှောက်သွားနိုင်တယ်။
ကပ်တစ်ခုစိုက်လိုက်တာနဲ့ မင်းဘဝက အချိန်မရွေး လမ်းပေါ်ရောက်သွားနိုင်တယ်။

တိုင်းပြည်ကို ခြယ်လှယ်နေတဲ့ ဘုရင်တစ်အုပ်ဟာ
အစိုးရနာမည်ခံထားတဲ့ မစင်တစ်ထုပ်ပါ
ပြည်သူတွေကလည်း သူတို့ ထင်သလို အချဉ်မဟုတ်ပါ။

ဒီလိုနဲ့ မခံချင်စိတ်တွေ ငလျင်ခဏခဏလှုပ်
သူတို့ တွေရဲ့  ပလ္လင်ခဏခဏလှုပ်လည်း
အခုထိမပြုတ်သေးတော့
တစ်ယောက်တည်းတွေးရင်း ရင်ရှုပ်
ပေါက်ကွဲမှုတွေကို ကဗျာအဖြစ် အပြင်ထုတ်လိုက်တယ်။

ဒုက္ခတွေနဲ့  ရှုပ်ပွနေတဲ့ စိတ်ဓာတ်ခြွေ ပြောင်းပြန်ကမ္ဘာထဲ
လဲကျတိုင်းသာ ပုလဲခနေရင် မျက်ရည်တွေသာ ချောင်းလျှံလာမယ်။
အကျိတ်အခဲတွေ စိတ်ထဲမှာ သိပ်သည်းကာ ဗြောင်းဆန်လာတယ်။
စကားလုံးတွေ ကြမ်းသွားမိခဲ့ရင် ကဗျာဖတ်သူကို တောင်းပန်ပါတယ်။

ကောင်းကင်ကို

50 comments:

Anonymous said...

owow!!!!!!!!!!!!!great poem.good writing.how can I say ???????????ur poem mention the truth!!!!!!!!!!!!!

Anonymous said...

Brother! It is truth about our homeland. You are really brilliant poet!

အိုင်လွယ်ပန် said...

စကားလုံးတွေရဲ့အားကို
လေးစားပါတယ်အစ်ကိုရေ....
ကောင်းသောနေ့ပါဗျာ.......

Anonymous said...

ကဗျာမှော်အောင်တဲ.ဆရာလေးရေ
ကျွန်တော.ဘလော.မှာလင်.ခ်ထားပါတယ်
ခင်ဗျာ။

tututha said...

the great poem ...

Anonymous said...
This comment has been removed by the author.
Anonymous said...

အရမ်းကောင်းတဲ့ ကဗျာလေးပါပဲဗျို့။
ဒီကဗျာလေးကိုဖတ်ရင်းဖတ်ရင်းနဲ့ မျက်လုံးထဲမှာ ကွက်ကွက်ကွင်းကွင်းမြင်လာတယ်၊ နင့်နင့်သီးသီးခံစားလာရတယ်၊ ဆို့ဆို့နင့်နင့် နားလည်လာတယ်၊ နာနာကျင်ကျင် နာကျည်းလာရတယ်၊ ခံစားမှုတွေ သဘောတရားတွေနဲ့ သရုပ်မှန်တွေကို အရှိ အရှိအတိုင်း အမှန် အမှန်အတိုင်း မြင်လာမိပါတယ်။ လေးစားမိပါတယ် အကို ကောင်းကင်ကိုခင်ဗျား...

လေးစားစွာဖြင့်

Anonymous said...

very good poem! I like it so much.

Anonymous said...

ဒင်းကြီးတို့  အကြောင်းကို စဉ်းစားမိရင်တော့ ဟင်းးးးးးးးးး ဒင်းကြီးကိုတော့ မပြုတ်ပဲ အစိမ်းလိုက် ၀ါးစားချင်တယ် အစ်ကိုကော စားမလားး =)

mgngal said...

:) ။တိုင်းပြည်ကြီးကို တညီတညွတ်ထဲ ရောင်းစားနေပြီ။

ကိုကောင်း အဲလို ထင်တော့လည်း အဲဒါအမှန်ပေါ့ဗျာ။

စကားလုံးတွေ ကြမ်းသွားမိခဲ့ရင် ကဗျာဖတ်သူကို တောင်းပန်ပါတယ်။
အဲဒီ စာကြောင်းလေးကြောင့်မို့  ခွင့်လွတ်ပါတယ် ။ :P
ကျေးဇူးပြုပြီး ကျနော်ကို လူ့ ခွစာ လို့ ခေါ်ပါ ။

ကိုပေါ said...

စကားလုံးတွေ ကြမ်းသွားမိခဲ့ရင် ကဗျာဖတ်သူကို တောင်းပန်ပါတယ်။ (မလိုပါဘူး)
စပါးလုံးတွေ ပြွမ်းသွားမိခဲ့ရင်တောင်မှ အစာငတ်သူအဖို့ ကောင်းပြန်ပါတယ်....(အဟဲ။ ဓါတ်ကူးသွားလို့။)

ဆောင်းယွန်းလ said...

ဒီလိုနဲ့ မခံချင်စိတ်တွေ ငလျင်ခဏခဏလှုပ်
သူတို့ တွေရဲ့  ပလ္လင်ခဏခဏလှုပ်လည်း
အခုထိမပြုတ်သေးတော့
တစ်ယောက်တည်းတွေးရင်း ရင်ရှုပ်
ပေါက်ကွဲမှုတွေကို ကဗျာအဖြစ် အပြင်ထုတ်လိုက်တယ်။

ကောင်းလိုက်တဲ့တွေးခေါ်မှုတွေနဲ့စာသားအပြင်းစားတွေ
ပါလား...ထိတယ်..တဲ့တဲ့ကြီးကိုဘဲ

ဂျူနို said...

အစိုးရနာမည်ခံထားတဲ့ မစင်တစ်ထုပ်ပါ
ပြည်သူတွေကလည်း သူတို့ ထင်သလို အချဉ်မဟုတ်ပါ။

ဟားဟားဟား ရို .ရို့ 
ကောင်းလိုက်တာ ဗျို့ ဗျို့ 
ဆက်ရေးပါ လို့ လို့ 

pandora said...

အားရင် စကားလုံးတွဲတွေအကြောင်းပဲ ထိုင်စဉ်းစားနေလား အောက်မေ့ရတယ်

ပြောင်မြောက်ပါပေ့ ကောင်းကင်ကို

Anonymous said...

Excellent!!!! Thank you so much for the poem.

Anonymous said...

မြေညီထပ်လေး ရောက်ဖို့ တောင်.. ကိုယ့်စိတ်ဓာတ်ကိုယ်.. လှေကားလိုနင်းပြီး.. တက်နေရဆဲ။
ကျတော်တို့ မြေညီထက်ရောက်ဖို့တောင် တက်နေရတယ်ဗျာ...ရင်နာတယ်
အကို့စာသားတွေက အရမ်းထိတယ်ဗျာ
လေးစားတယ် ကျတော်လည်း အကို့လိုရေးတတ်ချင်လိုက်တာ

Anonymous said...

မြေညီထပ်လေး ရောက်ဖို့ တောင်.. ကိုယ့်စိတ်ဓာတ်ကိုယ်.. လှေကားလိုနင်းပြီး.. တက်နေရဆဲ။
ကျတော်တို့ မြေညီထက်ရောက်ဖို့တောင် တက်နေရတယ်ဗျာ...ရင်နာတယ်
အကို့စာသားတွေက အရမ်းထိတယ်ဗျာ
လေးစားတယ် ကျတော်လည်း အကို့လိုရေးတတ်ချင်လိုက်တာ

Anonymous said...

I really really love this poem. You are no two.

Nyein Chan Aung

ကိုရင်နော်ခင်လေးငယ် said...

ကိုကောင်းကင်...
စကားလုံးတွေကြမ်းမှာမပူပါနဲ့.....
လိုတောင်လိုအပ်နေသေးတာပါ.....။

“ထင်းကနဲမြင်ရတိုင်း အရှိကိုသာ
ရေးမယ်ဆိုရင် ကမ္ဘာကြီးထငိုလိမ့်မယ်”

စကားလုံးတွေ ကောင်းလွန်းနေတာ ခဏခဏ မပြောတော့ပါဘူးနော်.....!!
လှိုက်လှိုက်လှဲလှဲ ချီးမွမ်းချင်တာ
မမှီမှာစိုးတယ်....

ခင်မင်စွာ လေးစားလျှက်....

Anonymous said...

လေးစားပါတယ် အစ်ကို...
စကားလုံးတွေ ကတစ်ကယ့် အံ့မခန်းပါပဲ...
ဘယ်လိုနှလုံးသားနဲ့ များရေးထားခဲ့လဲမသိဘူး
အဆင်ပြေပါစေ အစ်ကို..

Pinkgold said...

အမှန်တွေချည်း ရေးထားတာမို့ comment တောင် မရေးချင်တော့ပါဘူး အကိုရယ်.. ဖတ်မိရင် ဘ၀ကြီးကို သနားတယ် အဟင့်

ဒီရေ said...

ကိုကောင်းကင်ရေ!.... ကျွန်တော် ကို ဒီကဗျာလေး တင်ပြခွင့် ပေးပါ... အရမ်းကောင်းတဲ့ ကဗျာလေး.... ခံစားမိတယ်...

Maharburma said...

ညီလေးရေ

အတွေးရော စာသားရောက အရမ်းကောင်းတယ်။ လေးစားပါတယ် ဗျာ

တန်ခူး said...

ဒီကဗျာက ကြိုးတန်းပေါ်က ပြုတ်ကျလာတဲ့ ဟစ်ဟော့သီချင်းတပုဒ်လိုပဲ…
အရသာတမျိုးရတယ်… ခါတိုင်း စတိုင်နဲ့ သိပ်မတူသလိုပဲ… ဒီအရသာလေးကလဲ တမျိုးကောင်း…

သစ်နက်ဆူး said...

တစ်ခြားတစ်ခြားသော ....
ကဗျာဆရာများကိုလည်း လေးစားပါတယ်...
ဖန်တီးမှုတိုင်းကိုလည်း လေးစားပါတယ်...
ဒါပေမယ့်..
ကိုကောင်းရေ...
ကိုကောင်း..ကတော့ ကဗျာ ကဝေကြီးဘဲဗျာ....။

လင်းလက်ကြယ်စင် said...

သိပ်ကောင်းတဲ့ကဗျာတစ်ပုဒ်ထက်ပိုပြီး တင်စားချင်ပါတယ်။ ဖန်တီးမှုစွမ်းအားနဲ့ အမှန်တရားပေါင်းလိုက်တော့ Excellent ပါပဲ :)

Anonymous said...

WOW...What can I say?? You are just brilliant !!
You do give the readers something extra !!
You are one of the most talented people I have ever known..
You deserve the word "genius"

RePublic said...

ကောင်းကင်ကြီး..

ဖတ်ရတာ ကျေနပ်တယ်ဗျာ ၊၊

Anonymous said...

oh my God!!!
good job Dudy ...

Anonymous said...

ကောင်းလှချည်လား သူငယ်ချင်းရေ

အတွေးရဲရဲ အရေးရဲရဲ..
ကဗျာအတွေးထဲမှာ ရဲရဲတောက်နေတဲ့ သွေးကို မြင်ရတယ်
လေးစားတယ် သူငယ်ချင်း

Anonymous said...

အကိုရေ အရမ်းကောင်းတဲ့ ကဗျာလေး ပါ။ အဖြစ်မှန်ကို ထိထိမိမိ ရေးထားတာလေးစားစရာပါ။ အားပေးလျှက်ပါ။
ကျနော့် blog အတွက် သုံးခွင့်ပြုပါခင်ဗျာ။
ကျေးဇူးပါ။

MELODYMAUNG said...

yoyo! absolutely awesome

လန်းတယ်ကွာ
ဟတ်ထိတယ် အပြတ်မိတယ်

ဒီကဗျာလေးရေးတာက နဲနဲစောသွားတယ်
မကြာခင်မှာပဲပေါ့...
လိုသလို ပုဒ်မ ချလို့ ရတဲ့
အငို ဒုက္ခ တိုင်းပြည်မှာ
ငါတို့ လက်တွဲဖော်တွေ...
အီလက်ထရွန်းနစ်ပုဒ်မတဲ့လေ :(

ကြယ်ပြာ said...

အရင်က ဒီဘလော့ကို တခါပဲရောက်ဖူးတယ် ... ဒါပေမယ့် သေချာမဖတ်မိခဲ့ဘူး .... ကျွန်မခုမှ လိုက်မွှေနှောက်ကြည့်မိတယ် ...
ကဗျာပုံစံလေးက ဟစ်ဟော့သီချင်းဆိုလို့တောင်ရမယ် ..
စာသားတွေကောင်းသလို အဓိပ္ပါယ်တွေကလဲကောင်းတယ် ... အမှန်တွေကို စကားလုံးအားကောင်းကောင်းနဲ့ မီးမောင်းထိုးပြလိုက်သလိုပဲ ... ဒီကဗျာကို ကဗျာဆရာနဲ့ထပ်တူနီးပါး ခံစားခဲ့ပါတယ် ....

ဒေါင်းတမာန် said...

ကောင်းကင်ကို ရဲ့ ကဗျာတွေဟာ တကယ် အသက်ပါတယ်ဗျာ၊ လေးစားပါတယ် ကျတော်ကြိုက်တဲ့  ကဗျာတွေ ကို သုံးခွင့်ပြုပါ ။ ကျေဇူးတင်ပါတယ်

Kyaw Tun said...

Very very good.

မင်းနန္ဒ said...

အခုအချိန်မှာ အလိုအပ်ဆုံး ကဗျာအမျိုးအစားပါပဲ။

ိဒီမိုဝေယံ said...

တက္ကသိုလ်များ လယ်ကွင်းထဲသို့ ပြောင်းသွားလေပြီ။
ဘွဲ့ ရတစ်ယောက် အလုပ်မရ၍ ခေါင်းစားနေသည်။
သူတောင်းစားတို့ ကျ ကောင်းစားနေသည်။
အိတ်ကပ်ကြီးတွေ ဖောင်းကားနေသည်။
တိုင်းပြည်ကြီးကို တညီတညွတ်ထဲ ရောင်းစားနေပြီ။

ကိုကောင်းကင်ရေအခုမှဖတ်မိပေမဲ့
ကြိုက်လွန်းလို့ဘလော့မှာသုံးခွင့်ပြုပါ။

Anonymous said...

You are very talented. I want you to write more poems. You are expressing the truth. Keep writing. I like your poem very much. Thank you very much for your sharing. You are a brilliant poet.

Dream said...

စကားလုံးတွေက လန်ထွက်နေတာပဲ.... အရမ်းကောင်းတယ် ကဗျာလေးက ထိချက် ပြင်းတယ်.. လေးစားတယ်ဦးဦးကောင်းရေ....

PhoeWunna said...

Excellent, Excellent and Excellent!!!
It has been quite a long time not to read such an effective poem. Thank you so much.

walone said...

ခံစားရတာ ပြန်ကြားရယင် အမှန်စကား တွေမို့ စံထားချီးကျူးပါတယ်

ကြိုင်လှမောင်မောင်
၂၀၀၉၀၆၀၆

Unknown said...

အကိုရဲ့ စကားလုံးတိုင်းက အသက်ဝင်တယ် . .အားမာန်အပြည့်ရှိတယ် မျက်မှောက်ခေတ်ကို မီးမောင်းထိုးပြလိုက်တာနဲ့ တူတူပဲ။ မျက်လုံးထဲ ကွင်းခနဲ ကွက်ခနဲကို ရှင်းရှင်းလင်းလင်း မြင်ရတယ် . . .ကောင်းလိုက်တဲ့ ရေးချက် . ..

Unknown said...

it's a dope , , shit , ,straight it up ,, my man / / / / we still got a lot of works to do,.

မျိုးချစ်မြန်မာ said...

ဖတ်နေရင်း အလင်းမဲ့ကောင်းကင်ကြီး မျက်စေ့ရှေ့မှာပြိုကျသွားတယ်
ပြီးတော့ ဒေါသတွေအန်ထုတ်ပစ်လိုက်မိတယ်
လှောင်ချိုင့်တွေထဲက အသံပေါင်းများစွာအတွက် နာကျည်းစွာကျေးဇူးတင်ပါတယ်

ခွင့်မတောင်းဘဲခိုးယူရလောက်အောင်ကောင်းတယ်ဗျာ

မျိုးချစ်မြန်မာ

http://myochitmyanmar.org/2008-07-25-07-31-58/2008-07-25-07-51-05/2752-2009-06-11-17-18-44

ရာခေလ said...

အရမ်းကောင်းပါတယ်။ ထိထိမိမိ ရှိလွန်းတယ်။ ကျွန်တော်ကတော့ ကြိုက်တယ်။

cybernyunt said...

ကောင်းလွန်းလို့ ...... ဘယ်လိုပြောရမလဲတောင်မသိတော့ဘူးဗျာ

Anonymous said...

အငိုဒုက္ခတိုင်းပြည်မှာ အပိုပုဒ်မတွေများလို့ အမည်တောင်မဖေါ်၇ဲပဲ ဒိုင်နာဘယ်တော့မှောက်မလည်း လို့ စိတ်ဓါတ်ကို ဖင်ခုထိုင်ထားပြီး ခပ်ယိုင်ယိုင် စာရိတ္တမဏ္ဋိုင်ကို ကိုင်ထားရတယ် ၀ရမ်းထုတ်ထားတဲ့သံဃာတွေ ဆီ လည်းမသွားရဲတော့ အိမ်မှာပဲ မေတ္တာသုပ်ကို အသံမထွက်ပဲရွတ်နေရတယ်။ သူတော်ကောင်းတွေကြားယုံပ။ ဒီကဗျာက တိုင်းပြည်အတွက်အလှည့်အပြောင်းတစ်ခုထိဖြစ်လာနိုင်ပါတယ်။ နောက်ပြီး တကဲ့ပကတိအခြေအနေမှန်ပါပဲ

Unknown said...

ခုဖတ်ရတာနောက်ကျနေပြီ
စောစောကမပို့ပေးလို့
ပို့ပေးတဲ့သူငယ်ချင်းကိုစိတ်ဆိုးတယ်
အရမ်းကောင်းတဲ့ကဗျာလေးပါ

zawmoenaung said...

ကဗျာကို ဖတ်နေရင်း ကြက်သီးထမိတယ်၊ အရှိကို သိနေပေမယ့် ဒီလိုထောက်ပြနိုင်တာရယ် ၊ စိတ်ကူးစွမ်းရည် ရယ်ကို မချီးမွမ်းပဲ မနေနိုင်ပါဘူး၊ ကလောင်လက်နက်က ပစ်ခွင့်မရတဲ့ စစ်သည်တွေရဲ့ ဂျီ-သရီးထက် စွမ်းပါတယ်ဗျာ။

ဒီမိုဝေယံ said...

ကိုကောင်းကင်ကိုရေ ကဗျာ နောက်တကြိမ် ထပ်သုံးထားပါတယ်။ လေးစားစွာဖြင့်။....။