Wednesday, July 2, 2008

ငါးရက်တိတိ ပျောက်သွားတဲ့ လမင်း

နွေရာသီမှာ နေ့ တာရှည်တယ်၊
ဆောင်းရာသီမှာ ညတာရှည်တယ်၊
ငါ့အဖို့ တော့ အခု နေ့ တာရော ညတာပါ တစ်ပြိုင်နက်တည်းရှည်နေတယ်။

နှုတ်ခမ်းလေး တစ်ခုဆော့တဲ့ ဂယက်နဲ့ 
စကြာင်္ဝဠာကြီး ထဲက အစက်ကလေးတစ်စက်
အကြီးအကျယ် သွေးပျက်နေပြီ။

အလွန်အကျွံ ကြောက်တတ်သူတစ်ယောက်
ညသန်းခေါင်ချိန်အရောက်
မျက်စေ့လည် လမ်းအပျောက်မှာ
ရုတ်တရက် သရဲအခြောက်ခံလိုက်ရသလိုမျိုး။

ရင်ထဲက အားကိုးစရာ ကောက်ရိုးလေးတစ်စ
အခြေအနေတွေက တည့်တည့်ချိန်ရွယ် ပစ်ချသွားပြီ။

ဒီလမှာ ၅ညဆက်တိုက် လမထွက်သေးဘူး။
ဒီလမှာ ငါ့ရင်ဘတ် ၅ချက်တိတိ ချုပ်လိုက်ရပြီ။
ဒီညမှာ ငါ့ရင်ထဲကငှက် သဝဏ်လွှာအပါး မထွက်နိုင်ဘူး။
ဒီညမှာ မာရ်နတ်သမီးရဲ့ လက်ချက်နဲ့ ငါ့အသည်းမှာ ကြိုးတစ်ချောင်းပြတ်တယ်။

လွင့်မျောနေတဲ့ စိတ်နဲ့ 
တိမ်တွေကို လိုက်ပြီးဖမ်းဆုတ်
သက်ပြင်းပူတစ်ချက်ကို မှုတ်ထုတ်လိုက်တယ်။
ညကို မဝံ့မရဲနဲ့  ကြည့်လိုက်တယ်။

ဟော…ဟိုမှာ
မိုးပေါ်မှာ ရွက်လွှင့်နေတဲ့ ကြယ်တစ်ပွင့်
သူ့ မျက်နှာတော်ကို မော်ဖူးဖို့ 
ငါ့ကိုလူကြုံလိုက်ခွင့်ပေးပါ။

ကောင်းကင်ကို

10 comments:

Mintasay said...

နှုတ်ခမ်းလေး တစ်ခုဆော့တဲ့ ဂယက်နဲ့ 
စကြာင်္ဝဠာကြီး ထဲက အစက်ကလေးတစ်စက်
အကြီးအကျယ် သွေးပျက်နေပြီ။

အဲ့ဒီစာသားလေး အလန်းဆုံးပဲ

မျှားပြာ said...

အစ်ကိုကြီးရေ ဒီတစ်ပုဒ်ကို သေချာဖတ်သွားပါတယ်ဗျာ ..
ကိုမင်းတစေပြောသလိုပဲ အဲဒီစာသားကို တော်တော်ာကိုက်တယ် .။

တန်ခူး said...

ကဗျာလေးကလှတယ်… ခံစားရသူအဖို့ တော့ ၅ရက်က ၅ ကမ္ဘာမက…

Eduking said...

လူကြုံနဲ့ အမြန်ဆုံးလိုက်ပြီး မော်ဖူးနိုင်ပါစေ.. ဘရားသားရေ. :)

အိုင်လွယ်ပန် said...

ကောင်းလိုက်တဲ့ကဗျာလေးအစ်ကိုရေ!

ကြယ်စင်လေးနဲ့အမြန်ဆုံးပျော်မြူးနိုင်ပါစေဗျာ.....

sandar said...

တစ်လလုံးလမထွက်ရင်ဘယ်လိုလုပ်ကြမတုံး ရင်ဘတ်တစ်ခုလုံးချုပ်ရာတွေဗလပွနဲဖြစ်ကုန်တော့မပေါ့ အစ်ကိုရယ် ။ အိုစုန်းလွာပေါက်တဲ့နေရာလေးကသွားကြည့်ပါမြင်ချင်မြင်ရမယ်ထင်တယ် ။

Anonymous said...

သေသေချာချာဖတ်သွားတယ်။သုံးခါတိတိ...ကြိုက်လွန်းလို့

Anonymous said...

ဟော…ဟိုမှာ
မိုးပေါ်မှာ ရွက်လွှင့်နေတဲ့ ကြယ်တစ်ပွင့်
သူ့ မျက်နှာတော်ကို မော်ဖူးဖို့ 
ငါ့ကိုလူကြုံလိုက်ခွင့်ပေးပါ။

အရှင်သခင်တစ်ယောက်လို ချစ်သူကိုတင်စားပြီး ငယ်ကျွန်တစ်ယောက်လို ကိုယ့်ကိုယ်ကို ပုံဆောင်တတ်ကြတာ ကဗျာဆရာစစ်စစ်တွေ အချစ်ငတ်သူစစ်စစ်တွေပါပဲ...ဒါ့ကြောင့် နောက်ဆုံး ပိုဒ်လေးကို အထိဆုံးပဲ..ရွှေနိုင်ငံတော်ကြီးဆီ ပြန်နေလို့ မရောက်ဖြစ်တာ..အတိုးချပြီး ဖတ်သွားပါတယ်ဗျာ..

ein said...

တော်သေးတာပေါ့ ငါ့အစ်ကိုရာ ၇ ရက်လုံးပျောက်မသွားလို့ နော :P

Mhu Darye said...

ဖတ်သွားတယ်။