Saturday, June 28, 2008

ငါ

အချိန်ပြည့် တံခါးပိတ်ထားချင်တဲ့နှုတ်ခမ်း၊
အရက်နဲ့ မကြာမကြာ ဆမ်းပေးရတဲ့ အသည်း၊
ဒဏ်ရာတွေနဲ့  မန်းမှုတ်ထားရတဲ့ ကဗျာ၊
ရမ္မက်နဲ့ အဆီပြန်နေတဲ့ မျက်နှာ
အဲဒါ …ငါ ။

ငါဟာ
အတောင်တစ်ဘက်တည်းနဲ့ ပျံနေရတဲ့ ငှက်၊
မဲ့ပြုံးတစ်ဝက်နဲ့ ခရီးဆက်နေရတဲ့သူ၊
သံပတ်ကုန်ခါနီး လူသားစက်ရုပ်။
အသက်ကလေး ငွေ့ ငွေ့ ဆက်နိုင်ဖို့ အရေး
ကဗျာတွေ တစ်ပုလင်းပြီး တစ်ပုလင်းချိတ်
ကိုယ့်နှလုံးသားကို ကိုယ်ပြန်ပြီး ဆီကြိတ်နေရတယ်။

သြော်..ငါဟာ
အံမဝင်နိုင်တဲ့ ဒုစရိုက်နဲ့ 
အသုံးမဝင်တော့တဲ့အမှိုက်၊
ဥယျာဉ်အလယ်မှာ ခေါင်းငိုက်စိုက်နဲ့ …

ကောင်းကင်ကို

8 comments:

တန်ခူး said...

ငါထဲမှာ ငါ့ကိုတွေ့ တယ်….

အမရာ said...

ပက်ပက်စက်စက်
ခံစားသွားပါတယ်............

Mintasay said...

ကဗျာတွေ တစ်ပုလင်းပြီး တစ်ပုလင်းချိတ်
ကိုယ့်နှလုံးသားကို ကိုယ်ပြန်ပြီး ဆီကြိတ်နေရတယ်။

ဘာပဲဖြစ်ဖြစ် ကဗျာတွေထဲမှာ ကိုယ့်ကိုကိုယ် ပြန်တွေ့နေရသေးတယ် ဆိုရင်တော့ ........

Anonymous said...

I don't think you are that kind of people. :P Anyway, I appreciate your works. Keep it up.

အိုင်လွယ်ပန် said...

ကောင်းတယ်အစ်ကိုရေ....

ChIr0N said...

ပြောကို မပြောချင်တော့ဘူး။ တူညားတွေများ ရေးတတ်လိုက်တာ။ ကျွန်တော့် ငါ နဲ့ အကို့ ငါ နဲ့တော့ မတူဘူးဗျ။ အားရင် ကျွန်တော့် ငါ ကို လာဖတ်ပါဦးလေ။

Mhu Darye said...

ကောင်းကင် အောက်က “ငါ” နာမ်စားနှင့် လူသားတစ်ယောက်ကို လာရောက် သုံးသပ်သွားတယ်။ :P

ဝေလေး said...

ကဗျာတွေ တစ်ပုလင်းပြီး တစ်ပုလင်းချိတ်
ကိုယ့်နှလုံးသားကို ကိုယ်ပြန်ပြီး ဆီကြိတ်နေရတယ်။

မိတယ်ဗျာ........အဲဒီစာသားလေး...