Monday, June 2, 2008

ရက်စက်တဲ့ နှုတ်ခမ်းနဲ့ နမ်းမှ

သူက
ဆူးတွေနဲ့ ရံထားတဲ့ နှင်းဆီ
မီးတောက်ထဲမှာ ပွင်နေတဲ့ပန်း
မာနတောင်ထွတ်မှာ စံမြန်းနေတဲ့ နတ်သမီး
သူ့ ရဲ ဆူးတွေက ဖြူတစ်ကောင်ရဲ့ ဆူးတွေထက် ပိုပြီးတော့ ချွန်မြတယ်။
စကားတစ်ခါ ကျွံလိုက်တိုင်း သူက မြွေဟောက် တစ်ကောင်လို ပါးပြင်းထတယ်။

ငါကလည်း
ခက်ခက်ကိုမှ လိုချင်တဲ့ကောင်၊
ရက်စက်တဲ့ နှုတ်ခမ်းနဲ့  နမ်းမှ ငါ့ပါးက အရသာရှိမှာ။
စစ်သူကြီး ဟန်နီဘော်လို အကြမ်းတမ်းဆုံး လမ်းကိုပဲ ရွေးချင်တယ်။
ဇာတ်တော်ထဲက စူဠသုဘဒ္ဒါလို မိန်းမမျိုးနဲ့ တွေ့ ချင်တယ်။
နှလုံးသား ကွဲအက်လို့  ရွှဲနစ်လာတဲ့သွေးတွေနဲ့ 
မာနကြီးတဲ့မိန်းမတစ်ယောက်ရဲ့ 
လက်နက်ချလိုက်မယ့် အလံဖြူပေါ်မှာ
အချစ်ဆိုတဲ့ စကားလုံးကို ထင်းထင်းကြီးရေးချင်တယ်။

ကောင်းကင်ကို

10 comments:

Yin Nit Pan said...

A lan hpyu hta twarr tal :P

Eduking said...

ကဗျာတွေ မရေးဘဲနဲ့... စစ်တိုက်တော့မလို့လား ဘရားသား... :D

Mintasay said...

ခင်ဗျားရဲ့ အနုပညာတွေကတော့ လူကြီးမင်းများဦးထုပ်ချွတ်လိုက်ကြပါဆိုတဲ့အတိုင်းပဲ

တန်ခူး said...

အဲဒီ ဆူးတွေ၊မာနတွေ၊ မီးတောက်တွေက အချစ်နဲ့တွေ့ရင် အရည်ပျော်စမြဲမို့...ခက်ခက်အတွက်အားမလျှော့နဲ့...

MELODYMAUNG said...

ခက်ခက်ဆိုတဲ့ ကောင်မလေးကိုကြောတာလား :P
အဟိဟိ စတာ
ဒီကဗျာကလဲ အပြင်းစား အမိုက်စားပါလားဗျို

Anonymous said...

ဆြာကောင်းစပ်တဲ့ ဘယ်ကဗျာကမမိုက်တာလဲ မော်ဒယ်မမရဲ့ ။

မေပျို said...

ဆရာရေ ကဗျာလာဖတ်သွားတယ်။ ဖတ်ပြီးတော့ ကောင်းလွန်းလို့ ဘာပြောရမှန်းတောင် မသိဘူး။

လေးစားစွာဖြင့်
မေပျို

Mhu Darye said...

ဩော် သူကလည်း စိတ်ကြီးတယ်။

တစ်ပြည်သူ အိမ့်ချမ်းမြေ့ said...

ဒီကဗျာလေးကို နှစ်သက်မိပါတယ်..

Anonymous said...

မာနကြီးတယ်ဆိုတာကို ရိုက်ချိုးဖို့ ကလောင်တံပိုင်ထားတာဘဲ၊ မာနကြီးတဲ့ မိန်းမတိုင်းက ကလောင်တံကို တော့ ဆီးမခံနိုင်ဘူးတဲ့၊ လျှို့ဝှက်ဖဲလှန်ထားခဲ့တယ်နော်။