Monday, April 14, 2008

ငါ့ရင်ဘတ်တို့  နီနေရသော အကြောင်းရင်း

ဥယျာဉ်မှူးတစ်ယောက်လုံးကို မျက်လုံးထဲက အတင်းဖျောက်
ပကာသနအတွေးတွေ ခေါင်းထဲရောက်သွားတဲ့ ပန်းလေးတစ်ပွင့်
သူ့ ကိုယ်သူ မိုးပေါ်ကို တမင်ကြွေကျအပစ်မှာ
နှမြောတသစွာနဲ့ လိုက်ကောက်ဖို့ 
ငါ့လက်တွေကို အမြင့်ဆုံးမြှောက်လိုက်တယ်။
မထိဘူး …
မမီဘူး …

မသန့် ရှင်းတဲ့ ရွှေအုတ် ငွေအုတ်တွေနဲ့ 
အတ္တလှေကား တစ်ခုဆောက်
တိမ်တွေပေါ်မှာ ပြုံးပြုံးကြီးလျှောက်ဖို့ ဆိုတာကလည်း
အနုပညာသမားတစ်ယောက်ရဲ့ စိတ်က
မသတီဘူး …
မကြည်ဘူး …

သြော်…
ငါပတ်ထားတဲ့ နာရီလေးထဲက
စက္ကန့် လက်တံလေးကတောင် မချင့်မရဲ နဲ့ ခုန်ထွက်
သူ့ အသံလေး တချက်ချက် နဲ့ 
ငါ့ကို ခေါင်းမမာဖို့ နားချရှာတယ်။

ဒီလိုနဲ့ …
ရောင်စုံ ပန်းပွင့်တို့ နဲ့ 
ရနံ့ မကြိုက်တဲ့ လိပ်ပြာမိုက်တို့ ရဲ့ 
တိတ်တိတ်ကလေး တိုက်ခိုက်ကြတဲ့ ပဋိပက္ခစစ်ပွဲမှာ
နှလုံးသားတစ်ခု အက်ကွဲ
ငါ့ရင်ဘတ် တစ်ခုလုံးသွေးတွေ ရွှဲသွားတော့တယ်။

ကောင်းကင်ကို

8 comments:

Anonymous said...

Hello. This post is likeable, and your blog is very interesting, congratulations :-). I will add in my blogroll =). If possible gives a last there on my blog, it is about the Aluguel de Computadores, I hope you enjoy. The address is http://aluguel-de-computadores.blogspot.com. A hug.

နတ္ထိ said...

...သင်္ကြန်နီ...

Nyein Chan Aung said...

ကဗျာခံစားသွားတယ်။ နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ ကောင်းကင်ရေ..။

ein said...

အကြောင်းရင်းက တော့ ...း)
အဆင်ပြေငြိမ်းချမ်းပါစေအကိုကောင်းကင်ရေ...။

တန်ခူး said...

နှလုံးသားတွေ သွေးအမြန်တိတ်ပါစေ...။

Yan said...

ငါပတ်ထားတဲ့ နာရီလေးထဲက
စက္ကန့် လက်တံလေးကတောင် မချင့်မရဲ နဲ့ ခုန်ထွက်
သူ့ အသံလေး တချက်ချက် နဲ့ 
ငါ့ကို ခေါင်းမမာဖို့ နားချရှာတယ်။


သက်မဲ့ကို သက်ရှိပုံစံလေးဖြစ်အောင် ရေးထားတာလေးလှတယ်ဗျာ. ဩဇဂုဏ်မြောက်တယ်....

Anonymous said...

ကဗျာလေးက ထိတယ်ဗျာ ။ ပကာသန နဲ့ အချစ်ရယ် ကိုယ့်ရပ်တည်ချက်ရယ် ကြီးလှတဲ့ အစွဲအလမ်းရယ် ကို ဖွဲ့သွားတယ် ကြိုက်တယ်ဗျာ။ တကယ်ပါ။ ရည်စူးထားတဲ့နေရာလေး အတွက် ကြောင်မိုက်လို့ အပြောခံ၊ ပတ်ဝန်းကျင်လေထုကို အာခံနေရတဲ့ လိပ်ပြာတစ်ကောင်ဘ၀ကို ခံစားသွားပါတယ်ဗျာ။

မေပျို said...

ဆရာရေ..
သဲလည်း အခုမှ လာဖြစ်တယ်။ ကဗျာလေး ဖတ်သွားတယ်နော်။ ကဗျာလေးက ကောင်းတယ်။ နှစ်သစ်မှာ ပျော်ရွှင်ပါစေ ဆရာရေ။

လေးစားစွာဖြင့်
မေပျို