၁၉၉၈ လောက်တုန်းက မှော်ရုံတောမှာ မောလှပြီကို အရင်ဖတ်ဖြစ်ပြီး၊ နောက်ခြောက်လလောက်နေတော့ လစန္ဒာနဲ့ ခြူးပိုက်ဆံကို ဖတ်ဖြစ်တယ်။ မှော်ရုံတော ကို အရင်ဖတ်ထားတာ ဆိုတော့ ခြူးပိုက်ဆံကို ဖတ်ပြီး တမျိုးကြီး ဖြစ်သွားတယ်။ မှော်ရုံတော ထဲမှာက ဂေါ်ဂင်က စိတ်ကူးယဉ်သူရဲကောင်း ဆန်ဆန် ဖြစ်နေပြီး၊ ခြူးပိုက်ဆံထဲမှာကျ (ဂေါ်ဂင်ကို မှီးပြီး ပုံဖော်ထားတဲ့) စထရစ်ကလန် က ရက်စက်တဲ့သူလို ဖြစ်နေတာကိုး။ အဲဒီတုန်းက မှော်ရုံတောကိုပဲ ပိုကြိုက်တယ်။ ခြူးပိုက်ဆံ ကို သိပ်သဘောမကျဘူး။
ဒါပေမဲ့ အခုပြန်တွေးကြည့်တော့ မှော်ရုံတော က ဒရမာတွေများ စာရေးဆရာ ဖန်တီးယူတာတွေများပြီး စိတ်ကူးယဉ်ဆန်သလို၊ အစစ်နဲ့ ပိုဝေးသလို ခံစားရတယ်။ (ဝတ္ထုပေမဲ့) ခြူးပိုက်ဆံက သဘာဝ ပိုကျသလို ခံစားရတယ်။
ဘာသာပြန်တွေပဲ ဖတ်ဖူးတာပါ။
No comments:
Post a Comment