လူဆိုတာ
အရက်စက် အယုတ်မာတတ်ဆုံး
သတ္တဝါတွေ မဟုတ်လား။ လူတွေ
လက်တွေ့ကျင့်သုံးနေကြ တာက
ကြီးနိုင်ငယ်ညှဉ်းဝါဒပဲ။
လူတွေထက် ဥာဏ်အားနည်းတဲ့
တိရစ္ဆာန်တွေအပေါ်ဆိုရင်
လူတွေဟာ ရက်ရက်စက်စက် မွေးမြူ၊
သတ်စား၊ ခိုင်းစားကြတယ်။
ဒါပေမဲ့
လူတွေရဲ့ လုပ်ရပ်ကို ရှက်နေတဲ့
သက်သက်လွတ်စားသူ တစ်ယောက်ရှိတယ်။
လူတွေ အသားစားနေတာ၊ တိရိစ္ဆာန်တွေအပေါ်
လူတွေ ခေါင်းပုံဖြတ် သွေးစုပ်နေတာ၊
ရက်ရက်စက်စက် သတ်ဖြတ်နေတာကို
မကျေမချမ်း ဖြစ်နေတဲ့သူပေါ့။
မကျေမချမ်းဖြစ်ပေမဲ့ သူလည်း
ဘာမှ တတ်နိုင်တဲ့ ကိစ္စတော့
မဟုတ်ဘူး။ သူသွားပြောလည်း
ဟိုလူတွေက အရေးစိုက်မှာမှ
မဟုတ်တာ။ ဒီတော့ ဘာမှ မပြောဘဲ
နေမိတာပေါ့။ ပြောလိုက်မှ
ဆန့်ကျင်ဘက်ရလဒ်တွေ ထွက်ပြီး
ပိုဆိုးပြကြမှာ၊ “ဘာဖြစ်လဲ။
သူတို့ဘာသာ တိရစ္ဆာန်ဖြစ်နေလို့
ငါတို့စားတာ။ ဒီလောက်သနားနေရင်
ကျားလှောင်အိမ်ထဲ ဝင်နေလိုက်ပါလား။
မြွေကိုအိမ်ပေါ် ခေါ်တင်ထားပါလား”
အဲလို အမုန်းစကားတွေ ထပ်ကြားရမှာပဲ
အဖတ်တင်နိုင်သွားနိုင်တယ်လေ။
ပြောလိုက်မှ ဆွပေးသလို
ဖြစ်ပြီးတောင် ပိုဆိုးသွားနိုင်တယ်။
ဒီတော့ ကိုယ်ဘာမှမတတ်နိုင်သလိုမို့
နှုတ်ဆိတ်နေလိုက်မိပြန်ရော။
စိတ်ထဲမှာတော့ ကြေကွဲလို့ပေါ့။
ဒါပေမဲ့
မရဘူး။ အဲဒီမှာ နတ် ပညာရှိ
အုပ်စုဆီက အသံတွေ ထွက်လာတော့တာပဲ။
“မင်းကိုယ်တိုင်က သက်သက်လွတ်သမား
ဆိုပေမဲ့... အသားစားသူတွေနဲ့
အစားခံရသူတွေကြားမှာ မင်း...
ဘာမှမပြောဘဲ
ကြားနေနေတယ်ဆိုရင် မင်းလည်း
အသားစားသူပဲ” ....
“မင်းဟာ
လူဆိုတဲ့ အကြမ်းဖက်ကောင်တွေ
လုပ်တဲ့ ကိစ္စမှာ နှုတ်ဆိတ်နေတယ်။
ဒီတော့ မင်းလည်း အကြမ်းဖက်သမားပဲ” ....
“အနည်းဆုံး
ကုလသမဂ္ဂလိုတော့ စိုးရိမ်ကြောင်း
ကြေညာသင့်တယ်။
အနည်းဆုံး Facebook မှာ profile လေးတော့
ပြောင်းသင့်တယ်”
ဟုတ်သားပဲ။
ဒီတော့ သူ profile လေး
ပြောင်းလိုက်တာပေါ့။ နွားလေး
အသတ်ခံရတော့မယ့် သနားစရာပုံလေး။
အဲဒီမှာ တချို့ပညာရှိနတ်
တွေဆီက အသံတွေ ထွက်လာပြန်ရော။
ဒီကောင်ဟာ “နွားတွေကိုမှ
ရွေးသနားတဲ့ကောင်” ဆိုတဲ့
အသံတွေ။ တကယ်တော့ အဲဒီ ပညာရှိ
နတ်တွေ ပြောတာလည်း
တစ်စိတ်တစ်ပိုင်းတော့ မှန်တယ်။
တချို့လူတွေဟာ အဲလို
ခွဲခြားခွဲခြား
လုပ်နေကျ hypocrite ကောင်တွေလေ။
အဲဒါနဲ့ နောက်တစ်ရက်ကျတော့
ဝက်လေး အသတ်ခံရတော့မယ့်
သနားစရာပုံလေးကို
ပြောင်းတင်လိုက်တာပေါ့။
အဲဒါလည်း မလွတ်ပါဘူး။ တခြား
ပညာရှိနတ်တွေက ပြောပြန်တယ်။
ဒီကောင်ဟာ ဝက်ကိုမှ
ရွေးသနားတဲ့ကောင်တဲ့။ ဒါပေမဲ့
သူကတော့ တကယ်စေတနာနဲ့
ပြောင်းတာပါ။ ဒါပေမဲ့ လူတွေထဲမှာ
စံနှုန်းနှစ်မျိုးနဲ့ကောင်တွေများတော့
သူုပါ သိမ်းကြုံးအပြောခံရတော့တာပေါ့။
တော်ပြီ။
ပရိုဖိုင်းပုံပြောင်းပြီး
စာနာပြရတာ
စိတ်ရှုပ်စရာ။ counterproductive ဖြစ်နေပြီ။
စာသားတွေနဲ့ပဲ စာနာကြောင်းပြတော့မယ်။
စာသားတွေနဲ့ပဲ တောင်းပန်တော့မယ်လို့
သက်သက်လွတ်သမားလေး တွေးလိုက်တယ်။
သူ့ကိုယ်သူ
လူသားတစ်ရပ်လုံးရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်
အသွင်မျိုးဖမ်းပြီး
စတိုင်အပြည့်နဲ့ ဒီလိုကလေး ရေးလိုက်တယ်။
“ဒီလူဆိုးတွေဟာ
လူနာမည်ခံယူထားပေမဲ့ တကယ်တော့
လူ မဟုတ်သူတွေပါ။ လူစိတ်
မရှိသူတွေပါ။ လူဆိုတဲ့
နာမည်ကို ခံပြီး လူ့ကျင့်ဝတ်ကို
မလိုက်နာကြတဲ့ သူတွေပါ။
သူတို့နဲ့ ကျွန်တော်တို့
မတူပါဘူး”။ အဲလိုကလေး ရေးပြီး
တောင်းပန်လိုက်တာပေါ့။
ဟန်ဆောင်တောင်းပန်တာတော့
မဟုတ်ဘူး။ နှစ်နှစ်ကာကာ
တောင်းပန်လိုက်တာ။
စည်းခြားပြလိုက်တာပေါ့။
အဲလိုတောင်းပန်လိုက်တော့
နတ်တွေရဲ့ တုံ့ပြန်မှုလေးတွေတော့
ရပါတယ်။ တုံ့ပြန်မှုတွေကတော့
“ဘောပဲ။ မင်းလည်း သူတို့လို
လက်နှစ်ဘက်၊ ခြေနှစ်ဘက်နဲ့
လူစကား ပြောနေတဲ့ကောင်ပဲ။
သူတို့လို ဝတ်စားဆင်ယင်ပြီး
သူတို့လို နေထိုင်နေတဲ့ကောင်။
မကောင်းတဲ့ ကောင်တွေကို
ကိုယ့်အုပ်စုနဲ့ မဆိုင်သလို၊
မကောင်းတဲ့ကောင်တွေဟာ
လူမဟုတ်သလိုလို ပြောပြီး...
ကိုယ့်အုပ်စုရဲ့
ဂုဏ်သိက္ခာကို အကာအကွယ်ပေးနေတာ။
လူတွေဘက်ကနေ ဆင်ခြေဆင်လက်
ပေးနေတာ” တဲ့။
ကဲ ...
အသားစားတဲ့
လူတွေကြားထဲက၊ အမျိုးမျိုးပြောနေကြတဲ့
နတ်တွေကြားထဲက သက်သက်လွတ်သမားလေး
ဘာလုပ်ရမလဲဟင်။
ကောင်းကင်ကို
No comments:
Post a Comment