Friday, May 2, 2014

Hypocrite


ဘာသာမဲ့ဆိုပြီး ...

အမြင်ကတ်စရာ ထွေရာလေးပါးနဲ့
ချဉ်ဖတ်ဆရာ သေနာလေးတစ်ပါးရေ
ဘဝင်ဟပ်လာအောင် စေတနာလေးထားပြီး
ရင်ဘတ်တစ်ရာကို နေရာပေးမှ
မင်းလူယဉ်ကျေးဖြစ်မှာတဲ့။
ခုတော့
သိပ္ပံပညာနဲ့တိုင်းပြပုံက
ပိတ်ကန်ချင်စရာရိုင်းလှသတဲ့။
မိတ်ဆွေတစ်ယောက်က ဆုံးမတယ်။

ဒါပေမဲ့….နောက်တစ်ရက်ကျတော့
အဲဒီမိတ်ဆွေပဲ ပလိန်းဆဲတယ်
နတ်တွေကို “အစိမ်းသရဲ” တဲ့။

ကောင်းကင်ကို (မေ ၂၊ ၂၀၁၄)

No comments: