Tuesday, May 27, 2014

လောကဓံ



ဗိုလ်ချုပ်အောင်ဆန်း မဖြစ်ချင်ဘူး
အစွန်းရောက်တွေရဲ့ Profile ပုံဖြစ်သွားမှာ ကြောက်တယ်

အောင်ဆန်းစုကြည် မဖြစ်ချင်ဘူး
လမ်းဘေးမှာ ချရောင်းခံရမှာ ကြောက်တယ်

တန်ခိုးကြီစေတီ မဖြစ်ချင်ဘူး
ဆုတောင်းသူတွေအတွက်...ခွင့်မဲ့ပျက်ကွက်ရမှာ ကြောက်တယ်။

ဘုရားမဖြစ်ချင်ဘူး
တံတွေးခွက်တွေထဲ ပက်လက်မျောရမှာ ကြောက်တယ်။
ကောင်းကင်ကို (မေ ၂၇၊ ၂၀၁၄)

No comments: